Dr Phyo Paing

နည်းမတွေ့သေးတာ။

မော်တီဗေးရှင်းကို မရှာနဲ့၊ ရလဒ်ရတဲ့နည်းကို ရှာ။ပိုက်ဆံရှိတဲ့ လူတွေက ပိုက်ဆံ ပိုရှာရတာကို ကြိုက်တယ်။ စာတော်တဲ့ ကလေးက စာလုပ်ရတာကို ကြိုက်တယ်။ တိုးတက်နေတဲ့ သူကတိုးတက်တဲ့ အရသာကို ကြိုက်တယ်။ လူတွေက လုပ်ငန်းစဉ် process တွေမှာပျော်တာ မဟုတ်တတ်ကြဘူး။ “ရလဒ်ရတဲ့” လုပ်ငန်းစဥ် တွေမှာပျော်တာ။ စာလေ့လာပြီး စာမေးပွဲမအောင်ရင်စာလေ့လာရတာကိုလဲ မကြိုက်တတ်ကြဘူး။ ရလဒ်ရတဲ့နည်းတွေ တွေ့ရင်တိုးတက်တာပဲ။ ကိုယ်မတော်တာ မဟုတ်ဘူး။ ရလဒ်ရတဲ့ နည်းမတွေ့သေးတာ။ Phyo Paing @ Derek

နည်းမတွေ့သေးတာ။ Read More »

ဒါကြောင့် နည်းလမ်းဆိုတာ လိုလာတာ။

ကြိုးစားတိုင်း အောင်မြင်ရင်လူတိုင်း ကြိုးစားနေကြမှာပေါ့။ စီးပွားရေး လုပ်တိုင်း ကြီးပွားကြမယ်ဆို လူတိုင်း စီးပွားရေး လုပ်ကြမှာပေါ့။ လမ်းလျှောက်တိုင်း ပန်းတိုင်ရောက်ကြတာမှမဟုတ်တာ။ လမ်းမသိရင် ခဏခဏ မှားမယ်။နည်းမသိရင် ကြာမယ်။ ဒါကြောင့် နည်းလမ်းဆိုတာ လိုလာတာ။ Phyo Paing @ Derek

ဒါကြောင့် နည်းလမ်းဆိုတာ လိုလာတာ။ Read More »

အကြည်ဓာတ်

အကြည်ဓာတ်နဲ့ နေနိုင်တာအာရုံလာနောက်တဲ့သူတွေကို လျစ်လျူရှုနိုင်လို့ပဲ။ :3 Phyo Paing @ Derek

အကြည်ဓာတ် Read More »

တိုးတက်နေရင် ပျော်ရွင်တယ်။

ဘယ်တော့မှ မမှားတဲ့အရာတစ်ခုကကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံမှုလုပ်တာပဲ။ ကိုယ့်ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်၊စီးပွားရေးနဲ့ ငွေရေးကြေးရေး၊အချစ်ရေးနဲ့ မိသားစုရေး၊ လူမှုရေး၊ ဘာသာရေး၊ကိုယ်ယုံကြည်တဲ့ သမိုင်းပေးတာဝန်။ တိုးတက်နေရင် ပျော်ရွင်တယ်။ဆုတ်ယုတ်နေရင် မပျော်ဘူး။ Phyo Paing @ Derek

တိုးတက်နေရင် ပျော်ရွင်တယ်။ Read More »

Know thyself

ဘဝမှာ ကိုယ့်အတွက်အခက်ခဲဆုံးက တစ်ခုကကိုယ့်ကိုယ်ကို နားလည်အောင်လုပ်ရတာပဲ။ ကိုယ့်ကိုယ်ကို နားလည်မှကိုယ့်စကားကိုယ် နားထောင်အောင်လုပ်လို့ရတယ်။ ဒါကြောင့်လဲ ဆိုကရေးတီးက Know thyself တဲ့။ ဒီစကားလုံး နှစ်လုံးက သိပ်တန်ဖိုးရှိတာပဲ။ ကိုယ့်ရဲ့အတွေး၊ အကြံ၊ အလုပ်တွေနေ့တိုင်း ပိုနားလည်အောင်လုပ်ပြီးလိုအပ်ရင် ပြုပြင်နေရတယ်။ Phyo Paing @ Derek

