February 2026

ဘဝက စိတ်ညစ်စရာအရမ်းများခဲ့တာ။

စိတ်ညစ်တိုင်း အလုပ်လုပ်။စိတ်ညစ်တိုင်း လေ့လာ။ အလုပ်ဆိုတာ လွတ်မြောက်ခြင်း။လေ့လာမှုဆိုတာ လွတ်မြောက်ခြင်းလုပ်ဆောင်ရင်းဘဝက အသက်ကြီးလာလေပိုပျော်လာလေ ဖြစ်လာတယ်။ တစ်ခုပဲ လေ့လာစမ်းသပ်တာနဲ့အလုပ်လုပ်တာကကြာလေ ဆေးစွဲသလိုဖြစ်လာလေ။ သူများက အလုပ်လုပ်ဖို့မော်တီဗေးရှင်းယူရတယ်။ကိုယ်က အလုပ်မလုပ်ဖို့မော်တီဗေးရှင်းပြန်ယူနေရတယ်။အဲ့လိုလူတွေရှိလားမသိဘူး။ Phyo Paing @ Derek

ဘဝက စိတ်ညစ်စရာအရမ်းများခဲ့တာ။ Read More »

ကိုယ့်ရွေးချယ်မှုပဲ။

လူတော်တော်များများမှာဖြစ်ချင်ပြီး မဖြစ်သေးတဲ့အရာတွေရှိတယ်။အိမ်မက်ရှိတယ်။တိတိကျကျ ချရေးပုံဖော်ထားတာရှိတာနဲ့ မရှိိတာပဲ ကွာရင်ကွာမယ်။​ အိမ်မက်ရှိ ရည်မှန်းချက်တွေရှိရင်ကြံဆမှုတွေ ပြုလုပ်ရပြီ။ ကိုယ့်အိမ်မက်တွေဆီရောက်အောင်ဘယ်လိုသွားမလဲ။ကိုယ့်ကိုကိုယ် နားမလည်သေးတဲ့သူတွေကတော့အိမ်မက်တွေ ခဏခဏ ပြောင်း၊တန်ဖိုးထားမှုတွေ ခဏခဏပြောင်းမယ်။​ ကိုယ့်ကိုကိုယ် သိဖို့က၁။ ကိုယ့်ရဲ့ ထူးချွန်မှု talent၂။ ကိုယ့်ရဲ့ ဝါသနာ passion၃။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု skill၄။ တန်ဖိုးထားမှု core values၅။ ဘဝရည်ရွယ်ချက် purpose၆။ ပေါင်းသင်းဆက်ဆံချင်တဲ့ အသိုင်းအဝိုင်း network၇။​ လောကအတွက်ဖြေရှင်းချင်တဲ့ ပြဿနာ need/ wantဒီအချက်တွေကိုသိဖို့လိုတယ်။ ဒါတွေကို မသိရင် လေတိုက်ရင်ယိမ်းနေမှာပဲ။ အိမ်မက်တွေအတွက် ကြံဆမှုပြုလုပ်ဖို့မဟာဗျူဟာ strategy လိုပြီ။ဘဝကို ဘယ်လိုပုံစံနေထိုင်မလဲ။နေ့စဉ် ဘာအလုပ်တွေ လုပ်ပြီးတစ်ဆင့်ချင်း ဘယ်လိုလှမ်းမလဲ။ဘယ်လိုလူတွေနဲ့တွေ့ရမလဲ၊ဘယ်လို နေရာမှာ နေရမလဲ၊ဘယ်လို အိုင်ဒီယာတွေ ခေါင်းထဲထည့်ရမလဲစဉ်းစားရပြီ။ ဒီ မဟာဗျူဟာကို နေ့စဉ်ဘဝမှာအသုံးချနိုင်ဖို့ စနစ်

ကိုယ့်ရွေးချယ်မှုပဲ။ Read More »

အနောက်တိုင်းလို အိုင်ဒီယာအသစ်တွေတူးဖော်။
တရုတ်တွေလို အလုပ်ကိုလုပ်။
မြန်မာလို စေတနာထား။

