Dr. Phyo Paing

https://yec.company

အလုပ်ဆိုတာ ပြဿနာ ဖြေရှင်းတာပဲ။

ပြဿနာ ဖြေရှင်းမှ ငွေရမယ်။ ဒါမှ လုပ်ငန်းအလုပ်ရမယ်။ ဝါသနာပါတဲ့ အနောက်လိုက်ရင် ပျော်ရွင်မယ်။ ကံကောင်းရင် ငွေရမယ်။ တကယ်လို့ ကိုယ်က Rich Kid မဟုတ်ရင်စားဝတ်နေရေးအတွက် စဉ်းစားနေရသေးရင်Passion ရှိမှ အလုပ်လုပ်မယ်လို့မစဉ်းစားသင့်ပါ။ စားဝတ်နေရေးအတွက် ပြဿနာ ဖြေရှင်းဖို့စဉ်းစားပါ။ ကိုယ်တိုင်လုပ်ငန်းလုပ်မှ ပြဿနာ ဖြေရှင်းတာမဟုတ်ပါဘူး။ဝန်ထမ်းဆိုရင်လည်း ဒါ လုပ်ငန်းရှင်ရဲ့ ပြဿနာကို ဖြေရှင်းပေးတာပဲ။ Stop finding your passion. Start solving problems. Garyvee ပြောသလို ငွေရှာတာနဲ့ပတ်သက်လို့ romantic အရမ်းမဆန်ပါနဲ့။ Phyo Paing @ Derek

အလုပ်ဆိုတာ ပြဿနာ ဖြေရှင်းတာပဲ။ Read More »

လုပ်ငန်းစတင်ချိန်မှာ Customer ရှာပါ။

ကြီးထွားလာတဲ့အချိန် ဝန်ထမ်းကောင်း ရှာပါ။စနစ်ကောင်းဖို့ Consultant ရှာပါ။တိုးချဲ့ဖို့ Investor ရှာပါ။Phyo Paing @ Derek

လုပ်ငန်းစတင်ချိန်မှာ Customer ရှာပါ။ Read More »

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။

၁. အလုပ်အပေါ် ရူးသွပ်မှု မရှိလို့။ (အလုပ်ကအနားယူဖို့လောက်ပဲစဉ်းစားနေလို့။ အလုပ်လုပ်တဲ့ရည်ရွယ်ချက်က retired ယူဖို့ပဲစဉ်းစားနေလို့။) ၂. ဖောက်သည်တွေအပေါ်စေတနာမပါလို့။ ၃. ဝင်ငွေ၊ ထွက်ငွေစာရင်းကို သေချာမစီစစ်တဲ့အပြင်၊ မိမိလုပ်ငန်းရှုံးနေလား၊ မြတ်နေလား သေချာမသိလို့။ ၄. Timing တကယ်အလုပ်လုပ်နေသင့်တဲ့အချိန်မှာ လုပ်သင့်တာကို မလုပ်နေလို့။ မိုးရွာတုန်းရေမခံတတ်လို့။ ၅. အမြင်မရှိလို့။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ Vision မရှိဘူး။ ဒီ ကုန်ပစ္စည်းအဆင်မပြေတော့ရင် ဒီ လုပ်ငန်းအဆင်မပြေတော့ရင် ဘာတွေဆက်လုပ်မလဲဆိုတဲ့ အသိအမြင်မရှိခဲ့လို့။ ၆. ပညာတတ်ပြီး တော်တဲ့ဝန်ထမ်းတွေကို လစာပေးခေါ်ရမှာ နှမြောလို့။ ဒါမှမဟုတ် ဒီလိုခေါ်လိုက်တဲ့အခါ ကိုယ့်ထက်ပိုတော်နေရင် အဆင်မပြေနိုင်ဘူးဆိုတဲ့ အတ္တခံနေလို့။ ၇. သင့်လုပ်ငန်းနဲ့ပတ်သက်လို့ တိုင်ပင်စရာ အတွေ့အကြုံရှိတဲ့သူမရှိလို့။ Phyo Paing @ Derek

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။ Read More »

ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။

သင်္ချာပုစ္ဆာတစ်ပုဒ်ကို နားမလည်ပဲတွက်တဲ့အခါ မှားတတ်ပါတယ်။ နားလည်ပြီးတွက်ရင်တောင်မှ မှားနိုင်ပါသေးတယ်။ တွက်ဖူးတဲ့ပုစ္ဆာထပ်တွက်တဲ့အခါ သတိမထားမိရင်လည်းမှားတတ်ပါသေးတယ်။ ဒါပေမယ့် ဒီ ပုစ္ဆာနဲ့ ရင်းနှီးလာတဲ့အခါ အမှန်တွေများလာပါမယ်။ ဘဝမှာ ဘယ်ပုစ္ဆာတွေ၊ ဘယ်ပြဿနာတွေကို အဓိကဖြေရှင်းမလဲစဉ်းစားပါ။ ဒီပြဿနာတွေဖြေရှင်းစဉ်မှာ အမှားလုပ်မိတာတွေကို အပြစ်မတင်ပါနဲ့။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ Read More »

အောင်မြင်မှုဆိုတာ

ပန်းလေးတွေပွင့်တာနဲ့တူတယ်။ပန်းတွေပွင့်လာဖို့ မျိုးစေ့ချဖို့၊ နေ့စဉ်ရေလောင်းပေါင်းသင်ဖို့ကို ချစ်မြတ်နိုးနေပြီး နေ့စဉ်လုပ်ကိုင်နေဖို့လိုတယ်။ ပန်းပွင့်ဖို့စဉ်းစားနေတာထက်စိုက်ပျိုးရတာကို ချစ်နေဖို့ပိုအရေးကြီးပါတယ်။ စိုက်ပျိုးရေးကိုသာ ချစ်ရင် တချိန်ပန်းပွင့်လာမှာပါ။ ၁. ကိုယ်ဘာအပင်စိုက်နေလဲသိဖို့လိုတယ်။ ၂. လိုအပ်တဲ့မျိုးစေ့နဲ့ ရေမြေအဆင်ပြေရဲ့လားသိဖို့လိုတယ်။၃. နေ့စဉ်ရေလောင်းဖို့လိုတယ်။ ဒါမှမဟုတ် နေ့စဉ်ရေလောင်းပေးနိုင်တဲ့ စနစ်တစ်ခုတည်ဆောက်ဖို့လိုတယ်။ Phyo Paing @ Derek

အောင်မြင်မှုဆိုတာ Read More »

ကျွန်တော့်အတွက် အသုံးဝင်တဲ့ ယုံကြည်မှု ၆ ချက်

ကျွန်တော်ယုံကြည်တဲ့အရာတွေရှိတယ်။ ဒီအရာတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေသလို အခက်အခဲမှန်သမျှကို ကျော်လွှားသွားစေတယ်။ ၁. အရာရာပိုကောင်းဖို့ဖြစ်လာတာပါ။ ဖြစ်ချင်တာက ဆန္ဒဖြစ်လာတာ ဘဝလို့ပြောတတ်ကြတယ်။ တချို့အိမ်မက်တွေ ဖြစ်လာပြီး မဖြစ်လာတဲ့အိမ်မက်တွေကိုတော့ အရာရာပိုကောင်းဖို့ဖြစ်လာတာပါ ဒီယုံကြည်မှုနဲ့ရှေ့ဆက်ခဲ့တယ်။ ၂. လူကြောဆိုတာ ရွှေကြော ချမ်းသာဖို့၊ အောင်မြင်ဖို့ ကိုယ့်ကို ကူညီပေးနိုင်တာ လူတွေပါ။ ဒါကြောင့်ကိုယ့်ရဲ့ဖောက်သည်တွေကို အရေးထားပါ။ ၃. ဘာပဲဖြစ်ဖြစ်တာဝန်ယူပါ။ အပြစ်ပုံချရတာလွယ်တယ်။ တာဝန်ယူဖို့ခက်တယ်။ ပြဿနာဖြစ်လာတိုင်း ကိုယ့်ကိုကိုယ်ပြန်မေးတယ်။ ငါဘယ်လိုတာဝန်ယူနိုင်မလဲ။ ၄. အရှုံးဆိုတာ မရှိဘူး။ ရလဒ်တွေပဲရှိတယ်။ မှန်တယ်။ အသစ်စရမှာ မကြောက်ပါနဲ့။ မလုပ်ဖူးတဲ့ ကောင်းမွန်တဲ့အရာတွေကို စတင်ရမှာ မကြောက်ပါနဲ့။ အရှုံးဆိုတာ မရှိပါဘူး။ ရလဒ်တွေပဲရှိတယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။ ၅. ပြုလွယ် ပြင်လွယ် ပျော့ပြောင်းပါစေ။ ပန်းတိုင်ရောက်ဖို့ နည်းလမ်းပြောစုံနဲ့သွားလို့ရတယ်။

