December 2025

အပြုအမူပြောင်းရင်ရလဒ်ပြောင်းတယ်။

ဘဝအပြောင်းအလဲလုပ်ချင်ပထမဆုံးလုပ်သင့်တဲ့အရာကပတ်ဝန်းကျင်ပဲ။ ပတ်ဝန်းကျင်ပြောင်းရင်ငါဆိုတဲ့ identity ပြောင်းတယ်။ ငါပြောင်းရင်အပြုအမူပြန်ပြောင်းတယ်။ Phyo Paing @ Derek

အပြုအမူပြောင်းရင်ရလဒ်ပြောင်းတယ်။ Read More »

အခြေမခိုင်ရင်တော့ခဏခဏ ပြန်ပြုတ်ကျမှာပဲ။

အဆင့်နိမ့်ပြဿနာတွေကအလုပ်လုပ်ဖို့ မော်တီဗေးရှင်းမရှိဘူး။​အချိန်ဆွဲနေမိတယ်။စိတ်ခဏခဏ ညစ်တတ်တယ်။ဘာလုပ်ရမလဲ ရှင်းရှင်းလင်းလင်းမသိဘူး။လူတွေ ကိုယ့်ကိုဘယ်လိုထင်နေမလဲမသိဘူး။ကြောက်တယ်။ရှက်တယ်။လမ်းခဏခဏ ပျောက်တယ်။ရည်မှန်းချက်တွေက ပေါ်လိုက်ပျောက်လုပ်ပဲ။ဆန္ဒပဲရှိတာ လုပ်ဖို့ခက်နေတယ်။ပျင်းပျင်းနေတာ။ ဒါတွေက အဆင့်နိမ့်ပြဿနာတွေ။ကိုယ့်ကိုကိုယ် စီမံနိုင်ဖို့က ပထမအဆင့်ပဲ။Personal Development ကအခြေခံအဆင့်ပဲ။ ဒီ အဆင့်နိမ့်ပြဿနာတွေဖြေရှင်းပြီးမှProfessional နဲ့ Business ပိုင်းကိုမြန်မြန်တက်နိုင်မှာ။ Phyo Paing @ Derek

အခြေမခိုင်ရင်တော့ခဏခဏ ပြန်ပြုတ်ကျမှာပဲ။ Read More »

မြန်နှုန်းမြင့်နေရင်
အရှိန်မလျော့စေနဲ့။

အဆိုတော်တွေ သီချင်းဆိုရပ်ပြီးနှစ်အနည်းငယ်ကြာမှ ပြန်ဆိုတဲ့အခါအရင်လို မအောင်မြင်တော့ဘူး။ အလုပ်ကလဲ အလားတူပဲ။အချိန်ကြာနားလိုက်ပြီး အလုပ်ပြန်လုပ်တဲ့အခါအရှိန်တစ်ခု ပြန်ရဖို့ အချိန်တစ်ခု ကြာကြာပြန်ပေးရတတ်တယ်။ မြန်နှုန်းမြင့်နေရင် အရှိန်မလျော့စေနဲ့။ Phyo Paing @ Derek

မြန်နှုန်းမြင့်နေရင်
အရှိန်မလျော့စေနဲ့။
Read More »