တရုတ်ယဉ်ကျေးမှုမှာကြီး၊ မြန်မာယဉ်ကျေးမှုမှာနေ၊နိုင်ငံခြားအတွေးအခေါ်စာအုပ်တွေဖတ်ဆိုတော့ကမ္ဘာ့အမြင်က သုံးခုဖြစ်နေတယ်။ တရုတ်တွေက လောကကြီးတရားမျှတတယ်လို့ အများစုမစဉ်းစားကြဘူး။လောကကြီးမတရားတာ မွေးကတည်းကလက်ခံပြီးသား။အရာရာဟာ ပြိုင်ဆိုင်မှုတစ်ခုလို့အများစု စဉ်းစားကြတယ်။ ဘာကြောင့်လဲဆို လူဦးရေအများကြီးကြားမှာပြိုင်ဆိုင်နေကြရတယ်။ နည်းပညာအသစ်ထွက်ရင်သူများသုံး ကိုယ်မသုံးရင်ကျန်ခဲ့မှာ။ အလုပ်ဖြစ်ရင် မြန်မြန်လုပ်။နောက်ကလိုက်လုပ်။ မဟုတ်ရင် ကျန်ခဲ့မှာ။ အလုပ်ဖြစ်တာလုပ်အများကြီး မစဉ်းစားနေနဲ့။ ဒီလိုသွားကြတယ်။ မိဘကို ပြန်လည်စောင့်ရှောက်။သားသမီးနောင်ရေးအတွက် ပြုစုပျိုးထောင်ပေး။ ဒါတွေနဲ့ကြီးလာတယ်။ မြန်မာယဉ်ကျေးမှုမှာ ဗုဒ္ဓအဆုံးအမတွေနဲ့ ရင်းနှီးခွင့်ရတယ်။ မြန်မာဘာသာစကားကပါဠိလိုတချို့အပိုင်းတွေကိုပိုနားလည်စေတယ်။ လူတွေကလောကအမြင်ရိုးသားတယ်။ ကောင်းသာလုပ်ရင် ကောင်းတာဖြစ်မယ်ယုံကြည်ကြတယ်။ ဘဝအခြေအနေအရသာ လုပ်တဲ့အလုပ်က မကောင်းရင်မကောင်းမယ်။စေတနာကောင်း ကံကောင်းတယ်လို့ယုံတယ်။မိဘကိုရိုသေ၊ ဆရာကိုလေးစားတယ်။ ပရဟိတစိတ်ရှိတယ်။ အမြဲ ကိုယ်ကကြီး အမြတ်ထုတ်ခံနေရတယ်လို့ထင်တတ်တာမျိုးလဲရှိတယ်။ဒါက textbook တွေမှာ ကိုလိုနီနယ်ချဲ့ဆိုတဲ့အပိုင်းတွေကို ငယ်ငယ်ကတည်းက သင်ခဲ့ရတာလဲပါနိုင်တယ်။ အနောက်တိုင်းရဲ့ပုံစံက မတူညီတဲ့အတွေးအခေါ်အများကြီးကိုတစ်ပြိုင်တည်းလက်ခံနိုင်စွမ်းရှိတယ်။ ရှိနေကျ norm လက်ကိုင်ထားတဲ့အရာတွေကိုစိန်ခေါ်ရဲတယ်။ အဓိက အတွေးအခေါ်စိန်ခေါ်မှုနဲ့အပြောင်းအလဲကြီးကိုလုပ်ရဲတယ်။ တရုတ်တွေက operational efficiency

အနောက်တိုင်းလို အိုင်ဒီယာအသစ်တွေတူးဖော်။
တရုတ်တွေလို အလုပ်ကိုလုပ်။
မြန်မာလို စေတနာထား။
Read More »

ကိုယ်နဲ့ ကီးကိုက်တဲ့သူ။

လူတိုင်းက ကိုယ်နဲ့ကီးမကိုက်ဘူး။ကိုယ်နဲ့ ကီးကိုက်တဲ့သူဆိုတာရှိတယ်။ တော်တော် မတော်တာနဲ့မဆိုင်ဘူး။ကီးကို ကိုက်တာ။ အဲ့လို ကီးကိုက်ရင်လာဘ်ပွင့်တယ်။ဥာဏ်ပွင့်တယ်။ Phyo Paing @ Derek

ကိုယ်နဲ့ ကီးကိုက်တဲ့သူ။ Read More »