ကျွန်တော့်အတွက် အသုံးဝင်တဲ့ ယုံကြည်မှု ၆ ချက် Read More »

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။

သင့်ကိုအထင်မကြီးတဲ့သူတွေကဘာလုပ်လုပ်အထင်ကြီးမှာမဟုတ်ဘူး။ကိုယ့်အိမ်မက်တွေအတွက် အလုပ်လုပ်ပါ။Phyo Paing @ Derek

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။ Read More »

သင့်ဦးနှောက်ဟာ နေပျော်စရာနေရာလေး ဖြစ်ပါစေ။

လူတစ်ယောက်ဟာ တစ်ရက်ကို အတွေးပေါင်း 60,000 မှ 80,000 ထိတွေးကြတယ်။ သဘောကတော့ ကျွန်တော်တို့အချိန်အများစုကအတွေးတွေထဲမှာ ကုန်ကြတယ်။ဒါကြောင့် အတွေးကို ဂရုစိုက်မှဘဝဟာ နေပျော်စရာနေရာလေးဖြစ်လာမှာပါ။ Phyo Paing @ Derek

သင့်ဦးနှောက်ဟာ နေပျော်စရာနေရာလေး ဖြစ်ပါစေ။ Read More »

ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့
အောင်မြင်မှုတွေကြား လမ်းမဆုံးစေပါနဲ့။

✍️အောင်မြင်မှုဆိုတာ (ကိုယ့်ဝန်းကျင်က) လူအများစုလုပ်နိုင်တယ်ထင်တာထက် ပိုလုပ်နိုင်တာ အောင်မြင်မှုဖြစ်တယ်။ ✍️အဖေတို့ခေတ်က (နယ်မြို့မှာ) ဆယ်တန်းအောင်ရင် အောင်မြင်မှုပဲ။ ✍️ကျွန်တော်တို့ခေတ် (အဆောင်မှာ) ဂုဏ်ထူး ငါးခု၊ ခြောက်ခုလောက်ထွက်မှ အောင်မြင်မှုဖြစ်လာတယ်။ 👥(ပတ်ဝန်းကျင်) ပေါ်မူတည်ပြီး အောင်မြင်မှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကွာသွားတယ်။ ✍️ဝန်ထမ်းဘဝက sales target ထိတာရာထူးတိုးခံရတာဟာ အောင်မြင်မှုပါ။ ✍️သင်တန်းသားတွေ အများကြီးရှိတာTrainer တစ်ယောက်ရဲ့အောင်မြင်မှုလို့သတ်မှတ်ကောင်းသတ်မှတ်လိမ့်မယ်။✍️စျေးကောင်းပေးတဲ့ ကျောက်တစ်လုံးအရောင်းဝယ်ဖြစ်လိုက်တာ ကျောက်သူဌေးရဲ့အောင်မြင်မှုဖြစ်လိမ့်မယ်။ ✍️မယ်ဆုပေးပွဲမှာ ဆုရတာ အလှမယ်ရဲ့အောင်မြင်မှုဖြစ်လိမ့်မယ်။ ✍️ပညာရှင်တစ်ယောက်အတွက် သူ့စာတမ်းကိုထိပ်တန်းပညာရပ် journal မှာဖော်ပြခံရတာဖြစ်မယ်။✍️အသက်အရွယ်ရလာတော့ သားသမီးတွေရဲ့ဆွတ်ခူးနိုင်မှုဟာ သင့်ရဲ့အောင်မြင်မှုဖြစ်လာပြန်ရော။ 🧠ပတ်ဝန်းကျင်သတ်မှတ်တဲ့ အောင်မြင်မှုတွေထဲမှာ သင့်ဘဝမနစ်မြုပ်စေပါနဲ့။ 👀ကိုယ်ဘာကိုဖြစ်ချင်တာလည်း သေချာစဉ်းစားပါ။ (ပတ်ဝန်းကျင်) က သတ်မှတ်တဲ့ အောင်မြင်မှုတွေဟာသင်သွားချင်တဲ့ Next Level ရောက်ဖို့ အတားဆီးတစ်ခုဖြစ်နိုင်ပါတယ်။ Phyo Paing @ Derek

ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့
အောင်မြင်မှုတွေကြား လမ်းမဆုံးစေပါနဲ့။
Read More »