Akyanpay

ကိုယ်ဘာလိုချင်တာလဲကို
အဓိက စဥ်းစားတယ်။

ဘူပိတ်တဲ့ လုပ်ငန်းရှင်နဲ့အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်ကွာခြားချက် အကြီးကြီးတစ်ချက်ရှိတယ်။အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်ကကိုယ်ဘာလိုချင်တာလဲကိုအဓိက စဥ်းစားတယ်။ဒါကို ရအောင်လုပ်ဖို့ နည်းလမ်းအမြဲရှာတယ်။အကောင်အထည်ဖော်တာမြန်တယ်။ ဘူပိတ်တဲ့ လုပ်ငန်းရှင်ကဟိုဟာ ဟိုလိုဖြစ်နေတာ။ သူက ဒါမျိုးမလုပ်ပဲ ဒီလိုလုပ်နေလို့။ဒီလိုအချိန်မျိုး ဘာလုပ်လို့ရမှာလဲ။ငါလဲ မလုပ်တတ်ဘူး။ အရင်က လုပ်မှ မလုပ်ဖူးတာ။ ဒါ သူ့ကြောင့် ဒီလိုဖြစ်သွားတာ။ဝန်ထမ်းတွေ အသုံးမကျလို့။ ပြောမနေပါနဲ့ လူတွေက ထိိန်းရခက်တယ်။ ဒီလို ငြီးထွားနေပြီး တိုင်ပတ်ဘူပိတ်နေတတ်တယ်။ အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်က ငါလိုချင်တာဘာလဲ။ ဒါကို ရအောင်လုပ်လုပ်မလဲ။ ဘယ်သူ့ကို မေးမလဲ။ဘာတွေကို လေ့လာရမလဲ။ ဘယ်တော့ စလုပ်မလဲ။ လှုပ်ရှားမှု မြန်ဆန်တယ်။ ဒါကြောင့် လုပ်ငန်းရှင်တို့ ကိုယ့်ရဲ့ အမူအကျင့်တွေကို ဂရုပြုကြပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ်ဘာလိုချင်တာလဲကို
အဓိက စဥ်းစားတယ်။
Read More »

ကိုယ့်ကိုကိုယ် သေချာသိအောင်
လေ့လာပါ။

လုပ်ငန်းစတင်တဲ့ သုံးလေးငါးနှစ်လောက်မှာကိုယ်က ဘာဖြစ်ချင်လဲဆိုတဲ့Vision ကြီးက ရှင်းလင်းနေတာမျိုးဖြစ်ချင်မှ ဖြစ်အုံးမယ်။ ဘာနဲ့တူလဲဆို လုပ်ငန်းရှင်ဆိုတဲ့လမ်းကို လျှောက်ရင်း ဘယ်ပန်းတိုင်ကို သွားသင့်တယ်၊သွားနိုင်တယ်၊ သွားချင်တယ်ဆိုတဲ့ အမြင်က အချိန်တစ်ခုကြာမှရှင်းရှင်းလင်းလင်းကြီးဖြစ်သွားတာမျိုး။ Business Coach အများစုကခင်ဗျာမှာ ချရေးထားတဲ့ vision ရှိလား၊mission ရှိလား၊ core values ရှိလားမေးလိမ့်မယ်။ မေးလဲ စာရွက်မှာချရေးလိုက်တာပဲအဖတ်တင်တယ်။ဒါက အစပိုင်းမှာဆို ပြောင်းနေအုံးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ စာဖတ်တဲ့လုပ်ငန်းရှင်ဆိုတာ သိပ်မများဘူး။နောက်ပြီး ကိုယ့်အကြောင်းကိုယ်journaling လုပ်တဲ့ လုပ်ငန်းရှင်လဲသိပ်မများသလို၊လူတွေရဲ့ စိတ်အကြောင်းလေ့လာတဲ့ အပိုင်းလဲအားနည်းတဲ့အတွက် ဖြစ်တယ်လို့ယူဆတယ်။ အကြံပေးချင်တာကတော့ ကိုယ့်အကြောင်းကိုယ်သေချာလေ့လာပါ။သင့်ရဲ့ ကိုယ်ပွားဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုကိုယ် သေချာသိအောင်လေ့လာပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ကိုယ့်ကိုကိုယ် သေချာသိအောင်
လေ့လာပါ။
Read More »

