Stoic Philosophy
လူတွေက တကယ့်ကိုယ်တွေ့ထက် အတွေးထဲမှာ ဒုက္ခပိုရောက်တတ်ကြတယ်တဲ့။ ဒါကတော့ စနီကာ Seneca ဆိုတဲ့ စတိုးဝစ် Stoic ဖခင်ကြီးဆိုခဲ့တာ။ အဲ့ခေတ်က ပုလိပ်ရောဂါ၊ ကျွန်ပြု၊ စစ်တွေ ဖြစ်နဲ့အချိန်။
လူတွေက တကယ့်ကိုယ်တွေ့ထက် အတွေးထဲမှာ ဒုက္ခပိုရောက်တတ်ကြတယ်တဲ့။ ဒါကတော့ စနီကာ Seneca ဆိုတဲ့ စတိုးဝစ် Stoic ဖခင်ကြီးဆိုခဲ့တာ။ အဲ့ခေတ်က ပုလိပ်ရောဂါ၊ ကျွန်ပြု၊ စစ်တွေ ဖြစ်နဲ့အချိန်။
ကိုယ့်ကြိုက်တဲ့ကောင်မလေးက ကိုယ့်ကိုစိတ်မဝင်စားဘူးဆိုတာ Marketing ညံ့လို့။ စိတ်ဝင်စားရဲ့နဲ့ သမီးရည်းစားမဖြစ်သွားတာ Sale ညံ့လို့။ သမီးရည်စားဖြစ်ပြီး ခဏနဲ့ ကွဲသွားတာ Customer Service ညံ့လို့။ သူငယ်ချင်းတွေ၊ အသိတွေက ဒီကောင် မစွံပါဘူးလို့ ပြောကြတယ်ဆို၊ ဒါ Public Relations ညံ့လို့။ မပြည့်စုံလို့ ငါ့ပြန်မကြိုက်ကြဘူးလို့ပြောရင် ဒါ efficiency မကောင်းတဲ့သဘော Management ညံ့လို့။ FA ဆိုရင် တစ်ခုခုတော့ ညံ့နေတာ အသေချာပဲ။ 😀 Happy Valentine’s Day ပါ။
နေ့စဥ် နေထိုင်ချင်တဲ့ဘဝကပူပင်သောက ကင်းဝေးပြီးကိုယ်နေတဲ့နေရာကကိုယ့်ကို inspiration တစ်ခုပေးတဲ့နေရာ။ နေ့စဥ် လေ့လာချင်တာလေ့လာ၊စမ်းသပ်ချင်တာ စမ်းသပ်၊အတွေးလေးတွေ ရေးချ၊ဘဝဖြတ်သန်းမှုကို မှတ်တမ်းတင်၊အသစ်တစ်ခုခုလေ့လာ၊ပြန်လည်မျှဝေပေး။ လေ့ကျင့်ခန်းလေးလုပ်၊တစ်ခါတည်ဆောက် အမြဲငွေဝင်မည့်ကုန်ပစ္စည်းတွေ ဖန်တီး၊အင်တာနက်ကော်နက်ရှင်မြန်မြန်၊စိတ်ဝင်စားတဲ့နည်းပညာပစ္စည်းအသစ်တွေ သုံးကြည့်၊ကိုယ့်ကိုယ်ကို ပိုနားလည်အောင်လေ့လာ၊စိတ်ဝင်စားစရာကောင်းပြီးအတွေးဥာဏ်နှိုးဆွေပေးစေတဲ့လူတွေနဲ့တွေ့။ အလုပ်မလုပ်ပဲ ဝင်တဲ့ငွေကကိုယ့်ရဲ့ တစ်လအသုံးငွေထက်၅ ဆ အထက်ရှိအောင်လုပ်။ငွေကိုငွေနဲ့ ပြန်ပွားနိုင်တဲ့ စနစ်တည်ဆောက်ထား။ငွေကို လိုက်ရှာနေစရာမလိုတာမျိုးဖြစ်အောင်လုပ်။ ကိုယ်သွားချင်တဲ့နေရာကိုချက်ချင်းသွားနိုင်တဲ့ ဘဝမျိုး။ အသက် ၃၀ လောက်ထိကရေရေလည်လည် သည်းခံခဲ့ပြီးပြီ။အသက် ၃၀ ကျော်တဲ့နောက်မှာဘဝကို ကိုယ်ဖြစ်ချင်သလိုပဲနေတော့တယ်။ ဘဝက တိုတိုလေး၊မကျက်ချင်တဲ့စာတွေ ကျက်ခဲ့ပြီးစာမေးပွဲကိုလဲ အကောင်းဆုံးဖြေခဲ့ပြီးပြီ။လုပ်စရာရှိတာတွေလုပ်ဘဝမှာ ပြဿနာတွေ ဖြေရှင်းခဲ့ပြီးပြီ။
