Dr. Phyo Paing

https://yec.company

အောင်မြင်မှုဆိုတာ

ပန်းလေးတွေပွင့်တာနဲ့တူတယ်။ပန်းတွေပွင့်လာဖို့ မျိုးစေ့ချဖို့၊ နေ့စဉ်ရေလောင်းပေါင်းသင်ဖို့ကို ချစ်မြတ်နိုးနေပြီး နေ့စဉ်လုပ်ကိုင်နေဖို့လိုတယ်။ ပန်းပွင့်ဖို့စဉ်းစားနေတာထက်စိုက်ပျိုးရတာကို ချစ်နေဖို့ပိုအရေးကြီးပါတယ်။ စိုက်ပျိုးရေးကိုသာ ချစ်ရင် တချိန်ပန်းပွင့်လာမှာပါ။ ၁. ကိုယ်ဘာအပင်စိုက်နေလဲသိဖို့လိုတယ်။ ၂. လိုအပ်တဲ့မျိုးစေ့နဲ့ ရေမြေအဆင်ပြေရဲ့လားသိဖို့လိုတယ်။၃. နေ့စဉ်ရေလောင်းဖို့လိုတယ်။ ဒါမှမဟုတ် နေ့စဉ်ရေလောင်းပေးနိုင်တဲ့ စနစ်တစ်ခုတည်ဆောက်ဖို့လိုတယ်။ Phyo Paing @ Derek

အောင်မြင်မှုဆိုတာ Read More »

ကျွန်တော့်အတွက် အသုံးဝင်တဲ့ ယုံကြည်မှု ၆ ချက်

ကျွန်တော်ယုံကြည်တဲ့အရာတွေရှိတယ်။ ဒီအရာတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေသလို အခက်အခဲမှန်သမျှကို ကျော်လွှားသွားစေတယ်။ ၁. အရာရာပိုကောင်းဖို့ဖြစ်လာတာပါ။ ဖြစ်ချင်တာက ဆန္ဒဖြစ်လာတာ ဘဝလို့ပြောတတ်ကြတယ်။ တချို့အိမ်မက်တွေ ဖြစ်လာပြီး မဖြစ်လာတဲ့အိမ်မက်တွေကိုတော့ အရာရာပိုကောင်းဖို့ဖြစ်လာတာပါ ဒီယုံကြည်မှုနဲ့ရှေ့ဆက်ခဲ့တယ်။ ၂. လူကြောဆိုတာ ရွှေကြော ချမ်းသာဖို့၊ အောင်မြင်ဖို့ ကိုယ့်ကို ကူညီပေးနိုင်တာ လူတွေပါ။ ဒါကြောင့်ကိုယ့်ရဲ့ဖောက်သည်တွေကို အရေးထားပါ။ ၃. ဘာပဲဖြစ်ဖြစ်တာဝန်ယူပါ။ အပြစ်ပုံချရတာလွယ်တယ်။ တာဝန်ယူဖို့ခက်တယ်။ ပြဿနာဖြစ်လာတိုင်း ကိုယ့်ကိုကိုယ်ပြန်မေးတယ်။ ငါဘယ်လိုတာဝန်ယူနိုင်မလဲ။ ၄. အရှုံးဆိုတာ မရှိဘူး။ ရလဒ်တွေပဲရှိတယ်။ မှန်တယ်။ အသစ်စရမှာ မကြောက်ပါနဲ့။ မလုပ်ဖူးတဲ့ ကောင်းမွန်တဲ့အရာတွေကို စတင်ရမှာ မကြောက်ပါနဲ့။ အရှုံးဆိုတာ မရှိပါဘူး။ ရလဒ်တွေပဲရှိတယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။ ၅. ပြုလွယ် ပြင်လွယ် ပျော့ပြောင်းပါစေ။ ပန်းတိုင်ရောက်ဖို့ နည်းလမ်းပြောစုံနဲ့သွားလို့ရတယ်။

ကျွန်တော့်အတွက် အသုံးဝင်တဲ့ ယုံကြည်မှု ၆ ချက် Read More »

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။

သင့်ကိုအထင်မကြီးတဲ့သူတွေကဘာလုပ်လုပ်အထင်ကြီးမှာမဟုတ်ဘူး။ကိုယ့်အိမ်မက်တွေအတွက် အလုပ်လုပ်ပါ။Phyo Paing @ Derek

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။ Read More »

သင့်ဦးနှောက်ဟာ နေပျော်စရာနေရာလေး ဖြစ်ပါစေ။

လူတစ်ယောက်ဟာ တစ်ရက်ကို အတွေးပေါင်း 60,000 မှ 80,000 ထိတွေးကြတယ်။ သဘောကတော့ ကျွန်တော်တို့အချိန်အများစုကအတွေးတွေထဲမှာ ကုန်ကြတယ်။ဒါကြောင့် အတွေးကို ဂရုစိုက်မှဘဝဟာ နေပျော်စရာနေရာလေးဖြစ်လာမှာပါ။ Phyo Paing @ Derek

