Dr Phyo Paing

ဒါကို leverage လို့ခေါ်တယ်။

နည်းနည်းလုပ်ပြီး များများရတာ leverage ပဲ။ အလုပ်နည်းနည်းလုပ်ပြီးရလဒ်များများရဖို့ leverage လုပ်လို့ရတယ်။ ငွေနည်းနည်းရင်းပြီးရလဒ်များများရဖို့ leverage လုပ်လို့ရတယ်။ လူတွေနဲ့ တိရစ္ဆာန်ကိုကွာစေတာ leverage လုပ်နိုင်စွမ်းပဲ။ ကျားသစ်ကြုတ် တစ်ကောင်အပြေးဘယ်လောက်မြန်မြန်မန္တလေးက ရန်ကုန်ကို တစ်ပြိုင်တည်းမပြေးနိုင်ဘူး။လူတွေက နည်းပညာသုံးတဲ့အခါမန္တလေးက ရန်ကုန်ကို တစ်ခါတည်းသွားလို့ရတယ်။ ကြိုးစားမှုထက် အသုံးချတတ်မှုကအရင်လာတယ်။ ဒါကို leverage လို့ခေါ်တယ်။ လူ၊ နည်းပညာ၊ အဆက်အသွယ်၊ သတင်းအချက်အလက်ဘယ်အရာတွေကို ကိုယ့်ရဲ့ leverage အနေနဲ့အသုံးပြုနေလဲ။ A little effort for greater returns is all about leverage. You can achieve more results with less work by leveraging. Similarly, with […]

ဒါကို leverage လို့ခေါ်တယ်။ Read More »

ဘဝမှာလဲ အဲ့လိုပါပဲ။

ကျွန်တော့် page ကို မှတ်စုရေးထားတဲ့နေရာလိုပဲစဥ်းစားတယ်။ တွေးမိတာတွေ ရေးထားတယ်။ တခြားသူတွေလဲ ကိုယ်နဲ့အတွေးတူတဲ့သူတွေရှိရင်ကြည့်လို့ရအောင် ကိုယ့်ဘဝ ဖြတ်သန်းမှုခရီးစဥ်ကိုအဓိကရေးတယ်။ လူတွေကြည့်လို့ရတဲ့ မှတ်စုလို့ပြောရင်ရမယ်။ အမှားတွေလဲပါနိုင်မယ်။ အယူအဆပြောင်းလဲသွားတာတွေလဲဖြစ်နိုင်တယ်။ကိုယ်နဲ့ ကိုက်ညီတာတွေ့နိုင်သလဲ၊ကွဲလွဲတာတွေလဲ တွေ့နိုင်တယ်။ ကိုက်ညီရင်ယူ၊ မကိုက်ညီရင် ကျော်သွားဘဝမှာလဲ အဲ့လိုပါပဲ။ ကိုယ်လဲ စင်းလုံးချောသူတော်ကောင်းကြီးမဟုတ်ဘူး။ နေ့တိုင်းတော့ ပိုကောင်းအောင် ကိုယ့်အချိန်နဲ့ စွမ်းအင် ကိုအကောင်းဆုံးအသုံးပြုပြီး ကိုယ့်အတွက်၊ ကိုယ်နဲ့နီးစပ်တဲ့ မိသားစုအတွက်၊ ကိုယ့်အတွင်းလူအပေါင်းအသင်းတွေအတွက်၊ ကိုယ့် client တွေအတွက်၊ ကိုယ်နဲ့သိသူတွေအတွက်၊ ကိုယ့်ကိုသိသူတွေအတွက်၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက်ကိုယ်ကျွမ်းကျင်ရာ၊ လိမ္မာရာကအနည်းနဲ့အများ နေ့တိုင်းကူညီပေးနိုင်အောင်လုပ်ဆောင်နေတာ နေ့တိုင်းဂုဏ်ယူစေတဲ့အချက်ပဲ။ I consider my Facebook page as a place to jot down notes, just like

ဘဝမှာလဲ အဲ့လိုပါပဲ။ Read More »

