Dr. Phyo Paing

https://yec.company

အိမ်စာလုပ်မှရမယ်။

ဥာဏ်ပဲကောင်းနေလို့မရဘူး။အိမ်စာလုပ်ဖို့လဲလိုတယ်။အိမ်စာမလုပ်ရင်နောက်တစ်တန်းတက်မှာမလုပ်ဘူး။တိုင်ပတ်နေကျ ပြဿနာပဲပြန်တက်နေရင် တစ်ခုခုတော့ မှားနေပြီ။မနေ့ကပြဿနာက ဒီနေ့အတွက်ကလေးကစားစရာဖြစ်နေဖို့ကအိမ်စာလုပ်မှရမယ်။ Phyo Paing @ Derek

အိမ်စာလုပ်မှရမယ်။ Read More »

Burning desire

ပြင်းပြတဲ့စိတ်ဆန္ဒဆိုတာသူ့အလိုလိုဖြစ်မလာဘူး။နေ့တိုင်းမီးမွေးနေရတယ်။ဒါမှ ကိုယ့်ရဲ့ဆာလောင်မှုကပျောက်မသွားမှာ။နေ့စဉ် daily rituals တွေကလောင်စာတွေပဲ။ဆုတောင်းတိုင်းဖြစ်လာမယ်ဆိုရင်အိမ်မက်တွေ စျေးပေါနေမှာပေါ့။ Phyo Paing @ Derek

Burning desire Read More »

ငွေရေးကြေးရေး

ငယ်ငယ်တက်ကျမ်းတွေ ဘာတွေအရမ်းဖတ်တော့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေRich Dad Poor Dad ကိုရေးတဲ့Robert Kiyosaki ရဲ့ အယူအဆတစ်ခုကခေါင်းထဲ အရမ်းစွဲနေတယ်။ Cashflow is King တို့Cashflow > Capital Gain တို့ကFinancial Decision အများစုကိုလွမ်းမိုးနေတယ်။ ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာငွေသုံး မနှမြောဖို့၊လူအထင်ကြီးဖို့ထက် ကိုယ်ပျော်တဲ့အရာမှာသုံးစွဲဖို့ အဓိကစဉ်းစားတယ်။ ဘယ်သူပဲဖြစ်ဖြစ် Financial Educationသိထားမှာ မှန်ကန်တဲ့ Financial decisionချမှတ်လို့ရမှာ။ တခါတလေ အလုပ်လုပ်တာ ဒီလောက်ကြာပြီဘာပိုင်ဆိုင်မှုတွေ ရှိနေပြီလဲဆိုတဲ့ မေးခွန်းကမှားတယ်။ ပိုင်ဆိုင်မှုရှိပြီး ဒီပိုင်ဆိုင်မှုကငွေပြန်မရှာပေးရင် revenue-producing assetမဟုတ်တဲ့အတွက် အဖိုးမတန်ဘူး။ မှန်ကန်တဲ့မေးခွန်းက အလုပ်လုပ်တာဒီလောက်ကြာပြီ တစ်လတစ်လPositive Cashflow ဘယ်လောက်ရှိလဲဖြစ်ရမယ်လို့ထင်တယ်။ လူတိုင်း တိုင်းတာတဲ့ metrics တွေတော့မတူဘူး။ကျွန်တော်ကတော့ Cashflow is king

ငွေရေးကြေးရေး Read More »

