Dr. Phyo Paing

https://yec.company

အမှိုက်တွေရှင်းဖို့လိုတယ်။

မတူညီတဲ့သူတွေရဲ့ သူတွေနဲ့တွေ့ရင်မတူညီတဲ့ အင်နာဂျီဓာတ်ပြုမှုဖြစ်သလိုဖြစ်တယ်။ ကိုယ်မကြိုက်တဲ့ အင်နဂျီလူတွေရှောင်တယ်။တချို့သူတွေ မရှိလဲကိုယ့်ဘဝက ဘာမှဖြစ်မသွားဘူး။လူတိုင်းပျော်အောင်လုပ်နေတဲ့ပျော်တော်ဆက်လဲ မဟုတ်ဘူး။ ဒါကြောင့် အကန့်တွေနဲ့နေဖြစ်တယ်။ဘဝကလဲ အနှစ်သာရပိုရှိလာတယ်။ ကိုယ့်လူမှုကွန်ယက်မှာ အညီအဟောင်ရှင်းနေတာလဲအကုန်ရှင်းထားလို့။ စွမ်းဆောင်ရည်မြင့်လှပတွေပန်းတွေနံ့ ဥယျာဉ်ကြီးတည်ဆောက်ဖို့အမှိုက်တွေရှင်းဖို့လိုတယ်။ Phyo Paing @ Derek

အမှိုက်တွေရှင်းဖို့လိုတယ်။ Read More »

ဘဝမှာ အရာရာမရှိတော့ရင်တောင် အတွေ့အကြုံတွေကို ကိုယ်ပိုင်တယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့လေးမှာ ဘဝထဲရောက်လာပြီး ဟိုမြို့ရောက်လိုက်ဒီမြို့ရောက်လိုက်ချစ်ရတဲ့ မန္တလေးမြို့မှာ နှစ်နှစ်ဆယ်နေခဲ့ပြီးGo Big or Go Home ဒီစိတ်နဲ့ဘဲ ရှေ့ဆက်လာတယ်။ အရာရာဆုံးရှုံးသွားခဲ့ရင်တောင်အရင်းပဲ။အရူးအမူးချစ်ဖူးတယ်။ကြေကွဲဖူးတယ်။ ဥာဏ်မရှိတာတွေလုပ်ဖူးသလိုဥာဏ်လဲ ကောင်းဖူးတယ်။ မနေချင်တဲ့နေရာတွေမှာနှစ်ပေါင်းများစွာနေဖူးသလိုရောက်ချင်တဲ့နေရာတွေလဲသွားခဲ့တယ်။ တတ်ချင်တဲ့ဘာသာစကား တတ်အောင်သင်တယ်။ဖတ်ချင်တဲ့စာအုပ် ဖတ်နိုင်အောင်ဖတ်တယ်။လုပ်ချင်တဲ့ ကမ္ဘာ့ထိပ်တန်းဆေးကုမ္ပဏီလုပ်ခဲ့ဖူးတယ်။ ကိုယ် ရူးသွပ်တန်ဖိုးထားတဲ့အလုပ်နဲ့အသက်မွေးမှုတွေပြုတယ်။ အမေ့ကို ကျေးဇူးဆပ်ဖူးတယ်။လုပ်ချင်တဲ့လုပ်ငန်းတွေလဲလုပ်နေဆဲပဲ။ဖန်တီးချင်တဲ့ နည်းပညာ ဖန်တီးတယ်။ထုတ်ချင်တဲ့ စာအုပ်ထုတ်တယ်။ ကူညီပေးချင်တဲ့သူတွေကို ကူညီပေးနိုင်တယ်။ နေချင်တဲ့ ဘဝနေထိုင်မှုပုံစံ နေတယ်။ ဘဝမှာ အရာရာမရှိတော့ရင်တောင်အတွေ့အကြုံတွေကို ကိုယ်ပိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ အရာရာမရှိတော့ရင်တောင် အတွေ့အကြုံတွေကို ကိုယ်ပိုင်တယ်။ Read More »

လွယ်ကူတဲ့ အတတ်ပညာတစ်ခု

ကိုယ့်ဘဝကို ပြောင်းလဲစေတဲ့အရာအများကြီးထဲမှာ Psychology, Entrepreneurship နဲ့ Marketing သုံးခုပါတယ်။ စိတ်ပညာတတ်တော့လူတွေကို နားလည်လွယ်တယ်။လူတွေကစားတဲ့ ဂိမ်းတွေကို အကွက်တွေမြင်တော့ ကိုယ့်ကို လာ play လို့ မလွယ်တော့ဒရာမာတွေကို ရှောင်လို့ရတယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်မြင့်အောင်ကိုယ့်စိတ်ကိုယ် စီမံခန့်ခွဲလာနိုင်တယ်။ စွန့်ဦးတီထွင်မှုနားလည်တော့စျေးကွက်ပြဿနာကို အမြတ်ငွေယူ ဘယ်လိုဖြေရှင်းရမလဲနားလည်လာတယ်။ လူနဲ့ စနစ်အားသုံးပြီးလည်ပတ်မှုထဲကိုယ်မပါဘဲ ငွေရှာပေးဖို့လုပ်ဆောင်လို့ရတယ်။ မားကတ်တင်းနားလည်တော့သူစိမ်းကို အသိ၊အသိကို ဖောက်သည်၊ဖောက်သည်ကို အမာခံပရိသတ်၊အမာခံပရိသတ်ကို အတွင်းလူပြောင်းဖို့နည်းလမ်းတွေသိလာတယ်။ဒီနေ့လို ဒီဂျစ်တယ်ဆက်သွယ်ရေးခေတ်မှာဘယ်နေရာနေနေ မားကတ်တင်းလုပ်လို့ရတဲ့လွယ်ကူတဲ့ အတတ်ပညာတစ်ခုဖြစ်လာတယ်။ Phyo Paing @ Derek

