Dr. Phyo Paing

https://yec.company

အလုပ်လုပ်တဲ့အခါ “ပ” သုံးလုံးနဲ့ရွေးတယ်။

၁။ ပျော်လား? ၂။ ပိုက်ဆံရလား? (ကိုယ်လိုချင်တဲ့ဘဝနေထိုင်မှုပုံစံကိုပံ့ပိုးပေးနိုင်လား?)၃။ ပိုကြာလေ ပိုကျွမ်းကျင်လာလေဖြစ်မလား? (Mastery) Phyo Paing @ Derek

အလုပ်လုပ်တဲ့အခါ “ပ” သုံးလုံးနဲ့ရွေးတယ်။ Read More »

ကျွန်တော်ဟာ အစမ်းသပ်ခံ လူသားသာ။

ကျေးဇူးအရမ်းတင်ရတဲ့ ဆရာကြီးရှိတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း 139 နှစ်5 Nov 1883 ပဲခူးတိုင် သုံးဆယ်မြို့မှာလူတစ်ယောက် မွေးဖွားလာတယ်။ အဲ့ဒီ စာရေးဆရာ အရေးအသားတွေကကျွန်တော့် ငယ်ဘဝကို လွမ်းမိုးခဲ့တယ်။ လောကအမြင်ကို ပြောင်းပေးခဲ့တယ်။အဲ့လိုပဲ တခြားသူတွေကို ပြန်လည်ကူညီပေးဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့အပြည့်အဝ ခံယူထားတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်က အစမ်းသပ်ခံပဲ။အစမ်းသပ်ခံ ကြွက်ကလေးလိုအစမ်းသပ်ခံ လူသားတစ်ယောက်ပဲ။အဲ့လို ပဲ ကိုယ့်ကိုကိုယ်ခံယူတယ်။ ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုဘယ်လိုတည်ဆောက်မလဲဆိုတာနည်းလမ်းမျိုးစုံနဲ့စမ်းသပ်တယ်။ဒီစမ်းသပ်မှုနာမည်က Best Version Project ဖြစ်တယ်။ အချိန်ကာလက အသက်မသေမချင်းပေါ့။ စမ်းသပ်မှုကာလမှာ တွေ့ရှိချက်တွေကိုကိုယ့်ရဲ့ Best Version ကိုတည်ဆောက်ချင်သူတွေကို မျှဝေမယ်။ဒီလောက်ပဲ စဉ်းစားထားတယ်။ စမ်းသပ်မှု ပြုလုပ်တဲ့နယ်ပယ်ကသုံးခု အဓိကထားတယ်။ Personal, Professional, Business တိုးတက်ရေးဆိုပါတော့။ အရာရာ ဆုပ်ယုတ်နေတဲ့ နေရာမှာတိုးတက်မှုဆိုတာက ဟာသလိုကြီးဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ရိုက်ခတ်မှုပေါင်း များစွာထဲမှာစမ်းသပ်မှုကနေ

ကျွန်တော်ဟာ အစမ်းသပ်ခံ လူသားသာ။ Read More »

အသက်ရှင်နေသမျှ
ကိုယ်ထွက်ပြေးမရတဲ့အရာက
ကိုယ့်စိတ်နဲ့ ခန္ဓာပဲ။

တချို့မကြိုက်တဲ့နေရာ၊မချစ်မနှစ်သက်သူတွေနဲ့အဝေးမှာ ခွဲခွာသွားလို့ရနိုင်ပေမယ့်ခွဲမရတဲ့အရာက ကိုယ်တိုင်ပဲ။ ဒါကြောင့် အချိန်ကိုသုံးချိန်ခွဲလိုက်တယ်။ ၁။ ကိုယ့်အတွက်အချိန်၂။ အလုပ်အတွက်အချိန်၃။ သူတပါးအတွက်အချိန် ကိုယ့်အတွက်အချိန်က မနက် ၄ ကနေ ၁၀ ထိ (၆ နာရီ) ဦးနှောက်၊ စိတ်နဲ့ ခန္ဓာအတွက်လေ့ကျင့်ရေးဆင်းတယ်။ စာဖတ်၊ လေ့ကျင့်ခန်းလုပ်၊ journaling နဲ့ တရားထိုင်၊ professional learning အတွက်လုပ်။ ၁၀ ကနေ ၆ အထိက အလုပ်အတွက်စုစုပေါင်း ၈ နာရီပေါ့။ (၈ နာရီ) ၆ ကနေ ၁၀ နာရီထိက (၄ နာရီ)အပေါင်းသင်းယောင်းရင်းအချိန်ပေါ့။တချို့ရက်မှာတော့ အလုပ်ရှိနိုင်တာပေါ့။ အဲ့လို ဖြတ်သန်းလာတာကတော့ 296 ရက်တော့ ရှိပြီ။ ခုထိတော့ အလုပ်ဖြစ်နေတယ်။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ်ထွက်ပြေးမရတဲ့အရာက
ကိုယ့်စိတ်နဲ့ ခန္ဓာပဲ။
Read More »

