Akyanpay

အဓိကရည်ရွယ်ချက်က
ပျော်ဖို့ဆိုတာ မမေ့ပါနဲ့။

စီးပွားရေးတစ်ခု လုပ်တဲ့အခါ စျေးရောင်းကောင်းရင် ပျော်မယ်။ အမြတ်ငွေရရင် ပျော်မယ်။ တိုးတက်မှုရှိရင် ပျော်မယ်။ လူတွေ ကိုယ့်လုပ်ငန်းကိုချစ်ရင် ပျော်မယ်။ ကိုယ့်လုပ်ငန်းကြောင့်လူတွေ မတူညီတဲ့အတွေ့အကြုံတွေရသွားရင် ပျော်မယ်။ ကိုယ်လုပ်ချင်တဲ့အပိုင်းကိုပဲ လုပ်ပြီးတချို့အပိုင်းတွေကို ကိုယ်မပါဘဲလက်လွှဲလို့ရရင် ပျော်မယ်။ အလုပ်လုပ်နေပြီး နေ့စဉ်နဲ့အမျှစိတ်ဆင်းရဲနေရရင် တစ်ခုခုတော့ မှားနေပြီ။ လုပ်ငန်းလုပ်တဲ့ အဓိကရည်ရွယ်ချက်ကပျော်ဖို့ဆိုတာ မမေ့ပါနဲ့။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

အဓိကရည်ရွယ်ချက်က
ပျော်ဖို့ဆိုတာ မမေ့ပါနဲ့။
Read More »

ယူထားတာထက်
ပိုပေးရမှာ မကြောက်ပါနဲ့။

လူတစ်ယောက်ဟာအလုပ်လုပ်တဲ့အခါ ကိုယ့်အတွက်“ချက်ချင်း” အကျိုးမရှိရင်အလုပ်ကို သေချာလုပ်သလား၊မလုပ်ဘူးလားကို ကြည့်ပြီးအဲဒီလူရဲ့ အနာဂတ်ကိုခန့်မှန်းလို့ ရနိုင်တယ်။ တချို့အလုပ်တွေက ချက်ချင်းကြီးအကျိုးရှိချင်မှ ရှိလိမ့်မယ်။ လူအများစုက ကိုယ်က ပိုပေးလိုက်ရမှာကြောက်တတ်ကြတယ်။အလုပ်လုပ်ရင်လည်း ရထားတာထက်ပိုလုပ်ရမှာ ကြောက်တတ်ကြတယ်။ Client အလုပ်အပ်ရင်လည်းကိုယ်ဘက်က ပိုပေးလိုက်ရမှာကြောက်တတ်ကြတယ်။ဒီ mindset က လူတွေကိုအောင်မြင်မှုအတွက်အတားအဆီးဖြစ်စေတယ်။ ကျွန်တော်ကတော့သူများဆီက ယူထားတာထက်ပိုမပေးလိုက်ရမှာ စိုးရိမ်တယ်။ ဒီအချက်ကပဲအလုပ်လုပ်တုန်းက မိတ်ဆွေတွေ၊ဆိုင်ဖွင့်တုန်းက ဖောက်သည်တွေအခုထိ ကိုယ်ဘာလုပ်လုပ်ယုံကြည်အားပေးနေကြတုန်း။ ယူထားတာထက်ပိုပေးရမှာ မကြောက်ပါနဲ့။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

ယူထားတာထက်
ပိုပေးရမှာ မကြောက်ပါနဲ့။
Read More »

လုပ်ငန်းတစ်ခု System ကျဖို့ လိုအပ်ချက် (၈) ချက်

System ဆိုတာ လုပ်ငန်းတစ်ခုဟာ ကိုယ်ရှိရှိ၊ မရှိရှိ လည်ပတ်နေနိုင်ပြီး လူသားအရင်းအမြစ်ကို အလွယ်တကူအစားထိုးနိုင်အောင် ကူညီပေးတဲ့ စနစ် ဖြစ်ပါတယ်။ “Product will make you money. System will make you a fortune” ဆိုတဲ့ စကားတစ်ခုရှိပါတယ်။ ကုန်ပစ္စည်းတွေကို ရောင်းချခြင်းဟာ ငွေရနေစေပေမယ့် ချမ်းသာဖို့အတွက်ကတော့ စနစ်တစ်ခုလိုအပ်ပါတယ်။ ဒီတော့ စနစ်ကျဖို့ အဆင့် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။ 1. Vision 1911 ခုနှစ်ကစလို့ Tom Watson ဟာ IBM (International Business Machine) ကိုစတင်တည်ထောင်တဲ့အချိန်တည်းကစပြီး Vision တစ်ခုကို ချရေးခဲ့ပါတယ်။ ဒီ Vision မှာ သူ့ Company

