သင်ခန်းစာရနိုင်သမျှယူ။
ဒီနေ့မှာ လုပ်နေတဲ့အလုပ်တိုင်းကအနာဂတ်မှာလုပ်မည့်အလုပ်အတွက်လှေကားထစ်ပဲ။သင်ခန်းစာရနိုင်သမျှယူ။အနာဂတ်အတွက် နေ့တိုင်းပြင်။ Phyo Paing @ Derek
သင်ခန်းစာရနိုင်သမျှယူ။ Read More »
ဒီနေ့မှာ လုပ်နေတဲ့အလုပ်တိုင်းကအနာဂတ်မှာလုပ်မည့်အလုပ်အတွက်လှေကားထစ်ပဲ။သင်ခန်းစာရနိုင်သမျှယူ။အနာဂတ်အတွက် နေ့တိုင်းပြင်။ Phyo Paing @ Derek
သင်ခန်းစာရနိုင်သမျှယူ။ Read More »
အခွင့်အလမ်းကိုယ့်ရှေ့ရောက်လာတဲ့အခါဖမ်းယူနိုင်တဲ့ အစွမ်းအစမရှိလို့စိတ်ညစ်ရမည့်အဖြစ်မျိုးမဖြစ်အောင်နေ့တိုင်းပြင်ဆင်နေဖို့လိုတယ်လို့ထင်တာပဲ။ ပေးတဲ့အခွင့်အလမ်းဖမ်းယူနိုင်စွမ်းမရှိရင်မပြင်ဆင်ထားတဲ့သူရတဲ့ရလဒ်ပဲရမယ်။ လူတိုင်းကိုယ်နဲ့ထိုက်တန်တာပဲ ရတတ်တယ်။ Phyo Paing @ Derek
လူတိုင်း
ကိုယ်နဲ့ထိုက်တန်တာပဲ ရတတ်တယ်။ Read More »
ဘဝမှာ ကိုယ်ဖြေရှင်းချင်တဲ့ အရေးကြီးတဲ့ ပြဿနာတွေရှိတယ်။ ဒါကတော့ “ပညာရေး”ပဲ။ ပညာရေးက ဘဝတွေကို အပြောင်းအလဲ လုပ်ပေးနိုင်တယ်။ လူမှုဘဝ လှေကားထစ်တစ်ဆင့်ချင်းတက်ဖို့ “ပညာရေး” က ကူညီပေးတယ်။ ကျွန်တော့်ဘဝကို ပြောင်းလဲစေတာလဲ“ပညာရေး” ပဲ။ ကျွန်တော် တကယ်ယုံကြည်တဲ့ပညာရေးကတော့“ကိုယ်တိုင်လေ့လာ အဖြေရှာတဲ့ ပညာရေး”။ ဘာကြောင့်လဲဆိုတော့ တိုးတက်မှုဆိုတာ ဘယ်သူ့မှလာလုပ်ပေးလို့မလွယ်ဘူး။ကိုယ်တိုင်လုပ်ဆောင်ရတဲ့ ကိုယ်တိုင်လုပ် “Do it Yourself – DIY” ဖြစ်ပါတယ်။ ဒါကြောင့် ဘဝတစ်ခုလုံးကို ဒီတိုးတက်ဖို့ “ပညာရေး” မှာ ရင်းနှီးမြုပ်နှံထားတယ်။ ကိုယ့်ဘဝရဲ့ သမိုင်းပေးအလုပ်life’s task က ကိုယ့်ကိုခွင့်ပေးတဲ့သူတွေရဲ့ဘဝကိုအကောင်းဆုံး ဗားရှင်းဖြစ်အောင်ပညာရေး၊ နည်းစနစ်နဲ့ နည်းပညာအသုံးပြုပြီးကူညီပေးဖို့ပဲ။ Phyo Paing @ Derek