လွယ်ကူတဲ့ အတတ်ပညာတစ်ခု Read More »

ဘာကြောင့်ငွေရှာသလဲ။

သူများအတွက်တော့မသိဘူး။ကိုယ့်အတွက်ကတော့ကိုယ်လုပ်ချင်တာလုပ်ဖို့။ လုပ်ချင်တဲ့အလုပ်ကိုလုပ်ချင်တဲ့နေရာမှာ စိတ်မပူမပန်ကိုယ့်စိတ်ကြိုက်လုပ်နေရဖို့။ ဘာအလုပ်တွေ လုပ်ချင်လဲ။ လူ၊ နည်းပညာ၊ ပညာရေး၊ အတွေးအခေါ်ပညာ၊စီးပွားရေးပညာ စိတ်ဝင်စားတယ်။ Laptop တစ်လုံးနဲ့ နေရာမရွေးမှာ လွတ်လွတ်လပ်လပ်အလုပ်လုပ်ချင်တယ်။ လွတ်လပ်မှု၊ ရင်ခုန်မှု၊ တိုးတက်မှုရဖို့နေ့စဥ် စမ်းသပ်မှု၊အသစ်တွေ့ရှိမှုတွေရှိချင်တယ်။ ဒါတွေလုပ်ဖို့ ဝန်ထမ်းအများကြီးမလိုဘူး။ပြိုင်ဆိုင်မှုတွေနဲ့ စိတ်ရှုပ်နေစရာမလိုဘူး။ကိုယ့်လမ်းကိုယ်ဖောက်၊ကိုယ့်အတွေးအခေါ်နဲ့ကိုယ်မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတဲ့စွန့်ဦးတီထွင်မှုLifestyle Entrepreneurship ဘဝနေထိုင်မှုအသားပေး စွန့်ဦးတီထွင်မှုရှိတယ်။ Phyo Paing @ Derek

ဘာကြောင့်ငွေရှာသလဲ။ Read More »

လူတွေရဲ့ဘဝကို ကွာခြားစေတဲ့အချက်

တူညီတဲ့ အခြေအနေတစ်ခုမှာလူတွေရဲ့ဘဝကို ကွာခြားစေတဲ့အချက်က“ခံယူချက်” ပဲ။ “ခံယူချက်” တွေက“ခံစားချက်” တွေကို လွှမ်းမိုးတယ်။ Phyo Paing @ Derek

လူတွေရဲ့ဘဝကို ကွာခြားစေတဲ့အချက် Read More »

အောင်မြင်မှု

အသက်အရွယ်တစ်ခုရောက်လာတော့အောင်မြင်မှုဆိုတာ ဘဝနေထိုင်မှု lifestyle တစ်ခုဆိုတာနားလည်လာတယ်။ အောင်မြင်မှုဆိုတာ တခဏဟန်ဆောင်လို့ရတဲ့ အရာ မဟုတ်ဘူး။ “ကိုယ့်မှာရှိတာထက် ပိုမသုံးဖို့”အနာဂတ်အတွက် ခြိုးခြံခြွေတာဖို့Live below your means ဆိုတာအမြဲလက်ခံတယ်။ ကိုယ်နေထိုင်နေတဲ့ ဘဝနေထိုင်မှုကိုအခြေအနေဘယ်လိုဖြစ်သွားပါစေဒုက္ခမရောက်သွားဖို့လိုတယ်။ ဒါကြောင့် ငွေကြေးစီမံခန့်ခွဲမှုအရေးကြီးတာ။မဟုတ်ရင် အရှင်လတ်လတ်ကိုယ်မလုပ်ချင်တဲ့အလုပ်ကိုမမြင်ချင်တဲ့သူတွေနဲ့နေ့တိုင်းလုပ်ပြီး ကိုယ်မကြိုက်တဲ့သူတွေ အထင်ကြီးဖို့ကိုယ့်ကိုယ်ကိုယ် ငြင်းဆဲနေမိမယ်။ Phyo Paing @ Derek

အောင်မြင်မှု Read More »

