December 2025

ဘယ်လောက်အောင်မြင်မြင်၂၄ နာရီပဲရှိမှာ။

ဘယ်လောက်အောင်မြင်မြင်၂၄ နာရီပဲရှိမှာ။ ၈ နာရီလောက်က အိပ်မယ်။ကျန်တဲ့ ၄ နာရီကစား၊ သောက်၊​ ရေချိုး၊လမ်းသွား၊ စကားပြောကုန်မယ်။၁၂ နာရီလောက်ကျန်မယ်။ ဒီ ၁၂ နာရီမှာကိုယ်လုပ်ချင်တာလုပ်ပြီးကိုယ်ဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝဖြစ်ဖို့လိုလာတယ်။ ကျွန်တော်ကတော့ ဒီ ၁၂ နာရီသည်ကိုယ့်ကိုကိုယ် နားလည်ဖို့အလုပ်၊လောကနဲ့ လူတွေကို ပိုနားလည်စေတဲ့အလုပ်၊နေ့စဥ် ပိုတိုးတက်သွားစေတဲ့အလုပ်၊ဒီအလုပ်တွေကို ကြိုက်တဲ့နေရာမှာနေပြီးလုပ်ဆောင်ရင်းကိုယ်မပါဘဲဝင်ငွေနေမည့်အရာတွေကိုဖန်တီးပြီးဒီနေ့အသုံးစရိတ်၊ မိသားစုစရိတ်တွေကိုတစ်သက်လုံးအလုပ်မလုပ်ရင်တောင်ကာဗာဖြစ်နေပြီး စိုးရိမ်မှုမရှိဘဝကိုဖြတ်သန်းချင်တယ်။ဒီလိုပဲ ဖြတ်သန်းနေတယ်။ ဘဝမှာ ဘာဖြစ်ချင်တယ်၊ညာဖြစ်ချင်တယ်ဆိုတာထက်တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲအဓိက စဥ်းစားလိုက်တာကလိုက်တွေ့ပိုကျတယ်။ ဒါကတော့ ကျွန်တော့်ရဲ့Lifestyle Design (LSD) နည်းပဲ။ ၁၂ နာရီကတော့ အလုပ်ကြီးပဲမဟုတ်ဘူး။ဘဝလဲပါတယ်။အလုပ်နဲ့ဘဝ lifestyle integration. ပုံမှန် ၈ + ၈ + ၈ ကို ဝန်ထမ်းဘဝမှာ လုပ်ခဲ့ပြီးနောက်ပိုင်းတော့ကိုယ့်အချိန်ကိုယ်ပိုင်လာရင်တော့၁၂ နာရီိက ကိုယ်စိတ်ကြိုက်လုပ်လို့ရလာမယ်။ဖြည်းဖြည်းချင်းပေါ့။ Phyo Paing @ […]

ဘယ်လောက်အောင်မြင်မြင်၂၄ နာရီပဲရှိမှာ။ Read More »

ဘဝရဲ့ co-founder ပဲ။

အချစ်ရေးကို startup တစ်ခုလိုစဉ်းစားကြည့်တယ်။ကိုယ့်ရဲ့ လက်တွဲဖော်ကဘဝရဲ့ co-founder ပဲ။ ဒီလိုဖြစ်ဖို့တန်ဖိုးထားမှုတူ၊ဥာဏ်ရည်တူ၊လောကအမြင်တူ၊တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိမှပိုကောင်းတဲ့ အနာဂတ်တည်ဆောက်တဲ့နေရာပိုအရေးပါလာမယ်။​ ဘဝမှာ အလုပ်မဖြစ်တဲ့ co-founder နဲ့သွားတာထက်တစ်ယောက်တည်းသွားတာက ပိုကောင်းနိုင်တယ်။Co-founder ကောင်းနဲ့သွားရင်တော့ အကောင်းဆုံးပေါ့။​ Phyo Paing @ Derek

ဘဝရဲ့ co-founder ပဲ။ Read More »

