Dr. Phyo Paing

https://yec.company

လူဖြစ်ရကျိုးနပ်ဖို့လိုတယ်။

လူတိုင်းက တစ်နေ့သေမှာပဲ။ သိပြီးသေမှာနဲ့၊ မသိဘဲသေသွားမှာပဲရှိတာ။ သေတဲ့အခါ အသက် ၈၂ နှစ်လောက်များနေခဲ့ရမယ်ဆို ရက်ပေါင်း ၃ သောင်းပတ်ခြာလည်ဒီဘဝမှာ ငါလူဖြစ်ရကျိုးနပ်ခဲ့လား။ ဒီမေးခွန်းအတွက် အဖြေကအရေးကြီးတယ်လို့ထင်တယ်။ ကိုယ်သွားချင်တဲ့ ကမ္ဘာ့ရဲ့နေရာတွေသွားကြည့်ခဲ့မယ်။ကိုယ်သိချင်တဲ့အရာတွေကို လေ့လာခဲ့မယ်။ ကိုယ်တွေ့ကြုံချင်တဲ့ အတွေ့အကြုံတွေကို ရယူခဲ့မယ်။ကိုယ်မျှဝေချင်တဲ့အရာတွေကိုပြန်လည်မျှဝေပေးခဲ့မယ်။ ဘဝကို လက်ဗလာနဲ့အားလုံးနှုတ်ဆက်ကြတဲ့အခါလူဖြစ်ရကျိုးနပ်ဖို့လိုတယ်။ Phyo Paing @ Derek

လူဖြစ်ရကျိုးနပ်ဖို့လိုတယ်။ Read More »

ဒီမေးခွန်းတွေက အဖြေရနိုင်တယ်။

အရှေ့အရပ်ကို သွားမယ်ဆိုပြီးတခြားအရပ်ကိုပြေးနေလို့မရဘူး။ ကိုယ်နေ့စဉ်လုပ်နေတဲ့ “လုပ်ရပ်” ကကိုယ်ရေရှည်ရချင်တဲ့ “ရလဒ်” ကိုရဖို့နေ့စဉ် အထောက်အပံ့ပြုနေဖို့လိုတယ်။ ဒီချိတ်ဆက်မှုကို ရှာဖွေတာက ပညာပဲ။ ပုံမှန်မပျက်လုပ်ဆောင်တာ ဝိရိယပဲ။ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်။ ကိုယ်နောက် ငါးနှစ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့ ဒီနေ့လုပ်နေတဲ့အလုပ်ရဲ့ရာခိုင်နှုန်းဘယ်လောက်က အထောက်အကူပြုမလဲ။ အထောက်အကူပြုမည့် ရာခိုင်နှုန်းနည်းတယ်ဆို ဘယ်နေရာတွေသွားလေ့လာဖို့လိုမလဲ။ဘာအိုင်ဒီယာတွေ သွားလေ့လာဖို့လိုမလဲ။ဘယ်သူတွေနဲ့တွေ့ဖို့လိုမလဲ။ ဘာအသစ်တွေထပ်လုပ်ဖို့လိုမလဲ။ ဒီမေးခွန်းတွေက အဖြေရနိုင်တယ်။ ကိုယ့်လုပ်ရပ်တိုင်းက ကိုယ်လိုချင်တဲ့ရလဒ်ရဖို့အထောက်အပံ့ပြုဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

ဒီမေးခွန်းတွေက အဖြေရနိုင်တယ်။ Read More »

အလုပ်စည်းကမ်းအရေးကြီးတယ်။

အလုပ်စည်းကမ်း မရှိရင်ဘဝမှာ ဗရမ်းဗတာဖြစ်နေမှာ။ကိုယ့်ထမင်းကျွေးတဲ့အလုပ်တောင်ဖြစ်သလိုလုပ်ရင်ကျန်တာဆိုရင် မပြောနဲ့တော့။ဒါကြောင့် အလုပ်စည်းကမ်းအရေးကြီးတယ်။ Phyo Paing @ Derek

အလုပ်စည်းကမ်းအရေးကြီးတယ်။ Read More »

