အတိတ်နဲ့ အနာဂတ်မှာ
အသက်ရှင်နေပေမယ့်အသက်မဝင်နေတာအတိတ်နဲ့ အနာဂတ်မှာအတွေးများပြီးအသိက ပစ္စုပ္ပန်ကအဝေးကိုရောက်နေလို့။ Phyo Paing @ Derek
အတိတ်နဲ့ အနာဂတ်မှာ Read More »
အသက်ရှင်နေပေမယ့်အသက်မဝင်နေတာအတိတ်နဲ့ အနာဂတ်မှာအတွေးများပြီးအသိက ပစ္စုပ္ပန်ကအဝေးကိုရောက်နေလို့။ Phyo Paing @ Derek
အတိတ်နဲ့ အနာဂတ်မှာ Read More »
ဘဝမှာ ဘောင်ဝင်အောင်ကြိုးစားရင်းဘာကြောင့် အသက်ရှင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကို မေ့နေတတ်တယ်။ Phyo Paing @ Derek
အဓိပ္ပာယ်ကို မေ့နေတတ်တယ်။ Read More »
Mindset စိတ်ဓာတ်တစ်ခုတည်းနဲ့ မပြီးသွားဘူး။ စိတ်ဓာတ်ခိုင်မာပြီးဝိတ်ချ ဝိတ်မကျတဲ့သူဝိတ်တင် ဝိတ်မတက်သူအများကြီး။ စိတ်ဓာတ်တစ်ခုတည်းနဲ့ ဖြေချင်တဲ့စာမေးပွဲအောင်ဖို့အမှတ်ကောင်းဖို့မလွယ်ဘူး။ စိတ်ဓာတ်တစ်ခုတည်းနဲ့ မားကတ်တင်း၊ စီးပွားရေးရည်မှန်းချက်မရောက်သွားဘူး။ စိတ်ဓာတ်တစ်ခုရည်ရွယ်ချက်တစ်ခုရှိရုံနဲ့ အချစ်ရေးအဆင်ပြေမသွားဘူး။ စိတ်ဓာတ်တစ်ခုတည်းရှိရုံနဲ့ဘဝတိုက်ပွဲအောင်ဖို့မလွယ်ဘူး။ Mindset အပြင် ကိုးကွယ်တဲ့အရာတစ်ခုဘဝမှာထားထားတယ်။ဒါကတော့ Mechanics. Mindset is everything ဆိုတာတစ်ဝက်ပဲမှန်တယ်။ Mechanics (နည်းစနစ်)လဲလိုတယ်။ လူတွေက စိတ်ဓာတ် Mindset မကောင်းလို့လိုချင်တာ မရတာထက်နည်းစနစ် Mechanics မရှိလို့လိုချင်တာ မရတာများတယ်လို့တဖြည်းဖြည်း သိလာတယ်။ ဒါကြောင့်လဲ ဘဝမှာ တစ်ခုခု ရချင်ရင် Mechanics နည်းစနစ်ကိုလေ့လာဖို့ကို အချိန်ပေးလေ့လာဖြစ်လာတယ်။ Phyo Paing @ Derek
Mindset is everything ဆိုတာ
တစ်ဝက်ပဲမှန်တယ်။
Mechanics (နည်းစနစ်)လဲလိုတယ်။ Read More »
တစ်နှစ်ကုန်တိုင်း လွမ်းသလိုလိုဘာလိုလိုဖြစ်တယ်။နောက်ဘယ်တော့မှပြန်မရောက်နိုင်တော့လို့။ဘာပဲဖြစ်ဖြစ် သံသရာတစ်ကွေ့ဒီနေ့ကိုတော့ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်ခုခုတော့ ရအောင်လုပ်ခဲ့ပါတယ်လို့ကိုယ့်ကိုကိုယ် အားပေးရတာပဲ။ Phyo Paing @ Derek
သံသရာတစ်ကွေ့
ဒီနေ့ကိုတော့
ကုသိုလ်၊ ပညာ၊ ဥစ္စာ
တစ်ခုခုတော့ ရအောင်
လုပ်ခဲ့ပါတယ် Read More »
