Dr. Phyo Paing

https://yec.company

ဘဝမှာ တော်ချင်ရင်

ဘဝမှာ ပျော်ချင်ရင်တပါးသူတွေအပေါ်ထားတဲ့မျှော်မှန်းချက်တွေလျော့။ ဘဝမှာ တော်ချင်ရင်ကိုယ့်အပေါ်ကိုယ်ထားတဲ့မျှော်မှန်းချက်တွေတင်။ Phyo Paing @ Derek

ဘဝမှာ တော်ချင်ရင် Read More »

“အပြစ်မတင်နဲ့ အဖြေရှာ”

ကိုယ့်ဖြစ်တည်မှုအတွက်ကိုယ်ဂုဏ်ယူတဲ့သူတွေကသူများကို မနှိမ်တတ်ကြဘူး။ ကိုယ့်ဖြစ်တည်မှုကိုမကျေနပ်လေထွက်ပေါက်အနေနဲ့သူများတွေကို ပိုနှိမ်တတ်လေ။ ဒါကလဲ ဘယ်သူ့မှအပြစ်တင်လို့မရဘူး။ ကိုယ့်ဘဝကိုယ်ပြောင်းလို့မရရင်အပြစ်တင်တာနဲ့ စိတ်ဖြေတတ်ကြတာလူ့သဘာဝလိုဖြစ်လာတာပါပဲ။ “အပြစ်မတင်နဲ့ အဖြေရှာ”ဒါစကားနဲ့ ကိုယ့်ကိုကိုယ်အမြဲအားပေးရတတ်တယ်။ Phyo Paing @ Derek

“အပြစ်မတင်နဲ့ အဖြေရှာ” Read More »

လောကအမြင်တွေမတူတော့
ဘဝတွေမတူကြတော့ဘူး။

လောကအမြင်ကိုမိဘနဲ့ အသိုင်းအဝိုင်ဆီကအများစုက သင်ယူလာကြတယ်။ ဒါကြောင့် ပညာတတ်တဲ့မိသားစုတွေက ပညာတတ်တွေပိုထွက်ကြပြီးချမ်းသာတဲ့မိသားစုတွေကချမ်းသာတဲ့သူတွေပိုထွက်တယ်။ အေးချမ်းတဲ့မိသားစုကလဲအေးချမ်းသူတွေပိုထွက်တယ်။ တိုင်ပတ်တဲ့ မိသားစုကလဲတိုင်ပတ်တဲ့သူတွေ ပိုထွက်တယ်။ ဘာကြောင့်လဲဆို လောကအမြင်ကြောင့်။ ဒါကြောင့် ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးရဲ့ပထမတစ်ပါးမှာမှန်ကန်တဲ့အမြင်ရှိရမယ်။သမ္မာဒိဋ္ဌိအရေးကြီးတယ်။ လောကအမြင်တွေမတူတော့ဘဝတွေမတူကြတော့ဘူး။ Phyo Paing @ Derek

လောကအမြင်တွေမတူတော့
ဘဝတွေမတူကြတော့ဘူး။
Read More »

အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။
အလုပ်လုပ်တတ်မှ အလုပ်ဖြစ်တယ်။

လိုချင်တာရဖို့က ၁။ လိုချင်တဲ့ ရလဒ်ကို တိတိကျကျသတ်မှတ်၂။ ရလဒ်ရဖို့ လုပ်ရမည့် လုပ်ရပ်တွေကိုရှာဖွေသုံးသပ်၃။ လုပ်ရပ်နဲ့ ရလဒ် ချိပ်ဆက်မှုကိုလေ့လာ။၄။ နည်းနည်းလုပ်များများရမည့် လုပ်ရပ်တွေကိုရွေးထုတ်၅။ အဲ့ဒီလုပ်ရပ်တွေကို ပိုကောင်းသည်ထက်ကောင်းအောင်လုပ်။ လုပ်ရပ်နဲ့ ရလဒ်ချိပ်ဆက်မှုသိရင်အရေးပါတာတွေကို အရာပေးလို့ရပြီ။ အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။အလုပ်လုပ်တတ်မှ အလုပ်ဖြစ်တယ်။ Phyo Paing @ Derek

