December 2025

အသုံးဝင်အောင်လုပ်။

ကိုယ့်မိသားစုမှာ ကိုယ်အသုံးမဝင်ရင်ကိုယ်ဘေးရောက်မှာပဲ။ ကိုယ့်အသက်မွေးမှုနယ်ပယ်မှာ အသုံးမဝင်ရင်ချောင်ထိုးခံရမှာပဲ။ ကိုယ်အသက်ရှင်တဲ့ ပတ်ဝန်းကျင်မှာအသုံးမဝင်ရင် အရောင်မထွက်မွဲနေမှာပဲ။ လူတွေကို ကောင်းအောင်လုပ်ပေးနိုင်ရင်လဲအသုံးဝင်တယ်။အန္တရာယ်ပေးနိုင်ရင်လဲ အသုံးဝင်မှုဖြစ်အောင်လုပ်လို့ရတယ်။ သံသရာအတွက်ကပထမတစ်ခုပိုကောင်းတယ်။ Phyo Paing @ Derek drphyopaing

အသုံးဝင်အောင်လုပ်။ Read More »

ပိုက်ဆံသုံးတဲ့အပိုင်းမှာစိတ်ညစ်မခံဘူး။

တချို့ကတော့ပိုက်ဆံရှာတဲ့အပိုင်းမှာစိတ်ညစ်ခံတယ်။ ပိုက်ဆံသုံးတဲ့အပိုင်းမှာစိတ်ညစ်မခံဘူး။ ဥပမာ ကိုယ့်ကိုပိုက်ဆံပေးတဲ့သူနဲ့ဆိုအချိန်ဘယ်တော့မှ နောက်မကျအောင်ဂရုစိုက်တယ်။အကောင်းဆုံးဝန်ဆောင်မှုပေးတယ်။ကိုယ်နဲ့ အလုပ်လုပ်လို့စိတ်မဆင်းရဲစေရဘူး။ဒါက ကုမ္ပဏီဝန်ထမ်းလုပ်ကတည်းကဒီစိတ်ပဲထားတယ်။​ ကိုယ်ပိုက်ဆံသုံးတဲ့အခါမှာလဲစိတ်ညစ်မခံဘူး။ကိုယ်ပေးထားသလောက် ပြန်ရဖို့မျှော်မှန်းတယ်။အကောင်းဆုံးဝန်ဆောင်မှုပြန်ရဖို့မျှော်မှန်းတယ်။စိတ်ညစ်စေရင် တာ့တာပြတယ်။ ပိုက်ဆံသုံးပြီး စိတ်ညစ်မခံနဲ့။ဒီလိုလုပ်နိုင်အောင်လဲရှာတဲ့အချိန်တိုင်း လာရောင်းတဲ့သူရှိအောင်လုပ်ထားနိုင်ဖို့လိုတယ်။ Phyo Paing @ Derek drphyopaing

ပိုက်ဆံသုံးတဲ့အပိုင်းမှာစိတ်ညစ်မခံဘူး။ Read More »

ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့အရာက“အလုပ်”

ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့အရာက“အလုပ်” ဆိုတော့အလုပ်မလုပ်ဘဲနေရင်ကိုတစ်ခုခု စိုးရိမ်သလို ဖြစ်တတ်တယ်။ ဒီစိတ်ကို တဖြည်းဖြည်းဖျောက်ဖို့ကြိုးစားလာတာအခုတော့ တော်တော်လေးနေတတ်လာပြီ။ နောက်တစ်ခုက အရမ်းအောင်မြင်မှာစိုးရိမ်တဲ့စိတ်။နာမည်အရမ်းကြီးသွားမှာ၊အရမ်းချမ်းသာ၊ အောင်မြင်သွားမှာစိုးရိမ်တယ်။ဒီစိတ်က ထူးတော့ထူးဆန်းတယ်။ ဒီစိတ်ကမရှိထားတဲ့အရာတွေ မရလိုက်တာထက်ရှိပြီးသားအရာတွေဆုံးရှုံးသွားတာကပိုဆိုးတယ်လို့တွေးတဲ့စိတ်ကြောင့်ဖြစ်တယ်ဆိုတာသတိထားမိလာတယ်။​ အထူးသဖြင့် ကိုယ်ထူကိုယ်ထဘဝကို ဖြတ်သန်းလာတဲ့အခါအနောက်ကို ကြည့်ရင်ဘာမှမရှိတဲ့သူတွေမှာဒီစိတ်ပိုဖြစ်တတ်တယ်။​ အမြဲတမ်း အိုစာမင်းစာကိုကြိုစဉ်းစား backup plan လုပ်ရတဲ့အခါမွေးကတည်းက မိဘတွေထောက်ပံ့မှုအပြည့်အဝရတဲ့သူတွေနဲ့လောကကို ကြည့်တဲ့ပုံစံမတူတတ်ကြဘူး။ ဥပမာ အိမ်က ပြည့်စုံပြီးကိုယ့်ကိုအထင်ကြီးမှုနဲ့ကြီးပြင်းလာတဲ့ လူတစ်ချို့ကလုပ်မယ်ဆို လုပ်မယ်။အားကုန်ထည့် ဝုန်းနိုင်တယ်။​All-in လုပ်နိုင်တယ်။ကိုယ်ထူကိုယ်ထသူကကျတော့ဒါမအောင်မြင်တဲ့အခါဘယ်လိုပြန်ရှေ့ဆက်မလဲစဉ်းစားတဲ့အခါအားကုန်ထည့်ဖို့ထက်ကိုအားကို မတူညီတဲ့အလုပ်တွေမှာထည့်ထားပြီးဥတွေကို ခြင်းထောင်းတစ်ခုတည်းမှာမထည့်တဲ့ပုံစံနဲ့သွားကြတယ်။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာထက်ဘဝရဲ့ပေးထားချက်ပေါ်မူတည်ပြီးရှင်သန်မှု မဟာဗျူဟာမတူတာပေါ့။ Phyo Paing @ Derek

ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့အရာက“အလုပ်” Read More »

ပိုက်ဆံရမည့် ပညာအရင်ရှာ။

ပိုက်ဆံနဲ့ ပညာဘယ်အရာအရင်ရှာရမလဲ။ ၁။ အရောင်းအတတ်ပညာ၂။ မားကတ်တင်း (ကျွမ်းကျင်မှု skillset တွေအများကြီးရှိသေးတယ်။)၃။ လူရှေ့ထွက်စကားပြောခြင်း၄။ လုပ်ငန်းတစ်ခုစတင်ခြင်း၅။ လုပ်ငန်းတစ်ခုအုပ်ချုပ်ခြင်း ဘယ်နိုင်ငံဖြစ်ဖြစ် ဒါတွေကအသုံးဝင်နိုင်တယ်။ကိုယ်က ဘာအလုပ်လုပ်နေနေဒီကျွမ်းကျင်မှုတွေကို အသုံးချလို့ရတယ်။ Phyo Paing @ Derek

ပိုက်ဆံရမည့် ပညာအရင်ရှာ။ Read More »

ဘဝရဲ့ Game Plan

၁။ တန်းဝင်တဲ့ကျွမ်းကျင်မှုတည်ဆောက်၂။ ကျွမ်းကျင်မှုက ဝင်ငွေဖန်တီး၃။ ဝင်ငွေနဲ့ လုပ်ငန်းတည်ဆောက်၄။ လုပ်ငန်းနဲ့ ဝင်ငွေပြန်ဖန်တီး၅။ ငွေနဲ့ငွေပြန်ဖန်တီး၆။ ကိုယ်အလုပ်မလုပ်ဘဲရတဲ့ငွေနဲ့ ဘဝရပ်တည်နိုင်အောင်လုပ်၇။ ကြိုက်တဲ့နေရာမှာအခြေချ၈။ ကိုယ်ကြိုက်တဲ့အလုပ်တွေလုပ်၉။ လောဂီ၊ လောကုတ္တရာလွတ်မြောက်မှုအလုပ်လုပ် Phyo Paing @ Derek

ဘဝရဲ့ Game Plan Read More »

Business Income ကနေInvestment income ကို ပြောင်း။

မားကက်တင်းကို လေ့လာ။စွန့်ဦးတီထွင်မှုပညာလေ့လာ။စီမံခန့်ခွဲမှုကိုလေ့လာ။ဝင်ငွေဖန်တီးခြင်း cash flow ကို တည်ဆောက်။လစဉ်ရတဲ့ဝင်ငွေကို လစဉ်ဝင်ငွေထပ်ပွါး။ဒီဝင်ငွေတွေကို ရင်းနှီးမြုပ်နှံမှုဝင်ငွေပြောင်း။ ပုံမှန်Personal incomeBusiness incomeInvestment income ရှိတယ်။ အစပိုင်းမှာ ကိုယ်လုပ်ကိုယ်ရ။နောက်ပိုင်းမှာ လုပ်ငန်းကငွေရ။နောက်ပိုင်းမှာ ငွေက ငွေရ။ Phyo Paing @ Derek

Business Income ကနေInvestment income ကို ပြောင်း။ Read More »

တခါတလေ တချို့သူတွေကကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။

တချို့သူတွေရဲ့ဘဝကကိုယ့်အတွက်ကိုယ် အရင်ကြည့်မှရတာမျိုးဖြစ်တတ်တယ်။ ကိုယ်မိသားစု၊ ဆွေမျိုးထဲကထွက်ပြီး ထွန်းပေါက်ချင်ရင်ကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။ ကိုယ့်အတွက်ကိုယ် ကြည့်ပြီးကိုယ့်ကိုကိုယ် ကယ်နိုင်မှကျန်တဲ့သူတွေကို ကယ်နိုင်တာမျိုး။ တခါတလေ တချို့သူတွေကကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။ Phyo Paing @ Derek

တခါတလေ တချို့သူတွေကကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။ Read More »

အနာဂတ်အတွက်လဲကြည့်ဖို့လိုတယ်။

တန်ဖိုးဆိုတာ ဒီနေ့အတွက်ပဲကြည့်လို့မရဘူး။အနာဂတ်အတွက်လဲကြည့်ဖို့လိုတယ်။ အနာဂတ်မှာ ကိုယ့်အတွက် တန်ဖိုးမရှိနိုင်တာကိုရင်းနှီးမြုပ်မှု အများကြီးမလုပ်မိဖို့လိုတယ်။ Phyo Paing @ Derek

အနာဂတ်အတွက်လဲကြည့်ဖို့လိုတယ်။ Read More »