Akyanpay

Coaching

ပိတ်နေတာကို ပွင့်အောင်လုပ်ပေးတာcoaching တဲ့။ ဘာတွေ ပိတ်နေသလဲ။ အတွေးတွေ ပိတ်နေတာ။ ဘယ်လိုဖွင့်ပေးသလဲ။ မတွေးဖူးတဲ့၊ တွေးဖို့မေ့နေတဲ့မေးခွန်းမေးပြီး ဖွင့်ပေးတာ။ စီးပွားရေးမှာလဲ မတွေးတတ်ရင်ပိတ်တယ်။ပိတ်နေတာတွေပွင့်ဖို့ AKyanPay – အကြံပေး မှာ ဘာလုပ်ရမလဲဆိုတာအားလုံးသိတယ်။ 😁 Phyo Paing @ Derek

Coaching Read More »

မသိပဲ ထိဖို့ မလွယ်သလို
သိပြီး မထိရင်လဲ မဝယ်ဘူး။

မသိပဲ ထိဖို့ မလွယ်သလိုသိပြီး မထိရင်လဲ မဝယ်ဘူး။ မားကတ်တင်းဆိုတာ လူသိအောင်လုပ်တာ။အမှတ်တံဆိပ် Branding ဆိုတာ ဟတ်ထိ မှတ်မိပြီးလူဝယ်အောင်လုပ်တာ။ကိုယ့်ကို ရွေးအောင်လုပ်တာ။Branding, Branding နဲ့ ပြောပြီးအယူအဆတွေလွဲနေတတ်ကြတယ်။ Oppo ကို လူတိုင်းသိတယ်။လူတိုင်း Oppo မကိုင်ကြဘူး။ သိပြီး မထိရင် လူတွေဝယ်ဖို့မလွယ်ဘူး။ သိအောင်လုပ်တာ မားကတ်တင်း။ထိအောင်လုပ်တာ ဘရမ်းတင်း။ လူတွေအမြဲချစ်တဲ့ ကော်ရဲလား ဒဲရစ် (Guerrilla Derek 😆) Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

မသိပဲ ထိဖို့ မလွယ်သလို
သိပြီး မထိရင်လဲ မဝယ်ဘူး။
Read More »

အောင်ဖို့ကြိုးစားနေမိလား။

သူငယ်တန်းကလေး အယောက်တစ်ရာဝင်ဖြေလဲ ဆယ်တန်းကအောင်ဖို့မလွယ်ဘူး။ကိုယ့်လုပ်ငန်းရဲ့ ဆယ်တန်းစာမေးပွဲကိုသူငယ်တန်းကလေးတွေနဲ့အောင်ဖို့ကြိုးစားနေမိလား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

အောင်ဖို့ကြိုးစားနေမိလား။ Read More »

ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါ
ဒီမေးခွန်းတွေနဲ့ အမှတ်ပြန်ပေးကြည့်။

ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါဒီမေးခွန်းတွေနဲ့ အမှတ်ပြန်ပေးကြည့်။ ၁။ စီးပွားရေးလည်ပတ်မှုပုံစံ သေချာသိပြီလား။ဒါကို စာရွက်ပေါ်မှာချရေးတာကိုBusiness model generation လို့ခေါ်တယ်။ ၂။ ကိုယ့်လုပ်ငန်းရဲ့ အမှတ်တံဆိပ်အတွက်စီမံကိန်းရေးဆွဲပြီးပြီလား။ဒါကို brand plan လို့ခေါ်တယ်။ ၃။ ကိုယ့်လုပ်ငန်းဖောက်သည်အသစ်တွေဘယ်လိုရှာမလဲ မားကတ်တင်းပလန်ဖန်တီးတတ်ပြီလား။ဒါကို marketing plan လို့ခေါ်တယ်။ ၄။ ကိုယ့်လုပ်ငန်းရဲ့စုံစမ်းမေးမြန်းမှုတွေကိုဖြေဆိုပြီး ရောင်းဝယ်တတ်ပြီလား။ ဒါကို sales plan လို့ခေါ်တယ်။ ဒီလိုလုပ်ဖို့ လုပ်ဆောင်ရမည့်အရာတွေ အများကြီးရှိတယ်။ FAQ လုပ်ပြီးပြီလား။ Sales script တွေရေးပြီးပြီလား။Sales sequences တွေဖန်တီးပြီးပြီလား။ ၅။ ကိုယ့်လုပ်ငန်းလည်ပတ်မှုအတွက်လည်ငန်းစီးဆင်းမှု workflow တွေလိုတယ်။ဒါတွေ စနစ်တကျသတ်မှတ်ရေးချပြီးပြီလား။ ၆။ ကိုယ့်လုပ်ငန်းရဲ့ ဝန်ထမ်းရေးရာအတွက်လူတော်တွေ၊ လူကောင်းတွေ ကိုယ့်ဆီအလုပ်လာလုပ်ချင်အောင်စီမံထားတဲ့ HR planning မှာrecruitment strategy သေချာရှိပြီလား။နောက် ရောက်လာရင်သင်ပေးမိတ်ဆက်ပေးဖို့orientation and

ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါ
ဒီမေးခွန်းတွေနဲ့ အမှတ်ပြန်ပေးကြည့်။
Read More »

“မ” ခြောက်လုံး

ကိုယ့်လုပ်ငန်းမှာ ဘာလို့မတိုးတက်သလဲ?“မ” ခြောက်လုံး ၁။ မသိ၂။ မလေ့လာ၃။ မာန်မာနခံ၄။ မကျင့်သုံး၅။ မသုံးသပ်၆။ မပြင် ၁။ မသိ ကိုယ့်လုပ်ငန်းကို တိုးတက်အောင်လုပ်ဖို့နည်လမ်းတွေ မသိဘူး။ ၂။ မလေ့လာ သိိဖို့အတွက်လဲ သေချာလေ့လာမှုမပြုဘူး။ ၃။ မာန်မာနခံ ဒါက ငါတို့လုပ်နေကျပဲ။အာပလာတွေပါ။ငါ့လုပ်ငန်း ငါအသိဆုံးပဲ။ ၄။ မကျင့်သုံး ဒါကိစ္စဒီလောက်လွယ်တာလူတိုင်းသိတယ်။လူတိုင်းလုပ်နေတဲ့ အလုပ်ကြီးမလုပ်ချင်ပါဘူးလေ။ လုပ်ရမလား၊ မလုပ်ရဘူးလားစဥ်းစားလိုက်အုံးမယ်။ ၅။ မသုံးသပ် လုပ်တာပဲ အဆင်မှမပြေတာ။တစ်ခါလုပ်ကြည့်တယ်။အဆင်မပြေဘူး။ ဒါကြောင့် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ၆။ မပြင် လုပ်နေကျအတိုင်းပဲ ပိုကောင်းပါတယ်လေ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

“မ” ခြောက်လုံး Read More »

SME လုပ်ငန်းရှင်တွေအဆင့်

SME လုပ်ငန်းရှင်တွေအဆင့် ၁။ သင်တန်းဆရာ လုပ်ငန်းစတင်တဲ့အခါ သင်တန်းဆရာနဲ့ တူတယ်။ကိုယ့်လုပ်ငန်းရဲ့ လုပ်ပုံကိုင်ပုံသိအောင်မားကတ်တင်း၊ အရောင်း၊ ဝန်ဆောင်မှုပေးပုံ၊စာရင်းဇယားမှတ်ပုံ၊ လည်ပတ်ပုံဝန်ထမ်းတွေကို သင်ပေးရတယ်။ ကိုယ်က စာရင်းဇယားတွေအကုန်ဘွဲ့ရမထားရင်တောင်ကိုယ့်လုပ်ငန်းလည်ပတ်တဲ့ စာရင်းဇယားပုံစံကိုထဲထဲဝင်ဝင် သေချာသိမှရမယ်။ လုပ်ငန်းတစ်ခုဟာ လုပ်ငန်းရှင်ကြီးသလောက်ပဲကြီးတယ်။သူဥာဏ်ရှိသလောက်ပဲကြီးတယ်။ ကိုယ့်လုပ်ငန်းအကြောင်းကို ထဲထဲဝင်ဝင် ကိုယ်တိုင်သိရမယ်။ ၂။ တစ်ခုချင်းလွဲ သင်ကြားပေးပြီးရင် လက်လွဲတဲ့အဆင့်။စိတ်လောလို့မရဘူး။ တစ်ခုချင်းစီကို လူမှန်၊ နေရာမှန်တဖြည်းဖြည်းချင်းလွဲရမယ်။ လုပ်ငန်းစီးဆင်းပုံတွေ သေချာချရေးထားဖို့လိုတယ်။ဘယ်သူက ဘယ်အလုပ်ကို ဘယ်အချိန်အတွင်း ဘယ်လိုဘာအတွက်ပြီးအောင်လုပ်ရမယ်သေချာတိတိကျကျ သတ်မှတ်ရေးချထားဖို့လိုတယ်။ တစ်ခုချင်းကို တစ်ယောက်ချင်းလွဲပြောင်းပေးသွားဖို့လိုတယ်။လူမမှန်၊ နေရာမမှန်ရင်ဒီအဆင့်မှာ တိုင်ပတ်နေမယ်။ ၃။ ခေါင်းဆောင်မွေး လုပ်ငန်းဆောင်တာတစ်ခုချင်းစီဖြစ်တဲ့မားကတ်တင်း၊ အရောင်း၊ စာရင်းဇယား၊အစရှိတဲ့ အပိုင်းတွေလွဲပြီးရင်ကိုယ့်ကိုယ်စား စီမံခန့်ခွဲပေးမည့်ခေါင်းဆောင်ကို ရွေးပြီးလက်ဆင့်ကမ်းတဲ့အဆင့်။ ဒီအတွက် အချိန်ပေးရတယ်။ကိုယ်နေ့စဥ်လုပ်နေတဲ့ အလုပ်တွေကိုမှတ်ထားတဲ့ မှတ်စုရှိရတယ်။ဆုံးဖြတ်ချက်ဘယ်လိုချလဲဥပဒေသတွေ သင်ပေးရတယ်။ ဘယ်လိုပုံစံဦးဆောင်ရတယ်။အချိန်တစ်ခုပေးပြီး ကိုယ့်လုပ်ငန်းတန်ဖိုးထားမှုတွေသွားမည့်လမ်းကြောင်းတွေ သင်ပေးရတယ်။ ၄။