လုပ်ငန်းတစ်ခု System ကျဖို့ လိုအပ်ချက် (၈) ချက် Read More »

ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး
အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။

အလုပ်တစ်ခု စလုပ်တဲ့အချိန်မဖြစ်နိုင်ကြောင်းဝေဖန်ကြလိမ့်မယ်။ခင်ဗျာရဲ့ ခြေလှမ်းတွေကို မကြာမကြာအကဲဖြတ်ကြမယ်။ဘယ်တော့ ကျရှုံးမလည်းဆိုတာကြည့်မယ်။ နည်းနည်းသာသွားရင် မနာလိုဖြစ်ကြမယ်။လိုက်မမှီအောင် အများကြီးသာသွားရင် လေးစားအားကျလာလိမ့်မယ်။ လျှောက်နေတဲ့လမ်းမှာ ခလုပ်တိုက်တာချော်လှဲတာအရေးမကြီးဘူး။မြန်မြန်ဘယ်လောက်ပြန်ထနိုင်လည်းဝေးဝေးဘယ်လောက်လျှောက်နိုင်လည်းဘဲအရေးကြီးတယ်။ အရေးကြီးတာကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ဂယောင်တစ်ယောက်မဖြစ်ဖို့ဘဲ။ ဘာလုပ်ချင်လည်းသိဘယ်လိုလုပ်ရမလည်းသိဘာကြောင့်လုပ်ချင်တာလည်းသိတကယ်လုပ်မဖြစ်သေးရင် လမ်းကြောင်းပြင်ပြန်ပြီးကြိုးစား။ 2015 ကရေးခဲ့တဲ့စာPhyo Paing @ Derek

ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး
အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။
Read More »

လိုချင်တဲ့ ရလဒ်တွေရဖို့ SCAR Framework

လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ရည်မှန်းထားတဲ့ ရလဒ်တွေ တိတိကျကျရဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းတစ်ခု ခေါင်းထဲမှာ မကြာခဏမေးမိမှာပါ။ ဒီအတွက် ကိုယ်လိုချင်တဲ့ရလဒ်တစ်ခု ထွက်ချင်တဲ့အခါ အသုံးပြုနိုင်မယ့် SCAR Framework ကို မျှဝေပေးလိုက်ပါတယ်။ SCAR Framework ဆိုတာကတော့ System + Coach + Action = Result ပါ။ 1. System System ဆိုတာကတော့ လမ်းပြမြေပုံတစ်ခုနဲ့တူပါတယ်။ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတစ်ခုရောက်ရင် ဘယ်နေရာကို ဘယ်လမ်းကြောင်းက သွားရင် ရောက်တယ်ဆိုတာမျိုး ကိုယ်ရချင်တဲ့ ရလဒ်ရဖို့ ဘယ်လိုနည်းလမ်းတွေကို သုံးပြီး လုပ်ရမလဲဆိုတဲ့ နည်းစနစ် အရေးကြီးပါတယ်။ ဥပမာ လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ငန်းစတင်တဲ့အချိန်မှာ ဘာလုပ်သင့်သလဲ၊ လုပ်ငန်းကြီးထွားလာတဲ့အခါမှာ ဘာလုပ်သင့်လဲဆိုတဲ့ နည်းစနစ်တွေကို သိဖို့ လိုပါတယ်။ 2.

လိုချင်တဲ့ ရလဒ်တွေရဖို့ SCAR Framework Read More »

လုပ်ငန်းရှင်တွေ စဥ်းစားဖို့လိုတယ်။

Facebook (Meta) က သူ့ကိုယ်သူSocial Media Company လို့ မစဉ်းစားဘူး။Communication Company တစ်ခုလို စဉ်းစားတယ်။ Tik Tok (Byte Dance) က သူ့ကိုယ်သူVideo-sharing company လို့ မစဉ်းစားဘူး။AI (artificial intelligence) company တစ်ခုလို့စဉ်းစားတယ်။ MI (Xiaomi) က သူ့ကိုယ်သူPhone Company လို့ မစဉ်းစားဘူး။IoT (internet of things) တွေ အသုံးပြုတဲ့၊နေ့စဉ်သုံးပစ္စည်းတွေ ထုတ်တဲ့Lifestyle Company လို့ စဉ်းစားတယ်။ လုပ်ငန်းရှင်တွေအနေနဲ့“Which business are you in ?” ဆိုတဲ့ကိုယ်က ဘယ်စီးပွားရေးလုပ်ငန်းမျိုးကို လုပ်နေတာလဲ ? ဆိုတာသေချာ စဥ်းစားဖို့လိုတယ်။ ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်းနောက်ဆက်သွားမယ့် လမ်းကြောင်းပေါ်သက်ရောက်မှု