အလုပ်လုပ်တိုင်း အလုပ်မဖြစ်ဘူး။
အလုပ်လုပ်တတ်မှ အလုပ်ဖြစ်တယ်။
Read More »

“အနာဂတ် ပြဿနာတွေအတွက်
ကြိုတင် အဖြေရှာပါ။”

ငယ်ကတည်းက မိဘကိုပဲအကုန်အားကိုးလို့မရဘူးဆိုတာနားလည်ထားတာနဲ့အမျှကိုယ့်ဘဝအနာဂတ်ကိုယ်ကြိုတင်စိုးရိမ်ရတယ်။ ကျောင်းမပြီးသေးဘူးဘွဲ့ရတဲ့အခါ အလုပ်ရဖို့ စိုးရိမ်ရတယ်။အလုပ်ရတဲ့အခါနောက်လာမည့် အနာဂတ်မှာလက်ရှိရှိထားတဲ့ ဘဝထက်လူနေမှုအဆင့်အတန်း မကျသွားရေးစိုးရိမ်ရတယ်။ ဒီတော့ အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာရမယ်ဆိုတဲ့အသိစဝင်လာတယ်။ ဒီနေ့ပြဿနာတွေပဲ ဖြေရှင်းနေလို့မရဘူး။နောက်အနာဂတ် သုံးလေးငါးနှစ်ကစလို့ဆယ်နှစ်အတွင်းလာမည့်ပြဿနာကြိုတင်တွက်ချက်ရပြန်တယ်။ ပြဿနာတွေကြိုတင် အဖြေမရှာထားရင်နဖူးတွေ့ဒူးတွေ့ဖြစ်တဲ့အခါခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်တယ်။ “အနာဂတ် ပြဿနာတွေအတွက်ကြိုတင် အဖြေရှာပါ။” Phyo Paing @ Derek

“အနာဂတ် ပြဿနာတွေအတွက်
ကြိုတင် အဖြေရှာပါ။”
Read More »

ဖန်တီးသူနေရာပြောင်းဖို့
Leverage ဆိုတဲ့အကြောင်း။

ဖုန်းပွတ်နေရုံနဲ့ ဘဝအပြောင်းအလဲမဖြစ်သွားပါဘူး။ စားသုံးသူနေရာကဖန်တီးသူနေရာပြောင်းဖို့Leverage ဆိုတဲ့အကြောင်း။ ဘဝကို ဖြတ်သန်းတဲ့အခါကိုယ်မကြိုက်တဲ့အလုပ်ကိုလုပ်ငွေရှာကိုယ်ကြိုက်တဲ့အလုပ်ကိုလုပ်တဲ့ ပုံစံ။ နောက်တစ်မျိုးက ကိုယ်ကြိုက်တဲ့အလုပ်ကိုလုပ်ငွေရှာ။ ဒီနှစ်မျိုးအကြောင်းမျှဝေပေးထားပါတယ်။ ကော်မန့်မှာ လင့်တင်ထားပေးပါတယ်။ Phyo Paing @ Derek

ဖန်တီးသူနေရာပြောင်းဖို့
Leverage ဆိုတဲ့အကြောင်း။
Read More »

ဘဝအဖြေရှာဖို့

ဘဝအဖြေရှာဖို့ ငွေအရင်ရှာဖို့လိုတယ်။ငွေကို လုပ်အားနဲ့ရှာတယ်။ငွေကို ဥာဏ်အားနဲ့ရှာတယ်။ငွေကို ငွေအားနဲ့ရှာတယ်။ငွေကို နည်းပညာအားနဲ့ရှာတယ်။ငွေကို အဆက်အသွယ်နဲ့ရှာတယ်။ငွေကို အခွင့်အလမ်းရှိတဲ့နေရာမှာရှာတယ်။ဒါတွေကိုတစ်ခုချင်းနဲ့ရှာသလိုပေါင်းပြီးတော့လဲရှာတယ်။ဒါတွေကတော့ တရားဝင်ရှာတဲ့လမ်းတချို့။ Phyo Paing @ Derek

