Dr. Phyo Paing

https://yec.company

နေ့တိုင်းက ကိုယ့်အတွက် တိုက်ပွဲပဲ။

ပျင်းပေမယ့် လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အရာဖြစ်ဖြစ် မြောက်မြောက်လုပ်ဖို့ တိုက်ပွဲပဲ။ ကိုယ့်ရင်ထဲမှာ ရှိတဲ့အတိုင်း ဖော်ပြ ရေးချဖို့ စဉ်းစားတိုင်းလူတွေ ငါ့ကို ဘယ်လိုထင်သွားမလဲဆိုတဲ့အတွေးအခေါ်ကို အနိုင်ယူပြီးရေးချဖို့ တိုက်ပွဲပဲ။ ကိုယ်မကျွမ်းကျင်တဲ့အရာကို ကျွမ်းကျင်အောင် လုပ်နိုင်ဖို့အတွက်တိုက်ပွဲပဲ။ ဒီနေ့ တစ်ရက်တာကို အကောင်းဆုံးအသုံးချနိုင်မလားဆိုတဲ့ တိုက်ပွဲပဲ။ နေ့စဉ် တိုက်ပွဲလေးတွေမှာ အနိုင်ယူနိုင်မှ တကယ့် စစ်ပွဲကြီးမှာ အနိုင်ယူနိုင်မှာ။ နေ့စဉ် တိုက်ပွဲတွေက အရေးကြီးတယ်။ Phyo Paing @ Derek

နေ့တိုင်းက ကိုယ့်အတွက် တိုက်ပွဲပဲ။ Read More »

ယောကျာ်းတွေ အိုလာရင် နူးညံ့လာတယ်။

ငယ်တုန်းကသာ ဆိုးမိုက်ခဲ့မယ်။အသက်ကြီးတော့ နူးညံ့သိမ်မွေ့သွားတာTestosterone level နဲ့လဲဆိုင်တယ်။40% သော ယောကျာ်းတွေကအသက် ၄၅ ကျော်ရင် Testosterone level နည်းလာတတ်တယ်။ အဲ့ဒါနည်းရင် ပြောချင်တာမပြောရဲသတ္တိတွေလျော့လာ၊ sex drive နည်းလာတာ၊ဒါတွေ ဖြစ်တယ်။များလွန်းရင်လဲ aggressive ဖြစ်ရန်တွေဖြစ်တတ်တယ်။ ဒါပေမယ့် ကိုယ့်က အသက် ၇၀ ကျော်ထိဂေါ်နေချင်ရင် တချို့ hormone တွေကိုထိန်းထားရသလို၊ muscle mass လဲတည်ဆောက်ထားဖို့လိုတယ်။ ယောကျာ်းစစ်စစ်တွေက ယောကျာ်းလို မစဉ်းစားလို့တချို့ပြဿနာတွေက မလိုအပ်ပဲဖြစ်တာ။တည့်ရှင်းရင် ပြေလည်ဖို့ လွယ်တယ်။အိညောင်အိညောင် လုပ်တာတွေကTestosterone နည်းတဲ့အတွက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ Phyo Paing @ Derek

ယောကျာ်းတွေ အိုလာရင် နူးညံ့လာတယ်။ Read More »

တခါတလေ လွတ်နေတာ
မကောင်းဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူးလေ။

