Dr Phyo Paing

Problem Formulation

AI ခေတ်မှာ အနာဂတ်အတွက်လိုအပ်တဲ့ ကျွမ်းကျင်မှုကPrompt Engineering တဲ့။ အကောင်းဆုံးအဖြေရဖို့ မေးခွန်းကိုသေချာမေးတာလို့အလွယ်ဆုံးမှတ်ယူလို့ရတယ်။ AI က အဖြေမေးဖို့ မေးခွန်း (Prompt = Input) မေးတဲ့အခါမေးတဲ့ အကြောင်းအရာကို တိကျ၊ ခိုင်မာ ပြီး သုံးသပ်မှုရှိရှိနဲ့မေးလေလေအဖြေရတာ ပိုကောင်းလေလေဖြစ်သွားမယ်။ တိကျ ကိုယ်မေးမည့်အကြောင်းကို တိတိကျကျမေးနိုင်ရမယ်။ဘယ်အတွက်၊ ဘာကို၊ ဘယ်လို၊ ဘယ်ပုံစံထုတ်ပေး။ ခိုင်မာ ခိုင်မာတဲ့အဖြေရဖို့ ဘယ်လို လူမျိုးအနေနဲ့ပြောပေးပါ။သက်သေပြဖို့လိုရင် ထည့်ဖို့။ သုံးသပ်မှုရှိရှိ ဒီလို မေးနိုင်ဖို့ ကိုယ်အဖြေရှာတဲ့ အကြောင်းအရာကိုProblem Formulation ကို သေချာသိရမယ်။ဘာပြဿနာကို ဖြေရှင်းမလဲ။ဒီပြဿနာကို ဖြေရှင်းဖို့ Problem diagnosis ပြဿနာရဲ့အရင်းအမြစ်ကို အဖြေရှာနိုင်ဖို့လိုတယ်။ရှုပ်ထွေးတဲ့ ပြဿနာကြီးကို Problem Decompositionတစ်စစီဖြုတ် သုံးသပ်တတ်ဖို့လိုတယ်။ မတူညီတဲ့ ရှုထောင့်က ပြဿနာကို မြင်ကြည့်Problem […]

Problem Formulation Read More »

ပြဿနာက အဖြေရှာဖို့။
ခိုလို ထိုင်ငြီး အပြစ်တင်ဖို့ မဟုတ်ဘူးဆို
မှားမယ်မထင်ဘူး။

တရုတ် Starbucks မှာ ဝန်ထမ်းမမြဲတဲ့ပြဿနာ အမြဲဖြစ်ခဲ့တယ်။လေ့လာကြည့်တော့ဝန်ထမ်းအများစုက တက္ကသိုလ်ကျောင်းသားတွေ၊တက္ကသိုလ်ဘွဲ့ရစတွေ ဖြစ်ပြီးမိဘအများစုရဲ့အမြင်က တက္ကသိုလ်တက်ပြီး ကော်ဖီရောင်းနေရတယ်။အဲ့လို မြင်ပြီး Apple တို့၊ Google တို့မှာအလုပ်ရစေချင်တယ်။ ဒါနဲ့ Starbucks က သူ့ရဲ့ People First Policy ကိုမိဘတွေ သိအောင်ရှင်းပြတဲ့အပြင်အာမခံကို ဝန်ထမ်းတွေပါမကသူတို့ မိဘတွေအတွက်ပါ စီစဥ်ပေးလိုက်တယ်။ နောက်ပိုင်း Starbucks မှာလုပ်တဲ့အမြင်က တဖြည်းဖြည်းပြောင်းလာတယ်။ Paypal ကို လူသုံးများအောင်စလုပ်သုံးကသူငယ်ချင်းတွေကို သုံးအောင်ညွှန်းပေးရင်$10 ပေးတယ်။နောက်ပိုင်း ကုန်ကျစရိတ်များလာတော့ဒီ ပရိုဂမ်ကိုရပ်ရင်လဲ လူအုပ်ကြီးရဲ့ပြဿနာရှိတယ်။ဒီတော့ visa/ master နဲ့ ချိပ်ပြီး$50 သွင်းရင် $10 fee ပေးတဲ့အပိုင်းလေးထည့်လိုက်တယ်။ Instagram ကို မစခင် ဓာတ်ပုံရိုက်၊ Checkin တင်တဲ့ Burbn ကိုလုပ်တယ်။Founder Kevin

