Dr. Phyo Paing

https://yec.company

အလုပ်ကအမြဲလုပ်လို့ရတယ်။
အလုပ်က အမြဲဖြစ်မနေဘူး။

အလုပ်ကအမြဲလုပ်လို့ရတယ်။အလုပ်က အမြဲဖြစ်မနေဘူး။အလုပ်ဖြစ်နေတုန်းအလုပ်ကိုပိုစိုးပက်စက်လုပ်။နားတဲ့အချိန် သာသာယာယာအေးဆေးလေး chill. Phyo Paing @ Derek

အလုပ်ကအမြဲလုပ်လို့ရတယ်။
အလုပ်က အမြဲဖြစ်မနေဘူး။
Read More »

“ကိုယ့်ပြဿနာကိုယ် အဖြေရှာတဲ့ပညာ”။

တခါတလေ ကိုယ်ကဟိုဟာလဲလေ့လာဒီဟာလဲလေ့လာဆိုတော့ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ အားချန့် မင်းရဲ့ ပရော်ဖက်ရှင်နယ်ပညာက ဘာလဲ။ အမှန်တော့ ကျွန်တော့်ရဲ့ပရော်ဖက်ရှင်နယ်က“ကိုယ့်ပြဿနာကိုယ် အဖြေရှာတဲ့ပညာ”။ ကိုယ့်အစွမ်းအစကိုကိုယ်အကောင်းဆုံးအသုံးပြုနိုင်ဖို့စိတ်ပညာလေ့လာတယ်။ ပိုက်ဆံရှာဖို့ အရောင်းနဲ့မားကတ်တင်းပညာလေ့လာတယ်။ ကိုယ်နေ့စဥ်ဝင်မပါဘဲ ငွေရှာနိုင်ဖို့စီးပွားရေးနဲ့ စီမံခန့်ခွဲမှုပညာလေ့လာတယ်။ ရှုပ်နေတာတွေရှင်းသွားဖို့အတွေးအခေါ်ပညာလေ့လာတယ်။ ကျန်းမာရေးကောင်းဖို့ဇီဝကမ္မဗေဒနဲ့ကျန်းမာရေးအကြောင့်လေ့လာတယ်။ ကိုယ့်ပြဿနာကိုယ် အဖြေရှာဖို့ပညာရပ်တွေ သင်ယူတာ။ ပိုက်ဆံရှာဖို့အတွက်ပညာရပ်တစ်ခုတည်းသင်ယူတဲ့ခေတ်ကကုန်သွားပြီလို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့အခုခေတ် AI ခေတ်ကmultidisciplinary ခေတ်မဟုတ်လား။ Phyo Paing @ Derek

“ကိုယ့်ပြဿနာကိုယ် အဖြေရှာတဲ့ပညာ”။ Read More »

ကိုယ့်ကို ရင်အခုန်စေဆုံးအရာကမရောက်သေးတဲ့အနာဂတ်။

ကိုယ့်ကို ရင်အခုန်စေဆုံးအရာကမရောက်သေးတဲ့အနာဂတ်။ကိုယ့်ကို ဂုဏ်အယူစေဆုံးအရာကပြီးသွားတဲ့ အတိတ်။ကိုယ့်ကို အအေးချမ်းစေဆုံးအရာကလက်ရှိပစ္စုပ္ပန်။ မနက်ဖြန်ရောက်လာမည့်အနာဂတ်ကိုစဥ်းစားတိုင်းကိုယ့်ကြိုတင်ကြံဆမှု၊ပြင်ဆင်မှုနဲ့ ရလာမည့်ရလဒ်တွေစဥ်းစားမိတဲ့အချိန်တိုင်းရင်ခုန်မှုတွေဖြစ်တယ်။ မနေ့တုန်းက အတိတ်မှာကိုယ့်အချိန်တွေကို အလေမလွင့်မရှိအကောင်းဆုံးအသုံးချပြီးကိုယ့်ရဲ့အကောင်းဆုံးပုံစံဖန်တီးခဲ့တဲ့အတွက်စဥ်းစားမိတိုင်း ဂုဏ်ယူမိတယ်။ လက်ရှိရှိနေတဲ့အချိန်မှာကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်ကိုတန်ဖိုးထား အသိနဲ့ သတိရှိရှိအကောင်အထည်ဖော်ခွင့်ရတဲ့အတွက်အေးချမ်းမှုဖြစ်တယ်။ Phyo Paing @ Derek

ကိုယ့်ကို ရင်အခုန်စေဆုံးအရာကမရောက်သေးတဲ့အနာဂတ်။ Read More »

ကယ်တင်ရှင် မရှာနဲ့။ ကိုယ့်အားကိုယ်ကိုး။

ဘဝမှာ ပေးမှရ၊ကျွေးမှစား၊ထားရာနေ၊သူ့စိတ်နဲ့ ကိုယ်မဖြစ်ချင်ရင်ကယ်တင်ရှင် မရှာနဲ့။ကိုယ့်အားကိုယ်ကိုးမှပဲရမယ်။ Phyo Paing @ Derek

ကယ်တင်ရှင် မရှာနဲ့။ ကိုယ့်အားကိုယ်ကိုး။ Read More »

မလုပ်ပဲမနေနိုင်တဲ့အရာက
တွေးတာ။

မလုပ်ပဲမနေနိုင်တဲ့အရာကတွေးတာ။ပျော်တာကလဲတွေးတာကလာတယ်။စိတ်ညစ်တာကလဲတွေးတာကလာတယ်။ ကိုယ့်အတွေးကိုကိုယ်သလိုပြင်နိုင်တာစူပါပါဝါတစ်ခုပဲ။ Phyo Paing @ Derek

