Dr Phyo Paing

ဘဝမှာ ရွေးချယ်မှုတွေ အရေးကြီးတယ်။

ဘယ်နေရာမှာနေမယ်။ဘာအလုပ်လုပ်မယ်။ လုပ်ငန်းကို ဘယ်လိုလည်ပတ်မယ်။နေ့စဥ် ဘယ်လိုအလုပ်တွေလုပ်မယ်။ဘယ်အချိန် ဘယ်ကိုပြောင်းမယ်။ဘဝမှာ ရွေးချယ်မှုတွေ အရေးကြီးတယ်။ ရွေးချယ်မှုမှန်သလို ကြိုးစားမှုလဲ မှန်သွားရင်ရလဒ်ကောင်းကောင်းရတာပဲ။ Phyo Paing @ Derek

ဘဝမှာ ရွေးချယ်မှုတွေ အရေးကြီးတယ်။ Read More »

အချိန်ကုန်တာမြန်တယ်။

ပျော်ရင်အချိန်ကုန်တာမြန်တယ်။စိတ်ညစ်ရင် အချိန်ကုန်တာနှေးတယ်။ဝမ်းသာရင် ခဏလို့ထင်ရပြီးအထီးကျန်ရင် တစ်ဘဝလို့ထင်ရတတ်တယ်။ Phyo Paing @ Derek

အချိန်ကုန်တာမြန်တယ်။ Read More »

ပညာရပ်တစ်ခုလေ့လာတဲ့အခါ

မပြောင်းလဲတဲ့ အရာတွေရှိတယ်။ပြောင်းလဲသွားတဲ့ အရာတွေရှိတယ်။ အခြေခံသဘောတရားတွေက မပြောင်းလဲဘူး။ ခေတ်ကာလအယူအဆတွေကပြောင်းလဲသွားတယ်။ မပြောင်းလဲတဲ့ အခြေခံသဘောတရားတွေကို“အခြေခံ အမှန်တရား” လို့ခေါ်တယ်။ဒီ fundamental truths တွေကိုနားလည်ဖို့ ပညာသင်ကြတယ်။ ဗုဒ္ဓဘာသာမှာ ဘဝရဲ့ အခြေခံအမှန်တရားကို သစ္စာလေးပါးနဲ့ ဖော်ပြတယ်။သစ္စာဆိုတာ မဖောက်ပြန်တဲ့ အမှန်တရား။ ပညာရပ်တစ်ခုလေ့လာတဲ့အခါဒီ မဖောက်ပြန်တဲ့ အမှန်တရားတွေရှိတယ်။ ဆေးပညာမှာလဲရှိတယ်။ စီးပွားရေးပညာမှာလဲရှိတယ်။ စိတ်ပညာမှာလဲရှိတယ်။နည်းပညာမှာလဲရှိတယ်။ ကိုယ်က မဟာဗျူဟာချမှတ်တဲ့ဦးဆောင်တဲ့သူဆိုရင် ဒီ မဖောက်ပြန်တတ်တဲ့အမှန်တရားတွေကိုတွေးနိုင်၊ ကြည့်နိုင်၊ မြင်နိုင်ဖို့လိုတယ်။ နယ်ပယ်တစ်ခုကို ဖောက်ထွက်တွေးနိုင်တယ်ဆိုတာ ဒီ မဖောက်ပြန်တဲ့ အမှန်တရားတွေကို သေချာ နားလည်သဘောပေါက်လို့။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ပညာရပ်တစ်ခုလေ့လာတဲ့အခါ Read More »

ကိုယ်မစဉ်းစားပဲ မနေနိုင်တဲ့
အလုပ်လုပ်။

ကိုယ်မစဉ်းစားပဲ မနေနိုင်တဲ့ အလုပ်လုပ်။မစဉ်းစားပဲ မနေနိုင်တဲ့အလုပ်ကိုစီးပွါးရေးအနေနဲ့ပြောင်း။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ကိုယ်မစဉ်းစားပဲ မနေနိုင်တဲ့
အလုပ်လုပ်။
Read More »