တခါတလေ ကိုယ်နေတဲ့မြို့ကိုယ်ပေါင်းတဲ့ အပေါင်းအသင်ကြားကိုယ်လုပ်တဲ့အလုပ်ကိုယ့် အလုပ်နယ်ပယ်မှာတခြားသူတွေနဲ့ အတူပဲကိုယ်က တစ်ယောက်တည်းလွတ်နေတတ်တယ်။ လူတွေက စိတ်ဝင်စားတာကိုယ်က စိတ်ဝင်မစားတာမျိုး။သူများတွေ inspire ဖြစ်တာကိုယ်ကမဖြစ်။သူတို့ဖြစ်ချင်တာက တမျိုးကိုယ်ဖြစ်ချင်တာက တမျိုး။ သူများတွေ ပျော်နေတုန်းကိုယ်က အနာဂတ်အတွက်စဉ်းစားကြိုတင်တိုင်ပတ်နေတာမျိုးလဲဖြစ်ရင် ဖြစ်မယ်။ သူများတွေ တိုင်ပတ်နေချိန်အဲ့လို တိုင်ပတ်မှုအပေါင်းသရဖူဆောင်းပြီးကိုယ်တိုင်ပတ်တဲ့ အဆင့်ကနောက်တစ်ဆင့်ရောက်နေတာမျိုးလဲဖြစ်ချင်ဖြစ်မယ်။ အဲ့လိုမျိုး ပတ်ဝန်းကျင်နဲ့နည်းနည်းလွတ်နေတာမျိုးဖြစ်နေတတ်တယ်။ ဒါက ရူးတာ မဟုတ်ဘူး။အများလျှောက်တဲ့လမ်းနဲ့မတူတာ။အတွေးအခေါ်မတူတာ။အိမ််မက်တွေ မတူတာ။အနာဂတ်အမြင်မတူတာ။ တခါတလေ လွတ်နေတာမကောင်းဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ။ Phyo Paing @ Derek

တခါတလေ လွတ်နေတာ
မကောင်းဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူးလေ။
Read More »

သေချာ မလေ့လာရာကစတယ်။

စီးပွါးရေးလုပ် စီမံခန့်ခွဲမှုလုပ်ပြီးဒါနဲ့သက်ဆိုင်တဲ့ စာအုပ်ဘယ်နှစ်အုပ်ဖတ်ဖူးလဲ? ပြဿနာက ကိုယ်လုပ်တဲ့အလုပ်ကိုသေချာ မလေ့လာရာကစတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

သေချာ မလေ့လာရာကစတယ်။ Read More »

ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့

ဘဝကို နောက်ပြန်ကြည့်ရင်နောင်တရလို့ ပြန်ပြင်ချင်စရာတစ်ခုမှ မရှိဘူး။ဘာကြောင့်လဲဆိုတော့ လုပ်ချင်တဲ့အရာ၊ ရချင်တဲ့အရာသွားချင်တဲ့နေရာ၊ ရှိချင်တဲ့ကျွမ်းကျင်မှုအတွက်ဘယ်တော့မှ ထိိုင်စောင့်မနေဘူး။ တခြားသူပေးမှရမည့် အဖြစ်မျိုးဘယ်တော့မှ အရောက်မခံခဲ့ဘူး။ဘဝမှာ God Mode နဲ့နေဖို့အိမ်မက်တွေချရေးထားတဲ့ Dream list လိုတယ်။စမ်းသပ်မှုတွေလုပ်ခဲ့တဲ့ Experiment list နဲ့ သင်ခန်းစာ rules တွေကို ချရေးထားတယ်။ ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့Rule No.1 က ဘူကောင်တွေ ရှောင်တာပဲ။Rule No. 2 ကကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့အလုပ်တွေလုပ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ဖို့ Read More »

ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို
အဆုံးထိ push လုပ်ကြည့်ပြီးပြီလား။

တခါတလေ ကိုယ့်မှာ စွမ်းဆောင်ရည်အပြည့်ရှိနေပြီးဒါကို အဖုံးဖွင့်ဖို့ မေ့ခဲ့တဲ့အတွက်အသက်ကြီးမှ နောင်တရနေတာမျိုးခဏခဏ ကြားဖူးကြလိမ့်မယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကိုအဆုံးထိ push လုပ်ကြည့်ပြီးပြီလား။ Phyo Paing @ Derek

ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို
အဆုံးထိ push လုပ်ကြည့်ပြီးပြီလား။
Read More »