မလုပ်ပဲမနေနိုင်တဲ့အရာက
တွေးတာ။
Read More »

လမ်းပျောက်တယ်လို့သိတဲ့သူကလမ်းရှာနေတဲ့သူဖြစ်ဖို့များတယ်။

လမ်းပျောက်တယ်လို့သိတဲ့သူကလမ်းရှာနေတဲ့သူဖြစ်ဖို့များတယ်။ လမ်းမရှာတဲ့သူကလမ်းပျောက်လို့ပျောက်မှန်းသိချင်မှသိမယ်။​ Phyo Paing @ Derek

လမ်းပျောက်တယ်လို့သိတဲ့သူကလမ်းရှာနေတဲ့သူဖြစ်ဖို့များတယ်။ Read More »

ဘဝရဲ့ပြဿနာတွေကို အဖြေရှာဖို့
တွေးတော၊ အဖြေရှာ၊ ဖန်တီးဖို့လိုတယ်။

ဖလော်ဆော်ဖာလိုတွေး၊အင်ဂျင်နီယာလိုပြဿနာအဖြေရှာ၊အနုပညာရှင်တစ်ယောက်လို ဖန်တီး။ ဖလော်ဆော်ဖာက ဘာကြောင့်လဲဇစ်မြစ်ကို ဆန်းစစ်တယ်။အင်ဂျင်နီယာက ပြဿနာအတိမ်အနက်ကိုပေးထားချက်အကန့်အသတ်တွေကြားစနစ်ကိုဖန်တီးဖြေရှင်းတယ်။အနုပညာရှင် artist က ခံစားမှုတွေကောင်းဖို့နည်းလမ်းရှာတင်ဆက်တယ်။ ဘဝရဲ့ပြဿနာတွေကို အဖြေရှာဖို့တွေးတော၊ အဖြေရှာ၊ ဖန်တီးဖို့လိုတယ်။ Phyo Paing @ Derek

ဘဝရဲ့ပြဿနာတွေကို အဖြေရှာဖို့
တွေးတော၊ အဖြေရှာ၊ ဖန်တီးဖို့လိုတယ်။
Read More »

အတွေးအခေါ်မတူရင် (Philosophy)

ခေါင်းထဲထည့်ထားတဲ့ အတွေးအခေါ်မတူရင် (Philosophy) အထင်အမြင်မတူဘူး။ (Perception) အထင်အမြင်မတူရင်အယူအဆမတူဘူး။ (Concept) အယူအဆမတူရင်လောကအမြင်မတူဘူး။ (View) လောကအမြင်မတူရင်လုပ်ရပ်တွေလဲမတူဘူး။ (Action) လုပ်ရပ်မတူရင်ရလဒ်တွေလဲမတူဘူး။ (Result) Phyo Paing @ Derek

အတွေးအခေါ်မတူရင် (Philosophy) Read More »

ဘဝမှာ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံကို
ဖန်တီးနိုင်ဖို့
သညာကို ပညာနဲ့ ထိန်းဖို့လိုတယ်။

ချမ်းသာတဲ့သူတွေက ပိုချမ်းသာတယ်။ အောင်မြင်တဲ့သူတွေကပိုအောင်မြင်တယ်။ တော်တဲ့သူတွေက ပိုတော်လာတယ်။ ဘာကြောင့်လဲ။ သညာလို့ခေါ်တဲ့ perception နဲ့ဆိုင်မယ်။ သညာက “အာရုံ”ကို “သိမြင်”၊ “ခွဲခြား”၊ “မှတ်သား”ပေးတယ်။ အဖြူ၊ အနီ၊ အပြာ၊ အဝါကိုသိသလိုချို၊ ချဥ်၊ ငံ၊ စပ်၊ ခါးကိုလဲသိတယ်။ သညာစေတသိတ်ကကောင်းတဲ့ ကုသိုလ်စေတသိတ်လဲမဟုတ်ဘူး၊မကောင်းတဲ့ အကုသိုလ်စေတသိတ်လဲမဟုတ်ဘူး။စိတ်တိုင်းတွင် မပါမနေ ပါဝင်တယ်။စိတ်အလုပ်လုပ်တိုင်း သညာပါတယ်။ အခု ဒီစာကို ဖတ်ပြီးနားလည်တာကလဲသညာစေတသိတ်က အလုပ်လုပ်နေတာ။ တစ်ယောက်နဲ့တစ်ယောက်အဓိပ္ပာယ်ဖွင့်ပုံ တူချင်မှတော့တူလိမ့်မယ်။ သူက အညာစေတသိက် ၁၃ ပါးထဲကအညာဏသာဓာရဏ ၇ ပါးထဲက တစ်ပါးဖြစ်ပါတယ်။ ဒီ သညာ Perception အထင်အမြင်ကအဓိပ္ပာယ်ဖွင့်တာလွဲသွားရင်ဘဝကလဲ လွဲသွားတတ်တယ်။ လောကုတ္တရာအဓိပ္ပာယ်ဖွင့်တာလွဲရင်လောကုတ္တရာချမ်းသာရဖို့မဖြစ်နိုင်သလိုလောကီရေးရာ အဓိပ္ပာယ်ဖွင့်တာလွဲရင်လောကီရေးရာချမ်းသာရဖို့ မဖြစ်နိုင်ဘူးလို့ဆိုရမယ်။ သညာရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်ကပထမအဆင့် – အာရုံကို ခံယူခြင်း

ဘဝမှာ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံကို
ဖန်တီးနိုင်ဖို့
သညာကို ပညာနဲ့ ထိန်းဖို့လိုတယ်။
Read More »