Dr. Phyo Paing

https://yec.company

သူများနဲ့ မတူတာက ဘဝမှာ
လိုချင်တာမှန်သမျှက ကိုယ့်ကိုကိုယ်
ကြိုးစားပြီးမှ ရလာတာများတယ်။

ငယ်ငယ်ကတည်းက အဒေါ်တွေနဲ့နေခဲ့ရတော့အရာရာ အထာလေးကြည့်ပြီး ကြိုတင်ပြင်ဆင် နေတတ်ဖို့ အကျင့်ပါလာတယ်။ ကံကိုတော့ မစမ်းဘူး။ ဆီပဲဖြည့်ဖြည့် ဘာပဲလုပ်လုပ်ကံစမ်းမဲဆို မယူဖြစ်တာများတယ်။အလကားရမည့်ကံ မပါဘူးဆိုတာ ကိုယ့်ကိုကိုယ် သိလို့။ အဲ့ကျကျ ဘာဖြစ်လာလဲဆိုတစ်ခုခုဆို ကိုယ့်ကိုကိုယ်တည်ဆောက်ဖို့စဥ်းစားမိတာ များလာတယ်။ အခြေအနေဆိုးတွေကြားမှာ ဖြတ်သန်းဖူးတော့သင်ခန်းစာဆိုတာ အရေးကြီးတာနားလည်လာတယ်။ စာဖတ်တယ်၊ စဥ်းစားတယ်၊ လက်တွေ့လုပ်ဆောင်တယ်၊သင်တန်းပေး၊ အကြံပေး၊ Coach လုပ်တယ်။စီးပွားရေးလုပ်တယ်။ ဒါတွေ အားလုံးက ကိုယ့်ရဲ့ Derek 2.0, 3.0, 4.0 ဖန်တီးဖို့ပဲ။ Project တစ်ခု fail ဖြစ်တယ်။ စိတ်ညစ်မည့်အစား သင်ခန်းစာယူလိုက်တယ်။ နောက်တစ်ခေါက် လုပ်တဲ့အခါ အတွေ့အကြုံရှိသွားတယ်။ ကျွန်တော်မြင်တာကတော့ ခါးသီးတဲ့အတွေ့အကြုံတွေဖြစ်တဲ့ coup တို့၊ covid-19 တို့၊ ငွေတွေ၊ အချိန်တွေကုန်ပြီးfail ဖြစ်သွားတဲ့ project တချို့က […]

သူများနဲ့ မတူတာက ဘဝမှာ
လိုချင်တာမှန်သမျှက ကိုယ့်ကိုကိုယ်
ကြိုးစားပြီးမှ ရလာတာများတယ်။
Read More »

ပြဿနာဖြစ်တိုင်း စိတ်ညစ်စရာမလိုဘူးလို့ထင်တယ်။
Solution ရှာပြီး လုပ်ဆောင်ဖို့က အဓိိကပဲ။

Facebook မှာ စာရေးတင်တယ်ဆိုတာလဲ ကိုယ့်ကိုကိုယ် train တဲ့သဘောပဲ။ Facebook ရဲ့ reward system ကိုအသုံးပြုပြီးကိုယ့်ရဲ့အတွေးတွေ content ဖန်တီးတဲ့သဘောပဲ။ ကျွန်တော်တို့မှာ လေးစားတဲ့သူတွေရှိတယ်။သူတို့ဆီက အကျင့်ကောင်းတွေ အတုယူတယ်။Seth Godin ဆို 2006 ကတည်းက တစ်ရက်မှမပျက်content တွေ ပုံမှန် သူ့ blog မှာတင်တယ်။ ကိုယ်လဲ သူ့နည်းစနစ်အတိုင်း လုပ်ကြည့်တယ်။ အတွေးတွေ ပိုရှင်းလာတယ်။ တချို့တွေက သူတို့နဲ့ အတွေးတူလို့လာပြောတယ်။ စိတ်ညစ်စရာကို ခံစားနေတတ်တဲ့သူမဟုတ်တဲ့အလျောက်တော်ရုံနဲ့ စိတ်မညစ်တတ်ဘူး။ ပြဿနာဖြစ်တိုင်း စိတ်ညစ်စရာမလိုဘူးလို့ထင်တယ်။ Solution ရှာပြီး လုပ်ဆောင်ဖို့က အဓိိကပဲ။ Phyo Paing @ Derek

ပြဿနာဖြစ်တိုင်း စိတ်ညစ်စရာမလိုဘူးလို့ထင်တယ်။
Solution ရှာပြီး လုပ်ဆောင်ဖို့က အဓိိကပဲ။
Read More »