ပြဿနာက အဖြေရှာဖို့။
ခိုလို ထိုင်ငြီး အပြစ်တင်ဖို့ မဟုတ်ဘူးဆို
မှားမယ်မထင်ဘူး။
Read More »

လူတွေကို မသိလိုက် မသိဖာသာ
လွမ်းမိုးနေတာ
လူမှု အဖွဲ့အစည်းပဲ။

လူတွေကို မသိလိုက် မသိဖာသာလွမ်းမိုးနေတာလူမှု အဖွဲ့အစည်းပဲ။ ကိုယ့်ဘေးနားက လူတွေကကိုယ့်ကို သိပ်လွမ်းမိုးမှုရှိတယ်။ မသိလိုက်ပဲ သင်ယူနေတယ်။ ဒါကို immersion လို့ခေါ်တယ်။ စိတ်နစ်ပြီး လူမှုအဖွဲ့အစည်းထဲဝင်လေလေကိုယ့်အပေါ်လွမ်းမိုးမှုရှိလေလေ။ ဒါကြောင့် ဘယ်လူမှုအဖွဲ့အစည်းကိုစိတ်နစ်ရမလဲ၊ ဘယ်လူမှုအဖွဲ့အစည်းနဲ့ ခပ်ခွာခွာနေရမလဲစဥ်းစားဖို့လိုနိုင်တယ်။ Phyo Paing @ Derek

လူတွေကို မသိလိုက် မသိဖာသာ
လွမ်းမိုးနေတာ
လူမှု အဖွဲ့အစည်းပဲ။
Read More »

လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။

လူတွေကို ဂုဏ်ယူစေတဲ့အရာတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ကိုယ့် client တွေ အောင်မြင်ရင်ဂုဏ်ယူတယ်။ကိုယ်ထုတ်တဲ့ကုန်ပစ္စည်းတွေကအသုံးပြုသူတွေရဲ့ ဘဝတိုးတက်ပြောင်းလဲစေရင်ဂုဏ်ယူတယ်။မစဥ်းစားမိတဲ့ ရှုထောင့်ကရေးလိုက်တဲ့စာတခြားသူတစ်ယောက်က အကျိုးရှိသွားရင်ဂုဏ်ယူတယ်။ ဘယ်လောက်ကြမ်းတမ်းတဲ့အခက်အခဲဖြစ်ဖြစ်အထာကျကျ ဖြေရှင်းနိုင်တာ ဂုဏ်ယူတယ်။ Phyo Paing @ Derek

လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။
Read More »

ခေတ် + စနစ် + စကေး = နေရာ

တော်တိုင်း နေရာမရဘူး။ ဥာဏ်ကောင်းတိုင်း မချမ်းသာဘူး။ကြိုးစားတိုင်း မအောင်မြင်ဘူး။ ခေတ် + စနစ် + စကေး = နေရာ ကိုယ်လုပ်တဲ့ အလုပ်၊ကိုယ့်ကျွမ်းကျင်မှုက ခေတ်၊ စနစ်နဲ့ မကိုက်ရင်အံဝင်ဂွင်ကျဖြစ်မှာ မဟုတ်ဘူး။ခေတ်၊ စနစ်၊ စကေးကကိုယ်ရောက်နေတဲ့နေရာကိုဖော်ပြတယ်။ အခုခေတ်က ဘာခေတ်လဲ။ နေနေတဲ့နေရာက ဘာစနစ်လဲ။ ကိုယ့်မှာရှိသင့်တာက ဘာစကေးလဲ။ Phyo Paing @ Derek

ခေတ် + စနစ် + စကေး = နေရာ Read More »