လုပ်ငန်းရှင်တွေကို အဆင့်လေးဆင့်ခွဲခြားကြည့်တယ်။

လုပ်ငန်းရှင်တွေကို အဆင့်လေးဆင့်ခွဲခြားကြည့်တယ်။ ၁။ အရာရာ သူများကိုအားကိုးတဲ့သူမျိုးကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းသလိုကိုယ်ထူကိုယ်ထနည်းတယ်။ကြောက်ကြောက်နဲ့ လုပ်တဲ့အဆင့်။ ငါလုပ်နေတာ မှန်မှ မှန်ရဲ့လားဆိုတဲ့အဆင့်။ ၂။ အရာရာ ကိုယ့်ကိုကိုယ်လုပ်ရမှ အားရတဲ့သူမျိုးကိုယ့်ဝန်ထမ်းတွေ အလုပ်လုပ်တာစိတ်မရှည်သေးတဲ့အဆင့်။ ၃။ ကိုယ့် team ကိုယ်နိုင်တယ်။ ပညာတတ်တွေကို စီမံခန့်ခွဲတဲ့အခါ ကြောက်တတ်တဲ့လုပ်ငန်းရှင်မျိုး။ ၄။ ကိုယ့်လုပ်ငန်းထဲက team ခေါင်းဆောင်တွေကို သေချာခန့်ထားနိုင်ပြီး စီမံခန့်ခွဲနိုင်တဲ့လုပ်ငန်းရှင်မျိုး။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

လုပ်ငန်းရှင်တွေကို အဆင့်လေးဆင့်ခွဲခြားကြည့်တယ်။ Read More »

ငါလုပ်နေတာကော မှန်မှမှန်ရဲ့လား။

ငါလုပ်နေတာကော မှန်မှမှန်ရဲ့လား။ဒီမေးခွန်းက လုပ်ငန်းရှင်တိုင်းတစ်ခါမဟုတ် တစ်ခါမှာ မေးမိတတ်ကြတယ်။ အဓိက ကတော့ တခြားလုပ်ငန်းရှင်တွေနဲ့သွားနှိုင်းယှဉ်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မပြီးသေးတဲ့ပန်းချီကားနဲ့ သူများရဲ့ ပန်းချီကားသွားမနှိုင်းယှဉ်ပါနဲ့အမျိုးတို့။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ငါလုပ်နေတာကော မှန်မှမှန်ရဲ့လား။ Read More »

စိတ်ရေးရာကြံ့ခိုင်ဖို့ရာက

စိတ်ရေးရာကြံ့ခိုင်ဖို့ရာကသာမန်လူတွေထက် ပိုလိုတယ်။ဒူပေဒဏ်ပေခံဖို့လိုတယ်။ဘယ်လိုပဲ ဖြစ်ဖြစ်အကြည်ဓာတ်မပျောက်စေပါနဲ့။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စိတ်ရေးရာကြံ့ခိုင်ဖို့ရာက Read More »

အဲ့လို ခံစားနေရတဲ့
လုပ်ငန်းရှင်တွေရှိသလား?

ဒီနေ့ခေတ်မှာ လူတစ်ယောက်ရှာတဲ့ငွေကလုပ်ငန်းတစ်ခုရှာတဲ့ငွေထက်အများကြီး သာနိုင်တယ်။ အဲ့ဒီလူက လုပ်ငန်းရှင်ကိုယ်တိုင်ဖြစ်နိုင်တယ်။ အများဆုံးတွေ့ရတာကတော့Expert ဖြစ်နေတဲ့ လုပ်ငန်းရှင်တွေ၊သင်ကြားရေး ဆရာ၊ ဆရာမတွေ၊High-end Product ရောင်းတဲ့ လုပ်ငန်းရှင်တွေနဲ့ B2B အဓိက သွားတဲ့ လုပ်ငန်းရှင်တွေပေါ့။ တခါတလေ အဲ့လိုလုပ်ငန်းရှင်တွေအနေနဲ့ ခံစားရတာက ငါ တစ်ယောက်ထဲရှာလဲ ဝင်ငွေတွေရနေတာပဲ။ဝန်ထမ်းတွေ ခန့်ထားတာ ငွေတောင် အပိုကုန်ခံနေသလိုများဖြစ်နေလား စဉ်းစားမိတာမျိုးလဲရှိတတ်တယ်။ အမှန်တော့ မမှားပါဘူး။ ကိုယ်က အခုချိန်မှာ သောက်သောက်လဲဝင်ငွေရတဲ့အလုပ်ရှိနေပြီးဒီဝင်ငွေတွေကို team development မှာသုံးတာ မှန်ကုန်တဲ့အလုပ်ပါ။ အဲ့လို ခံစားနေရတဲ့ လုပ်ငန်းရှင်တွေရှိသလား? Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