စိတ်ဓာတ်မကျပါနဲ့။

ကိုယ်ထက်ချမ်းသာတဲ့သူ၊ကိုယ့်ထက် intel ပိုမြင့်တဲ့သူ၊ကိုယ့်ထက်ပို လူချစ်လူခင်ပေါများတဲ့သူ၊အမြဲရှိနေမှာပါပဲ။တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ ဘဝဆိုတာ game တစ်ခုဆိုရင်ခန္ဓာကိုယ်နဲ့ ဘဝပေးအခြေအနေတစ်ခုရှိမယ်။ဒီပေးထားချက်ပေါ်မူတည်ပြီး အကောင်းဆုံးလုပ်ရမှာကိုယ့်တာဝန်ပဲလေ။ ကျွန်တော် ကတော့ သူများတွေနဲ့ မနှိုင်းယှဥ်ဘူး။ကိုယ့်ဘဝမှာ ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲ​ဒါကို အဓိက စဉ်းစားတယ်။ ဘယ်တော့မှ နောင်တ အကြီးအကျယ်ရပြီးစိတ်ညစ်မနေဘူး။သင်ခန်းစာယူပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပစ်မတင်ဘူး။သူ့အရွယ်နဲ့ သူ့ဥာဏ် သူ့ အခြေအနေမှာအကောင်းဆုံးထင်တဲ့အရာလုပ်ခဲ့တာပဲလေ။ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ဖြစ်တည်မှုအတွက်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဂုဏ်ယူတယ်။​ ပေးခဲ့တဲ့ သင်ခန်းစာတိုင်းကိုအကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။မနူးမနပ်ကလေးဘဝမှာတပါးသူအပေါ် မျှော်လင့်ချက်တွေအပြည့်ထားပြီးမနက်ဖြန်ဆိုတာ ရှေ့မဆက်ချင်လောက်အောင်ဖြစ်ဖူးတယ်။ဒါပေမယ့် သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ဖူးတယ်။​ ကျွန်တော့်ဘဝခံယူချက်ကတော့ lean startup ပဲBuild ရယ်၊ Measure ရယ်၊ Learn ရယ်ပဲ။စိတ်ဓာတ်မကျပါနဲ့။ Phyo Paing @ Derek

စိတ်ဓာတ်မကျပါနဲ့။ Read More »

Choice

ဘဝပေးအခြေအနေCondition တွေကိုComplain လုပ်နေလား၊Control လုပ်လားဆိုတဲ့ရွေးချယ်မှု Choice ကကိုယ့်အနာဂတ်ကိုကိုယ်Create လုပ်တာပဲ။ Condition -> Choice -> Creation (Future) Phyo Paing @ Derek Condition -> Choice -> Creation (Future) Phyo Paing @ Derek

Choice Read More »

Progress

မတိုးတက်တဲ့သူတစ်ယောက်ကကိုယ်နဲ့လက်တွဲလုပ်တဲ့သူတွေကိုယ်ထက်သာသွားမှာကြောက်တတ်တယ်။တိုးတက်မှု မြန်နှုန်းမြင့်တဲ့သူတွေကျကိုယ်နဲ့လက်တွဲလုပ်သူတွေတိုးတက်မှုနှေးပြီး ကျန်ခဲ့မှာပဲစိုးရိမ်တတ်တယ်။ Phyo Paing @ Derek

Progress Read More »

Reinvent Yourself

ကိုယ့်ကိုကိုယ် ပြန်မဖန်တီးတော့တဲ့တစ်နေ့နောက်ကောက်ကျတဲ့နေ့ပဲ။ ဒီနေ့အလုပ်ဖြစ်တဲ့အရာကမနက်ဖြန်ဖြစ်ချင်မှ ဖြစ်မယ်။အရင်ကတော့ ဒီလိုပဲလုပ်ခဲ့တာပဲ၊ဒါကငါပဲဆိုပြီး ပိုနေမြဲကျားနေမြဲနဲ့ဘဝဖြတ်သန်းလို့ မလွယ်ဘူး။ တစ်သက်မှာ တစ်ခါလူလာလုပ်တာကိုယ်ဘယ်လောက်ထိစွမ်းဆောင်နိုင်လဲဆိုသိဖို့ကြိုးစားအားထုတ်ကြည့်ဖို့ လိုတယ်။ Phyo Paing @ Derek

Reinvent Yourself Read More »