ကျွန်တော်တို့ဟာ ကျွန်တော်တို့
ရွေးချယ််မှုတွေရဲ့ ရလဒ်ပဲ။

ပါးစပ်ကစားလိုက်တဲ့ အစားအစာ၊လှုပ်ရှားမှု၊ ခေါင်းထဲထည့်တဲ့အတွေးအခေါ်၊ပေါင်းတဲ့ အပေါင်းအသင်း၊ ဖတ်တဲ့စာအုပ်၊ အသုံးပြုတဲ့ app နဲ့follow လုပ်ထားတဲ့သူတွေ ဒါတွေ အကုန်လုံး ကျွန်တော်တို့ဘဝတည်ဆောက်ရေးဖြစ်စဥ်မှာ အရေးကြီးတယ်။ စားတဲ့အစားအစာကို ပြောင်းလိုက်ရင်ခန္ဓာကိုယ် energy level နဲ့ ခန္ဓာကိုယ်ပုံစံပြောင်းသွားမယ်။ ခေါင်းထဲထည့်တဲ့ အတွေးပြောင်းလိုက်ရင်ဘဝကို ဖြတ်သန်းတဲ့ လမ်းကြောင်းပုံစံပြောင်းသွားနိုင်တယ်။ Phyo Paing @ Derek

ကျွန်တော်တို့ဟာ ကျွန်တော်တို့
ရွေးချယ််မှုတွေရဲ့ ရလဒ်ပဲ။
Read More »

လူတစ်ယောက်ဘဝ အကြီးအကျယ်
အပြောင်းအလဲ ဖြစ်ဖို့အတွက်
Timing က အသက်ပဲ။

မှန်ကန်တဲ့အချိိန်မှာ၊ မှန်ကန်တဲ့အလုပ်ကိုလုပ်နိုင်တဲ့ အစွမ်းအစ၊ အရင်းအမြစ်၊ကြိုတင်ပြင်ဆင်မှုရှိဖို့လိုတယ်။ Right time ရောက်လာပေမယ့်၊Right effort မထုတ်ရင်မရသလို၊Right preparation မလုပ်ထားရင်လဲမရဘူး။ Right timing ကြောင့် Next Level ရောက်ပြီးသွားရင် market အကျအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ Next good timing အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ Right timing က ရေလှိုင်းတွေလိုပဲ။ ပြီးသွားတာကို မျှော်မနေနဲ့တော့။ အသစ်လာမှာတွေအတွက်ပဲ ပြင်ဆင်ဖို့လိုတယ်။ Phyo Paing @ Derek

လူတစ်ယောက်ဘဝ အကြီးအကျယ်
အပြောင်းအလဲ ဖြစ်ဖို့အတွက်
Timing က အသက်ပဲ။
Read More »

ရှက်စရာမဟုတ်တာကို ရှက်စရာလို့မမြင်ပါနဲ့။

စျေးရောင်းတာရှက်စရာမဟုတ်ပါဘူး။ Online shop ရောင်းတာရှက်စရာမဟုတ်ပါဘူး။ တချို့နိုင်ငံကြီးတွေမှာတောင် အိမ်စရိတ်၊စားဝတ်နေရေးအတွက် အလုပ်လုပ်ရတာကြောင့်Full time လုပ်ဖို့ မလွယ်ပါဘူး။Dropshipping တို့ ဘာတို့ မကြားဖူးလို့လို့မြင်တယ်။ လူတိုင်းရောင်းနေရတာပါပဲ။ ဘယ်လိုရောင်းလဲတာကွာတာ။ တချို့က အချိန်ရောင်းပြီး ဝန်ထမ်းလုပ်တယ်။ တချို့က service ရောင်း freelance လုပ်တယ်။ တချို့က result ရောင်းတယ်။ တချို့က ဝန်ထမ်းတွေခန့် သင်တန်းပေးပြီး ဝန်ထမ်းတွေရောင်းခိုင်းတယ်။ တချို့က နည်းပညာအသုံးပြု automation နဲ့ရောင်းတယ်။ ကိုယ်က Online Shop ရောင်းသူတွေကိုရှက်စရာလို့ မြင်နေတုန်း ဟိုကတိုက်တွေ၊ ကားတွေနဲ့ ဖြစ်သွားပြီ။ ဘယ် profession ကမှ ရှက်စရာမဟုတ်ပါဘူး။ နောက်ဆရာဖြိုးသီဟ ရေးထားတာလေးလဲစဉ်းစားလို့ရအောင် comment မှာတင်ပေးထားပါတယ်။ Phyo Paing @ Derek

ရှက်စရာမဟုတ်တာကို ရှက်စရာလို့မမြင်ပါနဲ့။ Read More »