လူတွေ အသိအမှတ်ပြုတဲ့အပေါ်
ဘဝလို့ထင်ပြီး မသာယာလိုက်နဲ့။

လူတွေရဲ့ အထင်အမြင်က အချိန်နဲ့အမျှ အပြောင်းအလဲဖြစ်နေတတ်တယ်။ ဒီအပေါ်မှာ သွားခံစားနေရင် မှားလိမ့်မယ်။ တစ်ယောက်တည်းနေနေလဲ စိတ်ငြိမ်းချမ်းအောင် နေနိုင်ဖို့ လေ့ကျင့်နေဖို့လိုတယ်။ Phyo Paing @ Derek

လူတွေ အသိအမှတ်ပြုတဲ့အပေါ်
ဘဝလို့ထင်ပြီး မသာယာလိုက်နဲ့။
Read More »

ဘဝဆိုတာ

၂၀၀၅ ပြိုင်ဖက်တွေက၂၀၁၂ မှာ ပြိုင်ဖက်မဟုတ်တော့ဘူး။ ၂၀၁၂ က ပြိုင်ဖက်တွေက၂၀၁၅ မှာ မဟုတ်တော့ဘူး။၂၀၁၅ ပြိုင်ဖက်တွေက၂၀၂၂ မှာ မဟုတ်တော့ဘူး။ ဘဝဆိုတာ အဲ့လိုပဲဒူပေဒါပေခံဖို့၊သက်လုံကောင်းဖို့နဲ့စိတ်ရှည်ဖို့၊ စိတ်ဓာတ်ပြတ်သားခိုင်မာဖို့လိုတာပဲ။၊ Phyo Paing @ Derek

ဘဝဆိုတာ Read More »

အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆို
ဘေးကလူတွေက ခင်ဗျာကို
ဆွဲချကြလိမ့်မယ်။
အားပေးသလိုလိုနဲ့
ဝေဖန်ကြလိမ့်မယ်။

မှတ်မှတ်ရရ တစ်ခုခုအပြောင်းအလဲလုပ်တော့မယ်ဆို လူတွေ သင့်ကိုယုံချင်မှ ယုံကြလိမ့်မယ်။ 2016 မှာ video ရိုက်ပြီး ပထမဆုံး video တင်တော့ဟိုဟာလိုသေးတယ်။ဒီဟာလိုသေးတယ် အကြံပေးကြတယ်။သူတို့ကို မေးလဲ မမေးပဲနဲ့။ ဝိတ်ချတော့မယ်ဆိုတော့ စောင့်ကြည့်မယ်ဆိုတဲ့ သူနဲ့။ ဆယ်ပေါင်ကျသွားပြီဆိုတော့ ဒါက ရေဝိတ် ပျော်မနေနဲ့ဆိုပြီးအားပေးတဲ့ သူနဲ့။ ဘဝက အဲ့လိုပဲ အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆိုဘေးကလူတွေက ခင်ဗျာကို ဆွဲချကြလိမ့်မယ်။အားပေးသလိုလိုနဲ့ ဝေဖန်ကြလိမ့်မယ်။ ကျွန်တော်တော့ အဲ့ဒီ screenshot တွေကို တစ်နေရာထဲမှတ်ထားတယ်။တချိန် story-telling မှာသုံးဖို့။ 😀 Phyo Paing @ Derek

အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆို
ဘေးကလူတွေက ခင်ဗျာကို
ဆွဲချကြလိမ့်မယ်။
အားပေးသလိုလိုနဲ့
ဝေဖန်ကြလိမ့်မယ်။
Read More »

