February 2026

တော်ဖို့ထက်ပျော်ဖို့ အရေးပိုကြီးလာမယ်။

အနာဂတ် ကလေးငယ်တွေတော်ဖို့ထက် ပျော်ဖို့ပိုအရေးကြီးလာမယ်။ အနာဂတ်မှာ တော်တဲ့သူတွေ အများကြီးရှိလာမယ်။AI က လူတိုင်းကို တော်အောင်လုပ်ပေးလိမ့်မယ်။ ဒါပေမဲ့ ပျော်တဲ့သူ နည်းလာမယ်။ တော်တာနဲ့ ပျော်တာ မတူဘူး။ငွေရှိတာနဲ့ စိတ်ချမ်းသာတာ မတူဘူး။အောင်မြင်တာနဲ့ ပြည့်စုံတာ မတူဘူး။ အနာဂတ်မှာ အရေးအကြီးဆုံး skill ကကိုယ့်စိတ်နဲ့ကိုယ် ပျော်တတ်တဲ့ skill ပဲ။ တစ်ယောက်ထဲ ထိုင်နေလို့ရတယ်။ဖုန်းမကြည့်ဘဲ နေလို့ရတယ်။ဘယ်သူမှ like မနှိပ်ဘဲ စိတ်မဆိုးဘူး။ဘယ်သူ့ကိုမှ prove မလုပ်ဘဲ ကိုယ့်ကိုကိုယ် လက်ခံနိုင်တယ်။ ဒါ skill ပဲ။ဒါ မွေးရာပါ မဟုတ်ဘူး။လေ့ကျင့်ရတယ်။ လူအများစုက ပြင်ပကနေ ပျော်ရွှင်မှုရှာတယ်။လူတွေရဲ့ အသိအမှတ်ပြုမှု။Social media ရဲ့ engagement။ဝယ်လိုက်တဲ့ ပစ္စည်းသစ်။ ဒါတွေက ပျော်ပါတယ်။ဒါပေမဲ့ ခဏပဲ။ တစ်ကယ် ကြာရှည်ခံတဲ့ ပျော်ရွှင်မှုကကိုယ့်အတွင်းထဲက […]

တော်ဖို့ထက်ပျော်ဖို့ အရေးပိုကြီးလာမယ်။ Read More »

လူတွေကို ဒုက္ခပေးတာလဲ အတွေးပဲ။ပျော်စေတာလဲ အတွေးပဲ။

တစ်ယောက်ယောက်က ကိုယ့်ကို စကားဆိုးပြောတယ်။နာကျင်တာ သူ့စကားကြောင့်မဟုတ်ဘူး။ကိုယ်က ထပ်ခါထပ်ခါ ပြန်တွေးနေလို့။ အဲဒီစကား တစ်ခါပဲကြားရတယ်။ဒါပေမယ့် ကိုယ့်ခေါင်းထဲမှာအကြိမ် ၁၀၀ ပြန်ဖွင့်တယ်။ ဒုက္ခက အဲဒီ ၉၉ ကြိမ်မှာ။ ပျော်တာလဲ အတူတူပဲ။ကောင်းတဲ့အရာတစ်ခု ဖြစ်တယ်။ပြီးသွားပြီ။ဒါပေမယ့် ကိုယ်က ပြန်တွေးတယ်။ပြန်ခံစားတယ်။ပြန်ပျော်တယ်။ အတွေးက ဓားပဲ။ကိုင်တတ်ရင် ဟင်းချက်လို့ရတယ်။မကိုင်တတ်ရင် ကိုယ့်ကိုယ်ကို ခုတ်မိတယ်။ ဗုဒ္ဓက ဝိပဿနာ ပေးခဲ့တယ်။အတွေးကို မတွေးနဲ့လို့ မပြောဘူး။အတွေးကို ကြည့်နေလို့ ပြောတာ။ ပုစ္စုပ္ပာန် ရှုတယ်ဆိုတာအတွေးကို ရပ်တာမဟုတ်ဘူး။အတွေးကို ကြည့်ရင်းကိုယ်က အတွေးမဟုတ်ဘူးဆိုတာ သိသွားတာ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင်အသက်ရှင်နေတုန်း မတွေးလို့ မရဘူး။အတွေးက ရှိမှာပဲ။ ဒါဆို ဘယ်လိုလုပ်မလဲ? တစ်ခုပဲ လုပ်ကြည့်ပါ။ အတွေးတစ်ခု ဝင်လာတိုင်း“ဒါ fact လား၊ story လား” လို့ ကိုယ့်ကိုကိုယ်