လုပ်ငန်းရှင်တွေ စဥ်းစားဖို့လိုတယ်။ Read More »

ကိုယ့်ကိုကိုယ် နောင်တရစေတဲ့
အလုပ်တွေ မလုပ်ပါနဲ့။

တစ်ခုခုလုပ်တော့မယ်ဆို ငါဒါလုပ်လိုက်တဲ့အတွက်“မနက်ဖြန်မနက်”ဘယ်လိုခံစားရမလဲမေးကြည့်။ ဒီမေးခွန်းက တဒင်္ဂသာယာမှုကိုကျော်လွားဖို့ ကူညီပေးတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နောင်တရစေတဲ့
အလုပ်တွေ မလုပ်ပါနဲ့။
Read More »

လုပ်ရင်းနဲ့သင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်

စွန့်ဦးတီထွင်အများစုကသီအိုရီသိလို့ လုပ်ခဲ့တာမဟုတ်ဘူး။ လုပ်ပြီးနောက်ပိုင်းမှ“ငါလုပ်ခဲ့တာ အဲလို Theory ရှိတယ်ကိုး။ဟိဟိ” ဆိုပြီးစိတ်ထဲမှာ ပြုံးတတ်ကြတယ်။ စွန့်ဦးတီထွင်ဆိုတာ လုပ်ရင်းသင်သွားတဲ့learning by doing အမျိုးအစားပဲ။ အရာအားလုံး အဆင်သင့်ဖြစ်မှperfect ဖြစ်မှ စတဲ့သူတွေ မဟုတ်ဘူး။လုပ်ရင်းနဲ့မှ တိုးတက်အောင်ကြံဆသွားတဲ့သူတွေ များတယ်။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

လုပ်ရင်းနဲ့သင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် Read More »

Energy Management လုပ်ပါ။

လုပ်ငန်းရှင်တွေအနေနဲ့Time Management ထက်Energy Management လုပ်ရမယ်။ တခါတလေ အချိန်ရှိပြီးအလုပ်လုပ်ဖို့ အားမရှိတာဖြစ်တတ်တယ်။ Energy ရှိဖို့ Emotion ကအရေးကြီးတယ်။ ဒေါသ၊ ကြောက်စိတ်၊ ပူဆွေးဝမ်းနည်း၊အားငယ်၊ စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေကအလုပ်လုပ်ဖို့ Energy မထွက်စေဘူး။ ပျော်ရွင်စိတ်၊ ရင်ခုန်စိတ်၊ ဂုဏ်ယူစိတ်၊ကျေးဇူးတင်စိတ်၊ စူးစိုက်မှုအပြည့်ရှိတဲ့စိတ်၊မေတ္တာတရား အစရှိတဲ့ စိတ်ခံစားချက်တွေက Energy ကိုထွက်စေတယ်။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

Energy Management လုပ်ပါ။ Read More »

Sales System ချဖို့ အချက် (၇) ချက်

ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်တဲ့နေရာမှာ ကိုယ့်လုပ်ငန်းရဲ့ ဌာနတိုင်းကို စနစ်ချဖို့လိုပါတယ်။ ဒီထဲမှာမှ အရောင်းဌာနကို စနစ်ချဖို့အတွက် အဓိကကျတဲ့ အချက် (၇) ချက်ကို မျှဝေပေးလိုက်ပါတယ်။ ၁။ Sales Process တည်ဆောက်ပါ။ ကိုယ့်လုပ်ငန်းကို စုံစမ်းမေးမြန်းမှု စလာတာကနေ ဝယ်ယူသွားတဲ့အချိန်ထိ ကြားထဲမှာ ဖြတ်သန်းရတဲ့ အဆင့်ဆင့်ကို Sales Process လို့ခေါ်ပါတယ်။ အကြမ်းအားဖြင့် Sales Process အဆင့် (၇) ဆင့် အနေနဲ့ qualifying > preparation > approach > presentation > handling objections > sales closing > follow up ဆိုပြီး ရှိပါတယ်။ လုပ်ငန်းတစ်ခုအနေနဲ့ ကိုယ့်ရဲ့

Sales System ချဖို့ အချက် (၇) ချက် Read More »