လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
အသက်ကို ပြင်းပြင်းရှူသွင်းကြည့်။ အာရုံလေးစိုက်ပြီး ပြန်ရှူထုတ်ကြည့်။ ဝင်သက်ထွက်သက်တိုင်းမှာ သတိလေးထားပြီး ပစ္စုပ္ပန်ကို အာရုံစိုက်နိုင်ရင်ငြိမ်းချမ်းမှုဆိုတာရှိတယ်။ တရုတ်အတွေးအခေါ်မှာ “သဟဇာတ” ကျဖို့Taoism ဆိုတာရှိတယ်။ လောကမှာ အရာရာကို အဖိုနဲ့ အမYin and Yang ခွဲနှစ်ခုမျှဖို့လိုတယ်။ အသက်ရှူသွင်းတာရှိသလို၊ အသက်ရှူထုတ်တာ ရှိတယ်။ ဘဝမှာ အဆိုးတွေရှိသလိုအကောင်းတွေလဲ ရှိတယ်။ ဘဝကို အထာကျကျနဲ့ သဟဇာတရှိရှိဖြစ်သန်းဖို့ အတွေးအခေါ်တစ်ခုနဲ့ ဘဝကို နေထိုင်ကြည့်တယ်။ ဒါကို Master Your Flow လို့နာမည်ပေးလိုက်တယ်။ သားရေကွင်းက ဆွဲလွန်းရင်လဲပြတ်တယ်။ အလားတူပဲ စွမ်းဆောင်ရည်အမြင့်ဆုံးPeak Productivity သွားတဲ့အခါဇွတ်အတင်းလုပ်တဲ့အခါအရုပ်ကြိုးပြတ်သွားနိုင်တယ်။ အချစ်ရေးမှာလဲ အလားတူပဲ။ရူးသွပ်မှုကို အခြေခံရင်ကြေကွဲမှု နောက်ကလိုက်လာမယ်။ အရာရာကို ညင်ညင်သာသာ Flow ရေစီးကြောင်းထဲ ဝင်အောင်လုပ်ဖို့လိုတယ်။ ဘဝရဲ့ ရေစီးကြောင်းကိုတွေ့တဲ့အခါရေဆန်ပြီး ရုန်းကန်နေရတာပျောက်သွားလိမ့်မယ်။ အထာကျကျ […]