ဒါကို ရပ်ပြီး လားရာပြောင်းနိုင်မှဘဝက ပိုကောင်းလာနိုင်မယ်။

မသိတဲ့သူတွေနဲ့ စကားပြောပြီးတိုင်းငါဘာအမှားလုပ်မိပြီလဲအမြဲပြန်ပြန်စဉ်းစားဖြစ်တယ်။ ဖြစ်နိုင်ရင် လူအသစ်တွေနဲ့မတွေ့ချင်ဘူး။ဘာကြောင့်လဲဆိုကိုယ်အမှားလုပ်မိလိုက်တယ်ဆိုတဲ့စိတ်နဲ့ကိုယ့်ကိုကိုယ် အပြစ်တင်မိလို့။ ဒီစိတ်က အသက် ၃၀ ကျော်ကျော်လောက်ထိဖြစ်တယ်။ နောက်ပိုင်းပြန်ဆန်းစစ်ကြည့်တော့ဘဝရဲ့ဖြတ်သန်းမှုကအမြဲအပြစ်တင်ခံရတာနဲ့ကြီးပြင်းလာတဲ့အခါကိုယ့်ဆုံးဖြတ်ချက်တိုင်းမှာအပြစ်တင်ခံရမယ်ဆိုတဲ့ စိတ်ကအမြဲလွမ်းမိုးနေတယ်။ ကိုယ်တိုင်ကလဲ super toxic ဖြစ်ခဲ့တယ်။ နောက်ပိုင်း မားကတ်တင်းကိုလေ့လာရင်းစိတ်ပညာပိုင်းတွေလေ့လာဖြစ်သွားတယ်။psychoanalysis ပိုင်းတွေရောက်တော့ကိုယ့်ကိုကိုယ် ပြန်သိလာတယ်။ တော်တော်ပြုပြင်ရတယ်။ နောက်ပိုင်းမှာ တချို့အလုပ်တွေကိုယ်မကြိုက်ပေမယ့်လုပ်ဖို့လိုလာရင်ကိုယ့်ကိုကိုယ် စဉ်းစားတွေးခေါ်ပုံပြောင်းပြီးမဖြစ်ဖြစ်အောင် လုပ်ဖို့ အလေ့အကျင့်လုပ်တယ်။ လူတိုင်းက ပရိုဂရမ်တွေနဲ့ လည်ပတ်နေတယ်။ဒီ ပရိုဂရမ်ကို ကံလို့ ခေါ်ကြည့်မယ်ဆိုကာယကံ၊ ဝဇီကံ၊ မနောကံတိုင်းကဒီ ပရိုဂရမ်းကို လည်ပတ်နေစေတယ်။ Phyo Paing @ Derek

ဒါကို ရပ်ပြီး လားရာပြောင်းနိုင်မှဘဝက ပိုကောင်းလာနိုင်မယ်။ Read More »

ကိုယ့်ကိုကိုယ် သိတာက Journey။

AI က အရာအားလုံး လုပ်ပေးနိုင်တယ်။ဒါပေမယ့် တစ်ခု မလုပ်ပေးနိုင်သေးဘူး။ကိုယ့်ကိုကိုယ် နက်နက်နဲနဲ သိအောင်။ AI လုပ်ပေးနိုင်တာSWOT Analysis လုပ်ပေးနိုင်တယ်။MBTI ရှင်းပြပေးနိုင်တယ်။Ikigai Framework ပေးနိုင်တယ်။Strengths Finder မေးခွန်းတွေ မေးပေးနိုင်တယ်။ဒါပေမယ့် အကုန်လုံး အပေါ်ယံပဲ။ ဘာကြောင့် အပေါ်ယံပဲ ဖြစ်နေလဲAI က ကိုယ်ပြောတာကို ယူတယ်။ကိုယ်ပြောတာက ကိုယ်သိတာပဲ။ကိုယ်မသိတာကို AI က ဘယ်လိုသိမလဲ။ ကိုယ့်ကိုကိုယ် သိတယ်ဆိုတာကိုယ်ထင်တာ မဟုတ်ဘူး။ကိုယ်ပြောတာ မဟုတ်ဘူး။ကိုယ်ယုံကြည်တာ မဟုတ်ဘူး။တကယ် ဖြစ်နေတာ။ အပေါ်ယံ vs နက်နက်နဲနဲ အပေါ်ယံအရဆို“ငါ Leadership ကောင်းတယ်”“ငါ Introvert ဖြစ်တယ်”“ငါ Creative ဖြစ်တယ်”နက်နက်နဲနဲဆိုဘာကြောင့် ဒီလို ဖြစ်လာတာလဲ။ဘယ်အချိန်မှာ ဒီလို မဖြစ်ဘူးလဲ။ဘာကို ရှောင်နေတာလဲ။ဘာကို ကြောက်နေတာလဲ။ AI မလုပ်ပေးနိုင်တာကကိုယ့် Shadow

ကိုယ့်ကိုကိုယ် သိတာက Journey။ Read More »