အနာဂတ်မျိုးဆက်အတွက်ပဲ။

လူတွေက ဘာကြောင့်တရုတ်စွန့်ဦးတီထွင်တွေထက်အမေရိကန်စွန့်ဦးတီထွင်တွေကို ပိုလေးစားအားကျကြသလဲ? ဘာကြောင့်လဲဆို သူတို့ဖန်တီးလိုက်တဲ့ တီထွင်ဆန်းသစ်မှုတွေကလူသားမျိုးနွယ်တစ်ခုလုံးကို သက်ရောက်မှုရှိစေလို့ဖြစ်တယ်။ တရုတ်ရဲ့ Baidu AI ထွက်တယ်။ တရုတ်အတွက်ပဲ။ Antropic ရဲ့ Claud,OpenAI ရဲ့ Chatgpt, Google ရဲ့ Gemini Perplexity အကုန်လုံးက တစ်ကမ္ဘာလုံး သုံးလို့ရတယ်။ ဘာကြောင့်လဲဆို နိုင်ငံတစ်နိုင်ငံကိုတည်ဆောက်တဲ့အခါ အခြေခံတဲ့အိုင်ဒီရော်လော်ဂျီကြောင့်။ ဒီနေ့ခေတ်ဖြစ်နေတဲ့ အိုင်ဒီရော်လော်ဂျီကကိုယ့်ခေတ်မှာ ချခဲ့တာ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ အတိတ်ကမျိုးဆက် ပေးခဲ့တဲ့ အမွေးတစ်ခုဖြစ်နိုင်တယ်။ ဒီနေ့လုပ်တာက ကိုယ့်မျိုးဆက်အတွက်ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ အနာဂတ်မျိုးဆက်အတွက်ပဲ။ ဒီသာဓကကို အမေရိကန်၊မြောက်ကိုရီးယား၊ တရုတ်ပြည်မ၊ထိုင်ဝမ်၊ စလုံးကိုကြည့်ရင်သိနိုင်တယ်။ အရင်မျိုးဆက်တည်ဆောက်ထားတာကိုဒီနေ့မျိုးဆက်က ဆက်ခံရတာမျိုး။ Why do people value American innovations more than Chinese ones?

အနာဂတ်မျိုးဆက်အတွက်ပဲ။ Read More »

လူဖြစ်ခြင်းတာဝန်ကို

လူတစ်ယောက်က ကမ္ဘာမြေကြီးပေါ်မွေးလာတိရစ္တာန်တွေကို စားသောက်၊ အသီးအရွက်တွေ စားသောက်ပြီးလူအချင်းချင်း ဒုက္ခပေးသွားတဲ့သူတွေရှိတယ်။ ဒီအတိုင်းပဲ ပြန်သေသွားတဲ့သူတွေရှိတယ်။ လူ့အဖွဲ့အစည်းမှာ တာဝန်ကျေတဲ့သူသားတစ်ယောက်အနေနဲ့ တခြားသူတွေရဲ့ဘဝနေထိုင်မှုပိုကောင်းအောင် ကူညီပေးတဲ့သူတွေရှိတယ်။ လူသားမျိုးနွယ်အကုန်မဟုတ်ရင်တောင်၊လူမျိုးတစ်မျိုး၊ တစ်နိုင်ငံကို ကိုဘဝတွေ တိုးတက်ပြောင်းလဲအောင်လုပ်ပေးသွားတဲ့သူရှိတယ်။ လူသားမျိုးနွယ်စုတစ်ခုလုံးဘဝတွေပိုကောင်းအောင်ဆက်သွယ်မှုပိုမြန်၊ မီးအလင်းရောင်တွေရ၊ လေထဲ၊ ရေထဲမှာ ခရီးသွား၊ အသိပညာတွေ အလင်းပွင့်၊ အသက်တွေ ပိုရှည်၊ အာကာသထဲထိခြေဆန့်ဒီလို အပြောင်းအလဲလုပ်ပေးသွားတဲ့ သူတွေရှိတယ်။ ဒီလို လူအချင်းချင်းဒုက္ခပေးတဲ့သူ၊ ဘဝကို ဖြစ်သလိုကုန်ဆုံးသူ၊ လူဖြစ်ခြင်းတာဝန်ကို ကိုယ့်ကဏ္ဍကိုယ်သိ ထမ်းဆောင်သူတွေရှိတယ်။ နိုင်ငံတစ်ခုကိုပြောင်းလဲသွားပေးတဲ့သူတွေရှိတယ်။လူသားတွေဘဝကို ပြောင်းလဲမြင့်တင်သွားပေးတဲ့သူတွေရှိတယ်။ Every individual emerges into the vast expanse of our world, engaging in the consumption of animals, fruits, and