ဘဝအဖြေရှာဖို့ Read More »

တစ်သက်စာအတွက်
တစ်ရက်စာနဲ့ စတင်ပါ။

တစ်ရက်စာ။ ဒီတစ်ရက်စာကို အရင်စဥ်းစားတယ်။ ငါနေ့စဥ် ဘယ်လို ဘဝမျိုးနေချင်သလဲ။ ဘယ်လိုမျိုးနေရာမှာဘယ်လိုလူတွေနဲ့ ဝန်းရံမလဲ။ နေ့စဥ် ဘာတွေလုပ်နေချင်သလဲ။တစ်ရက်တာကို ဘယ်လိုခံစားမှုမျိုးနဲ့ဖြတ်သန်းပြီး တစ်ရက်ကုန်သွားတိုင်းကုသိုလ်၊ ဥစ္စာ၊ ပညာဘာတွေကျန်ခဲ့မလဲ။ ဒီလိုနေဖို့အတွက် ကုန်ကျစရိတ်ဘယ်လိုရှိနိုင်မလဲ။ဘယ်လောက်ဝင်ဖို့လိုမလဲ။ တစ်ရက်စာပြီးရင်တစ်သက်စာ စဥ်းစားဖို့လိုလာပြန်တယ်။ ကမ္ဘာကြီးဘယ်လိုအခြေအနေဖြစ်ဖြစ်ကိုယ်ဖြတ်သန်းချင်တဲ့ ဘဝပုံစံဖြစ်တဲ့ဘဝရဲ့ ဇိမ်ခံပစ္စည်း luxury ဖြစ်တဲ့လွတ်လပ်မှုနဲ့ အေးချမ်းမှုရဖို့စိတ်ကို ဘယ်လိုထားဖို့လိုမလဲ။ဘာတွေပြင်ဆင်ဖို့လိုမလဲ။ အနာဂတ်မှာ ကိုယ့်ကို ဒုက္ခပေးနိုင်မည့်အရာတွေကဘာတွေရှိနိုင်မလဲ။ကိုယ့်အတွက် အဆိုးဆုံးဖြစ်နိုင်ခြေဘာတွေရှိနိုင်မလဲ။ဒါတွေကို ဖြစ်လာတဲ့အခါဘယ်လို ရင်ဆိုင်မလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရမလဲ။ ဘဝမှာ ကိုယ့်အနာဂတ်ကို define လုပ် အဓိပ္ပာယ်ဖွင့်မည့်အရာကကိုယ့်ဘဝရဲ့ ပုံစံdesign ပဲ။ တစ်သက်စာအတွက်တစ်ရက်စာနဲ့ စတင်ပါ။ Phyo Paing @ Derek

တစ်သက်စာအတွက်
တစ်ရက်စာနဲ့ စတင်ပါ။
Read More »

“အသစ်တွေကို
တစ်ကပြန်စရဲဖို့လဲလိုတယ်။”

ဘဝဆိုတာမတူညီတဲ့ဂိမ်းတွေကစားရတဲ့ ကစားပွဲနဲ့တူတတ်တယ်။ ဂိမ်းတစ်ခုကို ကစားလို့အရမ်းထူးချွန်လာပြီးနောက်ဂိမ်းတစ်ခုကိုပြောင်းကစားတဲ့အခါအစွမ်းအစတွေအကုန်ပြောင်းယူသွားလို့ရချင်မှရမယ်။ မတူညီတဲ့ဂိမ်းတွေကိုပြောင်းကစားရဲတဲ့ သတ္တိကိုမွေးဖို့နဲ့အသစ်ကပြန်စရဲတဲ့စိတ်ထားဖို့တော့လိုတတ်တယ်။ “အသစ်တွေကိုတစ်ကပြန်စရဲဖို့လဲလိုတယ်။” Phyo Paing @ Derek

“အသစ်တွေကို
တစ်ကပြန်စရဲဖို့လဲလိုတယ်။”
Read More »