သင့်ဦးနှောက်ဟာ နေပျော်စရာနေရာလေး ဖြစ်ပါစေ။ Read More »

ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့
အောင်မြင်မှုတွေကြား လမ်းမဆုံးစေပါနဲ့။

✍️အောင်မြင်မှုဆိုတာ (ကိုယ့်ဝန်းကျင်က) လူအများစုလုပ်နိုင်တယ်ထင်တာထက် ပိုလုပ်နိုင်တာ အောင်မြင်မှုဖြစ်တယ်။ ✍️အဖေတို့ခေတ်က (နယ်မြို့မှာ) ဆယ်တန်းအောင်ရင် အောင်မြင်မှုပဲ။ ✍️ကျွန်တော်တို့ခေတ် (အဆောင်မှာ) ဂုဏ်ထူး ငါးခု၊ ခြောက်ခုလောက်ထွက်မှ အောင်မြင်မှုဖြစ်လာတယ်။ 👥(ပတ်ဝန်းကျင်) ပေါ်မူတည်ပြီး အောင်မြင်မှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကွာသွားတယ်။ ✍️ဝန်ထမ်းဘဝက sales target ထိတာရာထူးတိုးခံရတာဟာ အောင်မြင်မှုပါ။ ✍️သင်တန်းသားတွေ အများကြီးရှိတာTrainer တစ်ယောက်ရဲ့အောင်မြင်မှုလို့သတ်မှတ်ကောင်းသတ်မှတ်လိမ့်မယ်။✍️စျေးကောင်းပေးတဲ့ ကျောက်တစ်လုံးအရောင်းဝယ်ဖြစ်လိုက်တာ ကျောက်သူဌေးရဲ့အောင်မြင်မှုဖြစ်လိမ့်မယ်။ ✍️မယ်ဆုပေးပွဲမှာ ဆုရတာ အလှမယ်ရဲ့အောင်မြင်မှုဖြစ်လိမ့်မယ်။ ✍️ပညာရှင်တစ်ယောက်အတွက် သူ့စာတမ်းကိုထိပ်တန်းပညာရပ် journal မှာဖော်ပြခံရတာဖြစ်မယ်။✍️အသက်အရွယ်ရလာတော့ သားသမီးတွေရဲ့ဆွတ်ခူးနိုင်မှုဟာ သင့်ရဲ့အောင်မြင်မှုဖြစ်လာပြန်ရော။ 🧠ပတ်ဝန်းကျင်သတ်မှတ်တဲ့ အောင်မြင်မှုတွေထဲမှာ သင့်ဘဝမနစ်မြုပ်စေပါနဲ့။ 👀ကိုယ်ဘာကိုဖြစ်ချင်တာလည်း သေချာစဉ်းစားပါ။ (ပတ်ဝန်းကျင်) က သတ်မှတ်တဲ့ အောင်မြင်မှုတွေဟာသင်သွားချင်တဲ့ Next Level ရောက်ဖို့ အတားဆီးတစ်ခုဖြစ်နိုင်ပါတယ်။ Phyo Paing @ Derek

ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့
အောင်မြင်မှုတွေကြား လမ်းမဆုံးစေပါနဲ့။
Read More »

ပန်းတိုင်ကိုရောက်ဖို့ မရပ်လိုက်ပါနဲ့။

သင့်အနေနဲ့ နေ့စဉ်အလုပ်တွေနဲ့ အိမ်မက်တွေနောက်လိုက်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်လာတဲ့အခါ၊ အလုပ်တွေကြားမှာ နစ်မြုပ်နေပြီး အပြင်မှာဘာတွေဖြစ်နေလဲ မမြင်ပဲဖြစ်တတ်တယ်။ တခါတလေ မကြာခဏအနားယူမှုလုပ်သင့်တယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေလဲ သိဖို့ ခရီးမကြာခဏထွက်တဲ့အခါ ကိုယ်လုပ်နေတဲ့အလုပ်ကို မတူတဲ့ရှုထောင့်က မြင်တတ်လာမယ်။ ဒီနေ့အတွက်ပဲ အသက်မရှင်ပါနဲ့။ ဆယ်နှစ်တာအတွက်ပြင်ဆင်ပါ။ မိမိကိုယ်ကိုယုံကြည်ပါ။ ပြင်းထန်တဲ့ကြိုးစားမှုတွေနဲ့ အိမ်မက်ကို အကောင်ထည်ဖော်ပါ။ အရေးအကြီးဆုံးက ကြိုးစားမှုတွေကို မရပ်လိုက်ပါနဲ့။ ဖြိုးပိုင် When you became a professional hustling everyday, the opportunity cost of traveling is much higher than the expenses. Sometimes, you might lose sight of what is happening

ပန်းတိုင်ကိုရောက်ဖို့ မရပ်လိုက်ပါနဲ့။ Read More »

ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ အသက်ရှင်ပါ။

ကျွန်တော်တို့ ဘာကြောင့်မပျော်သလဲ? ကိုယ့်ထက် ပိုကောင်းတဲ့ ဘဝတစ်ခုကို တခြားသူတစ်ယောက်က ပိုင်ဆိုင်ထားတယ်လို့ ယူဆတဲ့အခါ ကိုယ့်ကိုကိုယ် ဂုဏ်မယူနိုင်တော့ဘူး။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ မနေနိုင်တော့ဘူး။ ဒီအချိန်မှာ စိတ်မထားတတ်ရင် Virus လေးခုဝင်လာလိမ့်မယ်။ -Negative Thinking -Negative Emotion-Limiting Belief-Inner Conflicts ဘဝက ကျေးဇူးတင်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဥပမာ သင်အသက်ရှင်နေတယ်။သင့်မိဘ သို့ မိသားစုရှိမယ်။ ဘဝက သာသာယာယာ စီးဆင်းနေတယ်။ ဒီနေ့သုံးနေရတဲ့ အင်တာနက်ဆိုတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အိမ်မက်ပဲ။ မိတ်ဆွေတို့ ဘဝမှာ ကျေးဇူးတင်တဲ့ အကြောင်းအရာတွေထဲက တစ်ခုဟာ ဘာများဖြစ်မလဲ? Phyo Paing @ Derek

ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ အသက်ရှင်ပါ။ Read More »

ခုမှ Trainer စလုပ်မယ်ဆို

၁. Facebook က ကြော်ငြာလို့ သင်တန်းအကြီးအကျယ် အောင်မြင်တဲ့ခေတ်က ကုန်သွားပြီ။ တနည်းအားဖြင့် Strategy မရှိပဲ ကြော်ငြာလို့ မရတော့ဘူး။ (အရင်က Boost နှိပ်တတ်ရင်ကိုရတယ်။) Sales Funnel ကို သေချာလေးစဉ်းစားဖို့လိုတယ်။ ၂. Contents? အရင်လို Motivation ဘာညာတွေလုပ်ရင် like တွေ share တွေရပေမယ့် sales conversion မကောင်းတော့ဘူး။ contents ကို Niche ကိုသွား။ ၃. ဆရာကြီးတွေနဲ့တွဲ Free Seminar တွေ၊ Talk တွေလုပ်မှာထက် Community တစ်ခု အရင်တည်ဆောက်။ ခြောက်လလောက် အချိန်ပေးဖို့လိုလာမယ်။ ၄. Personal Branding စလုပ်ဖို့ အားမပေးပါ။ Business Brand တစ်ခုကို

ခုမှ Trainer စလုပ်မယ်ဆို Read More »

ကြွားဖို့အတွက် ပညာမသင်ပါနဲ့။
ဘဝပြောင်းလဲဖို့အတွက် ပညာသင်ပါ။

ပထမနှစ် ဆေးကျောင်းတက်တုန်းက ဆရာကြီး ဦးအောင်မြင့်ဆီမှာ သင်တန်းတက်တယ်။ ဒါပေမယ့် တချို့ အရာတွေက အတန်းကြီးက အစ်ကိုတွေ ရှင်းပြတဲ့အခါ ပိုနားလည်သွားတယ်။ အဲ့ဒီအချိန်မှာ အတွေးတစ်ခုရလိုက်တယ်။ ဒါကို Knowledge gap လို့ခေါ်တယ်။ Professor နဲ့ ကိုယ့်ကြားမှာရှိတဲ့ knowledge gap က ကြီးနေတဲ့အခါ သူဆိုလိုတဲ့ တချို့အဓိပ္ပာယ်တွေကို နားမလည်တော့ဘူး။ ဒီတော့ textbook ဖတ်တယ်။ textbook ဖတ်ရင် စာပိုသိကောင်းသိနိုင်ပေမယ့် စာမေးပွဲမှာ အမှတ်များချင်မှ များမယ်။ စာမေးပွဲဖြေတယ်ဆိုတာ skill တစ်ခုဖြစ်တယ်။ Spoon-feeding နဲ့တော့ ပညာတတ်ကြီးဖြစ်မှာ မဟုတ်ဘူး။ လက်ထဲမှာရှိတဲ့ diploma က ပညာရှင်တွေနဲ့စကားပြောတဲ့အခါ ကိုယ်ဘယ်လောက်ပညာရေးအဆင့်ရှိလည်း နားထောင်တဲ့သူတိုင်းသိတယ်။ ဒါကြောင့်ကြွားဖို့အတွက် ပညာမသင်ပါနဲ့။ ဘဝပြောင်းလဲဖို့အတွက် ပညာသင်ပါ။ Phyo

ကြွားဖို့အတွက် ပညာမသင်ပါနဲ့။
ဘဝပြောင်းလဲဖို့အတွက် ပညာသင်ပါ။
Read More »