SME လုပ်ငန်းရှင်တွေအဆင့် Read More »

လုပ်ငန်းတစ်ခုဆိုတာ

လုပ်ငန်းတစ်ခုဆိုတာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင်သွားတဲ့ယာဥ်တစ်စီးနဲ့ တူတယ်။ တချို့က လှေ၊ တချို့က စက်လှေ။ လှေလှော်ဖို့ လူအများကြီးလိုတယ်။ လူတွေ အတိုင်အဖော်ညီဖို့လိုတယ်။လှော်တဲ့ လမ်းကြောင်းမှန်ဖို့လိုတယ်။ လှော်တဲ့လမ်း မတူရင် ဝှေ့နေတတ်တယ်။ တချို့က စက်လှေ။ဒါကိုမောင်းတဲ့သူ တစ်ယောက်၊ နှစ်ယောက်ပဲ လိုတယ်။ ဒါက နည်းပညာကို အသုံးချနိုင်တဲ့စွမ်းပကားပဲ။ ကိုယ့်လုပ်ငန်းက လှေနဲ့တူလား၊ စက်လှေနဲ့တူလား၊ လေယာဥ်ပျံနဲ့ တူလား။ ကိုယ်မောင်းနှင်းနေတဲ့ယာဥ်ကိုယ်တိုင် ဒီဇိုင်းလုပ်ဖို့လိုတယ်။ ဒါကို Business Model Design လို့ခေါ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းတစ်ခုဆိုတာ Read More »

တည်တည်တံ့တံ့
ရပ်တည်ခဲ့တဲ့ လုပ်ငန်းဆိုတာ

လေမုန်တိုင်းခဏခဏလာတဲ့နေရာမှာတိုက်ကြီးကြီးလှလှ လေးတွေအစားခဏတာ နေလို့ရမည့် အိမ်လေးတွေပိုများမယ်။ ဒါကို နှစ်ပေါင်း လေး၊ ငါး၊ ခြောက်ဆယ်တည်တည်တံ့တံ့ ရပ်တည်ခဲ့တဲ့ လုပ်ငန်းဆိုတာပိုက်ဆံထက်ပိုတဲ့ ယုံကြည်မှုတွေရထားလို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

တည်တည်တံ့တံ့
ရပ်တည်ခဲ့တဲ့ လုပ်ငန်းဆိုတာ
Read More »

Digital Business တွေတည်ဆောက်တာ
အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်တယ်။

ဘယ်နေရာမှာနေနေ ဝင်ငွေရှာလို့ရတာ ဒစ်ဂျစ်တယ် ထုတ်ကုန်ပဲ။ ဝန်ထမ်းအများကြီးလဲ မလိုဘူး။ဒီတော့ လူနဲ့ခေါင်းစားရတဲ့ ကိစ္စမရှိဘူး။ အခန်းငှါးခလဲ အများကြီးမရှိဘူး။ဒီတော့ လကုန်ရင် အငှါးခပေးရတာနဲ့မောပန်းမှု မဖြစ်ဘူး။ မနက်ရုံးတက်၊ ညပြန်မလိုဘူး။ကိုယ်လိုချင်တဲ့ လွတ်လပ်တဲ့ဘဝတည်ဆောက်လို့ရတယ်။ ဒါကြောင့် ဒီဂျစ်တယ် ကုန်ပစ္စည်းကဝင်ငွေတည်ဆောက်တဲ့Digital Business တွေတည်ဆောက်တာအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

Digital Business တွေတည်ဆောက်တာ
အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နိုင်တယ်။
Read More »

စီးပွားရေးမှာ လိုချင်တာတွေရဖို့

စီးပွားရေးမှာ လိုချင်တာတွေရဖို့ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကိုမညိုမငြင်လုပ်တဲ့ အချိန်တွေရှိတတ်တယ်။ ဒါကို အပိုဆိုပြီး မမြင်ပဲတချို့အရာတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်ကိုယ်လိုချင်တဲ့ target ကိုအားတက်စွာ ရောက်အောင်လုပ်နိုင်လိမ့်မယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စီးပွားရေးမှာ လိုချင်တာတွေရဖို့ Read More »