ပထမဆုံး ကိုယ့်ကိုကိုယ် အရင်ဖြည့်ရပါတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ဖို့ပထမဆုံး ကိုယ့်ကိုကိုယ် အရင်ဖြည့်ရပါတယ်။ လုပ်ငန်းရှင်တွေ တိုးတက်သလောက်ပဲသူတို့လုပ်ငန်းတွေ တိုးတက်ကြပါတယ်။ ကံကောင်းပြီး ခေတ်ကောင်းမီတဲ့အတွက် ခဏတာ ရောင်းအားကောင်းအောင်မြင်နိုင်ပေမယ့်ရေရှည် အောင်မြင်ဖို့အတွက် လုပ်ငန်းရှင်တစ်ယောက်ရဲ့ skill က အင်မတန် စကားပြောပါတယ်။ ဒီ skill ကျွမ်းကျင်မှုတွေကို ပြုစုပျိုးထောင်ဖို့ ၁။ ကိုယ့်ရဲ့ စိတ်နေစိတ်ထား၊ လောကအမြင်၊အချိန်စီမံခန့်ခွဲမှု၊ ပေါင်းသင်းဆက်ဆံမှု၊စိတ်ဓာတ်အမြဲနိုးကြားအောင် စီမံခန့်ခွဲမှုလိုပါတယ်။ဒါကို Personal Development လို့ခေါ်ပါတယ်။ ၂။ ဒုတိယအနေနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းProfessional development လိုအပ်ပါတယ်။ တနည်းအားဖြင့် technical လုပ်ထုံးလုပ်နည်းအလုပ်တွေဖြစ်ပါတယ်။ ၃။ တတိယအချက်ကတော့ လုပ်ငန်းတစ်ခုကိုစီမံခန့်ခွဲနိုင်တဲ့ ကျွမ်းကျင်မှုအတွက် Business Development Skills လိုအပ်ပါတယ်။ ဒီသုံးခုကို https://toetet.com/toe-tet-essential/မှာလေ့လာနိုင်ပါတယ်။ တနည်းပြောရရင် If something is wrong with

ပထမဆုံး ကိုယ့်ကိုကိုယ် အရင်ဖြည့်ရပါတယ်။ Read More »

အဓိကနဲ့ သာမည ကွဲဖို့လိုပါတယ်။

အဓိကနဲ့ သာမည ကွဲဖို့လိုပါတယ်။ အခုလိုအချိန်မျိုးမှာ ပိုလိုပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်အများစု ရဲ့လျို့ဝှက်ချက်ကတော့ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ရွေးချယ်မှုပြုလုပ်နိုင်တာဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့ အဓိကတွေနဲ့ သာမညကိုခွဲထုတ်ဖို့လိုပါတယ်။ သေးသေးတောတော ဆုံးဖြတ်ချက်လေးတွေထက်မေးခွန်းအကြီးကြီး တစ်ခုမေးရပါတယ်။ ငါ့လုပ်ငန်းဘာကြောင့် ဒီနေ့ထိရှင်သန်နေတာလဲ?ကိုယ့်ကို အောင်မြင်စေတဲ့အချက်ကဘာလဲ?ဒီအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ဘာလိုမလဲ?ဒီအတိုင်းဆက်သွားလို့ အဆင်ပြေမလား?ဘာအပြောင်းအလဲတွေ လုပ်ရမလဲ? ဒီမေးခွန်းတွေမေးပြီး အဓိကကို ရှာဖွေကြည့်ပါ။ Akyanpay ဆိုတာကတော့ အောင်မြင်သူတွေကိုပိုအောင်မြင်အောင် ကူညီဖို့ ဖြစ်တည်လာတာဖြစ်ပါတယ်။ #Akyanpay

အဓိကနဲ့ သာမည ကွဲဖို့လိုပါတယ်။ Read More »

ဘာတစ်ခုမှ အဆင်မပြေဘူးလား?