ပိုကောင်းချင် ဒီ ၇ ခုကို ပြောင်းကြည့်

၁။ အပျက်သဘောမှ အပြုသဘောသို့၂။ အတ္တဆန်မှုမှ ကိုယ်ချင်းစာနားလည်မှုသို့၃။ အကန့်အသတ်ရှိသောအတွေးမှ အကန့်အသတ်မဲ့အတွေးသို့၄။ တစ်ဖက်သတ်အမြင်မှ ဘက်စုံရှုထောင့်သို့၅။ အရှုံးပေးမှုမှ စိန်ခေါ်မှုအဖြစ် ရှုမြင်ခြင်းသို့၆။ ပုံသေကားကျအတွေးမှ ဆန်းသစ်တီထွင်မှုဆီသို့၇။ ရိုးရာဓလေ့ထုံးတမ်းမှ ခေတ်မီဆန်းသစ်သောအမြင်သို့ ကိုယ်တိုင်လဲ နံပတ် ၂ အချက်ကိုကြိုးစားပြင်နေတယ်။ Phyo Paing  @ Derek

ပိုကောင်းချင် ဒီ ၇ ခုကို ပြောင်းကြည့် Read More »

နောက်မျိုးဆက်အတွက် ဖြစ်နိုင်တယ်။

ဘဝမှာ ငယ်ငယ်က အဖိုး၊ အဖွားပြောပြတဲ့ သူတို့ငယ်ငယ်ပုံပြင်တွေကကိုယ့်ဘဝဖြတ်သန်းမှုမှာဒီလောက် အရေးပါမယ် မသိခဲ့ဘူး။ အသက်ဘေးက လွတ်အောင်ဘာသာစကားတစ်လုံးမှာနားမလည်တဲ့နိုင်ငံကိုကူးလာတာ။ပိုင်ဆိုင်မှုတွေထားပြီးသုညက ဘဝ ပြန်စရတာ။အဓိဂရုဏ်းတွေကြားရှင်သန်ရတာ။ပြည်သူပိုင်သိမ်းတာတွေ။နောင်တစ်ရက်ထလာတော့ရှာထားသမျှ သုံးမရတော့တာ။ ဒါကြောင့် လူတွေခိုးမရတဲ့နောက်မျိုးဆက်တွေကို ပညာအမွေကိုပေးဖို့ကြိုးစားတာ။ မနက် ၅ နာရီထ တရုတ်ကျောင်း ၆ နာရီအရောက်သွား။၈ နာရီ ကျောင်းဆင်း မြန်မာကျောင်းအမီကူးဖို့နေ့တိုင်း မုန်းတယ်။ အသက်ကြီးလာတော့သူတို့ရဲ့ လောကအမြင်ကလဲမမှားဆိုတာ သိလာတယ်။ ပညာပိုတတ်ရင် အနည်းဆုံးတော့မတတ်တဲ့သူတွေထက်အလုပ်လုပ်ရ ကိုင်ရပိုလွယ်တယ်။ဘာသာစကားပိုတတ်ရင်မတတ်သူတွေထက်လုပ်ရကိုင်ရပိုလွယ်တယ်။ ဒါကြောင့် မျိုးဆက် generations ဆိုတာအရေးကြီးတာနားလည်လာတယ်။ တခါတလေ ကိုယ်ကြိုးစားတာကိုယ့်အတွက်ပဲ ဟုတ်ချင်မှဟုတ်မယ်။နောက်မျိုးဆက်အတွက် ဖြစ်နိုင်တယ်။ Phyo Paing @ Derek

နောက်မျိုးဆက်အတွက် ဖြစ်နိုင်တယ်။ Read More »

စိတ်ထဲက အမှိုက်တွေရှင်းဖို့
ခွင့်လွတ်ပါ။

ဗုဒ္ဓဆိုဆုံးမမှုအရစေတသိတ်ကို ဒီလိုခွဲလို့ရပါတယ်။ ၁။ သဗ်ဗစိတ်တသာဓာရဏ စတေသိကျ – စိတ်တိုင်းနှင့် ယှဉ်တွဲဖြစ်ပေါ်သော စေတသိက်များ။ ဥပမာ – ဖဿ (တွေ့ထိမှု)၊ ဝေဒနာ (ခံစားမှု)၊ သညာ (မှတ်သားမှု)။ ၂။ ပကိဏ္ဏက စေတသိက် – တစ်ခါတစ်ရံ ဖြစ်ပေါ်သော စေတသိက်များ။ ဥပမာ – ဝိတက် (ကြံစည်မှု)၊ ဝီရိယ (အားထုတ်မှု)။ ၃။ အကုသိုလ် စေတသိက် – မကောင်းသော စိတ်နှင့်ယှဉ်တွဲဖြစ်ပေါ်သော စေတသိက်များ။ ဥပမာ – လောဘ (တပ်မက်မှု)၊ ဒေါသ (အမျက်ထွက်မှု)၊ မောဟ (တွေဝေမှု)။ ၄။ သောဘဏ စေတသိက် – ကောင်းသော စိတ်နှင့်ယှဉ်တွဲဖြစ်ပေါ်သော စေတသိက်များ။ ဥပမာ – သဒ္ဓါ

စိတ်ထဲက အမှိုက်တွေရှင်းဖို့
ခွင့်လွတ်ပါ။
Read More »