သူများနဲ့နှိုင်းမယှဥ်နဲ့။

ကမ္ဘာပေါ်မှာကိုယ့်ထက် တစ်ခုမဟုတ်တစ်ခုမှာပိုတော်တဲ့သူတွေ အများကြီးရှိနိုင်သလို၊ပိုညံ့တဲ့သူတွေလဲရှိနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးရဲ့ဘဝဖြတ်သန်းလာမှု အခြေအနေမတူကြဘူး။ ဒါကြောင့် ကိုယ့်ဘဝဖြတ်သန်းမှုပုံပြင်ကိုယ်ပွေ့ပိုက်ပြီး အကောင်းဆုံးတည်ဆောက်တာကနှိုင်းယှဥ်ပြီး ပျော်လိုက်၊ စိတ်ညစ်လိုက်ထက်အများကြီး ပိုကောင်းပါတယ်။ Phyo Paing @ Derek

သူများနဲ့နှိုင်းမယှဥ်နဲ့။ Read More »

ဘဝတက္ကသိုလ်မှာ ဘာသာရပ် ၇ ခုရှိတယ်။

၁။ ကျန်းမာကြံ့ခိုင်ရေး၊၂။ အလုပ်အကိုင် စီးပွါး၊၃။ ငွေကြေးဓန၊ ၄။ အချစ်အိမ်ထောင် မိသားစုရေး၊ ၅။ ပေါင်းသင်းဆက်ဆံရေး၊ ၆။ ဘဝတိုးတက်ရေး၊၇။ စိတ်ငြိမ်းချမ်းရေး။ တစ်ဘာသာကျနေရင်ဘဝစာမေးပွဲကျတတ်တယ်။ဘဝစာမေးပွဲကျရင်လူဖြစ်တဲ့ အရေအသွေးကျတယ်။ ကံကောင်းတဲ့အချက်တစ်ခုက စာမေးပွဲကျရင် မအောင်မချင်း ပြန်ဖြေလို့ရတယ်။ တချို့က ဘဝတက္ကသိုလ်မှာ အောင်မှတ်ရတယ်။ တချို့က ဘာသာရပ်တစ်ခုမှာထူးချွန်ပြီးတချို့ဘာသာရပ်မှာစာမေးပွဲကျနေတယ်။တချို့က ဘာသာရပ်တိုင်းမှာဂုဏ်ထူးထွက်နေတယ်။ ဘဝတက္ကသိုလ်မှာ အချိန်အလိုက်အမှတ်တွေမတူကြဘူး။ အရေးကြီးတာ အောင်မှတ်တွေကိုတော့အနည်းဆုံး ထိန်းထားနိုင်ဖို့ပဲ။ Phyo Paing @ Derek

ဘဝတက္ကသိုလ်မှာ ဘာသာရပ် ၇ ခုရှိတယ်။ Read More »

တစ်ယောက်နဲ့တစ်ယောက်ရဲ့
ဦးစားပေး priority တော့တူချင်မှတူလိမ့်မယ်။

နောက် နှစ် ၁၀ နေရင်ဒီနေ့ရဲ့ ငယ်ရွယ်မှုကို ပြန်ပြီး သတိရနေလိမ့်မယ်။ဘဝကို နေ့စဉ် အကောင်းဆုံးအသက်ရှင်။နောင်တမရအောင်နေတတ်တာဘဝရဲ့ပညာပဲ။ နောင်တမရအောင် နေ့စဉ် ပါရမီဖြည့်။ ပါရမီဆိုတာ မြင့်မြတ်သူတို့အလုပ်တဲ့။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဦးစားပေး priority တော့တူချင်မှတူလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ ပထမ ငါးခုကတော့ အပြည့်ဖြည့်နိုင်တယ်လို့ထင်တယ်။ ကျန်တဲ့ ငါးခုကတော့ ကြိုးစားတုန်း။ ပညာ ပါရမီ = အမှန်တိုင်းသိခြင်းအဓိဋ္ဌာန ပါရမီ = ခိုင်မာသော ဆုံးဖြတ်ချက်ရှိခြင်း။ဝီရိယ ပါရမီ = ဇွဲလုံ့လကြီးခြင်း။သစ္စာ ပါရမီ = မှန်ကန်ခြင်း။ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်း၊ ဆင်းရဲ ချမ်းသာကို ဂရုမထားဘဲ သင့်တင့်စွာ ဆင်ခြင်ခြင်း၊ သီလ ပါရမီ = ကိုယ်ကျင့်တရားကောင်းခြင်း။ဒါန ပါရမီ = ပေးကမ်းစွန့်ကြဲလှူဒါန်းမှု (သို့)