အလုပ်မဖြစ်ခင်မှာ
နယ်ပယ်တစ်ခုရဲ့လည်ပတ်ပုံကို
နားလည်အောင် လေ့လာခဲ့ရတဲ့အချိန်တွေ
မနည်းဘူး။

အလုပ်မဖြစ်ခင်မှာနယ်ပယ်တစ်ခုရဲ့လည်ပတ်ပုံကိုနားလည်အောင် လေ့လာခဲ့ရတဲ့အချိန်တွေမနည်းဘူး။ နားလည်သွားရင် အလုပ်ဖြစ်အောင်လုပ်ရတာမခက်တော့ဘူး။ ဒီနားလည်အောင်လေ့လာတဲ့အချိန်တစ်ခုအမြဲပေးရတတ်တယ်။ ဘဝမှာ လုပ်ငန်းတစ်ခုကိုအောင်အောင်မြင်မြင်ဘယ်လိုစတင်မလဲ။အမှတ်တံဆိပ်တစ်ခုဘယ်လိုဖောက်မလဲ။ဝန်ထမ်းတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။အင်တာနက်အခြေပြုလုပ်ငန်းဘယ်လိုလုပ်မလဲ။ ဒီလိုအချက်တွေကို နားလည်အောင်အကောင်အထည်ဖော်တတ်အောင်လေ့လာခဲ့ဖို့ အချိန်တစ်ခုပေးရတတ်တယ်။ စိတ်ရှည်ဖို့လိုတယ်။လေ့လာနေဖို့လိုတယ်။စမ်းသပ်ဖို့လိုတယ်။ Phyo Paing @ Derek

အလုပ်မဖြစ်ခင်မှာ
နယ်ပယ်တစ်ခုရဲ့လည်ပတ်ပုံကို
နားလည်အောင် လေ့လာခဲ့ရတဲ့အချိန်တွေ
မနည်းဘူး။
Read More »

ဘဝမှာ ဖြစ်နိုင်စွမ်းတွေကိုကြည့်တဲ့အခါ

ဘဝရဲ့သုံးပုံစံတစ်ပုံကမိဘရဲ့နောက်ခံနဲ့ အထောက်အပံ့ကြောင့်။သုံးပုံတစ်ပုံကကံတရားရဲ့ပုံသွင်းမှုကြောင့်။သုံးပုံတစ်ပုံကကိုယ်ရဲ့ရွေးချယ်လုပ်ဆောင်မှုကြောင့်။ ဘဝမှာ ဖြစ်နိုင်စွမ်းတွေကိုကြည့်တဲ့အခါဒီအတွေးအခေါ်တစ်ခုနဲ့ တခါတလေကြည့်ကြည့်မိတယ်။ ပထမနှစ်ခုရွေးချယ်လို့မရဘူး။တတိယတစ်ခုက ကိုယ်နဲ့တိုက်ရိုက်ဆိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဖြစ်နိုင်စွမ်းတွေကိုကြည့်တဲ့အခါ Read More »

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list တွေထဲကတစ်နှစ်ကို တစ်ခု အာရုံစိုက်ခပ်ကြမ်းကြမ်း အကောင်အထည်ဖော်ပြီးပြီးမြောက်သွားတာလောက်အရသာရှိတာ မရှိဘူး။တချို့ ရည်မှန်းချက်တွေအတွက်ကသုံး၊ လေး၊ ငါးနှစ်ကြာတတ်တယ်။ ဘဝမှာ သွားချင်တဲ့နေရာတော်တော်များများရောက်ဖူးပြီ။ဟိုးငယ်ငယ်က တွေ့ကြုံချင်တဲ့အတွေ့အကြုံတော်တော်များများလဲတွေ့ကြုံပြီးပြီ။ ထပ်ပြီးစမ်းသပ်ချင်တဲ့အရာလုပ်ဆောင်ချင်တဲ့ရည်ရွယ်ချက်တွေအတွက်အာရုံကို အာဏာကုန်စိုက်ပြီးဖြစ်အောင်လုပ်ရတဲ့ခံစားချက်ကတော်တော်လေး ကောင်းတယ်။ Phyo Paing @ Derek

ဘဝရဲ့အိမ်မက်မှတ်တမ်း dream list Read More »

