Dr. Phyo Paing

https://yec.company

အမြင့်ရောက်ဖို့ အမြင်အရင်ပြောင်းဖို့လိုတယ်။

Goalကိုရောက်ဖို့ Growth လိုတယ်။ တိုးတက်နေဖို့ ၁.ကိုယ်အတော်ဆုံးဖြစ်နေတဲ့ အသိုင်းအဝိုင်းကို  ရှောင်ပါ။၂.အမြဲ ကိုယ့်အရည်အချင်းကို challenge လုပ်ပါ။၃.အရှုံးတွေကို ရင်ဆိုင်နိုင်အောင် အသင့်ပြင်ထားပါ။၄.တိုးတက်မှုရှိနေတဲ့ ပတ်ဝန်းကျင်ကိုရွေးပါ။၅.ကိုယ့်ကိုဆွဲတင်ပေးမည့်သူတွေရှိတဲ့နေရာမှာနေပါ။၆.ဆရာတင်ရမှာ မရှက်ပါနဲ့။ (လူတိုင်းအကုန်မသိနိုင်ပါ။) Phyo Paing @ Derek

အမြင့်ရောက်ဖို့ အမြင်အရင်ပြောင်းဖို့လိုတယ်။ Read More »

Vision Vs Memory

မနက်ဖြန်တွေထက်မနေ့ကအကြောင်းတွေကခေါင်းထဲမှာ နေရာပိုယူနေသ၍ပိုကောင်းတဲ့အနာဂတ်တွေတည်ဆောက်နိုင်ဖို့ မလွယ်ဘူး။Vision က Memory ထက်ပို Strongဖြစ်ဖို့လိုမယ်။ Phyo Paing @ Derek

Vision Vs Memory Read More »

အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီး ခန္ဓာကိုယ်ပုံစံကွာသွားသလို

ခေါင်းထဲထည့်တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ပေါ်မူတည်ပြီး ဘဝတွေကွာသွားတယ်။Phyo Paing @ Derek

အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီး ခန္ဓာကိုယ်ပုံစံကွာသွားသလို Read More »

လောကကြီးမှာ အရမ်းရှင်းတဲ့အချက်တစ်ချက်ရှိတယ်။

ကိုယ်နဲ့ဆိုင်တဲ့အလုပ်နဲ့ အကြောင်းပဲခေါင်းထဲရှိတဲ့လူကအလုပ်မှာနေရာရောက်တယ်။အားရင် ကိုယ်နဲ့မဆိုင်တဲ့သူများအကြောင်းပဲစဥ်းစားတဲ့သူကရောက်သင့်သလောက်မရောက်ဘူး။ Phyo Paing @ Derek

လောကကြီးမှာ အရမ်းရှင်းတဲ့အချက်တစ်ချက်ရှိတယ်။ Read More »

တော်တဲ့သူတိုင်းက အောင်မြင်ချင်မှအောင်မြင်မယ်။

အောင်မြင်တဲ့သူတိုင်းကတော့ တော်တယ်။ မအောင်မြင်ခင် တော်ဖို့အရင်လုပ်ဖို့လိုတယ်။Million နောက်မလိုက်ခင်Mastery နောက်လိုက်ဖို့လိုတယ်။ Phyo Paing @ Derek

တော်တဲ့သူတိုင်းက အောင်မြင်ချင်မှအောင်မြင်မယ်။ Read More »

စီးပွားရေးလုပ်ရတာ မပျော်ဘူးလို့မပြောပါနဲ့။

စီးပွားရေးဆိုတာအပျော်လုပ်တာမဟုတ်ပါဘူး။ခက်ခဲကြမ်းတမ်းမှုတွေခေါင်းခြောက်စရာတွေရှိမယ် ရဲဘော်တို့။Phyo Paing @ Derek

စီးပွားရေးလုပ်ရတာ မပျော်ဘူးလို့မပြောပါနဲ့။ Read More »