ဒါက ဝန်ထမ်းရေးရာအတွက် အရေးကြီးတဲ့
လုပ်ငန်းဆောင်တာပဲ။

လုပ်ငန်းရှင်တစ်ယောက်ရဲ့ဝန်ထမ်းစီမံခန့်ခွဲမှုထိန်းသိမ်းမှု အရည်အချင်းကိုတစ်ခုတည်းနဲ့ မေးကြည့်လို့ရနိုင်တယ်။ အလုပ်တွဲလုပ်တဲ့အကြာဆုံးဝန်ထမ်းသက်တမ်းဘယ်လောက်ရှိပြီလဲ။ ဝန်ထမ်းရေးရာပြဿနာကြုံတယ်ဆိုတာ ကိုယ်က ဒီပြဿနာကို အဖြေမရှာနိုင်သေးလို့။ တော်ပြီးကောင်းတဲ့ ဝန်ထမ်းတွေကိုယ့်ဆီလာအလုပ်လုပ်ချင်ဖို့၊ သူတို့တိုးတက်ပြီး အလုပ်ပြီးအောင်လုပ်ပေးဖို့၊သူတို့ကိုယ့်လုပ်ငန်းမှာ ကြာနိုင်သမျှကြာအောင်နေဖို့ဒါက ဝန်ထမ်းရေးရာအတွက် အရေးကြီးတဲ့လုပ်ငန်းဆောင်တာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဒါက ဝန်ထမ်းရေးရာအတွက် အရေးကြီးတဲ့
လုပ်ငန်းဆောင်တာပဲ။
Read More »

ပွားဖို့ ငှားဖို့လိုတယ်။

ပွားဖို့ ငှားဖို့လိုတယ်။ ဝင်ငွေတိုးပွားဖို့ ကိုယ့်လုပ်အားကြီးသုံးလို့မရဘူး။၁။ နည်းပညာအား၂။ လူအား၃။ ငွေအား၄။ ဥာဏအား၅။ အဆက်အသွယ်အား၆။ ဦးဆောင်သူရဲ့ ပါရမီအား ငှားပြီးစျေးကွက်ပြဿနာကို အထိရောက်ဆုံးဖြေရှင်းနိုင်လေလေအမြတ်ငွေပိုပွားလေလေ။ အားငှားတတ်မှ အမြတ်ငွေပွားမယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ပွားဖို့ ငှားဖို့လိုတယ်။ Read More »

ကိုယ်ထင်တာကိုပဲ အမှန်လို့မထင်နဲ့။
အတွေးအခေါ် လိုအပ်ရင်
update လုပ်ကြည့်။

လုပ်ငန်းစလုပ်တုန်းက အမြဲ ကြုံတဲ့ ပြဿနာက ဝန်ထမ်းပြဿနာ။ စာအုပ်ထဲမှာပါသလို သွားအုပ်ချုပ်လို့မရဘူး။ နောက်ပြီး ပညာအရေအချင်း၊ လူမျိုး၊ လာတဲ့နေရာ မတူရင်စဥ်းစားပုံက မတူပြန်ဘူး။ ဝန်ထမ်းပြဿနာ ကြုံတိုင်းငါလေ့လာနေတယ်ဆိုတဲ့စိတ်နဲ့လူတွေကို နားလည်နိုင်မှုကိုupdate လုပ်လုပ်သွားတယ်။ သင်္ချာမှာ သီအိုရီတစ်ခုရှိတယ်။အဖြစ်အပျက်ပေါ်မူတည်ပြီးကိုယ့်အထင်၊ အမြင်၊ ယုံကြည်မှုကိုupdate လုပ်သွားတာ။ ဒါကို Bayes’ rule လို့ခေါ်ပြီး ဘဝရဲ့ ဥပဒေသ တစ်ခုအနေနဲ့ကျင့်သုံးဖြစ်တယ်။ ပြဿနာတစ်ခုက ထပ်ခါထပ်ခါဖြစ်ရင်ငါယုံကြည်ထားတာ ဘာလဲ၊ ငါ့အထင်အမြင်နဲ့ တကယ်ဖြစ်နေတာကြားမှာကွာဟမှု ရှိသလား။ဘာတွေ အမြင် update လုပ်ရမလဲ။ ဘဝမှာ Bayes’ Rule (ဘေးရူး) ကို ကျင့်သုံးကြည့်။ ကိုယ်ထင်တာကိုပဲ အမှန်လို့မထင်နဲ့။ အတွေးအခေါ် လိုအပ်ရင်update လုပ်ကြည့်။ ဘဝကို မြင်တဲ့အမြင် ကြည်၊ တောက်၊ ရှင်းလာလိမ့်မယ်လို့ထင်တယ်။ ဥပမာ

