Dr. Phyo Paing

https://yec.company

အရောင်းသမားတိုင်းဟာ

ကိုယ်ရောင်းတဲ့ product တစ်ခုကို 100% သက်ဝင်ယုံကြည်မှု ရှိဖို့လိုတယ်။ ကိုယ့် product ကို သူတပါးကို မမိတ်ဆက်ရဲဘူးဆို ဒီ product ကိုမရောင်းသင့်ဘူး။ 100% Commitment လိုမယ်။ အရောင်းသမားတစ်ယောက်အတွက် မရှိမဖြစ်က မိမိကိုယ်ကို 100% ယုံကြည်မှုနဲ့ အလုပ်အပေါ်ရူးသွပ်မှု။ နောက်တစ်ခုက rejection ကိုခံနိုင်မှု။ Phyo Paing @ Derek

အရောင်းသမားတိုင်းဟာ Read More »

Marketing နဲ့ sales

Marketing နဲ့ sales နဲ့ ဘာကွာလည်း။ စကားလုံးကွာတော့ မတူတာသိတယ်။ ဘယ်လိုမတူတာလည်းဆိုတော့ sales ဆိုတာ မားကတ်တင်းရဲ့ အစိတ်အပိုင်း လေးတစ်ခုပါ။ Marketing ကို အကြမ်းဖျင်း နှစ်ခုခွဲနိုင်တယ်။ စားသုံးသူ consumer နဲ့ ရောင်းချသူရဲ့ကုန်ပစ္စည်း Product or Service. စားသုံးသူကို STP နဲ့ခွဲပြီး၊ product or service ကို 7P နဲ့ခွဲပါတယ်။ 7P ထဲက P တစ်လုံးက Promotion ဖြစ်ပြီး သူ့ကို အကြမ်းဖျင်းငါးခု ပြန်ခွဲပါတယ်။ Advertising, sales promotion, direct selling, personal selling နဲ့ Public Relations တို့ဖြစ်ပါတယ်။ Sales ကတော့

Marketing နဲ့ sales Read More »

Entrepreneur နဲ့ 3 P

လူတွေကြုံတွေ့နေတဲ့ ပြဿနာတွေကူညီဖြေရှင်းပေးပြီး ငွေရှာနေတဲ့သူကို စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur) လို့ ခေါ်ကြတယ်။ လူနဲ့ ပြဿနာနဲ့ ခွဲမရတာကြောင့် လူရှိနေသမျှ ပြဿနာသစ်တွေကတော့ အနည်းနဲ့အများ ရှိနေအုံးမည်။ 1. Problemစွန့်ဦးတီထွင်လုပ်မည့်သူတစ်ယောက်အနေနဲ့ ပထမဆုံး စဉ်းစားရမှာ ကိုယ်က ဘယ်ပြဿနာကို solve လုပ်ပေးမှာလည်း။ တခါတလေ ကိုယ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းရင်းက million dollar business တစ်ခု ဖြစ်လာနိုင်ပါတယ်။ 2. Passionကိုယ်တိုင်ကလည်း ဒီပြဿနာကို ဖြေရှင်းပေးဖို့ စိတ်ဝင်စားသဘောကျရပါမည်။ Passion ရဲ. အဓိပ္ပာယ်ကတော့ ကိုယ်လုပ်တဲ့အလုပ်ကို နှစ်သက်ခြင်းဖြစ်ပါတယ်။ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ငွေရမည့်လုပ်ငန်းအများစုဟာ ရုပ်ရှင်တည်းကလို မလွယ်ကူပါဘူး။ အခက်ခဲတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ငွေမျက်နှာ တစ်ခုတည်းကြည့်ပြီး အလုပ်ကို တကယ် တမ်းတမ်းတတ

Entrepreneur နဲ့ 3 P Read More »

ဘဝဆိုတာ တိုတိုလေးပါ။

ကိုယ့်ကိုဝေဖန်မည့်သူကို မကြောက်ပါနဲ့။ လူတိုင်းလူတိုင်း လွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိသလို လူတိုင်းမှာလည်း ဝေဖန်မှုကို လျစ်လျူရှုမှာလား စိတ်ညစ်နေမှာလား လွပ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ အကောင်းနဲ့ အကြံပေးတဲ့ Constructive Feedback တွေကို လက်ခံပါ။ ဒါပေမယ့် အနှုတ်သဘောဆောင်တဲ့ ဝေဖန်မှုတွေကို မေ့လိုက်ပါ။ ဘဝဆိုတာ တိုတိုလေးပါ။ Phyo Paing @ Derek

ဘဝဆိုတာ တိုတိုလေးပါ။ Read More »

လုပ်ငန်းနယ်ပယ်တစ်ခုမှာ အကောင်းဆုံးဖြစ်ဖို့ ဘာတွေလိုအပ်မလည်း?