အဲ့လို ခံစားနေရတဲ့
လုပ်ငန်းရှင်တွေရှိသလား?
Read More »

နယ်ပယ်တစ်ခုခုမှာ
expert ဖြစ်နေဖို့တော့လိုတယ်။

ဒီနေ့ခေတ်က ပေးထားတဲ့ JD နဲ့ပဲအလုပ်လုပ်ရင် automation က တစ်နေ့ ကိုယ့်ကို replace လုပ်သွားမှာပဲ။ ဒီနေ့ခေတ်က Attendance-based compensation (ABC) ကနေResult-oriented work environment (ROWE) ကိုပြောင်းလာပြီ။ အရင်က ဒါခိုင်း ဒါလုပ်Instruction လိုက်နာတဲ့ခေတ်ကနေဦးနှောက်သုံးတဲ့ Insight ပိုသိဖို့လိုလာတဲ့ခေတ်ဖြစ်တယ်။ Phyo Paing @ Derek

နယ်ပယ်တစ်ခုခုမှာ
expert ဖြစ်နေဖို့တော့လိုတယ်။
Read More »

လုပ်ငန်းရှင်တစ်ယောက်က
သူနဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ
တစ်ဖက်ကမ်းခပ် သိနေဖို့လိုတယ်။

လုပ်ငန်းရှင်တစ်ယောက်က သူနဲ့ သက်ဆိုင်ရာ နယ်ပယ်မှာတစ်ဖက်ကမ်းခပ် သိနေဖို့လိုတယ်။ကိုယ့် industry ကို သိနေမှအတိတ်က လာရာနဲ့ အနာဂတ်သွားမည့် လားရာကို ချိန်ပြီးအကောင်းဆုံး ပြင်ဆင်နိုင်မှာ။ ဒါကြောင့် Know Your IndustryKnow your businessKnow your teamYour yourself Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းရှင်တစ်ယောက်က
သူနဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ
တစ်ဖက်ကမ်းခပ် သိနေဖို့လိုတယ်။
Read More »

ဒါကြောင့် အမှတ်တံဆိပ်တည်ဆောက်ပါ။

ဒီနေ့ခေတ်စီးပွားရေး လုပ်တဲ့ပုံစံပြောင်းလဲသွားပြီ။ ထုတ်လုပ်မှုက ပြဿနာ မဟုတ်တော့ဘူး။Overproduction တောင်ဖြစ်တဲ့အတွက်ပစ္စည်းတွေ ပုံပြီး ကုန်အောင်ရောင်းဖို့ပိုအရေးကြီးတဲ့ ခေတ်ဖြစ်သွားပြီ။ အဖိုးလက်ထက်ကတော့ ကုန်ပစ္စည်းရှားပါးတဲ့အတွက် ကုန်ပစ္စည်းရှိရင်ကိုအလုအယက်ဝယ်ကြတဲ့ ခေတ်။ အခုကတော့ ပစ္စည်းအလျံပယ်ထုတ်နိုင်ပြီးဝယ်ဖို့ ပိုအားထုတ်ရတဲ့ခေတ်ဖြစ်တယ်။ ဒီတော့ production ထက်Consumption ကို ပိုအားထုတ်ရတဲ့ခေတ်ဖြစ်လာတာနဲ့အညီ အလားအလာရှိတဲ့ ဖောက်သည်တွေကိုယ့်ကို သိဖို့ နာမည်တစ်လုံးတည်ဆောက်ဖို့လိုလာတယ်။ ဒီလို နာမည်တစ်လုံးဖြစ်လာအောင်တည်ဆောက်တာကို branding လို့ခေါ်တယ်။ အလွယ်ကူဆုံးပြောရမယ်ဆိုအမှတ်တံဆိပ်တစ်ခုဆိုတာ ကတိတစ်ခုပဲ။ကိုယ့်ဖောက်သည်တွေကို ပေးတဲ့ ကတိပေါ့။ ဥပမာ သုံးမိနစ်ပဲစောင့်ဆို ဒါ မာမားဆိုတာ တန်းသိတယ်။ ဒါကြောင့် အမှတ်တံဆိပ်တည်ဆောက်ပါအမျိုးတို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ဒါကြောင့် အမှတ်တံဆိပ်တည်ဆောက်ပါ။ Read More »