ကိုယ်ထင်တာကိုပဲ အမှန်လို့မထင်နဲ့။
အတွေးအခေါ် လိုအပ်ရင်
update လုပ်ကြည့်။
Read More »

Wave + Flow = WOW

Wave + Flow = WOW စီးပွားရေး အခွင့်အလမ်းလှိုင်းတွေက တစ်ခုပြီးတစ်ခုလာတယ်။ ဒီလှိုင်း Wave တွေကကိုယ်လုပ်နေတဲ့၊ ပြင်ဆင်နေတဲ့၊ လေ့ကျင့်နေတဲ့၊ ကျွမ်းကျင်နေတဲ့၊ ကိုယ်နဲ့တစ်သားတည်းကျ၊တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အလုပ် Flow နဲ့ ဆုံမိတဲ့အခါ ထင်မှတ်မထားတဲ့ အံ့အားသင့်လောက်အောင်အောင်မြင်နိုင်မှု Wow ဖြစ်တယ်။ ဒီနေ့ခေတ် စီးပွားရေးမှာ အောင်မြင်တဲ့ ဘယ်သူ့ကို မဆို ဒါနဲ့ ကြည့်လို့ရတယ်။ အခွင့်အလမ်းတွေ့မှ ထလုပ်ကြရင်အခွင့်အလမ်းရှိတုန်းခဏပဲရမယ်။ ရေရှည်လှိုင်းကို စီးသွားနိုင်မှာ မဟုတ်ဘူး။ Xiaomi ရဲ့ Lei Jun ကို ကြည့်။ စမတ်ဖုန်းတွေ ခေတ်မစားခင်Kingsoft မှာ ၁၆ နှစ် အတွေ့အကြုံယူလေ့ကျင့်ခဲ့တယ်။ Bytedance ကိုကြည့်AI တစ်ခေတ်မလာခင်ကတည်းက ပြင်ဆင်နေတယ်။ သူ့အရင် မျိုးဆက်ဖြစ်တဲ့Alibaba ကိုကြည့်ရင် ခေတ်ဦးကတည်းက China

Wave + Flow = WOW Read More »

ဆွဲဆန့်ပါ။

ကိုယ်ကျွမ်းကျင်တာထက်နည်းနည်းပို ခက်တဲ့အလုပ်လုပ်ရရင်ကိုယ့်ရဲ့ အရည်အချင်းလုပ်ဆောင်နိုင်စွမ်းကို ဆွဲဆန့်ရပြီ။ ဒီနေရာမှာ ဖိစီးမှု အနည်းငယ်ဖြစ်တယ်။ ဒီဖိစီးမှုက ကိုယ့်ကို တိုးတက်စေတယ်။ ဒီတိုးတက်မှုက ပျော်စေတယ်။ ဒါကြောင့် လွယ်တဲ့အလုပ်တွေပဲထိုင်လုပ်မနေပါနဲ့။ ကိုယ့်ကို စိန်ခေါ်တဲ့ အလုပ်တွေလဲလုပ်ကြည့်ပါ။ ရေမကူးတတ်ပဲ ရေထဲခုန်ချတာမျိုးမဟုတ်ဘူး။ရေနက်တဲ့နေရာလေး တစ်လှမ်းချင်းသွားပြီးသွားလိုက် ပြန်ကူးလာလိုက်လေ့ကျင့်တာမျိုး။ Phyo Paing @ Derek

ဆွဲဆန့်ပါ။ Read More »