အဆုံးထိ ဖတ်ကြည့်ကြည့်ပါ။ Covid-19 ကာကွယ်ဆေးကလဲမထိုးရသေးဘူး။တရုတ်ဆေးတွေကလဲ စိတ်ချရမလားမသိဘူး။Cold Chain ကလဲ မကောင်းဘူး။ နိုင်ငံရေးပြဿနာတွေကြောင့် အလုပ်ကလုပ်လို့မရဘူး။ကြော်ငြာရင်ကလဲ အဆဲခံရမလားမသိဘူး။ အနာဂတ်အတွက် ရင်လေးလိုက်တာ။ ကံကလဲ ဆိုးလိုက်တာ။ လောကငရဲပဲ။ ဒါတွေအကုန်လုံး ဒီ မအလ ကြောင့်။ Internet လိုင်တွေက ဘယ်အချိိန်ပိတ်မလဲ စိုးရိမ်နေရတယ်။ငွေစျေးတွေကလဲ တက်လိုက်တာ။ ဒီလိုဆို စီးပွားရေး မလုပ်နဲ့တော့။ ခေတ်ကာလကလဲ ကြာလေမကောင်းလေ။ နိုင်ငံတကာ ကုမ္ပဏီတွေကလဲထွက်ကုန်ပြီ။အလုပ်အကိုင်အခွင့်အလမ်းတွေကလဲ ရှားလိုက်တာ။ နိုင်ငံခြားထွက် အလုပ်လုပ်ရအောင်လဲ သူ့နိုင်ငံမှာတင် အလုပ်တွေက ရှားနေတာ။ လုပ်ငန်းတွေကလဲ တစ်ခုပြီးတစ်ခုပြုတ်ပြုတ်ဖြုန်းနေတာ။ လူတွေက ငွေသိပ်မသုံးနိုင်တော့ဘူး။ အားလုံးက စိတ်ညစ်စရာကြီး။ ဘဝကြီးက သွားပြီ။ အဲ့လို စဥ်းစားမှု looping ပတ်နေရင် တိုင်ပတ်မှုအပေါင်း သရဖူးဆောင်းပြီးဝင်္ကဘာထဲက ထွက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်

ဘာတစ်ခုမှ အဆင်မပြေဘူးလား? Read More »

2020 Version နဲ့ 2021 မှာ အလုပ်လုပ်နေတုန်းလား?

2019 အတွေးအခေါ်နဲ့ 2020 ဖြတ်သန်းလို့မလွယ်သလို 2020 အတွေးအခေါ်နဲ့ 2021 ဖြတ်သန်းလို့မလွယ်ဘူး။ စိန်ခေါ်မှုတွေကများတယ်။ ကိုယ့်အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်က Update ဖြစ်နေမှရမယ်။ Phyo Paing @ Derek

2020 Version နဲ့ 2021 မှာ အလုပ်လုပ်နေတုန်းလား? Read More »

စိတ်ကူးယဉ်ပါ။

ပြန်လည်စဉ်းစားကြည့်ပါ။ လုပ်ငန်းရှင်အနေနဲ့ စိတ်ကူးမယဉ်တာ ဘယ်လောက်ကြာပြီလဲ။ လုပ်ငန်းစတင်တုန်းက စိတ်ကူးအိမ်မက်တွေတစ်လှေကြီးနဲ့ ရင်ခုန်စွာစတင်ခဲ့ကြတယ်။ အချစ်တွေနဲ့ စတွေ့တဲ့အခါ ရင်ခုန်သလိုပါပဲ။အချိန်နဲ့ လောကဓံတိုက်စားတာများသွားတဲ့အခါလုပ်ငန်းရှင်အနေနဲ့ စိတ်ကူးယဉ်တာတွေရပ်သွားတဲ့ အချိန်တွေရှိတတ်တယ်။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့လုပ်ငန်းရှင်ဟာစိတ်ကူးယဉ်သူ Dreamer တစ်ယောက်ဖြစ်ဖို့လိုတယ်။ဒါမှ လုပ်ငန်းအတွက် Vision ပေါ်လာမှာဖြစ်တယ်။ စိတ်ကူးယဉ်ပြီးရင် အိမ်မက်တွေအကောင်ထည်ဖော်ဖို့ လုပ်ငန်းရှင်အနေနဲ့ စဉ်းစားကြံဆ မဟာဗျူဟာချဖို့ လိုလာပါပြီ။ ဒါကြောင့် အချိန်ယူပြီး ကိုယ့်လုပ်ငန်း Vision တွေအကောင်ထည်ဖော်ဖို့မဟာဗျူဟာ Strategy ကို စဉ်းစားရပါတယ်။ ဒါကြောင့်လုပ်ငန်းရှင်ဟာ Thinker ဖြစ်ဖို့လိုပါတယ်။ လုပ်ငန်းရှင်ဟာ ဆက်သွယ်သူကောင်းတစ်ယောက်ဖြစ်ဖို့လဲ လိုအပ်ပါတယ်။ ကိုယ့် idea တွေကို ဝန်ထမ်းတွေ၊ ဖောက်သည်တွေလက်ခံဖို့ Excellent Communicator ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါမှ ကိုယ့် Vision ကို ဝန်ထမ်းတွေက အကောင်ထည်ဖော်မယ်။ ဖောက်သည်တွေက

စိတ်ကူးယဉ်ပါ။ Read More »