လုပ်ငန်းဆိုတာ စနစ်တစ်ခုပဲ။ စနစ်ဆိုတော့ Input -> Process -> Output ပဲ။ Input မှာ လူလုပ်သားတွေ၊ငွေတွေ၊ စက်ပစ္စည်းကိရိယာ၊ ကုန်ကြမ်းတွေ၊ စီမံခန့်ခွဲသူတွေရှိတယ်။ ဒါကို ဘယ်လိုအတွေးအခေါ်နဲ့ဘယ်လိုလည်ပတ်လဲက process ဆိုပါတော့။ လုပ်ငန်းကထွက်လာတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ဝင်ငွေ၊ အမြတ်ငွေကOutput ပဲ။ ဒီစနစ်ကြီးလည်ပတ်နေတဲ့ ပတ်ဝန်းကျင်ရှိတယ်။ပူတာ၊ အေးတာပေါ်မူတည်ကြီးစနစ်ကြီး ကောင်းကောင်းလည်ပတ်တာ၊ စနစ်ကြီး ကမောက်ကမဖြစ်တာ ဖြစ်တယ်။ ပူတာ၊ အေးတာ ဒဏ်အတွက်ဒီစနစ် ဒီဇိုင်းကို သေချာတည်ဆောက်ဖို့ အချိန်ပေး စဥ်းစားဖို့လိုတယ်။ A business is essentially a system. When we talk about a system, it involves Input ->
၁။ အတတ်ပညာတစ်ခု ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် သင်ပါ။ အလုပ်ပေါပြီး နေရာတော်တော်များများမှာ အလုပ်ရှာလို့ရတဲ့ အတတ်ပညာသင်ပါ။ ဥပမာ စာရင်းကိုင်ဆို ACCA နောက် Technical skills တွေဖြစ်ပြီး အလုပ်ရှာလို့လွယ်နိုင်တဲ့ ကျွမ်းကျင်မှုတွေ လေ့လာပါ။ ၂။ အဆက်အသွယ် အချိတ်အဆက်ရှာပါ။ တပြိုင်တည်းမှာပဲ အလိမ်အလည်သတိထားပါ။ ၃။ ဘာသာစကားကျွမ်းကျင်အောင်သင်ပါ။ ၄။ အချိန်လုံးဝမဖြုန်းပါနဲ့။ ကိုယ့်အခြေအနေနဲ့ တခြားနိုင်ငံကသူတွေ အခြေအနေမတူတာသတိပြုပါ။ ၅။ ထောက်ပံ့ပေးမည့်သူရှိရင်လွယ်ကူပေမယ့် ထောက်ပံ့ပေးမည့်သူမရှိတဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ မြန်မာလူငယ်တွေ နေရာအနှံ့မှာရှိပါတယ်။ Phyo Paing @ Derek
Negative Visualization ဆိုတဲ့Stoic အတွေးအခေါ်က အယူအဆလေးကအားတီ၊ အားမေတို့အတွက်များအကျိုးရှိစေမလားမသိဘူး။ သူက positive thinking အကောင်းမြင်စိတ်နဲ့ပြောင်းပြန်။အဆိုးဆုံးကို တွေးထားလိုက်တဲ့။တကယ့်အဆိုးဆုံး။ ဥပမာဗျာ ကိုယ့်ကိုအရှင်လတ်လတ်မြေမြုတ်လိုက်ပြီးအသံထွက်လို့မရတဲ့ အနေအထားဆိုပါတော့။ပုံမှန်ဆို ဟဲ့။ ဖွ။ မပြောကောင်းမဆိုကောင်း။အဲ့လိုဆိုလိမ့်မယ်။ဒါက Stoic စတိုးဝက်အတွေးအခေါ်မှာစိတ်ဓာတ်ရေးရာ လေ့ကျင့်တာMental toughness လို့ခေါ်တယ်။ အဆိုးဆုံးတွေ မြင်ကြည့်ပြီးစိတ်ဓာတ်ရေးရာ ပြင်ဆင်ကြည့်ပါတဲ့။ အနာဂတ်ကို တွေးကြောက်နေရင်အဆိုးဆုံးထိတွေးလိုက်။ စိတ်ဓာတ်ရေးရာ လေ့ကျင့်။ Phyo Paing @ Derek
ကုမ္ပဏီတွေအတွက် HR ရေးရာမှာအရေးကြီးတဲ့ အချိန်တစ်ခုပဲ။ ၁။ စိတ်လှုံခြုံမှုရှိအောင် ၂။ ရွေးချယ်စရာအကုန်လုံးထဲမှာမှကိုယ့်လုပ်ငန်းက သူတို့အတွက် အကောင်းဆုံး option ဖြစ်တယ်ထင်အောင်၃။ သေချာဆွေးနွေးရမည့်အချိန်ပဲ။ သူတို့မှာ စိုးရိမ်ပူပန်မှုတွေရှိနေလိမ့်မယ်။ ထိုင်းပဲ ပြောင်းရမလား။ ပြောင်းရင်လဲ လွယ်ပါ့မလား။ အနာဂတ်အတွက် စဥ်းစားရသလို နောက်က မိသားစုတွေလဲရှိတဲ့အခြေအနေဖြစ်တယ်။ တကယ်တမ်းနေရာတစ်ခုမှာ အခြေချတယ်ဆိုတာလဲ ပြောသလောက်မလွယ်ဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