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဘယ်လိုအခြေအနေဖြစ်ဖြစ်ကိုယ့်ပန်းတိုင်တွေအတွက်စိတ်ဓာတ်ဘယ်လောက်ခိုင်မာလဲ။ စည်းကမ်းဘယ်လောက်ရှိသလဲ။ဘယ်လောက် ဇွဲနဘဲရှိလဲ။ ဘယ်လောက်ထိ အမှန်နဲ့အနီးစပ်ဆုံးမြင်ပြီးအမြဲ စူးစမ်းလေ့လာလိုစိတ်ရှိလဲ။ လူတွေကို ဘဝတွေကွာခြားစေတာကံကြမ္မာအပြင်စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပဲ။ ဘဝရဲ့ ပေးထားချက်တွေဖြစ်တဲ့မွေးတဲ့နေရာ၊ ငယ်ဘဝဖြတ်သန်းမှုကရွေးလို့မရဘူး။မေးထားချက်တွေကို အဖြေရှာလို့ရတယ်။ ဘဝဆိုတာ ပေးထားချက်ကိုအသုံးပြုမေးထားချက်ကို အဖြေရှာတဲ့နေရာပဲ။ Phyo Paing @ Derek

စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ Read More »

Lifestyle Entrepreneur

လုပ်ငန်းရှင်ပုံစံတွေအများကြီးထဲမှာLifestyle Entrepreneur ဆိုတာရှိတယ်။ ဘဝနေထိုင်မှုအသားပေး စွန့်ဦးတီထွင်လို့ ဆိုရမလား။ ကိုယ်ကလုပ်ငန်းအတွက်မဟုတ်ပဲလုပ်ငန်းက ကိုယ့်အတွက်ဖြစ်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်မျိုး။ အလွတ်တမ်းပညာရှင် Freelancer လဲမဟုတ်ဘူး။လုပ်ငန်းကို ကြီးထွားဖို့အသားပေးတဲ့ Growth-driven entrepreneur လုပ်ငန်းရှင်မျိုးလဲမဟုတ်ဘူး။ ကိုယ့်ဘဝကို ကြိုက်တဲ့နေရာမှာနေမယ်။ကိုယ်မလုပ်ရမနေနိုင်တဲ့ အလုပ်တွေလုပ်မယ်။ကိုယ့်ဝန်းထမ်းတွေက နေရာအစုံမှာ။ရုံးမရှိဘူး။ Remote Team နဲ့ သွားတယ်။ ဒီလိုလုပ်ဖို့၁။ လူမှုကွန်ယက်ကို အသုံးပြုတတ်ဖို့လိုတယ်။၂။ စီးပွားရေးတည်ဆောက်ရေးအကြောင်းသေချာသိဖို့လိုတယ်။ ၃။ ကိုယ့်ကိုယ်ကိုယ် သေချာသိဖို့လိုတယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

Lifestyle Entrepreneur Read More »

အရေးအကြီးဆုံးက ဒီဘဝမှာ

ပိုက်ဆံကို မက်တာထက်ပိုက်ဆံကပေးတဲ့ လွတ်လပ်မှုကိုမက်တာ။ ဘဝမှာ မသေခင် သိသွားချင်တဲ့အရာကကိုယ်ရဲ့အစွမ်းအစ ဘယ်လောက်ရှိလဲ။ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အလုပ်တွေကိုလုပ်သွားမယ်။ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့ စျေးကွက် ပြဿနာတွေကိုဖြေရှင်းသွားမယ်။ ငွေကြေးက ရွေးချယ်မှုတွေကိုပိုများစေတယ်။ ငွေကြေးက လွတ်လပ်မှုကိုပေးတယ်။ ငွေက လောင်ဆာဆီလိုပဲ။ ရှေ့ဆက်သွားဖို့ အထောက်အကူပြုတယ်။ အရေးအကြီးဆုံးက ဒီဘဝမှာဘယ်နေရာမှာ မွေးမွေး၊ဘယ်ကပဲ လာခဲ့လာခဲ့၊ လူသားအတွေ့အကြုံကို အကောင်းဆုံးယူပြီးလွတ်လပ်မှု၊ ပျော်ရွင်မှု၊ ကြည့်နူးမှု၊ ရင်ခုန်မှု၊ဂုဏ်ယူမှု၊ တက်ကြွမှု၊ ကျေးဇူးတင်မှု၊ ချစ်ခြင်းတရားတွေနဲ့ရှေ့ဆက်သွားချင်တယ်။ Phyo Paing @ Derek