တရားရတယ်ဆိုတာကတော့
နားလည်မှုတဆင့်မြင့်သွားတာပဲ။

တရားရတယ်ဆိုတာအမှန်တရားကို တဆင့်မြင့်နားလည်သွားတဲ့အခါ သုံးကြတယ်။ လူတွေနဲ့ပတ်သက်လို့ တရားရတယ်။လောကသဘာဝအရ တရားရတယ်။ တရားဆိုတာအမှန်တရား၊တရားမျှတမှု၊သဘောတရား၊တရားရေးရာ၊တရားဓမ္မဒီလိုမျိုးအသုံးပြုကြတယ်။ တရားရတယ်ဆိုတာကတော့နားလည်မှုတဆင့်မြင့်သွားတာပဲ။ သိတာနဲ့ နားလည်သဘောပေါက်နှလုံးသွင်းနိုင်တာတူမလိုနဲ့ မတူပါဘူး။ လောကဓံရှစ်ပါးနဲ့ဥပက္ခာတရားကိုလူတိုင်းနီးပါးသိကြတယ်။လူတိုင်းနီးပါးနှလုံးမသွင်းနိုင်ကြဘူး။ လူတွေက၁။ ငွေ၂။ စိတ်ခံစားချက်၃။ ဂုဏ်၄။ တရားဒီလေးခုနောက်လိုက်တတ်ကြတယ်။ နောက်ဆုံးမှာ တရားနဲ့ဆုံးတတ်ကြတယ်။ Phyo Paing @ Derek

တရားရတယ်ဆိုတာကတော့
နားလည်မှုတဆင့်မြင့်သွားတာပဲ။
Read More »

သူလိုချင်တာကိုပေး၊
မလိုချင်တာကို မပေးနဲ့။

ရည်ရွယ်ချက်မရှိပဲစကားတွေအများကြီးပြောရင်တချိန်မှာ မလိုအပ်တဲ့ပြဿနာအများကြီးဖြစ်တတ်တယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုပြုတိုင်းပုံမှန် မေးဖြစ်တဲ့မေးခွန်းလေးခုရှိတယ်။​ ၁။ ငါ သူ့ဆီက ဘာရချင်သလဲ၂။ သူ ငါ့ဆီက ဘာရချင်သလဲ၃။ သူ့ဆီက မလိုချင်ဘဲရမည့်အရာက ဘာလဲ၄။ ကိုယ့်ဆီက သူမလိုချင်ဘဲရမည့်အရာက ဘာလဲ ဒီမေးခွန်းလေးခုမေးလိုက်ရင်အဖြေကရှင်းသွားမယ်။ ပေါင်းသင်းဆက်ဆံရေးတိုင်းမှာရည်ရွယ်ချက်တစ်ခုရှိတယ်။ သူလိုချင်တာကိုပေး၊မလိုချင်တာကို မပေးနဲ့။ Phyo Paing @ Derek

သူလိုချင်တာကိုပေး၊
မလိုချင်တာကို မပေးနဲ့။
Read More »

လူတွေက မျက်နှာဖုံးတွေအုပ်ထားတယ်။

မှန်ကန်တဲ့ဆုံးဖြတ်ချက်ချချင်ရင်မြေပြင်နဲ့အနီးစပ်ဆုံးမြင်ဖို့လိုတယ်။ လူတွေက မျက်နှာဖုံးတွေအုပ်ထားတယ်။အရာရာပြထားတာ အမှန်မဟုတ်ဘူး။တစ်လွှာချင်းကြည့်ပြီး သိဖို့လိုတယ်။ Phyo Paing @ Derek

လူတွေက မျက်နှာဖုံးတွေအုပ်ထားတယ်။ Read More »

ဘဝနေပျော်ဖို့

ကိုယ်ဘာလိုချင်သလဲသေချာရှင်းရှင်းလင်းလင်းသိဖို့နဲ့ ကိုယ်လိုချင်တာကို ရအောင်ယူနိုင်စွမ်းရှိဖို့လိုတယ်။ ဒါမှမဟုတ် မယူနိုင်ရင်လဲ စိတ်လျော့ပြီးရောင့်ရဲတတ်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝနေပျော်ဖို့ Read More »