ကိုယ့်ရဲ့ နေ့စဉ် အတွေး၊ အကြံ၊ အလုပ်ကို
ဂရုပြုပါ။

လူတွေရဲ့ဘဝ ကွာခြားတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ အဲ့ထဲက အကြောင်းတစ်ခုကဦးနှောက်တည်ဆောက်ပုံ Brain structure မတူလို့။ ဥပမာ Prefrontal lobe (PFC) အားကောင်းတဲ့သူက ရေရှည်ကို စီမံကိန်းချနိုင်တယ်။ကိုယ့်ရဲ့တဒင်္ဂခံစားချက်တွေကိုထိန်းနိုင်တယ်။ဆုံးဖြတ်ချက်ပြတ်သားတယ်။ Hippocampus အားကောင်းရင် သင်ယူရမြန်တယ်၊ သင်ယူနိုင်တယ်၊ အခြေအနေကို သဘောပေါက်နိုင်စွမ်းအားကောင်းတယ်။အရိပ်အကဲကိုသိတယ်။ မှန်ဥာဏ်အားကောင်းတယ်။ Amygdala က ပုံမှန်ထိန်းနိုင်ရင်ကိုယ့်စိတ်ခံစားမှုတွေ သတိပြုနိုင်မှုအားကောင်းတယ်။လိုတာထက်ပို အလုပ်လုပ်ရင်စိုးရိမ်စိတ်တွေများတတ်တယ်။ Basal Ganglia အားကောင်းရင်အမူအကျင့်တည်ဆောက်ရလွယ်တာ၊စည်းကမ်းရှိတာလွယ်ကူတယ်။ Neurotransmitters စနစ်မှာဒိုပါမင်း Dopamine အလုပ်လုပ်အားကောင်းတဲ့သူက ရည်ရွယ်ချက်ကြီးတယ်၊တပြိုင်တည်းမှာ စွဲလမ်းတတ်မှုလဲများတယ်။Serotonin အလုပ်လုပ်အားကောင်းရင် တည်ငြိမ်တယ်၊ ကြံ့ကြံ့ခံတယ်။Norepinephrine က အာရုံစိုက်နိုင်စွမ်း၊နိုးကြားတက်ကြွမှုနဲ့ဆိုင်တယ်။ မွေးကတည်းက လူတွေရဲ့ brain structure မတူသလို၊ပြင်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ အတွေး၊ အကြံ၊ အလုပ်ကိုပြင်ရင်လဲဦးနှောက်ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံကိုပြင်လို့ရတယ်။ဒါကို Neuroplasticity လို့ခေါ်တယ်။ ဥပမာ တရားထိုင်တဲ့သူတွေမှာHippocampus ကြီးလာတာတွေ့ရသလိုမျိုး။

ကိုယ့်ရဲ့ နေ့စဉ် အတွေး၊ အကြံ၊ အလုပ်ကို
ဂရုပြုပါ။
Read More »

ဒါကလဲ အောင်မြင်မှုတစ်မျိုးပဲမဟုတ်လား။

တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်ဖွင့်ဆိုမှုတော့ ကွာနိုင်တယ်။ မလုပ်ချင်တာလုပ်ပြီး မဖြစ်ချင်တာ ဖြစ်နေတဲ့ဘဝ။ လုပ်ချင်တာလုပ်ပြီးမဖြစ်ချင်တာ ဖြစ်နေတဲ့ဘဝ။ မလုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝ။ လုပ်ချင်တာလုပ်ပြီးကိုယ်ဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝ။ ဒီလေးခုမှာ ကိုယ့်အလုပ်ကိုလဲ ချစ်တယ်။ ကိုယ့်အလုပ်က ယူဆောင်လာပေးတဲ့ရလဒ်ကိုလဲချစ်တယ်။ဒါကလဲ အောင်မြင်မှုတစ်မျိုးပဲမဟုတ်လား။ Phyo Paing @ Derek

ဒါကလဲ အောင်မြင်မှုတစ်မျိုးပဲမဟုတ်လား။ Read More »

အပျော် အပွား။

အပျော် အပွား။ ကိုယ်ပျော်တဲ့အလုပ်ကိုလုပ်ပြီးဝင်ငွေ ပွားစေတဲ့အပျော် အပွားလုပ်။ ဒီလိုလုပ်ဖို့ ၁။ ပျော်တဲ့အလုပ် ၂။ ပြဿနာဖြေရှင်းတဲ့အလုပ်၃။ ပိုက်ဆံပွားမည့်အလုပ်ဒီသုံးခုဆုံမှတ်လိုတယ်။ Phyo Paing @ Derek

အပျော် အပွား။ Read More »

ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို
တည်ဆောက်ဖို့လို့ ခံယူထားတယ်။