လူဖြစ်ခြင်းတာဝန်ကို Read More »

ကိုယ့်ကိုယ်ကို
သတိအမြဲပေးဖြစ်တယ်

တဒင်္ဂစိတ်ခံစားမှုများ၊ ဒါပေမယ့် စိတ်မှတ်မရှိ၊ ကိုယ့်ကို လာစော်ကားပြီးတောင်းပန်ရင် ခွင့်လွတ်လွယ်၊ပြဿနာတစ်ခုကို ချက်ချင်းပြေလည်သွားချင်၊ စိတ်မရှည်၊အကောင်းမြင်လွန်း၊ထင်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါ တစ်ခုခုဆို သူများအပြစ်တင်၊ အပေါ်ယံတွေကို ကြိုက်၊ပွဲမပြီးခင် အောင်ပွဲခံချင်၊ ခံစားချက် အထူးဦးစားပေး၊ထပ်ဆင့်ဖြစ်နိုင်တဲ့အရာတွေကို တွေးခေါ်မှုမရှိ၊ဗုဒ္ဓအဆုံးအမကို လိုရာစွဲယူတလွဲလုပ်၊ဒုက္ခသာတူတူခံနိုင်ပြီးတစ်ယောက်ကပိုအောင်မြင်သွားရင်မုဒိသာမပွါးနိုင်ပဲရန်သူတွေဖြစ်။ဒါမျိုးမဖြစ်အောင် ကိုယ့်ကိုယ်ကို သတိအမြဲပေးဖြစ်တယ်။ Experiencing anger, yet not holding grudges, easily forgiving those who mock and apologize, desiring immediate resolution to a problem, being impatient, overly optimistic, blaming others when things don’t go as expected, favoring assumptions, wishing to celebrate

ကိုယ့်ကိုယ်ကို
သတိအမြဲပေးဖြစ်တယ်
Read More »

လေးစားမှုဆိုတဲ့အရာက
အထူးလုပ်ယူနေလို့ရတဲ့အရာမဟုတ်ဘူး။

ကျွန်တော် ဆေးကျောင်းမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။နောက်ဆုံးတန်းမှာ သူနဲ့အမြဲထိုင်တယ်။စာကြည့်တိုက်လုပ်ပြီး လူတွေကို ပညာအလင်းဖွင့်ပေးတယ်။ ယုံကြည်ရာအတွက် ဘဝကိုစတေးတယ်။သူယုံကြည်ရာအတွက် သူ့နောက်လိုက်တွေကို“ပစ်မထားခဲ့ဘူး”။ တခါတလေ လေးစားမှုဆိုတဲ့အရာက အထူးလုပ်ယူနေလို့ရတဲ့အရာမဟုတ်ဘူး။ ပြဿနာတစ်ခုဖြစ်လာတဲ့အခါဖန်တီးတဲ့သူတွေရှိတယ်။တွန်းလှန်တဲ့သူတွေရှိတယ်။ ဘေးထိုင်ဘုပြောတဲ့သူတွေရှိတယ်။ကြားထဲက အမြတ်ထုတ်သွားတဲ့သူတွေရှိတယ်။ကြည့်စရာမျက်နှာတွေများတဲ့အတွက် ရှေ့ဆက်နေရတဲ့သူတွေရှိတယ်။ချနှင်းခံရတဲ့သူတွေရှိတယ်။ ကိုယ်ဘယ်နေရာပါမလဲလိပ်ပြာလုံဖို့လိုတယ်။ Phyo Paing @ Derek

လေးစားမှုဆိုတဲ့အရာက
အထူးလုပ်ယူနေလို့ရတဲ့အရာမဟုတ်ဘူး။
Read More »