အရေးအကြီးဆုံးက ဒီဘဝမှာ Read More »

မနိုင်နိုင်ရင် မပြိုင်နဲ့။

မနိုင်နိုင်ရင် မပြိုင်နဲ့။Jack Welch ကIf you don’t have competitive advantage, don’t compete တဲ့။ ဂိမ်းတစ်ခုထဲမဝင်ခင်အရင်ရွေးရတယ်။ ဒီဂိမ်းထဲမှာ အချိန်အမြန်ဆုံး၊အလယ်အလတ်၊ အကြာဆုံးအချိန်ပေးရင်နိုင်နိုင်မလဲ ကြည့်။ တကယ်လို့ မနိုင်နိုင်ရင် အချိန်ကြာလွန်းပြီး သေချာတဲ့ရာခိုင်နှုန်းနည်းရင်ပြိုင်တဲ့ဂိမ်းကိုပြောင်း။ မပြိုင်ဘဲ နိုင်လို့ရတယ်။ လူတိုင်းက Growth-driven entrepreneur မဟုတ်။ဒိုင်လျှိုစျေးကွက် Niche-driven နဲ့သွားလို့ရနိုင်တယ်။ ဒိုင်လျှိုစျေးကွက်က ပြဿနာတွေဖြစ်ရင်တောင်အများကြီးခံသာတယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

မနိုင်နိုင်ရင် မပြိုင်နဲ့။ Read More »

လူအများစုက
လောကကို အဓိပ္ပာယ်ဖွင့်တာ
ခက်ခဲကြရတယ်။

ကျွန်တော်တို့ကြီးပြင်းလာတဲ့ပညာရေးစနစ်က “အဖြူ” နဲ့ “အမဲ”၊“အကောင်း”နဲ့ “အဆိုး”၊“လူဆိုး” နဲ့ “လူကောင်း”ဒီနှစ်ခုပဲ သင်ပေးလိုက်တယ်။ ဘဝမှာ ကျတော့ အဖြူစစ်စစ် မရှိသလို၊ အမဲစစ်စစ်လဲ မရှိပြန်ဘူး။အကုန်လုံးက ကြားကာလာတွေ။နည်းတာနဲ့ များတာပဲ ကွာတယ်။ ဒီတော့ လူအများစုက လောကကို အဓိပ္ပာယ်ဖွင့်တာ ခက်ခဲကြရတယ်။ Phyo Paing @ Derek

လူအများစုက
လောကကို အဓိပ္ပာယ်ဖွင့်တာ
ခက်ခဲကြရတယ်။
Read More »

ထွက်ပေါက်။

မီးလောင်ရင် ထွက်ပေါက်ရှာထားသလိုပဲအနာဂတ်အတွက် တစ်ခုခုဖြစ်ခဲ့ရင်ထွက်ပေါက်ကို အမြဲစဥ်းစားထားတာကောင်းတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ မီးလောင်တဲ့အခါ ရေပန်းတွေအော်တိုကျအောင်ကာကွယ်လို့ရတယ်။မီးငြိမ်းရမည့် လက်နက် fire extinguisher တွေထားလို့ရတယ်။နောက်အရေးပေါ်ထွက်ပေါက်ကလဲ ထားထားဖို့လိုတယ်။ ဘဝ၊ အလုပ်၊ စီးပွားမှာလဲ အတူတူပဲ။ ဗိုလ်မဆွဲရင်တောင် ပြိုလဲမသွားဖို့ ထွက်ပေါက်တစ်ခု အမြဲထားဖို့လိုတယ်။ Phyo Paing @ Derek

ထွက်ပေါက်။ Read More »