ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။
ဘဝမှာ တချို့လူတွေနဲ့အဆက်အဆံမလုပ်ချင်ဘူး။သိလဲမသိချင်ဘူး။စကားလဲမပြောချင်ဘူး။ခုလဲပတ်သက်ဖို့မရှိသလိုနောက်လဲ ပတ်သက်ဖို့မရှိဘူး။ ဒီလိုလူတွေနဲ့သိရလို့ကောင်းတာလဲဘာမှဖြစ်မှာမဟုတ်သလိုသူ့ဘဝသူတောင် မကျေနပ်တိုင်ပတ်နေတာဖြစ်တဲ့အတွက်ဖြစ်နိုင်ရင် အတတ်နိုင်ဆုံးရှောင်တယ်။ ဒီလို လူတွေကိုလှောင်၊လောကကိုပြောင်၊ကိုယ့်ဘဝကို မကျေနပ်၊လောကကို စိတ်တိုင်းမကျတဲ့သူတွေကိုဘူကောင်လို့ပဲခေါ်မလား။ ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။ လူမှုကွန်ယက်မှာတွေ့ရင်ထပ်မတွေ့ချင်တော့တဲ့အတွက်ban လိုက်၊ block လိုက်တယ်။ ဘဝက တော်တော်လေး မိုက်လာတာဘူကောင်တွေကို ဘဝထဲမှာမထားတာပဲ။ Phyo Paing @ Derek
ကျွန်တော်ကတော့ ငွေဘယ်လောက်ရရဒီလိုလူတွေရှောင်တယ်။ Read More »