တစ်ယောက်နဲ့တစ်ယောက်ရဲ့
ဦးစားပေး priority တော့တူချင်မှတူလိမ့်မယ်။
Read More »

နားလည်လာတဲ့ သင်ခန်းစာတစ်ခုပဲ။

ဆက်ဆံရေးတိုင်းမှာ ကိုယ်က သူ့ကိုလိုတာနဲ့သူက ကိုယ့်ကိုလိုတာ ဘယ်သူပိုများလဲကြည့်။ ပိုလိုတဲ့သူက အလျော့ပေးရမှာပဲ။ မျှတနေရင် ဒီဆက်ဆံရေးကတည်မြဲမှာပဲ။ မမျှတရင် တည်မြဲမှာမဟုတ်ဘူး။ ဒါက လူအချင်းချင်း ဆက်ဆံရေးတိုင်းမှာ အသက်တစ်ဝက်ရောက်လာတော့နားလည်လာတဲ့ သင်ခန်းစာတစ်ခုပဲ။ Phyo Paing @ Derek

နားလည်လာတဲ့ သင်ခန်းစာတစ်ခုပဲ။ Read More »

အောင်မြင်ချင်ရင်

အောင်မြင်ချင်ရင်လောဘတွေကို တိုး။ လုပ်နိုင်စွမ်းတွေကို တိုး။ အေးချမ်းချင်ရင်လောဘတွေကို လျော့။ လုပ်နိုင်စွမ်းတွေကို တိုး။ Phyo Paing @ Derek

အောင်မြင်ချင်ရင် Read More »

ကိုယ့်ရဲ့ ကံစွမ်း၊ ဥာဏ်စွမ်း၊ ဝိရိယစွမ်းကိုပိုသုံး။

ဖြစ်ချင်တာ ဖြစ်အောင်လုပ်နိုင်ရင်ဘဝကိုကျေနပ်မယ်။ ဖြစ်ချင်တာ ဖြစ်အောင်မလုပ်နိုင်ရင်ဘဝကို မကျေနပ်ဘူး။ ဘဝကိုကျေနပ်ရင်ကျေးဇူးတင်တဲ့စိတ်ထားတတ်မယ်။ဘဝကို မကျေနပ်ရင်အပြစ်တင်တဲ့စိတ်များတတ်တယ်။ ကျေးဇူးတင်တဲ့စိတ်များတဲ့သူတွေကဖြစ်ချင်တာ ဖြစ်နေတဲ့သူတွေ။ အပြစ်တင်စိတ်များတဲ့သူတွေကဖြစ်ချင်တာ မဖြစ်နေတဲ့သူတွေ။ ဖြစ်ချင်တာဖြစ်နေဖို့ကိုယ့်ရဲ့ ကံစွမ်း၊ ဥာဏ်စွမ်း၊ ဝိရိယစွမ်းကိုပိုသုံး။ ဒါမှမဟုတ် ဖြစ်ချင်စိတ်လေးကိုလျော့။ Phyo Paing @ Derek

ကိုယ့်ရဲ့ ကံစွမ်း၊ ဥာဏ်စွမ်း၊ ဝိရိယစွမ်းကိုပိုသုံး။ Read More »

စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။
ပညာကောင်းမှ ကံကောင်းတာ။

ကြိုးစားတိုင်း မအောင်မြင်တဲ့သူတွေတွေ့ဖူးလိမ့်မယ်။ စေတနာကောင်းတိုင်းလဲ ကံပြန်မကောင်းတဲ့ အခိုက်အတန့်တွေတွေ့ရှိဖူးလိမ့်မယ်။ တရားမျှတမှုကိုလိုက်ရှာပြီးမတွေ့တဲ့အချိန်တွေ အများကြီးတွေ့ဖူးလိမ့်မယ်။ လောကနိယာမ အရ ကြိုးစားတဲ့သူ အောင်မြင်တာမဟုတ်ဘူး။ မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နေရာမှာ၊မှန်ကန်တဲ့သူတွေနဲ့တွေ့ပြီး၊ မှန်ကန်တဲ့အလုပ်လုပ်နေတာမှအောင်မြင်စေတာ။ စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။ပညာကောင်းမှ ကံကောင်းတာ။ ပညာဆိုတာ ကိုယ်လုပ်တဲ့အလုပ်ရဲ့နောက်ဆက်တွဲကို သေချာနားလည်တာ။ပညာကောင်းရင် ကာယကံ၊ ဝဇီကံ၊ မနောကံကောင်းမယ်။ ပညာကောင်းပြီး မှန်ကန်တဲ့အမြင်ရှိတဲ့အခါကံကောင်းအောင်လုပ်ဆောင်နိုင်မယ်။ဒါကြောင့် ဗုဒ္ဓက သမ္မာဒိဋ္ဌိ = ပညာ ကိုမဂ္ဂင်ရှစ်ပါးရဲ့ထိပ်ဆုံးမှာထား သင်ကြားပေးခဲ့တယ်။ လောကကြီးက မတရားဘူး။ဒါကို လက်ခံဖို့လိုတယ်။ လူ့လောက ကတော့မတရားဘူး။ သံသရာကတော့ တရားနိုင်တယ်။ နောက်ပေးတာနဲ့တန်တာပြန်မရဘူး။များများပေးပြီး နည်းနည်းရတာဖြစ်နိုင်တယ်။နည်းနည်းပေးပြီး များများရတာဖြစ်နိုင်တယ်။နည်းနည်းပေးပြီး များများရဖို့လူတွေက ပညာသင်ပြီးနည်းပညာထွင်ကြတယ်။ Phyo Paing @ Derek

စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။
ပညာကောင်းမှ ကံကောင်းတာ။
Read More »

“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။

ဘဝရဲ့ ပြဿနာတွေက ဘဝရဲ့ လက်ဆောင်တွေပဲ။ မြင်အောင်ကြည့်လေ ရှင်းလေပဲ။ အမေကြောင့်၊ အဖေကြောင့်၊ မိဘ၊ မောင်နှမ၊ ဆွေမျိုးကြောင့်၊ သားကြောင့်၊ သမီးကြောင့်၊လင်ကြောင့်၊ မယားကြောင့်၊သူငယ်ချင်း၊ အသိမိတ်ဆွေကြောင့်၊သူဌေးကြောင့်၊ ဝန်ထမ်းကြောင့်၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်ဖြစ်လာတဲ့ပြဿနာက လက်ဆောင်တစ်ခုပဲ။ ပြဿနာကို ဖြေရှင်းခြင်းကလက်ဆောင်ကို အထုပ်ဖြည်ခြင်းပဲ။ အထုပ်အပြင်ကသာ အခက်အခဲအတွင်းထဲမှာ အခွင့်အလမ်းရှိတယ်။ ဒါကြောင့် အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းရှိတယ်။ အန္တရာယ်နဲ့အတူ အခွင့်အလမ်းကတွဲပါတယ်။ တရုတ်စကားလုံးမှာ 危机 ဝိန်းကျီးဆိုတာရှိတယ်။危 ဝိန်းဆိုတာ အန္တရာယ်။机 ကျီးဆိုတာ အခွင့်အလမ်း။ ဒီ 危机 ဝေးကျီးအဓိပ္ပာယ်က crisis အကျဥ်းအကျပ်။ ဒါကြောင့် အခက်အခဲ၊ အန္တရာယ်ကြုံတိုင်း“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။ လက်ဆောင်တွေကို ဖောက်ကြည့်ပါ။ အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိပါတယ်။ Phyo Paing @ Derek

“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။ Read More »