အကောင်းဆုံးတည်ဆောက်

အဘိုးက ဆုံးမဖူးတယ်။ ငါတို့ ရေကြည်ရာမြတ်နုရာကိုပြောင်းလာတာ။ဘယ်နေရာမှာ နေနေကိုယ်နေတဲ့နေရာကို အကျိုးပြု။ကိုယ့်ကိုယ်ကို၊ ကိုယ့်အမျိုးကို အကောင်းဆုံးတည်ဆောက်တဲ့။ ကိုယ့်အမျိုးကိုယ်ချစ်မှ သူများ အနိုင်မကျင့်မှာတဲ့။ Grandfather told me we’ve moved to new places in search of green pastures. Wherever you live,make it beneficial to your surroundings.Build the best for yourself and your kin.Only by loving your own peoplewill others not oppress them. Phyo Paing @ Derek

အကောင်းဆုံးတည်ဆောက် Read More »

ဘယ်လို အလုပ်လုပ်လဲ လေ့လာရတယ်။

Facebook ကို ခိုင်းစားဖို့ Facebook ဘယ်လို အလုပ်လုပ်လဲလေ့လာရတယ်။Tik Tok ကို ခိုင်းစားဖို့ Tik Tok ဘယ်လိုအလုပ်လုပ်လဲ လေ့လာရတယ်။Youtube ကို ခိုင်းစားဖို့ Youtube ဘယ်လိုအလုပ်လုပ်လဲလေ့လာရတယ်။ Marketing ကို ခိုင်းစားဖို့ Marketing ဘယ်လို အလုပ်လုပ်လဲ လေ့လာရတယ်။ To master Facebook, it’s essential to understand its operational mechanisms. This includes comprehending the platform’s algorithms, the way it prioritizes and distributes content, the intricacies of Facebook Ads, and strategies for

ဘယ်လို အလုပ်လုပ်လဲ လေ့လာရတယ်။ Read More »

စိတ်ပါမှ လုပ်မယ်ဆိုတဲ့ စိတ်ထားနေသ၍ လိုချင်တဲ့ ရလဒ်တွေက
ရောက်လာမှာ မဟုတ်ဘူး။

တဒင်္ဂ ခံစားမှုနဲ့ ဆုံးဖြတ်ချက်ချလေလေလိုချင်တဲ့ ပိုကောင်းတဲ့ အရာတွေနဲ့ ဝေးလေလေ။ စိတ်မပါလဲ လုပ်စရာရှိတာ လုပ်ရမှာပဲ။ပျော်ပျော်မပျော်ပျော် အရေးကြီးပြီးလုပ်စရာရှိတာ ပြီးအောင်လုပ်ရမှာ ကိုယ့်တာဝန်ပဲ။မပျော်လဲ ကိုယ်နဲ့ သက်ဆိုင်တဲ့နယ်ပယ်အတွက်လေ့လာသင့်ရင် လေ့လာရမှာပဲ။မပျော်လဲ လေ့ကျင့်ခန်းလုပ်ရမှာပဲ။စိတ်ပါမှ လုပ်မယ်ဆိုတဲ့ စိတ်ထားနေသ၍လိုချင်တဲ့ ရလဒ်တွေက ရောက်လာမှာ မဟုတ်ဘူး။ Whether you enjoy it or not, if it’s something that needs to be done, you must do it. Phyo Paing @ Derek

စိတ်ပါမှ လုပ်မယ်ဆိုတဲ့ စိတ်ထားနေသ၍ လိုချင်တဲ့ ရလဒ်တွေက
ရောက်လာမှာ မဟုတ်ဘူး။
Read More »

ကိုယ်သရုပ်ဆောင်ရမည့်နေရာကို
သိဖို့လိုတယ်။

လူတိုင်းက တစ်နေရာမှာသရုပ်ဆောင်ဖို့ လောကထဲရောက်လာတယ်။ကိုယ်သရုပ်ဆောင်ရမည့်နေရာကိုသိဖို့လိုတယ်။ Everyone arrives in this world to play a role; it’s important to know where one is meant to perform. Phyo Paing @ Derek

ကိုယ်သရုပ်ဆောင်ရမည့်နေရာကို
သိဖို့လိုတယ်။
Read More »