ငါးနှစ်သားအရွယ်ကလေးငယ်တစ်ယောက်ဟာသူ့မေမေ ပြောပြတဲ့ပုံပြင်ထဲမှာ ပျော်နေခဲ့တယ်။ “သားရေ… မင်းက ဆရာဝန်ဖြစ်မှာ…အဲဒါက မိသားစုရိုးရာပါ”ဆယ်နှစ်သားအရွယ်မှာတော့သူဟာ ကျောင်းဆရာမရဲ့ ပုံပြင်ထဲရောက်နေပြန်တယ်။“မင်းက သင်္ချာမှာ အားနည်းတယ်…ဘာသာစကားပဲ သင်သင့်တယ်” အသက်ကြီးလာတာနဲ့အမျှလူ့အသိုင်းအဝိုင်းက ရေးဆွဲထားတဲ့ပုံပြင်တွေကြားထဲ ညပ်နေခဲ့ရပြန်တယ်။ “အောင်မြင်တဲ့သူဆိုတာတက္ကသိုလ်ကျောင်းပြီးပြီးကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ရမယ်” လူတွေက ကိုယ့်အမြင်ကိုပုံပြင်နဲ့ ဖော်ပြကြတယ်။ လူတိုင်းက ကိုယ့်ပတ်ဝန်းကျင်ရဲ့ပုံပြင်တွေထဲက လွတ်မြောက်ဖို့မလွယ်ကူဘူး။ အမြင့်ကို ပျံသန်းချင်လေလေအမြင်တွေကို ပြောင်းပုံပြင်ဟောင်းတွေ ထားခဲ့အသစ်တဖန်ပြန်လည်တည်ဆောက်ဖို့လိုတတ်တယ်။ ကျွန်တော်တို့ ပုံပြင်တွေထဲကထွက်ပြေးဖို့လိုတတ်တယ်။ ငယ်ငယ်က ကိုယ့်မိဘပြောနေတဲ့ပုံပြင်ထဲက ထွက်ပြေးခဲ့တယ်။နောက် ဆရာမပြောနေတဲ့ပုံပြင်ထဲက ထွက်ပြေးခဲ့တယ်။ကိုယ့်အသိုင်းအဝိုင်းကပြောနေတဲ့ပုံပြင်ထဲကထွက်ပြေးခဲ့တယ်။နောက် ကိုယ့်ကိုကိုယ်ပြောနေကျအရင်ပုံပြင်တွေထဲက ထွက်ပြေးခဲ့တယ်။ ဖြစ်ပုံပျက်ပုံတွေကို အဓိပ္ပာယ်ဖွင့်ဆိုမှုပုံကိုပြင်ချင်ရင် ပုံပြင်လိုတယ်။ Phyo Paing @ Derek
ပုံကိုပြင်ချင်ရင် ပုံပြင်လိုတယ်။ Read More »
အတွေးပြောင်းရင် ကိုယ်မြင်နေတဲ့ကမ္ဘာကြီးအပြင်ကိုယ့်ဆဲလ်တွေကိုပါအပြောင်းအလဲလုပ်နိုင်တယ်။ ဒါကို epigenetics အစ်ပီဂျနက်တစ် လို့ခေါ်တယ်။ ပတ်ဝန်ကျင်ကိုပြောင်းလို့မရရင်ပတ်ဝန်းကျင်ကို ပြောင်း။ လူကိုပြောင်းဖို့အတွေးအခေါ်ကို အရင်ပြောင်း။ ပြောင်းလဲဖို့အခက်ဆုံးကအတွေးအခေါ်ဖြစ်တတ်တယ်။ ဒါကြောင့် စိတ်ပညာရှင်ဝီလီယံဂျိမ်းက“ကိုယ့်စိတ်ကိုပြောင်းနိုင်ရင်ကိုယ့်ဘဝကို ပြောင်းနိုင်တယ်”တဲ့။ Phyo Paing @ Derek
“ကိုယ့်စိတ်ကိုပြောင်းနိုင်ရင်
ကိုယ့်ဘဝကို ပြောင်းနိုင်တယ်” Read More »
