Dr Phyo Paing

ဘာကုမ္ပဏီလဲ?

Xiaomi က SU7 ထုတ်တော့Tesla ကို ပြိုင်မယ်လို့ပြောကြတယ်။ Tesla က စက်ရုပ်ကုမ္ပဏီ။Xiaomi က မားကတ်တင်း ကုမ္ပဏီ။ မဟာဗျူဟာချတဲ့အခါမြင်တဲ့အမြင် ကိုဖော်ပြတဲ့Metaphor ဥပစာ အရေးကြီးတယ်။Elon Musk က Tesla ကိုRobot on Wheel တဲ့။ဘီးပေါ်က စက်ရုပ်တဲ့။အခု Optimus လို့သိထားတဲ့Tesla Bot ကို ပြန်ထုတ်တယ်။နောက် Built-in 5G ပါမယ်။နောက် Robotaxi network လုပ်တယ်။Tesla က Transportation ပို့ဆောင်ရေးလုပ်တဲ့နည်းပညာကုမ္ပဏီ။ Xiaomi က မားကတ်တင်း ကုမ္ပဏီ။Xiaomi ရဲ့ တည်ထောင်သူLei Jun ရဲ့ စီးပွားရေးရဲ့ အတွေးအခေါ်ကစားသုံးသူနဲ့ သူငယ်ချင်းလုပ်မယ်။သူ့ကားလာဝယ်တဲ့သူတွေကိုကိုယ်တိုင်တံခါးဖွင့်ပေးတယ်။ပေါချောင်ကောင်းရောင်းတယ်။စျေးပေါချောင်ချိရမယ်။အရည်အသွေးကောင်းရမယ်။ သူ့ရဲ့ မော်ဒယ်က စျေးကွက်ထဲမှာစျေးကွက်မရှိတဲ့ ကုန်ပစ္စည်းမထုတ်ဘူး။ ကိုယ့်လုပ်ငန်းက ဘာကုမ္ပဏီလဲကိုယ့်ကိုယ်ကို […]

ဘာကုမ္ပဏီလဲ? Read More »

ဉာဏ်ပညာ

ဥာဏ်ပညာကို မြတ်နိုးတန်ဖိုးထားတယ်။တန်ဖိုးထားသလို တိုးတက်အောင်လဲနေ့တိုင်း လေ့ကျင့်တယ်။ကိုယ်မသိတဲ့အရာတစ်ခုကို ရှင်းလင်းသိမြင်သွားတဲ့အရသာကဘယ်အရာနဲ့မှ မလဲနိုင်ဘူး။ Phyo Paing @ Derek

ဉာဏ်ပညာ Read More »

လုပ်ရင်းစောင့်

လုပ်ရင်းစောင့် ဒီနေ့လုပ်နေတဲ့အလုပ်တွေကဒီနေ့အတွက်မဟုတ်ဘူး။ ဒီနေ့လုပ်နေတဲ့အလုပ်တွေက အနာဂတ်အတွက်။အနာဂတ်အတွက် ထိုင်စောင့်နေတာအကောင်းဆုံးနည်းလမ်းမဟုတ်ဘူး။အလုပ်တွေ လုပ်၊ကြိုတင်ပြင်ဆင်ရင်း၊ဒီနေ့ရဲ့ အနှစ်သာရကိုလဲ ခံစား၊အလုပ်တွေလုပ်ရင်း ကိုယ်ရဲ့ အနာဂတ်အမြင်ထဲကဘဝကိုတည်ဆောက်။လုပ်ရင်းစောင့်။ Phyo Paing @ Derek

လုပ်ရင်းစောင့် Read More »

မဟာဗျူဟာ

စဥ်ထားတဲ့ မဟာဗျူဟာကိုမမြင်ခင်မှာ အရူးလို့ပြောကြလိမ့်မယ်။စဥ်ထားတာ အကောင်အထည်ပေါ်လို့မြင်သွားတဲ့အခါအမျှော်အမြင်ရှိတယ်လို့ ပြောကြလိမ့်မယ်။ ဘယ်လေးကို ဘယ်လိုလုပ်တယ်ဗျူဟာကို ကော်ပီကူးလို့ရကောင်းရလိမ့်မယ်၊တွေးပုံ၊ ကြံပုံ၊ လုပ်ပုံတွေပေါင်းစပ်ပြီးစိတ်ရှည်ရှည်အချိန်ပေးတည်ဆောက်ရတဲ့မဟာဗျူဟာကို ကော်ပီကူးလို့ ခက်လိမ့်မယ်။ Phyo Paing @ Derek

မဟာဗျူဟာ Read More »

ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ဖို့

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ဖို့ ၁။ နယ်ပယ်တစ်ခုမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်အောင်လုပ်ပါ။ ၂။ စာ၊ ဗီဒီယို၊ ဓာတ်ပုံ content တွေ ဖန်တီးပါ။၃။ YouTube နဲ့ လူမှုကွန်ယက်တွေကိုရွှေဥ ဥပေးတဲ့ ဒီဂျစ်တယ်ငန်းအဖြစ်မွေးပါ။ Phyo Paing @ Derek

ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ဖို့ Read More »

