ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ စကားသုံးခွန်း
ဒီလပိုင်း Identity အသစ်တည်ဆောက်တော့ကိုယ့်ကိုကိုယ် ပြောနေတဲ့ စကားလုံးတွေကိုပြန်လည် ဆန်းစစ်ပြုပြင်ရတယ်။ ငါ ထမင်းမစားရရင်မနေနိုင်ဘူး။လမုန့်အရမ်းကြိုက်တယ်။ ငါ ခေါက်ဆွဲမစားရရင်မနေနိုင်ဘူး။ဘီယာအရမ်းကြိုက်တယ်။ ငါ Gym သွားရင် ပင်ပန်းပြီး အလုပ်တွေပြီးသင့်သလောက်မပြီးဘူး။ အစရှိတဲ့ စကားလုံးတွေသွားတွေ့တယ်။ အဲ့တော့ ဘာပြန်လုပ်ရလဲဆိုစကားလုံးအချို့သုံးပြီး identity ကိုပြန်လည်ပြုပြင်ယူရတယ်။ ငါ အရင်က ______________ဒါပေမယ့် အခုတော့ ____________ဘာကြောင့်လဲဆိုတော့ ______________ ဒီ phrase သုံးခုသုံးကြည့်တယ်။တော်တော်လေး ထိရောက်တယ်။ ဥပမာငါအရင်က gym သွားရင် ပင်ပန်းပြီးအလုပ်တွေပြီးသင့်သလောက် မပြီးဘူးလို့ထင်ခဲ့တယ်။ဒါပေမယ့်အခုတော့ စနစ်တကျလုပ်ရင်အလုပ်တွေ ပိုပြီးတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ အောင်မြင်တဲ့သူတွေလဲအမြဲ workout လုပ်နေကြတာပဲ။ ငါအရင်က ထမင်းဆိုမစားပဲမနေနိုင်ဘူး။ဒါပေမယ့်အခု ထမင်းဆို မစားချင်တော့ဘူး။ဘာကြောင့်လဲဆိုတော့ ကာဘိုဟိုက်ဒရိုက်လျော့စားတာကျန်းမာရေးအတွက် ပိုကောင်းတယ်လေ။ ဒီစနစ်ကို language learning မှာလဲသုံးလို့ရတယ်။ဥပမာ ငါ အင်္ဂလိပ်လိုသိပ်မပြောတတ်ဘူး။ဒီလို identity […]