ဘဝမှာ ရှာနေတာ ဘာလဲ။

အဖြေက ရိုးရိုးလေးပဲ။တော်၊ ပျော်၊ ပွား၊ ပေး။ တော်လူဆိုတာ ရပ်နေလို့ မရဘူး။ရပ်နေရင် ဆုတ်နေတာ။ရေက စီးနေတယ်။ကိုယ်က ရေဆန် ကူးနေရတာ။နေ့တိုင်း နည်းနည်းပဲဖြစ်ဖြစ် ရှေ့ဆက်။မနေ့က ကိုယ်ထက် ဒီနေ့က ကိုယ် ပိုတော်ရမယ်။Aristotle ပြောတယ်။“Excellence is not an act, but a habit.”တော်တာက တစ်ခါလုပ်တာ မဟုတ်ဘူး။နေ့တိုင်း လုပ်တာ။ ပျော်ပျော်ရွှင်မှုကို နောက်ဆို ရှာမယ်လို့ မထားနဲ့။အောင်မြင်မှ ပျော်မယ်။ချမ်းသာမှ ပျော်မယ်။ဒါ ထောင်ချောက်။ပျော်ရွှင်မှုက ခရီးဆုံးမှာ မရှိဘူး။ခရီးလမ်းမှာ ရှိတယ်။Buddha ကဆုံးမခဲ့တယ်။“There is no path to happiness. Happiness is the path.”ဒီနေ့ မပျော်နိုင်ရင်ဘယ်နေ့မှ မပျော်နိုင်ဘူး။ ပွားပွားတာ ငွေတစ်ခုတည်း မဟုတ်ဘူး။ဉာဏ်ပညာ ပွားနိုင်တယ်။ဆက်ဆံရေး

ဘဝမှာ ရှာနေတာ ဘာလဲ။ Read More »

ဘဝရဲ့ အဓိပ္ပာယ်ကို ဘယ်လိုရှာမလဲ?

ဘဝမှာ အဓိပ္ပာယ် ရှိလား။ရှိတယ်။ဒါပေမယ့် ရှာမှ တွေ့မယ်။ အဓိပ္ပာယ် မရှိရင်နံနက် အိပ်ယာထဖို့ ခက်တယ်။ဘာလုပ်လုပ် ပျင်းတယ်။ငွေရလည်း မပျော်ဘူး။အောင်မြင်လည်း အရသာမရှိဘူး။ အဓိပ္ပာယ် ရှိရင်နံနက် အိပ်ယာထချင်တယ်။ခက်ခဲမှုကို ရင်ဆိုင်ရဲတယ်။ဆုံးရှုံးမှုကို ခံနိုင်တယ်။ဘဝမှာ အရသာ ရှိတယ်။ ဘယ်မှာ ရှာမလဲ၁။ ပေးဆပ်မှုမှာကိုယ့်ကြောင့် တစ်စုံတစ်ယောက် ပိုကောင်းသွားတယ်။ကိုယ့်ကြောင့် တစ်စုံတစ်ခု ပြောင်းလဲသွားတယ်။ယူတာမှာ အဓိပ္ပာယ် မရှိဘူး။ပေးတာမှာ ရှိတယ်။ ၂။ ကြီးထွားမှုမှာမနေ့က ကိုယ်ထက် ဒီနေ့က ကိုယ် ပိုကောင်းလား။သင်ယူနေတယ်။တိုးတက်နေတယ်။ကြီးထွားနေတယ်။အဲ့ဒါ အဓိပ္ပာယ်။ ၃။ ချိတ်ဆက်မှုမှာတစ်ယောက်တည်း မဟုတ်ဘူး။လူတွေနဲ့ ချိတ်ဆက်နေတယ်။မိသားစု။သူငယ်ချင်း။Community။ချိတ်ဆက်မှုမှာ အဓိပ္ပာယ် ရှိတယ်။ ၄။ ဖန်တီးမှုမှာတစ်ခုခု ဖန်တီးနေတယ်။မရှိတာကနေ ရှိလာအောင် လုပ်နေတယ်။စာရေးတာ ဖြစ်ဖြစ်။လုပ်ငန်းတည်ဆောက်တာ ဖြစ်ဖြစ်။ကလေးပြုစုတာ ဖြစ်ဖြစ်။ဖန်တီးမှုမှာ အဓိပ္ပာယ် ရှိတယ်။ မေးခွန်း ၃ ခု၁။

ဘဝရဲ့ အဓိပ္ပာယ်ကို ဘယ်လိုရှာမလဲ? Read More »

Always go extra miles ပဲ။

တချို့လူတွေက ကိုယ့်ဖက်ကပဲပိုယူချင်တာ။တစ်ဖက်ကို ပိုပေးလိုက်ရမှာအရမ်းကြောက်တတ်ကြတယ်။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊စီးပွားရေးမှာပဲဖြစ်ဖြစ်၊အချစ်ရေး၊ဘဝအရေးမှာပဲ ဖြစ်ဖြစ်အတူတူပဲ။ အဲ့ဒီ စိတ်နဲ့ ပိုကောင်းတဲ့ဘဝတည်ဆောက်ဖို့မလွယ်ဘူး။Always go extra miles ပဲ။ Phyo Paing @ Derek

Always go extra miles ပဲ။ Read More »