နေ့စဉ် ငါဘာတွေလုပ်မလဲ။
ဒီလုပ်တဲ့အရာကနေ
ငါဘယ်လိုလူဖြစ်လာမလဲ။

ကျွန်တော်ကတော့ ကိုယ့်ဘဝကိုယ်အရမ်းကြိုက်တယ်။ဘယ်သူနဲ့မှလဲ မလဲချင်ဘူး။နေ့တိုင်းဖြတ်သန်းရတာလဲအရသာ အပြည့်ရှိတယ်။ဘာကြောင့်လဲဆိုတော့ Have ဆိုတဲ့ ပိုင်ဆိုင်မှုတွေကိုအာရုံသိပ်မပြုဖြစ်ဘူး။ Do ဆိုတာတွေကို နေ့စဉ်အာရုံပြုဖြစ်တယ်။ နေ့စဉ် ငါဘာတွေလုပ်မလဲ။ဒီလုပ်တဲ့အရာကနေ ငါဘယ်လိုလူဖြစ်လာမလဲ။ Be ဆိုတာ အာရုံပြုဖြစ်တယ်။ဘာလုပ်မလဲဆိုတာနဲ့ ဘယ်လိုလူဖြစ်လာမလဲဆိုတာ ကိုယ့်ထိန်းချုပ်မှုအောက် အပြည့်ရှိတယ်။ ဘာတွေ ပိုင်ဆိုင်မလဲဆိုတာကတော့ကိုယ့်ထိန်းချုပ်မှုအောက်မှာမရှိဘူး။ မပြောင်းလဲချင်တဲ့ ကိုယ့်မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီးတောင်ပြောင်းလဲလို့မလွယ်တဲ့အချိန်မျိုးမှာမပြောင်းလဲချင်တဲ့ တခြားသူတွေကိုကြိုးစားပြီး သွားပြောင်းလဲတာ အပိုပဲဖြစ်နိုင်တယ်။ ကျွန်တော်ရဲ့ ဘဝ philosophy ကရှင်းရှင်းလေးပဲ။ ပိုက်ဆံတွေအများကြီးရှိပြီးဆုံးရှုံးမှာ ကြောက်နေတဲ့သူကျန်းမာရေးမကောင်းနဲ့သူအဖြစ်မနေချင်ဘူး။ ဘဝမှာ ကိုယ့်ရဲ့ personal development, Professional ပိုင်းမှာ mastery ဖြစ်ပြီး၊ကိုယ့်ထိန်းချုပ်မှုအောက်အပြည့်ရှိပြီးတိုးတက်နေတဲ့ Business ရှိပြီးကိုယ့်ကိုကိုယ် အကောင်းဆုံးတည်ဆောက်နေဖို့ပဲ။ ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်ပဲသူများကို ကောင်းအောင်လုပ်ပေးဖို့မလွယ်ဘူး။ Phyo Paing @ Derek

နေ့စဉ် ငါဘာတွေလုပ်မလဲ။
ဒီလုပ်တဲ့အရာကနေ
ငါဘယ်လိုလူဖြစ်လာမလဲ။
Read More »