စွန့်ဦးတီထွင်မှုဟာ ရင်ခုန်စရာကောင်းတဲ့ကစားပွဲတစ်ခုပဲ။ ဒို့မြန်မာပြည်မှာတော့ တက်ကျမ်းတို့၊ စွန့်ဦးတီထွင်တို့ဆိုတာ ဟာသတစ်ခုလိုဖြစ်နေတတ်ကြတယ်။ တခါတလေ အနောက်တိုင်းကမြင်တဲ့အမြင်၊တရုတ်က မြင်တဲ့အမြင်၊ ကျွန်တော်တို့ ပြည်တွင်းကမြင်တဲ့အမြင်က တော်တော်လေးကွာတယ်။ အမြင်မတူရင် အမြင့်မတူနိုင်ဘူး။ အမေရိကန်က ကလေးတွေကမွေးကတည်းက ကမ္ဘာကြီးကိုပြောင်းလဲနိုင်တယ်လို့သူတို့ မိဘတွေက သင်ကြတယ်။တရုတ်က စီးပွားရေးလုပ် ချမ်းသာနိုင်တယ်လို့သင်ကြတယ်။ပြည်တွင်းမှာတော့ အားလုံးသိတဲ့အတိုင်းပဲ။ အဲ့လိုပဲ အမေရိကန်နည်းပညာတွေနဲ့ကမ္ဘာကြီးကို ပြောင်းလဲတယ်။ တရုတ်က အကောင်အထည်ဖော်မှုပိုင်းမှာပိုကောင်းအောင် လုပ်တဲ့နည်း၊Business model innovation နဲ့ပြိုင်တယ်။ လူတစ်ယောက်ရဲ့ လောကအမြင်ကအရေးကြီးတယ်။ အပြစ်တင်တာများပြီး အဖြေရှာတာနည်းတဲ့နေရာတစ်ခုမှာ အလုပ်လုပ်ရင်လုပ်သလို ရှေ့ရောက်တာပဲ။ တရုတ်လိုနေရာမှာ အလုပ်လုပ်တိုင်းရှေ့မရောက်ဘူး။လူအများစုက ဆာလောင်ပြီးအရှေ့ရောက်ဖို့ အဖြေရှာနေကြတယ်။ ကျွန်တော်တို့ဆီမှာ စားဖို့သောက်ဖို့ရှိ၊အင်တာနက်လိုင်းရှိပြီး၊ဖုန်းရှိရင် ဘဝကို အပြောင်းအလဲလုပ်လို့ရတယ်။ ဘဝခက်ခဲတာတော့ လောကဓံရှစ်ပါး လူတိုင်း အနည်းနဲ့အများဖြစ်နေမှာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
စွန့်ဦးတီထွင်မှုဟာ ရင်ခုန်စရာကောင်းတဲ့
ကစားပွဲတစ်ခုပဲ။ Read More »
စီးပွားရေးတစ်ခု စဖို့ နေရာ၊ လုပ်အား၊ ငွေကြေး၊ စွန့်ဦးတီထွင်မှုလိုတယ်။ စွန့်ဦးတီထွင်က ကျွမ်းကျင်လုပ်သားတွေရဲ့လုပ်အား၊ ငွေရဲ့လုပ်အားအသုံးပြုပြီးစျေးကွက်ရဲ့ဝယ်လိုအားကိုဖြည့်ဆည်းဖို့ စျေးကွက်ပြဿနာကိုရှာဖွေဖော်ထုတ်ပြီးကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုဝယ်ယူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချတယ်။ ကိုယ်က လုပ်ငန်းရှင်ဆို လုပ်ငန်းရှင်တတ်သင့်တာ တတ်ဖို့လိုတယ်။ ၁။ ကျွမ်းကျင်လုပ်သားရှာဖွေ၊ လေ့ကျင့်၊ ထိန်းသိမ်း၊ အုပ်ချုပ်ရေး။ ၂။ ငွေကြေးရှာဖွေ၊ ထိန်းသိမ်း၊ အုပ်ချုပ်ရေး။ ၃။ စျေးကွက်ပြဿနာကို တီထွင်ဆန်းသစ်မှုရှိရှိ အဖြေရှာရေး။ ၄။ ကိုယ့်ထုတ်ကုန်ကို