ဒေါ်လာတစ်သန်းတန်တဲ့ စီးပွားရေးကိုလုပ်ကိုင်ဖို. ဘယ်နယ်ပယ်မှာ မဆိုဖြစ်နိုင်သည်။……အကောင်းဆုံးထဲက တစ်ခုဖြစ်ဖို့သာလိုသည်။ Adam KhooSecrets of Building Multi-Million Dollar Business မှ ကောက်နှုတ်ဖော်ပြပါသည်။ =====================================သင်ဘယ်နယ်ပယ်မှာမဆို ချမ်းသာဖို့ အကောင်းဆုံးဆိုတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေပေးရမယ်။ အတော်ဆုံးအရောင်းသမားတွေလိုသလို အကောင်းဆုံး မားကတ်တင်းမဟာဗျူဟာလိုတယ်။ လူတော်တွေနဲ့ဖွဲ့စည်းထားတဲ့ team လိုမယ်။ အကောင်းဆုံး ငွေကြေးစီမံခန့်ခွဲမှု စနစ်တစ်ခုလိုမယ်။ အကောင်းဆုံး လုပ်ငန်းလည်ပတ်နိုင်တဲ့စနစ်တစ်ခုလိုမယ်။ စားသောက်ဆိုင်ဘဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းအရောင်းဆိုင်ဘဲဖြစ်ဖြစ်၊ ပညာရေးမှာဘဲဖြစ်ဖြစ်၊ ၁၀ % သာ အောင်မြင်မှုနဲ့ အမြတ်ငွေများများရကြသည်။ ကျန် ၃၀% မှာ အရင်းကြေရုံသာရကြပြီး ၆၀% မှာ လုပ်ငန်းရှင်သန်ဖို့ရုန်းကန်နေရပြီး တချို့မှာ အရင်းရှုံးနေကြသည်။ ဒါဆို လုပ်ငန်းနယ်ပယ်တစ်ခုမှာ အကောင်းဆုံးဖြစ်ဖို့ ဘာတွေလိုအပ်မလည်း?ကောင်းပြီ …..၃ ခုလိုအပ်ပါတယ်။၁. Passion လို့ခေါ်တဲ့

လုပ်ငန်းနယ်ပယ်တစ်ခုမှာ အကောင်းဆုံးဖြစ်ဖို့ ဘာတွေလိုအပ်မလည်း? Read More »

အလုပ်တိုင်းမှာ အခွင့်အရေးရှိသည်။

လူတိုင်းက ကိုယ့်ကိုကိုယ်တိုးတက်ဖို့ အလုပ်ရှင်ရဲ့တာဝန်သာ ဖြစ်တယ်လို့ ယူဆထားကြတယ်။ ဥပမာ receptionist တစ်ယောက်ထားပါတော့။ ဝတ်ကြေတန်းကြေဆိုတာထက် ကိုယ့်ရဲ့ products တွေ၊ competitor’s products တွေ၊ တခြား သက်ဆိုင်တဲ့ product အကြောင်းတွေကို လေ့လာမယ်။ ပစ္စည်းရောင်းတာထက် consultant သဘောမျိုး customer ပစ္စည်းတစ်ခု ရွေးချယ်ရာမှာ အကောင်းဆုံး အကြံဉာဏ် ပေးနိုင်မယ်။ နောက်ပြီး customer data တွေကို ဘယ်လို အသုံးပြုရမလည်းလေ့လာမယ်။ regular follow-up လေးလုပ်မယ်။ ပြောမှသိတာထက် ကြိုတင် planning လေးလုပ်မယ်။ ကိုယ်ထူကိုယ်ထ proactive ဖြစ်မယ်။ ငါသာ အလုပ်ရှင်နေရာမှာဆို ကိုယ့်ဆီက ဘာကို မျှော်လင့်မလည်းဆိုတာ အမြဲစဉ်စားမယ်။ ဒီလိုဆိုရင် ကိုယ့်ရဲ့ မားကတ်တန်ဖိုးတက်လာမယ်။ ဘယ်နှနှစ်လုပ်ခဲ့လို့

အလုပ်တိုင်းမှာ အခွင့်အရေးရှိသည်။ Read More »

Change your story, Change your life!