လူတွေကို ဒုက္ခပေးတာလဲ အတွေးပဲ။ပျော်စေတာလဲ အတွေးပဲ။ Read More »

လူအများစုရဲ့ပြဿနာက

အလုပ်များခြင်း။ အလုပ်ကို လိုတာထက်ပိုများတဲ့အခါအရေးကြီးတဲ့အလုပ်တွေကိုတွေးဖို့၊ ကြံဖို့၊ လုပ်ဆောင်ဖို့အချိန်မပေးနိုင်တော့ဘူး။မလေ့လာနိုင်တော့ဘူး။ဒီတော့ တိုးတက်ဖို့ ခက်သွားတယ်။ ဖြစ်နိုင်ရင်တစ်ရက်တစ်ရက်ကိုယ်ပိုင်အချိန်လေးသုံးလေးနာရီလောက်ရှိဖို့လိုပါတယ်။

လူအများစုရဲ့ပြဿနာက Read More »

အတွေးအခေါ်ဖြေဆေးလိုပါတယ်။

ကျွန်တော်ကတော့အတွေးအခေါ်ဖြေဆေးဖော်တယ်လို့ပဲကိုယ့်ကိုကိုယ် ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ဘဝမှာ ဒုက္ခတွေကြုံလာတဲ့အခါဒီ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းကိုလောကီမှာ ဖြေနိုင်ဖို့အတွေးအခေါ်ဖြေဆေးလိုပါတယ်။ ကိုယ့်အတွက်ကိုယ်ဖြေဆေးဖော်ရင်းကိုယ့်လိုလူတွေအတွက် ပြန်လည်မျှဝေပေးရင်းဒီ page လေးဖြစ်လာခဲ့ပါတယ်။ ဘဝမှာ တစ်ပို့စ်တစ်လေကကိုယ့်အတွက် ဖြေဆေးတစ်ခုဖြစ်ခဲ့မယ်ဆိုကျေနပ်ရပါပြီ။ အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ Phyo Paing @ Derek

အတွေးအခေါ်ဖြေဆေးလိုပါတယ်။ Read More »

ဒါတွေက ရင်းနှီးမြှုပ်နှံမှု။

နားမလည်ရင် မှားမယ်။မှားရင် ပြန်လုပ်ရမယ်။ပြန်လုပ်ရရင် အချိန်ကုန်မယ်။ အချိန်ကုန်တာက ပိုက်ဆံကုန်တာထက် နာတယ်။ပိုက်ဆံက ပြန်ရှာလို့ရတယ်။အချိန်က ပြန်မရဘူး။ ကိုယ် ဆေးကျောင်းတုန်းကPatient တစ်ယောက်ရဲ့ symptom ကို နားမလည်ဘဲဆေးပေးလိုက်ရင် ဘာဖြစ်မလဲ။လူနာ ပိုဆိုးမယ်။ Business မှာလည်း အတူတူပဲ။Customer ကို နားမလည်ဘဲ product လုပ်တယ်။Market ကို နားမလည်ဘဲ ads ထည့်တယ်။Team ကို နားမလည်ဘဲ manage လုပ်တယ်။ ပြီးတော့ “ဘာလို့ မအောင်မြင်တာလဲ” လို့ မေးတယ်။ နားမလည်လို့။ တကယ်တော့ လူအများစုကနားမလည်တာကို မှားတာလို့ မမြင်ဘူး။ကံမကောင်းတာလို့ မြင်တယ်။ ကံနဲ့ မဆိုင်ဘူး။Understanding နဲ့ ဆိုင်တယ်။ နားလည်ဖို့ အချိန်ယူရတယ်။လေ့လာရတယ်။မေးရတယ်။နားထောင်ရတယ်။ ဒါတွေက ဆုံးရှုံးမှု မဟုတ်ဘူး။ဒါတွေက ရင်းနှီးမြှုပ်နှံမှု။ မှားချင်ရင် မနားလည်ဘဲ

ဒါတွေက ရင်းနှီးမြှုပ်နှံမှု။ Read More »