Negative Visualization ဆိုတဲ့Stoic အတွေးအခေါ်က အယူအဆလေးကအားတီ၊ အားမေတို့အတွက်များအကျိုးရှိစေမလားမသိဘူး။ သူက positive thinking အကောင်းမြင်စိတ်နဲ့ပြောင်းပြန်။အဆိုးဆုံးကို တွေးထားလိုက်တဲ့။တကယ့်အဆိုးဆုံး။ ဥပမာဗျာ ကိုယ့်ကိုအရှင်လတ်လတ်မြေမြုတ်လိုက်ပြီးအသံထွက်လို့မရတဲ့ အနေအထားဆိုပါတော့။ပုံမှန်ဆို ဟဲ့။ ဖွ။ မပြောကောင်းမဆိုကောင်း။အဲ့လိုဆိုလိမ့်မယ်။ဒါက Stoic စတိုးဝက်အတွေးအခေါ်မှာစိတ်ဓာတ်ရေးရာ လေ့ကျင့်တာMental toughness လို့ခေါ်တယ်။ အဆိုးဆုံးတွေ မြင်ကြည့်ပြီးစိတ်ဓာတ်ရေးရာ ပြင်ဆင်ကြည့်ပါတဲ့။ အနာဂတ်ကို တွေးကြောက်နေရင်အဆိုးဆုံးထိတွေးလိုက်။ စိတ်ဓာတ်ရေးရာ လေ့ကျင့်။ Phyo Paing @ Derek
2005 – ဆယ်တန်းအောင်LCCI နဲ့ ကွန်ပြူတာ သင်တန်းတက် 2006 – ဆေးကျောင်းပထမနှစ်စတက်(မှတ်မှတ်ရရ Love Story at Harvard ခေတ်စားတဲ့အချိိန်)ဂိုက်သင်၊ တရုတ်ပြည်က သူငယ်ချင်းအားခန်းနဲဲ့ပစ္စည်းတွေဝယ်၊ မန္တလေးမှာ ပြန်လာရောင်း။ 2007 – ဆေးကျောင်းဒုတိယနှစ်မှတ်ဥာဏ်နဲ့ပတ်သက်လို့သင်ယူလေ့လာမှုနဲ့ပတ်သက်လို့ စတင်လေ့လာ။အချိန်အများစု British Council Library မှာ ကုန်။ 2008 – ဆေးကျောင်းတတိယနှစ်တက်ရင်းစာရင်းကိုင်သင်တန်းတက် CAT တက်။ 2009 – ဆေးကျောင်း စတုတ္ထနှစ်တက်ရင်းPersonal Development တွေထဲထဲဝင်ဝင်လေ့လာ။ NLP, CBT, etc. 2010 – နည်းပညာဆော့ဝဲပိုင်းနဲ့ ဝင်ငွေစရ၊ MMUC (Myanmar Mobile User Club) ကို အပျော်လုပ်။သောကြာနေ့ဆို မူဆယ်သွား iTunes U
မနေ့က စာအုပ်တစ်အုပ် ဖန်တီးဖြစ်တယ်။Dream Lab အတွက် Mini Booklet လေး။အဲ့မှာ Framework တစ်ခုထုတ်ထားတယ်။DEAL framework ဆိုပါတော့။ ကျွန်တော် ထုတ်ထားတဲ့ framework လေးတွေရှိတယ်။စီးပွါးရေးမှာဆို 5S Roadmap တို့။နောက် EATER တို့ပေါ့။ ဒီတစ်ခုကတော့ ရေရှည်တိုးတက်ဖို့DEAL framework ပါ။ ဒါကတော့ Daily Enjoyable Activities forLong-term Achievement ပါ။ Daily နေ့စဉ်လဲလုပ်ရမယ်။ Enjoyable ပျော်လဲပျော်ရမယ်။Activities ပြီးလဲပြီးမြောက်ရမယ်။Long-term achievement ရေရှည်ဆွတ်ခူးမှုအတွက်လဲအထောက်အကူလုံးဝပြုရမယ်။ ဥပမာ စာဖတ်ရတာကြိုက်တယ်။နေ့စဉ်စာဖတ်မယ်။ဖတ်ထားတာကို မှတ်စုထုတ်မယ်။ရေရှည်အတွက် ကုန်ပစ္စည်းတစ်ခုအနေနဲ့ပြောင်းမယ်။ မပျော်တဲ့အရာကိုပျော်တဲ့လုပ်ငန်းဆောင်တာနဲ့ အစားထိုးကြည့်။ ဥပမာ Gym သွားရတာမပျော်ဘူးဆိုGym အစား တခြား workout enjoyable activities နဲ့အစားထိုးရေရှည်ရောက်ဖို့ လုပ်ဆောင်တာမျိုး။
မပျော်တဲ့အရာကို
ပျော်တဲ့လုပ်ငန်းဆောင်တာနဲ့ အစားထိုးကြည့်။ Read More »