ကျွန်တော်တို့ society က
လှတာပဲမြင်ချင်တာ။

ရှုံးနိမ့်တာတွေကို မခံစားနိုင်တတ်ဘူး။ ဥပမာ vlog လေး စရိုက်ကြည့်။အသံလေးတိုးတယ်နော်။ ခန္ဓာကိုယ်က ယိုင်တိုင်တိုင်ဖြစ်နေတယ်။ယုံကြည်မှုမရှိတဲ့ ပုံစံဖြစ်နေတယ်။အားမနာပဲ ဝေဖန်ဖို့ ဝန်မလေးကြဘူး။ အောင်မြင်သွားတဲ့အချိန်ကျတော့မိုက်လိုက်တာ၊ တော်လိုက်တာ၊ သူက သူများနဲ့မှမတူလုပ်နိုင်တာကိုးဒါမျိုးနဲ့ လာတယ်။ အဲ့ဒီ အရှုံးတွေ မယဉ်ပါးပဲသာမာန်ဘဝထဲက ထွက်ဖို့မလွယ်ဘူး။ နောက်တစ်ခုက ကိုယ့်ပေတံနဲ့သွားများကို လိုက်တိုင်းတတ်တာ။ ကျွန်တော်တို့ဟာ အလွန်အမင်းjudgemental ဖြစ်တဲ့ society မှာနေတယ်။ အရာရာကို စိတ်ခံစားမှုနဲ့ စဉ်းစားဆုံးဖြတ်တယ်။ခရီးကျယ်ကျယ်ပြန့်ပြန့်မသွားဖူး၊စာကောင်းကောင်းမဖတ်၊ကောင်းကောင်းမတွေး၊ အရှုံးတွေက သင်ခန်းစာမယူတဲ့soceity ဟာ ကျဆုံးဖို့လွယ်တယ်။ လူအများစုက ကိုယ့်ကိုကိုယ်တောင်သေချာနားမလည်ပဲ သူများဘဝကို သွားဝေဖန်မှုပြုတတ်ကြတယ်။ ဒီတိုင်ပတ်စေတဲ့ အတွေးအခေါ်တွေဟာ ယဉ်ကျေးမှု culture တစ်ခုလိုဖြစ်နေတတ်တယ်။ သာမာန်ထဲမှာ မနေချင်ရင်ဒါကို ဖောက်ထွက်ဖို့လိုတယ်။ Soceity က သတ်မှတ်ထားတဲ့ Bullshit rules တွေထဲက ထွက်လာတဲ့ပတ်ဝန်းကျင်နဲ့ “လွတ်”နေတဲ့

ကျွန်တော်တို့ society က
လှတာပဲမြင်ချင်တာ။
Read More »

အဓိက အတားအဆီးဖြစ်နေတာ
အတွေးအခေါ်။

ကိုယ်ဘယ်လောက်စွမ်းလဲဆိုတာ ကိုယ့်ကိုကိုယ် စိန်ခေါ်ပြီး အစွမ်းကုန်ထိ မစမ်းကြည့်ဖူးရင်မသိနိုင်ဘူး။ လူတွေရဲ့ အစွမ်းအစက ချဲ့ရင်ချဲ့သလောက် ရှိနိုင်တယ်။အဓိက အတားအဆီးဖြစ်နေတာအတွေးအခေါ်။ နောက်တစ်ခုကို အသိုင်းအဝိုင်းနဲ့အပေါင်းအသင်းတစ်စုရဲ့အတွေးအခေါ်ကို ကျော်လွန်ပြီးတွေးရဲဖို့လိုတယ်။ Phyo Paing @ Derek

အဓိက အတားအဆီးဖြစ်နေတာ
အတွေးအခေါ်။
Read More »

ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင်

အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အာဖရိကရောက်သွားရင် ဘာလုပ်စားမလဲ။ ဒါမှမဟုတ် တိုးတက်ပြီးနိုင်ငံတွေရောက်ရင် ဘာလုပ်မလဲ။ အသက် ၃၅၊ ၄၀၊ ၅၀၊ ၆၀၊ ၇၀အဲ့လို အချိန်မျိုးမှာဘဝကို သုညက ပြန်စရရင်ဘာတွေ လုပ်မလဲ။ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားလိုက်တယ်။ခြေထောက်ကျိုးသွားခဲ့ရင်၊မျက်လုံးကန်းသွားခဲ့ရင်၊ နားကန်းသွားခဲ့ရင် ဘာတွေ ဆက်လုပ်မလဲ။ အမြဲ စိတ်ဓာတ်ရေးရာအရnegative visualization လုပ်ကြိုတင်ပြင်ဆင်ထားတဲ့အတွက်လောကဓံကို အနည်းငယ်ပိုခံနိုင်လာတယ်လို့ဆိုရမယ်။ တနေ့ ကိုယ်အရင်မသေရင်ကိုယ်ချစ်တဲ့သူတွေ အရင်သေလိမ့်မယ်။အဲ့ဒီအတွက်လဲ စိတ်ဓာတ်ရေးရာအရကြိုတင်ပြင်ဆင်ထားရတယ်။ ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင်ဖြစ်နိုင်ခြေ ဆိုးရွားတဲ့ scenario တွေအတွက်စိတ်ဓာတ်ရေးရာအရ ကြိုတင်ပြင်ဆင်ထားတာ မမှားဘူးလို့ ဆိုရမယ်။ Phyo Paing @ Derek

ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင် Read More »