တိုးတက်မှု မရှိတာ ဆုပ်ယုတ်နေခြင်းပဲ။ဒီအတိုင်း ငြိမ်နေတယ်ဆိုတာ မရှိဘူး။ တိုးတက်မှုရှိဖို့ ပေးဆပ်ရတဲ့အရာက ဖိအား။ တိုးတက်ချင်ရင် စိတ်ဖိဆီးမှုခံရမယ်။tension တစ်ခုတော့ခံရမှာပဲ။ ကျန်းကျန်းမာမာ စပြီးစားသောက်တော့မယ်။ဖိအားတစ်ခုခံစားရမှာပဲ။ ကိုယ်လေ့လာနိုင်စွမ်းထက်မြင့်တဲ့ ပညာရပ်လေ့လာရင်ဖိအားတစ်ခုတော့ ခံစားရမှာပဲ။ ကိုယ့်စွမ်းဆောင်ရည်ထက်မြင့်တဲ့ အရာလုပ်ဆောင်တဲ့အခါဖိအားတစ်ခုခံစားရမှာပဲ။ တရားထိုင်ရင်တောင်ကိုယ့်အဆင့်ထက် နောက်တစ်ဆင့်ရောက်ချင်ရင်ကျော်လွှားရမည့်ဖိအားတွေရှိတယ်။ ဘဝဆိုတာ အဆင်ပြေတဲ့ ချောင်လေးထဲမှာနေနေဖို့ထက် ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုတည်ဆောက်ဖို့လို့ ခံယူထားတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို
တည်ဆောက်ဖို့လို့ ခံယူထားတယ်။
Read More »

လူတွေ အထင်ကြီးအောင်
မအောင်မြင်ပြနဲ့။

တချို့သူတွေ ဘယ်လောက်အောင်မြင်အောင်မြင် ကိုယ်အထင်မကြီးသလို၊ ကိုယ်ဘယ်လောက်အောင်မြင်အောင်မြင် အထင်မကြီးတဲ့သူတွေလဲအများကြီးရှိမယ်။ လူတွေ အထင်ကြီးအောင်မအောင်မြင်ပြနဲ့။ ကိုယ့်ဘဝမှာ လုပ်ချင်တာလုပ်ပြီးဖြစ်ချင်တဲ့ဆန္ဒဖြစ်လာဖို့ အောင်မြင်။ Phyo Paing @ Derek

လူတွေ အထင်ကြီးအောင်
မအောင်မြင်ပြနဲ့။
Read More »

ရှာ၊ စု၊ ပွား။

ဘာလို့အလုပ်လုပ်သလဲလူအများစုက ပိုက်ဆံရလို့။ကံကောင်းတဲ့ လူနည်းစုကပိုက်ဆံလဲရ၊ အလုပ်ကိုချစ်လို့။ ပိုက်ဆံဘာလို့ရှာသလဲ။မလိုချင်တာ မရဖို့နဲ့လိုချင်တာရဖို့။ ဒီတော့ မလုပ်ချင်တဲ့အလုပ်မလုပ်ရအောင်အချိန်မတန်ခင် ဇိမ်မခံနဲ့။ Phyo Paing @ Derek

ရှာ၊ စု၊ ပွား။ Read More »

လူတွေနဲ့ အဝေးမှာနေတော့

လူတွေနဲ့ အဝေးမှာနေတော့တော်တော်အေးချမ်းတယ်။ဒါကတော့ အရမ်းသိသာတယ်။​ တောတောင်ထဲမှာ၊​ငှက်သံနဲ့ အရွက်လေးတွေကြားမှာအေးချမ်းမှုအရသာကစာနဲ့တောင် ဖော်ပြရခက်တယ်။ ဒရာမာတွေကြားထရာမာတွေမရအောင်ကိုယ့်ဘဝကိုယ် မကျေနပ်သူတွေနဲ့အဝေးဆုံးရှောင်။​ Phyo Paing @ Derek

လူတွေနဲ့ အဝေးမှာနေတော့ Read More »