အဆက်အပြတ်ရောင်းချနိုင်ရေး။ ဒီကျွမ်းကျင်မှုမရှိရင် လုပ်ငန်းရှင် တာဝန်မကျေဘူးလို့ဆိုရမယ်။ ထုတ်ကုန်အဆက်အပြတ်ရောင်းချနိုင်ရေးအတွက်မားကတ်တင်း၊ အရောင်း၊ ဝန်ဆောင်မှုအဆက်အပြတ်လုပ်နေတဲ့ ထပ်ခါထပ်ခါ လုပ်ဆောင်လို့ရတဲ့ စနစ်လိုတယ်။ စျေးကွက်ပြဿနာကို အဖြေရှာဖို့ ထောက်လှမ်းနေဖို့လိုတယ်။ ထုတ်ကုန်သစ်တွေ ရှာဖွေဖန်တီးနေလို့လိုတယ်။ ငွေကြေးအဆက်မပြတ်ဝင်နေပြီးဝင်ငွေကထွက်ငွေထက် များအောင်စီမံခန့်ခွဲနေရတယ်။ လူတော်လူကောင်းတွေလာအောင်နည်းလမ်းရှာပြီးမြဲအောင်၊ တိုးတက်အောင်လုပ်ဆောင်တဲ့ ရုံးတွင်းယဥ်ကျေးမှုတည်ဆောက်နိုင်ဖို့လိုတယ်။ ကိုယ်က တခြားသူလုပ်ငန်းငှားပြီးဝင်ငွေရှာတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေ
စီးပွားရေးတစ်ခု စဖို့ Read More »
သစ္စာလေးပါးသိတယ်။မဂ္ဂင်ရှစ်ပါးသိတယ်။ မကျင့်သုံးရင် စာတွေ့။ စာတွေ့ပြီး ငါတွေ့မှတကယ့်တွေ့မှာ။ book smart က စာတွေ့၊ ခက်ခက်ခဲခဲ အကြပ်အတည်းကနည်းလမ်းရှာရှင်သန်နိုင်တာ street smart ငါတွေ့။ စာပဲ တွေ့ပြီး ငါမတွေ့ရင်ပညာရင်ဖြစ်မယ်။ ငါပဲ တွေ့ပြီး စာမတွေ့ရင်စျေးသည်အကြီးစားပဲဖြစ်မယ်။ စာတွေ့နဲ့ ငါတွေ့ဖြစ်မှပိုကြီးတဲ့ အနာဂတ်တည်ဆောက်ရေးမှာကူညီပေးနိုင်မယ်။ Phyo Paing @ Derek
စာတွေ့ + ငါတွေ့ = တကယ်တွေ့ Read More »
လက်ရှိအခြေအနေထက်၂ ဆ၊ ၃ ဆ က လွယ်ကောင်းလွယ်နိုင်ပေမယ့်၁၀ ဆ နဲ့ အဆ ၁၀၀ တိုးဖို့အတွက်ကပြောသလောက် မလွယ်တော့ဘူး။ လောကကို မြင်တဲ့အမြင်၊ကစားနေတဲ့ ဂိမ်း၊ စဥြးစားတဲ့ပုံစံ၊ တွေ့နေကျ ပေါင်းနေကျလူတွေ၊ နေ့စဥ်လုပ်နေတဲ့ အလုပ်တွေ၊ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေတိုးတက်အောင် မြင့်တင်ထားဖို့လိုပြီ။ အရေးအကြီးဆုံးက ပြင်ဆင်မှုထားမှုနဲ့ အခွင့်အရေးဆုံမှတ်မှန်ကန်တဲ့အချိန် timing ကောင်းဖို့လိုတယ်။ ကျွန်တော်တို့ ပြင်ဆင်နေတဲ့အနာဂတ်ရဲ့ timing ကောင်းတွေကဘယ်အချိန်တွေများလဲ။ လေဝှေ့တစ်ချက် timing ကောင်းတစ်ချက်ကကိုယ့်ကို