Dr Phyo Paing

ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။

ခေါင်းထဲမှာ ကိုယ်မဖြစ်ချင်တာတွေမေ့လိုက်။ ကိုယ်ဖြစ်ချင်တာတွေ ချရေး။ ကိုယ်အဖြစ်ချင်ဆုံးကိုပဲ နေ့တိုင်းတွေး။ နေ့တိုင်း အဖြေရှာ။ ကိုယ်အဖြစ်ချင်ဆုံးအရာကိုအကောင်အထည်ဖော်ဖို့ နေ့တိုင်းကြံစည်။နေ့တိုင်းလုပ်ဆောင်။ ပိုကောင်းတဲ့နည်းလမ်းရှာ။ ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝ ကိုယ်နဲ့ပဲဆိုင်တယ်။ Read More »

အရှိန်ရပ်ပြီးရင် ပြန်စဖို့
အင်မတန်ခက်ပါတယ်။

အရှိန်ရပ်ပြီးရင် ပြန်စဖို့အင်မတန်ခက်ပါတယ်။ လိိမ့်နေဖို့ အရေးကြီးတယ်။ တစ်နေရာ အဆင်မပြေရင်ပြေတဲ့နေရာ၊ တချို့လူတွေနဲ့အဆင်မပြေရင်ပြေတဲ့သူတွေနဲ့၊တစ်ခုနဲ့ အဆင်မပြေရင်နောက်တစ်ခုနဲ့၊အိုင်ဒီယာတစ်ခုနဲ့ အဆင်မပြေရင်နောက်တစ်ခုနဲ့ လိမ့်နေဖို့လိုတာပဲ။ ရှေ့ကို ဆက်လိမ့်နေမှအရှိန်မသေမယ်။ အရှိန်မသေမှအချိန်တန်ရင် အမြင့်ကိုထပ်တက်ဖို့ လေပင့်ရာလွင့်မဲ့ လေတံခွန်လို။ Phyo Paing @ Derek

အရှိန်ရပ်ပြီးရင် ပြန်စဖို့
အင်မတန်ခက်ပါတယ်။
Read More »

ဘဝက ရေတိုဂိမ်းတစ်ခုထက်
ရေရှည်ဂိမ်းတစ်ခုဆို ပိုမှန်လိမ့်မယ်။

ငယ်ငယ်ကဆို ကျောင်းမှာ နယ်မှာ အရမ်းတော်တဲ့ အဆင့် ၁ အမြဲရတဲ့ကလေးကမြို့တက်လာတဲ့အခါအဆင့် ၃၊ ၄၊ ၅ ထဲတောင်မဝင်တော့တဲ့အခါ တဖြည်းဖြည်း သာမန်ဖြစ်သွားတာတစ်ခုသတိထားမိတယ်။ ဒါကြောင့် တစ်ခုခုလုပ်တော့မယ်ဆိုတိုင်းနယ်မြေရွေးတဲ့အခါ ကိုယ်နဲ့အရမ်းကွာတဲ့နေရာမရောက်ခင်လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုလုပ်ထားဖို့လိုတယ်။နောက်ပြီး အစပိုင်းမှာ ရှုံးနေ၊နောက်ကောက်ကျန်နေလဲ စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံဖို့လိုတယ်။ ဘဝက ရေတိုဂိမ်းတစ်ခုထက်ရေရှည်ဂိမ်းတစ်ခုဆို ပိုမှန်လိမ့်မယ်။ Phyo Paing @ Derek

ဘဝက ရေတိုဂိမ်းတစ်ခုထက်
ရေရှည်ဂိမ်းတစ်ခုဆို ပိုမှန်လိမ့်မယ်။
Read More »

ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ

ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ အပင်စိုက်သလိုပဲ။ချက်ချင်းကြီး ကြီးလာတာတွေ့ရချင်မှ တွေ့ရလိမ့်မယ်။ “မှန်ကန်တဲ့နည်း”နဲ့ပုံမှန်ရေလောင်းရင် အချိန်ရောက်ရင် တဖြည်းဖြည်းကြီးလာတာ တွေ့ရလိမ့်မယ်။ ကံကောင်းရင် ပိုက်ဆံဆိုတာ ချက်ချင်းရှာလို့ ဖြစ်သွားနိုင်ပေမယ့်ကံကောင်းလို့ ချက်ချင်းပညာတတ်သွားတာအဲ့လိုတော့မရှိသေးဘူး။ ဦးနှောက်က ချိတ်ဆက်သင်ယူမှုအတွက်အချိန်တော့ပေးရသေးတယ်။ Phyo Paing @ Derek

ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ Read More »

မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။

တစ်နှစ်၊ နှစ်နှစ် သူတို့နိုင်လိမ့်မယ်။ဆယ်နှစ်၊ နှစ်နှစ်ဆယ် ကိုယ်နိုင်လိမ့်မယ်။သူတို့ဇွဲအဲ့လောက် မရှိဘူး၊စည်းကမ်းအဲ့လောက်မရှိဘူး၊စိတ်အဲ့လောက်မနိုင်ဘူး၊ရည်မှန်းချက်အဲ့လောက်မကြီးဘူး၊အဲ့လောက်မဝေးကြီးမတွေးနိုင်ဘူးဆိုတာ ကိုယ်သိတယ်လေ။ ဘဝမှာ အဲ့စိတ်ပဲထားတယ်။ ပြိုင်စရာမလိုဘူး။ကိုယ့်အနာဂတ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်အနာဂတ်အမြင်ကိုသာ အကောင်အထည်ဖော်နေ။မသေသေးရင် ကိုယ်နိုင်မှာပဲ။မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။ Phyo Paing @ Derek

မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။ Read More »

ဗုဒ္ဓအလိုကျ နေ့စဥ်ဘဝဖြတ်သန်းမှု

ဗုဒ္ဓအလိုကျ နေ့စဥ်ဘဝဖြတ်သန်းမှု လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့အတွက်ကိုယ့်ရဲ့အကောင်းဆုံး ဗားရှင်းကိုတည်ဆောက်တဲ့အခါဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ လောကုတ္တရာလမ်းညွှန်မဂ္ဂင်ရှစ်ပါးကို လောကီနေ့စဥ်ဘဝမှာ အသုံးပြုနိုင်အောင် နှလုံးသွင်းကြည့်တယ်။ ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့မဂ္ဂင်ရှစ်ပါးကို အတွေး၊ အကြံ၊ အလုပ်လို့သုံးပိုင်းအလွယ်မှတ်ပြီးကျင့်သုံးဖို့ ကြိုးစားကြည့်တယ်။ ၁။ အတွေး သမ္မာဒိဋ္ဌိ (Sammā diṭṭhi) = မှန်သော အယူအမြင် ၂။ အကြံသမ္မာသင်္ကပ္ပ (Sammā saṅkappa) = မှန်သော အကြံ ၃။ အလုပ် (ကာယကံ၊ ဝစီကံ၊ မနောကံ)၃.၁။ ဝစီကံသမ္မာဝါစာ (Sammā vācā) = မှန်သော စကား ၃.၂။ ကာယကံသမ္မာကမ္မန္တ (Sammā kammanta) = မှန်သော အမှုအလုပ်သမ္မာအာဇီဝ (Sammā ājīva) = မှန်သော အသက်မွေးဝမ်းကျောင်းမှု၊ ၃.၃။ မနောကံသမ္မာဝါယာမ (Sammā

ဗုဒ္ဓအလိုကျ နေ့စဥ်ဘဝဖြတ်သန်းမှု Read More »

ခေတ်နဲ့ စနစ် ကိုက်ဖို့လိုတယ်။

အချိန်နဲ့ငွေနဲ့ လဲနေသမျှ ဘဝမှာ ငွေကြေးလွတ်မြောက်ဖို့ခက်တယ်။ငွေရှာပေးနေတဲ့ ငွေထုတ်စက်Money-Making Machine ဖန်တီးဖို့လိုလာတယ်။တချို့ ငွေထုတ်စက်တွေကရွေ့လို့ရတယ်။တချို့က ရွေ့လို့မရဘူး။ဒီငွေထုတ်စက်ကို Business စီးပွါးရေးလို့ခေါ်တယ်။ စီးပွါးရေးလုပ်တဲ့အခါကိုယ့်ကို ငွေဘယ်လိုထုတ်ပေးမလဲသိဖို့လုပ်ငန်းလုပ်တဲ့ အထာလိုတယ်။လည်ပတ်မည့် ဒီဇိုင်းလိုတယ်။ ခေတ်နဲ့ စနစ် ကိုက်ဖို့လိုတယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ခေတ်နဲ့ စနစ် ကိုက်ဖို့လိုတယ်။ Read More »