လူတွေအားလုံး ခေါင်းထဲမှာ ကိုယ့်ကိုကိုယ်ပြောနေတဲ့ ပုံပြင်ကိုယ်စီ ရှိကြပါတယ်။ ဥပမာ ငါကတော့ အောင်မြင်နိုင်မှာမဟုတ်ဘူး။ ငါ့ကို လူတွေက မလေးစားဘူး။ မြန်မာပြည်မှာနေရင်တော့ ငါအောင်မြင်နိုင်မှာ မဟုတ်ဘူး။ ပထမအဆင့်အနေနဲ့ ကိုယ့်ကိုကိုယ်ပြောနေတဲ့ Bullshit story တွေကို ပြောင်းသင့်ပါတယ်။ ဒီ ပုံပြင်တွေက ကျွန်တော်တို့ရဲ. ခံစားချက်တွေကို လွှမ်းမိုးနေပါတယ်။ ဒီ ခံစားချက်တွေက တွေးခေါ်စဉ်းစားပုံကိုလွှမ်းမိုးပါတယ်။ စဉ်းစားပုံက လုပ်ရပ်တွေကို လွှမ်းမိုးပြီး ကံကြမ္မာကို ပြောင်းလည်းစေပါတယ်။ Phyo Paing @ Derek

Change your story, Change your life! Read More »

ငွေကြေးတစ်ခုအတွက် ဘဝအချိန်တွေ မဖြုန်းသင့်။

ပိုင်ဆိုင်မှု ငွေကြေးတွေ အားလုံးကုန်သွားနိုင်ပေမယ့် Experience အတွေ့အကြုံတွေကတော့ တခါဆွဲဆန့်ပြီးရင် နဂိုနေရာပြန်မရောက်တော့ဘူး။ သေခြင်းတရားနဲ့ ကွေကွင်းသွားလို့မရပေမယ့် မသေခင်မှာ ဘဝရဲ့ experience တွေကိုတော့ ဆွဲဆန့်ရမယ်။လူရယ်လို့ ခဏလာလုပ်တာ အယူတွေ အစွဲအလန်းတွေ အတွေးခေါ်တွေဘောင်ခတ်ပြီး ဘဝဆိုတာကို ထာဝရမထင်ပါနဲ့။ လူတစ်ယောက်ဘဝမှာ 75 နှစ်နေရရင်တောင် 27375 ရက်ဘဲ နေရမှာ ရက်ပေါင်း 10000 နီးပါးနေပြီးပြီဆိုတော့ ကံကောင်းလို့ 75 လောက်နေရရင်တောင် 17375 လောက်နေရတော့မှာ။ ငွေကြေးတစ်ခုအတွက် ဘဝအချိန်တွေ မဖြုန်းသင့်။ Phyo Paing @ Derek

ငွေကြေးတစ်ခုအတွက် ဘဝအချိန်တွေ မဖြုန်းသင့်။ Read More »

Entrepreneurs တွေအတွက် Marketing ဟာ အသက်တမျှ အရေးကြီးတယ်။

အသိတွေထဲမှာ skill တစ်ခုခုကို အရမ်းကျွမ်းကျင်ပြီး Skill ကို မားကတ်မလုပ်နိုင်တဲ့သူတွေများတယ်။ ဥပမာ အသိတစ်ယောက် ဓာတ်ပုံရိုက်တာ အရမ်းကောင်းတယ်။ ဒါပေမယ့်သူ. skill နဲ့ သူ့ကိုပေးရတဲ့စျေးက အရမ်းပေါနေတယ်။ တနည်းအလုပ်မဖြစ်ဘူး။ ဒါကြောင့် Entrepreneur လုပ်မယ်ဆိုရင် “Who is your customer?” ဆိုတဲ့မေးခွန်းက မဖြစ်မနေ မေးဖို့လိုလာပြီ။ စီးပွားရေးစလုပ်တဲ့အချိန် ဟစ်တလာလို စစ်မျက်နှာပြင်နှစ်ခု မဖွင့်မိဖို့လိုတယ်။ Focus အရမ်းအရေးကြီးတယ်။ Photographer တစ်ယောက်အနေနဲ့ သေချာတယ် Wedding နဲ. စမယ်ဆို မန္တလေးမှာ Forever တို့ Together တို့နဲ့ မယှဉ်နိုင်ဖို့ ရာခိုင်နှုန်းများတယ်။ ဒါကြောင့် Entrepreneur အတွက် ကိုယ်စမည့် base ဟာ အရေးကြီးတယ်။ ဥပမာ Family

Entrepreneurs တွေအတွက် Marketing ဟာ အသက်တမျှ အရေးကြီးတယ်။ Read More »

ပြဿနာရဲ့ နာမည်နောက်တမျိုး

ပြဿနာမရှိတဲ့ဘဝဟာ တိုးတက်မှုမရှိတာအမှန်ဘဲ။အလုပ်လုပ်ရင် ပြဿနာရှိမယ်။ပြဿနာရှိတယ်ဆိုတာ ကြိုးစားမှုရဲ့ signal။ပြဿနာရဲ့ နာမည်နောက်တမျိုးက စိန်ခေါ်မှု။ Phyo Paing @ Derek

ပြဿနာရဲ့ နာမည်နောက်တမျိုး Read More »