Know thyself Read More Âť

ဘဝရဲ့ နေ့စဉ် KPI က
ကိုယ့်ရဲ့ တိုးတက်မှုပဲ။

ဘဝရဲ့ နေ့စဉ် KPI ကကိုယ့်ရဲ့ တိုးတက်မှုပဲ။ငွေထက် ကိုယ့်အသက်မွေးဝမ်းကျောင်းပညာနဲ့ငွေရှာပေးနိုင်တဲ့ အစွမ်းအစကိုပိုတန်ဖိုးထားတဲ့အခါနေ့စဉ်တိုးတက်နေအောင်လေ့ကျင့်နေဖို့လိုတယ်။ငှက်တစ်ကောင်က နားနေတဲ့သစ်ပင်ထက်အတောင်ပံကို အားကိုးနိုင်မှပဲကိုယ်လိုရာခရီးသွားနိုင်မှာ။ Phyo Paing @ Derek

ဘဝရဲ့ နေ့စဉ် KPI က
ကိုယ့်ရဲ့ တိုးတက်မှုပဲ။
Read More Âť

တစ်ရက်

တစ်ရက်ကို သုံးနာရီကနေခြောက်နာရီလောက်ပဲတကယ်အလုပ်လုပ်တယ်။ အဲ့လောက်အလုပ်လုပ်ဖို့လေ့လာတာ၊ အနားယူအားဖြည့်တာ၊ပြင်ဆင်တာ တော်တော်လုပ်ရတယ်။ Phyo Paing @ Derek

တစ်ရက် Read More »

တခါတလေ

အသက်ကို ဝဝလင်လင်ရှူပြီးအသက်ရှင်သန်နေရတာကံကောင်းနေသေးတယ်။ ဘဝမှာ ကင်ဆာဖြစ်လို့သေဖို့ စောင့်နေတဲ့ လူနာတွေ၊ HIV တွေ့တာ စသိလို့ဘဝကို စိတ်ဓာတ်ကျနေတဲ့ လူနာတွေ။ အဆုပ်တွေ ပျက်စီးလို့ အသက်ရှူမဝ လူနာတွေ။ဒါတွေနဲ့ ဆယ်စုနှစ်ဝက်တစ်ခုကျော်မြင်လာ၊ ကြားလာ၊ တွေ့လာတော့လက်တွေ့ဘဝရဲ့ ပြဿနာတွေကိုခံနိုင်စွမ်း မြင့်လာတယ်။ Phyo Paing @ Derek

တခါတလေ Read More »

ပျော်ရွင်မှုရဲ့ ရန်သူက

ပျော်ရွင်မှုရဲ့ ရန်သူက လူတွေရဲ့ အထင်အမြင်ကို အရမ်းဂရုစိုက် ခံစားလွန်းခြင်းပဲ။ Phyo Paing @ Derek

ပျော်ရွင်မှုရဲ့ ရန်သူက Read More »

စိန်ခေါ်မှုတစ်ခု

ကိုယ့်ကို ဒီနေ့၊ မနက်ဖြန်၊ အနာဂတ်နေ့တိုင်း ပျော်စေမည့်အရာတွေလုပ်။ အဲ့လို ပျော်စေမည့်အရာကကိုယ့်ကို တိုးတက်စေမည့်အရာပဲ။ အစပိုင်းမှာ ပျော်ချင်မှ ပျော်မယ်။ဒီနေ့မှာ ပျော်အောင်လုပ်နိုင်ဖို့ကစိန်ခေါ်မှုတစ်ခုပဲ။ ဒါကို ကျော်နိုင်ရင် မနက်ဖြန်နဲ့ အနာဂတ်ပျော်ပြီ။ Phyo Paing @ Derek

စိန်ခေါ်မှုတစ်ခု Read More »