ဘဝမှာ ထိန်းချုပ်လို့မရတာ
အများကြီးရှိတယ်။

ဘဝမှာ ထိန်းချုပ်လို့မရတာအများကြီးရှိတယ်။ ပြည်တွင်း၊ ပြည်ပ အဖြစ်အပျက်တွေ။ ကိုယ်ထိန်းချုပ်လို့ရတာ ဘာတွေး၊ ဘာကြံ၊ ဘာလုပ်အတွေး၊ အကြံ၊ အလုပ်ကိုထိန်းချုပ်လို့ရတယ်။ တစ်ရက် ၂၄ နာရီ၊ ၁၄၄၀ မိနစ်၊ စက္ကန့်ပေါင်း ၈၆၄၀၀။ ဒါကို အသုံးပြု အပြောင်းအလဲလုပ်လို့ရတယ်။ အမြဲယုံကြည်ထားတာတစ်ခုရှိတယ်။ အရာရာ ပိုကောင်းဖို့ဖြစ်လာတာပါ။ ဖြစ်သမျှအကြောင်း အကောင်းဆိုပြီးအဖြစ်အပျက်တိုင်းက သဲလွန်စရှာကြည့်။အနာဂတ်အတွက် သွားရမည့်လမ်းညွှန်ချက်တွေ ရှင်းရှင်းကြီးတွေ့လိမ့်မယ်။ဒီအဖြစ်အပျက်တိုင်းက လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲတဲ့ နောက်တစ်ဆင့် ကိုယ်ဖြစ်လာဖို့တွန်းအားတွေပဲ။ ဘဝကို သင်္ချာပုစ္ဆာတစ်ခုလိုစဥ်းစားကြည့်။ပေးထားချက်နဲ့ မေးထားချက်ရှိမယ်။ကိုယ့်အလုပ်က ဘာလဲ?ဥာဏ်ကွန့်မြူးမှု ငါးဆယ်သား၊စူးစမ်းလိုစိတ် ငါးဆယ်သားနဲ့ပေါင်းစပ်ပြီး ဘဝပြဿနာအဖြေရှာဖို့ပဲ။ ဒီနည်းနဲ့ ဘဝကိုဖြတ်သန်းခဲ့တာတချိန်ကျ မှတ်တမ်းမှတ်ရာဖြစ်သွားမှာပဲ။ There’s a lot we can’t control: the economy, politics, the ebb

ဘဝမှာ ထိန်းချုပ်လို့မရတာ
အများကြီးရှိတယ်။
Read More »

ဘဝတိုက်ပွဲမှာ
ကိုယ့်ဇာတ်ကိုယ်မနိုင်ရင်
nightmare ပဲ။

စံမမီတဲ့ ကံကြမ္မာကိုဥာဏ်မီသလောက်စီမံကြည့်တယ်။ စီမံတိုင်း စံမမီပေမယ့်ဥာဏ်မီရင်တော့ ကံသည်လဲ မာန်ဖီတာလျော့သွားမယ်။ ရှုပ်ပွတဲ့ ဒုက္ခတွေရဲ့အရင်းအမြစ်ကသမုဒယသစ်စာ။ ဆန္ဒတွေနည်း၊မာန်နတွေနည်း၊ဝေဒနာကို ဒေတာနဲ့အဖြေရှာတိုင်းမရေရာတဲ့ မနက်ဖြန်တိုင်းကဘဝမှာ ထပ်ဖြည့်ရမည့်လေဟာနယ်ပဲ။ ကြံတိုင်းမရ၊ဖန်တိုင်းလဲမလှ၊ကံအတိုင်းပဲကွဆိုတဲ့အချိန်တွေရှိမယ်။ ကြံရည်ဖန်ရည်နဲ့ ဥာဏ်ရည်ကြောင့်အလစ်ဖြုတ်လို့ရတဲ့လမ်းတွေနဲ့အလုပ်ဖြစ်သွားတာလဲရှိမယ်။ တခါတခါ ဇ လိုတယ်။တခါတလေ ဇွဲ လိုတယ်။တခါတခါ ဇွတ် လုပ်လိုက်ပြီးမှန်သွားတာတွေရှိမယ်။ ဘဝတိုက်ပွဲမှာ ကိုယ့်ဇာတ်ကိုယ်မနိုင်ရင်nightmare ပဲ။ စံမမီတဲ့ ကံကို စီမံဖို့ နေသလိုဖြစ်တဲ့ဘဝကိုဖြစ်သလိုမနေပဲ မလာသေးတဲ့ မနက်ဖြန်ကိုကြိုတင် စဥ်းစားလာမည့်ပြဿနာ ကြိုရှင်းထားမှတော်ကာကျနိုင်မယ်။ Phyo Paing @ Derek

ဘဝတိုက်ပွဲမှာ
ကိုယ့်ဇာတ်ကိုယ်မနိုင်ရင်
nightmare ပဲ။
Read More »

ပျော်အောင်ပဲနေလိုက်တာ
ရွေးချယ်မှုတစ်ခုဖြစ်လာတယ်။

ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်နေတာမဟုတ်တော့ငြီးနေလဲ ပိုအားလျော့နေမှာပဲ။ ဒုက္ခတွေကြားထဲ ပျော်အောင်ပဲနေလိုက်တာရွေးချယ်မှုတစ်ခုဖြစ်လာတယ်။ အခြေအနေကိုရွေးချယ်လို့ရချင်မှရမယ်။ဘယ်လိုတုန့်ပြန်မလဲတော့ရွေးချယ်လို့ရနိုင်တယ်။ ဒုက္ခကို ကော်ဖီခွက်ထဲထည့်ကော်ဖီခါးခါးအရသာနဲ့နိုးကြားပြီး ရှေ့ဆက်ရမှာပဲ။ Phyo Paing @ Derek

ပျော်အောင်ပဲနေလိုက်တာ
ရွေးချယ်မှုတစ်ခုဖြစ်လာတယ်။
Read More »