၁။ အစားအသောက်ကို ဂရုစိုက်တာ၂။ လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်တာ၃။ စာနေ့တိုင်းဖတ်တာ၊ အသစ်တွေလေ့လာနေတာ၄။ နေ့တိုင်း စာရေး၊ ဗီဒီယိုရိုက်ဖန်တီးဖြစ်တာ၅။ အင်တာနက် စီးပွားရေးမော်ဒယ်လုပ်ဖြစ်တာ၆။ လူတော်လူကောင်းတွေနဲ့ အလုပ်လုပ်ဖြစ်တာ၇။ ကိုယ့်အတွက်ရေရှည် အလုပ်မဖြစ်တဲ့အရာနဲ့လူတွေကို စွန့်ပစ်ရဲတဲ့သတ္တိရှိတာ Phyo Paing @ Derek
ဒီသုံးနှစ်အတွင်း အမှန်ဆုံးလုပ်ဖြစ်တဲ့ အချက် ၇ ချက် Read More »
လုပ်စရာမလိုတာကို မလုပ်တာက“ပညာ”။လုပ်စရာကို အထိရောက်ဆုံးလုပ်နိုင်တာက“ဥာဏ်”။လုပ်စရာရှိတာ လုပ်တာက“တာဝန်”။ Work hard ဆိုတာ “တာဝန်ကျေဖို့ အလုပ်ကြိုးစားတာ”။Work smart ဆိုတာ “ဥာဏ်” ရှိတာ။ Work wisely ဆိုတာ “ပညာ” ရှိတာ။ Work hard အရင်လုပ်။နောက်တစ်ဆင့်ရောက်ရင် Work smart ဖြစ်လာမယ်။သဘာရင့်ဝါရင့်ဖြစ်လာရင် Work wisely ဖြစ်သွားမယ်။ Phyo Paing @ Derek
သဘာရင့်ဝါရင့်ဖြစ်လာရင် Work wisely ဖြစ်သွားမယ်။ Read More »
၂၀၂၅ မှာ အပြောင်းအလဲတွေလုပ်ဖို့ အသင့်ဖြစ်ပြီလား။ဒီလိုလုပ်ဖို့ အမူအကျင့်ကောင်းတည်ဆောက်ဖို့လိုအပ်ပါတယ်။ဒီအတွက် ကမ္ဘာကျော်Atomic Habits ထဲကအသုံးချလို့ရမည့်အကြောင်းတွေမျှဝေကြည့်ပါမယ်။ အလေ့အကျင့်ကောင်းတွေဟာ အနုမြူပမာ သေးငယ်ပေမယ့် အချိန်ကြာလာတဲ့အခါ ကြီးမားတဲ့ အပြောင်းအလဲကို ဖန်တီးနိုင်ပါတယ်။ James Clear ရဲ့ Atomic Habits စာအုပ်က ဒီအချက်ကို အလေးထားပြောပြထားပါတယ်။ အဓိက သင်ခန်းစာများ – ၁။ အပြောင်းအလဲရဲ့ အဆင့် ၄ ဆင့် သိသာထင်ရှားအောင် လုပ်ပါ (Make it Obvious)ဆွဲဆောင်မှုရှိအောင် လုပ်ပါ (Make it Attractive)လွယ်ကူအောင် လုပ်ပါ (Make it Easy)ကျေနပ်မှုရအောင် လုပ်ပါ (Make it Satisfying) ၂။ မိမိကိုယ်ကို ပြန်လည်သတ်မှတ်ခြင်း “ကျွန်တော်က ဆေးလိပ်သောက်တဲ့သူပါ” လို့ မပြောပါနဲ့။“ကျွန်တော်က
၂၀၂၅ မှာ အပြောင်းအလဲတွေလုပ်ဖို့
အသင့်ဖြစ်ပြီလား။ Read More »
အလုပ်ကို အပြင်းအထန်လုပ်ဖို့အလုပ်ဖြစ်တာကိုရှာရတယ်။အလုပ်ဖြစ်တာကို ရှာတာကအလုပ်လုပ်တာထက် ပိုကြာတတ်တယ်။ နည်းနည်းလဲ ပိုခက်တတ်တယ်။ အလုပ်ဘဲ လုပ်နေလို့မရဘူး။အလုပ်ဖြစ်တာကိုလဲ ရှာရသေးတယ်။ Phyo Paing @ Derek
အလုပ်ဘဲ လုပ်နေလို့မရဘူး။
အလုပ်ဖြစ်တာကိုလဲ ရှာရသေးတယ်။ Read More »