လူတွေကို နာကျင်စေတဲ့အရာတွေ မတူဘူး။ဒါပေမဲ့ structure က တူတယ်။

─── ကိုယ့် identity ကို ဖက်တွယ်ထားတယ်။ကိုယ့် reputation ကို ကိုင်ထားတယ်။Relationship တွေ၊ outcome တွေ၊“ကိုယ်မှန်တယ်” ဆိုတဲ့ ခံစားချက်၊“ကိုယ့်ကို ချစ်ပါ” ဆိုတဲ့ လိုအပ်ချက်။ ဖက်တွယ်မှု ပြင်းလေ —နာကျင်မှု နက်လေ။ ─── ဖြစ်ရပ်က ဖြစ်ပြီးသားပဲ။ဒါပေမဲ့ စိတ်က “ဒီလိုမဖြစ်သင့်ဘူး” လို့ တိုက်နေတယ်။ နာကျင်မှုက သဘာဝပဲ။ခုခံမှုက — အဲဒါကို ရှည်စေတယ်။ ─── “ကိုယ်ရဲ့ အောင်မြင်မှုက ကိုယ်ပဲ။”“ကိုယ့် image က ကိုယ်ပဲ။”“ကိုယ့် relationship က ကိုယ်ပဲ။” အဲဒါတွေ ယိမ်းသွားတဲ့အခါ —ကိုယ်တိုင် ပျက်သွားသလို ခံစားရတယ်။ ─── လူတွေက control လိုချင်တယ်။မသေချာမှုက anxiety ဖြစ်စေတယ်။ ကိုယ့် narrative

လူတွေကို နာကျင်စေတဲ့အရာတွေ မတူဘူး။ဒါပေမဲ့ structure က တူတယ်။ Read More »

ဒါက လောကသဘာဝပဲ။​

စိတ်ညစ်စရာဆိုတာလူဖြစ်နေသမျှရှိနေမှာပဲ။ဒါက လောကသဘာဝပဲ။​ လူတွေက အပြင်မှာထက်စိတ်ကူးထဲမှာ ပိုနာကျင်တတ်ကြတယ်တဲ့။ လူလာဖြစ်တော့လဲ မစဉ်းစားဘဲနဲ့လဲမနေနိုင်ပြန်ဘူး။​ဒီတော့ စဉ်းစားနည်းကောင်းအောင်လုပ်ဖို့လိုလာတယ်။ လူတိုင်းက အမှားလုပ်တတ်တယ်။ကိုယ့်ကိုကိုယ် ခွင့်လွတ်။လူတိုင်းက ကိုယ့်ကိုအထင်ကြီးမှာမဟုတ်ဘူး။စိတ်ထားတတ်အောင်လုပ်။အာရုံတွေထွေပြားဝေဝါးနေရင်ဘဝက ပိုခက်ခဲလိမ့်မယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့အရာ“တစ်ခု” ကိုပဲ အားပြုပြီးစဉ်းစား။​အာရုံပြုနေ့စဉ်လုပ်ဆောင်။​ ကိုယ်ထိန်းချုပ်နိုင်တာတွေကိုအာရုံစိိုက်။​ထိန်းချုပ်လို့မရတာကို လျစ်လျူရှုလိုက်။ Phyo Paing @ Derek

ဒါက လောကသဘာဝပဲ။​ Read More »

