Self-awareness ဆိုတာခေတ်သစ် စိတ်ပညာ မဟုတ်ပါဘူး။ဗုဒ္ဓ သင်ပေးခဲ့တဲ့ ရှေးအကျဆုံးပြီးပြည့်စုံဆုံး လမ်းကြောင်းပါ။
ကိုယ့်ကိုကိုယ် သိတယ်ထင်တဲ့သူ အများကြီး ရှိတယ်။ကိုယ့်ကိုကိုယ် တကယ်သိတဲ့သူ ရှားတယ်။ ဗုဒ္ဓက နှစ်ပေါင်း ၂,၅၀၀ ကျော် အရင်ကတည်းကဒါကို ဟောကြားခဲ့ပြီးသားပါ။ “အတ္တာ ဟိ အတ္တနော နာထော”ကိုယ့်ကိုကိုယ်သာ ကိုယ့်ရဲ့ ကိုးကွယ်ရာ။ ဒါပေမယ့် ကိုယ့်ကိုကိုယ် မသိဘဲကိုယ့်ကိုကိုယ် ဘယ်လို ကိုးကွယ်မလဲ။ Self-awareness (ကိုယ့်ကိုကိုယ် သိခြင်း) ဆိုတာဒီခေတ် စိတ်ပညာက ရှာတွေ့တာ မဟုတ်ပါဘူး။ဗုဒ္ဓက အစကတည်းက သင်ပေးခဲ့တာပါ။ သတိပဋ္ဌာန် ၄ ပါး ဆိုတာSelf-awareness ရဲ့ complete framework ပါ။ ပထမ — ကာယာနုပဿနာ။ကိုယ်ခန္ဓာကို သိတာ။ ကိုယ့် ရင်ဘတ် ကျပ်နေတယ်ဆိုတာ သိလား။ကိုယ့် လက်ဆုပ်ထားမိတာ သိလား။ကိုယ့် အသက်ရှူ တိုနေတယ်ဆိုတာ သိလား။ ဒေါသထွက်ခင် — […]