Productivity နဲ့ Profit က
ဆက်စပ်နေတယ်။

ဒါကြောင့်လဲ ဘဝတစ်ခုလုံးဒီနှစ်ခုကိုဇောင်းပေးလေ့လာဖို့ဟိုးအရင်နှစ်တော်တော်ကြာကတည်းကဆုံးဖြတ်ခဲ့တာ။ Productivity ကောင်းဖို့ဆိုရင်Motivation, Mindset, Methodology, Psychology, Personality, Physiology နဲ့ လောကကြီးကို မြင်တဲ့အမြင်Perception အကုန်အရေးကြီးတယ်။ ဒါတွေကို ပေါင်းစပ်ပြီးကိုယ့်ရဲ့ အမူအကျင့် habit တည်ဆောက်တာပေါ့။ဒါမှ ကိုယ်ဖြစ်ချင်တဲ့ ပုံစံဖြစ်မှာ။ ဥပမာ ကိုယ်က အရမ်းအောင်မြင်တဲ့နည်းပညာ entrepreneur ဖြစ်ချင်တယ်ဆိုရင်အဲ့လိုလူဖြစ်ဖို့ နေ့စဉ်ဘာတွေလုပ်ရမလဲ။ဒီမေးခွန်း မေးဖို့လိုလာပြီ။ နေ့စဉ် ဘာတွေလုပ်မလဲဆိုတဲ့မေးခွန်းအဖြေက ဘယ်ကရနိုင်လဲဆိုရင်သူ့မှာ လိုအပ်တဲ့ skills တွေက ရနိုင်တယ်။ သူ့အနေနဲ့ စိတ်ခံစားမှုတွေကို စီမံခန့်ခွဲနိုင်ရမယ်။IT သမားတွေကို manage လုပ်နိုင်ရမယ်။စျေးကွက်ကို နားလည်ရမယ်။ English လို ပြောတတ်ရမယ်။တရုတ်စျေးကွက်နားလည်ချင်ရင် တရုတ်စာတတ်ဖို့ လိုကောင်းလိုနိုင်တယ်။ ကျန်းမာဖို့ လိုမယ်။နည်းပညာစာအုပ်၊ မားကတ်တင်း၊ စွန့်ဦးတီထွင်၊ စီမံခန့်ခွဲမှု အစရှိတဲ့စာအုပ်တွေ ဖတ်ဖို့လိုမယ်။ ဒါတွေအကုန်လုံးနေ့စဉ် ဖြစ်နေဖို့

Productivity နဲ့ Profit က
ဆက်စပ်နေတယ်။
Read More »

Marketing အကြံပေးတယ်ဆိုတာ

Marketing အကြံပေးတယ်ဆိုတာA အလုံး ၁၀၀ T အလုံး၂၀၀ P အလုံး ၃၀၀ အင်တာနက်ကရှာပြီးအကြံပေးလို့ရရင် လူတိုင်းအကြံပေးတွေ အတိုင်ပင်ခံတွေဖြစ်ကုန်မှာပေါ့။ Blue Ocean လေးဖတ်ပြီးအကြံပေးရင် ဒါအကြံပေးလို့မခေါ်ဘူး။ပါတာဖတ်လို့ ခေါ်တယ်။ပါတာပဲ ပြန်ဖတ်ပြဖို့။ Marketing အကြံပေးမယ်ဆိုလူတွေသိတဲ့ အမှတ်တံဆိပ်ဘယ်နှစ်ခုလောက် တည်ဆောက်ဖူးလဲ။ကိုယ့်ရဲ့ လုပ်ငန်းကိုကော လူသိပြီလား။Marketing campaign ပေါင်းဘယ်နှစ်ခုလောက် လုပ်ဖူးပြီးပြီလဲ။လုပ်ငန်းပေါင်း ဘယ်နှစ်ခုအောင်မြင်အောင် ကူညီပေးဖူးလဲ။ဒီထဲက ရလဒ်တွေ ကိုယ်ပိုင် framework တွေဘယ်နှစ်ခုတည်ဆောက်ပြီးပြီလဲ။ဒါတွေလိုမယ်လို့ စဉ်းစားမိတယ်။ မြန်မာပြည်မှာက အဟိတ်အဟန်နဲ့သိပ်လုပ်စားလို့ကောင်းတာ။ ဘာရယ်ညာရယ် မဟုတ်လူရှိန်တာပေါ့။ ဒါကြောင့်လဲ ပါတာဖတ်တဲ့ အတိုင်ပင်ခံတို့အကြံပေးတို့ မဖြစ်အောင် ကိုယ်တိုင် စမ်းသပ်မှုတွေ လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ နေ့စဥ် စမ်းသပ်မှုတွေလုပ်ဖို့တွန်းအားတွေရနေတယ်။ ဘယ်သူ့မှ မရည်ရွယ်ပါဘူး။ကိုယ့်ကိုကိုယ် သတိပေးတာ။အဲ့လို မဖြစ်အောင်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

Marketing အကြံပေးတယ်ဆိုတာ Read More »