Productize

တချို့လုပ်ငန်းတွေက ဝယ်ရောင်းလုပ်လို့ရတယ်။ တချို့ လုပ်ငန်းတွေကဝယ်ရောင်းလုပ်လို့မရဘူး။ဘာကွာလဲဆို ဦးဆောင်သူအပေါ်အရမ်းမှီခိုလား၊ မမှီခိုလားဆိုတဲ့မေးခွန်းပဲ။ ဒါကြောင့် လုပ်ငန်းတစ်ခုကို တချိန်ပြန်ရောင်းဖို့ ရည်ရွယ်ရင်ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ထားဖို့လိုတယ်။ ဥပမာ အင်္ဂလိပ်စာ သင်တန်းကျောင်းတစ်ခုဗျာတည်ထောင်သူဦးဆောင်ပြီး လည်ပတ်နေတာနဲ့တည်ထောင်သူ မပါတော့ပဲ လည်ပတ်နေပြီးလစဥ် ဝင်ငွေရတာနဲ့ တန်ဖိုးဖြတ်တဲ့အခါ တည်ထောင်သူမပါပဲ လည်ပတ်နေတာကိုပဲဝယ်မည့်သူတွေက ပိုကြိုက်ကြမယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့တော့ အစမ်းကြီးဖြစ်ကောင်းဖြစ်နေနိုင်တယ်။ တကယ်တမ်း နိုင်ငံတကာမှာ Private Equity Game က တော်တော်တောင်ကြမ်းနေပြီ။ လုပ်ငန်းတစ်ခုကို ကွန်ဒိုတစ်ခုလိုပဲ စဥ်းစားကြည့်။ လုပ်ငန်းဆိုတာ စျေးကွက်ပြဿနာဖြေရှင်းတာ။စျေးကွက်အကြောင်းအမြဲမျက်စိဖွင့်နားစွင့်ဖို့၊ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ အသစ်ဖန်တီးဖို့၊အသိပေးဖို့၊ ရောင်းချဖို့၊ ဝန်ဆောင်မှုပေးဖို့၊ ငွေလက်ခံဖို့၊ လည်ပတ်ဖို့ ဒါတွေကို လုပ်ဆောင်ပြီး လုပ်ငန်းတစ်ခုလုံးကို ကုန်ပစ္စည်းတစ်ခုလိုစဥ်းစားတာ။ဒါကို Productize လို့ခေါ်ပါတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

Productize Read More »

စီးပွားဂေဟ စနစ် Ecosystem ပြိုင်တဲ့ခေတ်။

လုပ်ငန်းတစ်ခု စတင်တဲ့အခါအနာနဲ့ ဆေးတည့်ဖို့ ၁။ Problem-Market Fit ၂။ Proposition-Market Fit ၃။ Product-Market Fit ၄။ Platform-Market Fit ဒီလေးခုလိုတယ်။ ကိုယ်ဖြေရှင်းနေတဲ့ ပြဿနာကဘာလဲ၊ ကိုယ့်ရဲ့ messaging က ဘယ်လိုသွားသလဲ၊ ကုန်ပစ္စည်းက စျေးကွက်ပြဿနာဘယ်လိုဖြေရှင်းပေးမလဲ၊ဒါကို ပလက်ဖောင်းတစ်ခုလို ဘယ်လိုပြောင်းမလဲ။ ဒီနေ့ခေတ်က စီးပွားရေးတစ်ခုထဲပြိုင်တဲ့ခေတ်မဟုတ်တော့ဘူး။စီးပွားဂေဟ စနစ် Ecosystem ပြိုင်တဲ့ခေတ်။ ကူးလို့ အလွယ်ကူဆုံးက အိုင်ဒီယာ၊ လုပ်ပုံကိုင်ပုံကိုတော့ ကူးလို့ရချင်ရမယ်။စီးပွာဂေဟ စနစ်တည်ဆောက်ပုံကို တစ်ပုံစံတည်း ကော်ပီကူးလို့ မရဘူး။ ဗျူဟာအလုပ်ဖြစ်ရင် ကူးဖို့လွယ်တယ်။သူက အချိန်တိုအတွင်းဖြစ်တဲ့အတွက်။ မဟာဗျူဟာက ဆယ်စုနှစ်ဝက်ကစလို့အချိန်ပေးရတာဖြစ်တဲ့အတွက် ကော်ပီဘယ်လောက် ကူးကူး၊ကူးလို့ မလွယ်ဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စီးပွားဂေဟ စနစ် Ecosystem ပြိုင်တဲ့ခေတ်။ Read More »

တူရာ တူရာပဲစုတယ်။

လူတိုင်းက ကျွမ်းကျင်ရာ လိမ္မာရာ အသက်မွေးကြတယ်။ အလုပ်အပေါ်ထားတဲ့ ခံယူချက်တွေကခံစားချက်တွေကို လွမ်းမိုးတယ်။ အကောင်းဆုံး ဖောက်သည်တွေရချင်ရင်အကောင်းဆုံးဖြစ်အောင် လုပ်နေဖို့လိုတယ်။ ဓာတ်တူရာစုဖြစ်တဲ့အတွက်တူရာ တူရာပဲစုတယ်။ Phyo Paing @ Derek

တူရာ တူရာပဲစုတယ်။ Read More »