အဆ ၁၀၀ လဲ ပိုကြီးသွားစေနိုင်တယ်။ မေးခွန်းက အဲ့အချိန်ကို စိတ်ရှည်ဇွဲသန်သည်းညည်းခံစောင့်နိုင်ရဲ့လား။ တချို့ရေရှည်ဂိမ်းတွေကရေတိုကြည့်တဲ့လူတွေနဲ့ ဆော့လို့မရတာမျိုး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ပြင်ဆင်မှုထားမှုနဲ့ အခွင့်အရေးဆုံမှတ်
မှန်ကန်တဲ့အချိန် timing ကောင်းဖို့လိုတယ်။ Read More »
ဝန်ထမ်းတွေကို ဒီလိုခွဲကြည့်။ ညွှန်ကြားတာ မလုပ်တဲ့သူ၊ညွှန်ကြားတာကို လွဲအောင်လုပ်မှအဆင်ပြေတဲ့သူ၊ညွှန်ကြားတာကို ဖြစ်အောင်လုပ်တဲ့သူ၊ညွှန်ကြားတာကို ထောင့်စေ့အောင်စဥ်းစားပြီး လုပ်ဆောင်တဲ့သူ၊ ညွှန်ကြားတာကို ထောင့်စေ့အောင်စဥ်းစားလုပ်ဆောင်ပြီးဥာဏ်သုံးပြီး ပိုကောင်းအောင်ဖန်တီးမှုရှိရှိလုပ်တဲ့သူ။ ကိုယ့်နားမှာ ဘယ်လို လူတွေဝန်းရံထားမှ လုပ်ငန်းအောင်မြင်မလဲစဥ်းစားကြည့်။ အရေးကြီးတာ ကိုယ်လိုချင်တဲ့ဝန်ထမ်းပုံစံ ရဖို့ ကိုယ်တိုင်ကလဲ အဲ့လိုဝန်ထမ်းလာအောင်ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိမှရနိုင်မယ်။ လူတိုင်းက ကိုယ်နဲ့ တန်တာပဲရတတ်ကြတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay
ဝန်ထမ်းတွေကို ဒီလိုခွဲကြည့်။ Read More »
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်နိုင်တဲ့ကျွမ်းကျင်မှု မရှိသေးသမျှလည်ပတ်မှုထဲဝင်ပါပြီးဥစ္စာစောင့်ဖြစ်နေအုံးမှာပဲ။ လုပ်ငန်းကို ကုန်ပစ္စည်းတစ်ခုလို စဥ်းစားကြည့်။ ဒါကို Productize လို့ခေါ်ကြတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay
ဒါကို Productize လို့ခေါ်ကြတယ်။ Read More »
လုပ်ငန်းတိုင်းမှာ အိမ်မက်ရှိတယ်။ ဒီအိမ်မက်ကို ချရေးထားတာကိုလုပ်ငန်းရဲ့ အနာဂတ်အမြင်လို့ခေါ်တယ်။ အနာဂတ်အမြင်က လုပ်ငန်းတစ်ခုသွားနေတဲ့ အကောင်အထည်ဖော်နေတဲ့အိမ်မက်တစ်ခုပဲ။ သင့်လုပ်ငန်းရဲ့ အနာဂတ်အမြင်ကဘာလဲ။ Phyo Paing @ Derek #drphyopaing
လုပ်ငန်းတိုင်းမှာ အိမ်မက်ရှိတယ်။ Read More »