လွတ်လပ်ဖို့ လွတ်ချဖို့လိုတယ်။

ကိုယ် လွတ်လပ်ချင်တယ်လို့ ပြောတယ်။ဒါပေမယ့် ဘာကိုမှ လွတ်မချနိုင်ဘူး။ ဒါ လွတ်လပ်ချင်တာ မဟုတ်ဘူး။ဒါ အကုန်လုံး ရချင်နေတာ။ လုပ်ငန်းရှင် ဖြစ်ချင်တယ်။ဒါပေမယ့် လစာကို မစွန့်ရဲဘူး။ ကိုယ်ပိုင် အချိန် ရချင်တယ်။ဒါပေမယ့် control ကို မလွှတ်ရဲဘူး။ ပြောင်းလဲချင်တယ်။ဒါပေမယ့် အရင်အတိုင်းက အဆင်ပြေနေတာကို မချနိုင်ဘူး။ လက်ထဲမှာ တစ်ခုခု ကိုင်ထားရင်လက်က ဘယ်တော့မှ အခြားတစ်ခု ကိုင်လို့ မရဘူး။ လက်ဟောင်းက ကျွမ်းနေပြီ။ အဆင်ပြေနေပြီ။ဒါပေမယ့် ကိုယ် လိုချင်တဲ့ အရာအသစ်ကအဲ့ဒီလက်ကို အသုံးပြုဖို့ စောင့်နေတယ်။ ချမှ ကိုင်လို့ ရမယ်။ သစ်ပင်က ရွက်ဟောင်းတွေ ကြွေမှရွက်အသစ် ထွက်တယ်။ ကြွေတာ ဆုံးရှုံးတာ မဟုတ်ဘူး။ကြွေတာ နေရာဖွင့်ပေးတာ။ ကိုယ့်ဘဝမှာ ဘာကို ဆုပ်ကိုင်ထားလဲ ပြန်ကြည့်ပါ။ ဒါ

လွတ်လပ်ဖို့ လွတ်ချဖို့လိုတယ်။ Read More »

အမြင်မတူရင် အမြင့်မတူဘူး။

လူနှစ်ယောက် အတူတူ ကြည့်တယ်။တစ်ယောက်က ပြဿနာ မြင်တယ်။တစ်ယောက်က အခွင့်အလမ်း မြင်တယ်။ မြင်တာ မတူလို့ လုပ်တာ မတူတယ်။လုပ်တာ မတူလို့ ရောက်တာ မတူတယ်။ ကိုယ် ဘယ်လောက် ကြိုးစားကြိုးစားကိုယ့်အမြင်က နိမ့်ရင်ကိုယ့်အမြင့်က နိမ့်မှာပဲ။ အမြင်ကျဉ်းတဲ့သူက ရှေ့တည့်တည့်ပဲ မြင်တယ်။အမြင်ကျယ်တဲ့သူက ဘေးနားကိုပါ မြင်တယ်။အမြင်စူးရှတဲ့သူက သူများ မမြင်တာကို မြင်တယ်။ ဒါဆို အမြင်ကို ဘယ်လို မြှင့်မလဲ? လေ့လာပါ။ကိုယ် မသိတဲ့ နယ်ပယ်ကို ဖတ်ပါ။ကိုယ်နဲ့ မတူတဲ့ လူတွေနဲ့ စကားပြောပါ။ကိုယ် သဘောမတူတဲ့ အယူအဆကို နားထောင်ကြည့်ပါ။ လေ့ကျင့်ပါ။သိတာနဲ့ လုပ်တတ်တာ မတူဘူး။ဖတ်ပြီးရင် ရေးပါ။ ရေးပြီးရင် သင်ပါ။ သင်ပြီးရင် လုပ်ပါ။လုပ်မှ ကိုယ့်ဟာ ဖြစ်တယ်။ စမ်းသပ်ပါ။မှန်မမှန် မသိတာကို မှန်တယ်ဆိုပြီး မယုံပါနဲ့။ကိုယ်တိုင်

အမြင်မတူရင် အမြင့်မတူဘူး။ Read More »

သင်၊ မြင်၊ ပြင်

သင်၊ မြင်၊ ပြင် ပညာသင်တဲ့ ရည်ရွယ်ချက်က ဒီသုံးလုံးပဲ။ သင် — မသိတာကို သိအောင်လုပ်တာ။မြင် — မမြင်ဖူးတာကို မြင်လာအောင်လုပ်တာ။ပြင် — မှားနေတာကို ပြင်တာ။ သင်ပြီး မမြင်ရင် — အချိန်ဖြုန်းတာ။မြင်ပြီး မပြင်ရင် — အသိဖြုန်းတာ။ပြင်မှ — တကယ် သင်တာ။ ကိုယ့်ဘဝမှာ ဘာသင်နေလဲ မေးပါ။ဘာမြင်လာလဲ မေးပါ။ဘာပြင်ပြီးလဲ မေးပါ။ အဲဒီသုံးခုကို မဖြေနိုင်ရင် — သင်နေတာ မဟုတ်ဘူး။နားပဲထောင်နေတာ။ Phyo Paing @ Derek

သင်၊ မြင်၊ ပြင် Read More »