အလုပ်ဆိုတာ ပြဿနာ ဖြေရှင်းတာပဲ။

ပြဿနာ ဖြေရှင်းမှ ငွေရမယ်။ ဒါမှ လုပ်ငန်းအလုပ်ရမယ်။ ဝါသနာပါတဲ့ အနောက်လိုက်ရင် ပျော်ရွင်မယ်။ ကံကောင်းရင် ငွေရမယ်။ တကယ်လို့ ကိုယ်က Rich Kid မဟုတ်ရင်စားဝတ်နေရေးအတွက် စဉ်းစားနေရသေးရင်Passion ရှိမှ အလုပ်လုပ်မယ်လို့မစဉ်းစားသင့်ပါ။ စားဝတ်နေရေးအတွက် ပြဿနာ ဖြေရှင်းဖို့စဉ်းစားပါ။ ကိုယ်တိုင်လုပ်ငန်းလုပ်မှ ပြဿနာ ဖြေရှင်းတာမဟုတ်ပါဘူး။ဝန်ထမ်းဆိုရင်လည်း ဒါ လုပ်ငန်းရှင်ရဲ့ ပြဿနာကို ဖြေရှင်းပေးတာပဲ။ Stop finding your passion. Start solving problems. Garyvee ပြောသလို ငွေရှာတာနဲ့ပတ်သက်လို့ romantic အရမ်းမဆန်ပါနဲ့။ Phyo Paing @ Derek

အလုပ်ဆိုတာ ပြဿနာ ဖြေရှင်းတာပဲ။ Read More »

လုပ်ငန်းစတင်ချိန်မှာ Customer ရှာပါ။

ကြီးထွားလာတဲ့အချိန် ဝန်ထမ်းကောင်း ရှာပါ။စနစ်ကောင်းဖို့ Consultant ရှာပါ။တိုးချဲ့ဖို့ Investor ရှာပါ။Phyo Paing @ Derek

လုပ်ငန်းစတင်ချိန်မှာ Customer ရှာပါ။ Read More »

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။

၁. အလုပ်အပေါ် ရူးသွပ်မှု မရှိလို့။ (အလုပ်ကအနားယူဖို့လောက်ပဲစဉ်းစားနေလို့။ အလုပ်လုပ်တဲ့ရည်ရွယ်ချက်က retired ယူဖို့ပဲစဉ်းစားနေလို့။) ၂. ဖောက်သည်တွေအပေါ်စေတနာမပါလို့။ ၃. ဝင်ငွေ၊ ထွက်ငွေစာရင်းကို သေချာမစီစစ်တဲ့အပြင်၊ မိမိလုပ်ငန်းရှုံးနေလား၊ မြတ်နေလား သေချာမသိလို့။ ၄. Timing တကယ်အလုပ်လုပ်နေသင့်တဲ့အချိန်မှာ လုပ်သင့်တာကို မလုပ်နေလို့။ မိုးရွာတုန်းရေမခံတတ်လို့။ ၅. အမြင်မရှိလို့။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ Vision မရှိဘူး။ ဒီ ကုန်ပစ္စည်းအဆင်မပြေတော့ရင် ဒီ လုပ်ငန်းအဆင်မပြေတော့ရင် ဘာတွေဆက်လုပ်မလဲဆိုတဲ့ အသိအမြင်မရှိခဲ့လို့။ ၆. ပညာတတ်ပြီး တော်တဲ့ဝန်ထမ်းတွေကို လစာပေးခေါ်ရမှာ နှမြောလို့။ ဒါမှမဟုတ် ဒီလိုခေါ်လိုက်တဲ့အခါ ကိုယ့်ထက်ပိုတော်နေရင် အဆင်မပြေနိုင်ဘူးဆိုတဲ့ အတ္တခံနေလို့။ ၇. သင့်လုပ်ငန်းနဲ့ပတ်သက်လို့ တိုင်ပင်စရာ အတွေ့အကြုံရှိတဲ့သူမရှိလို့။ Phyo Paing @ Derek

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။ Read More »

ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။

သင်္ချာပုစ္ဆာတစ်ပုဒ်ကို နားမလည်ပဲတွက်တဲ့အခါ မှားတတ်ပါတယ်။ နားလည်ပြီးတွက်ရင်တောင်မှ မှားနိုင်ပါသေးတယ်။ တွက်ဖူးတဲ့ပုစ္ဆာထပ်တွက်တဲ့အခါ သတိမထားမိရင်လည်းမှားတတ်ပါသေးတယ်။ ဒါပေမယ့် ဒီ ပုစ္ဆာနဲ့ ရင်းနှီးလာတဲ့အခါ အမှန်တွေများလာပါမယ်။ ဘဝမှာ ဘယ်ပုစ္ဆာတွေ၊ ဘယ်ပြဿနာတွေကို အဓိကဖြေရှင်းမလဲစဉ်းစားပါ။ ဒီပြဿနာတွေဖြေရှင်းစဉ်မှာ အမှားလုပ်မိတာတွေကို အပြစ်မတင်ပါနဲ့။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ Read More »