Akyanpay

လုပ်ငန်းတစ်ခုကို စတင်တဲ့ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။

ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတွေ တည်ဆောက်တဲ့အခါ အချက် ၂ ချက်လိုအပ်ပါတယ်။ဒီအချက်နှစ်ချက်ကို John Warrillow က ပြောခဲ့သလို၊ ကျွန်တော့်အနေနဲ့လဲ အကြိမ်ကြိမ်စမ်းသပ်ခဲ့ပါတယ်။ ဒါကတော့ ပထမက Specialization လုပ်ဖို့ဖြစ်ပါတယ်။ လုပ်ငန်းအများစုက အစုံရောင်းချင်ကြတာ သဘာဝပါပဲ။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါ generalization ဆိုတာထက် specialization က အဓိကကျပါတယ်။ ဥပမာ ကျွန်တော် ပူးတွဲစတင်ထားတဲ့ web design & development agency တစ်ခုရှိပါတယ်။အဲ့ဒီ agency မှာ logo, graphic, content, app အစုံမလုပ်ပဲwebsite တစ်ခုတည်းကို specialization သွားပါတယ်။ ecommerce နဲ့ e-learning ကို specialization လုပ်ထားတဲ့အတွက်အလုပ်လုပ်တဲ့အခါမှာ ပိုမိုလွယ်ကူသွားပါတယ်။ ဒုတိယတစ်ခုက Standard Service Operation […]

လုပ်ငန်းတစ်ခုကို စတင်တဲ့ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ Read More »

ပထမဆုံး ကိုယ့်ကိုကိုယ် အရင်ဖြည့်ရပါတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ဖို့ပထမဆုံး ကိုယ့်ကိုကိုယ် အရင်ဖြည့်ရပါတယ်။ လုပ်ငန်းရှင်တွေ တိုးတက်သလောက်ပဲသူတို့လုပ်ငန်းတွေ တိုးတက်ကြပါတယ်။ ကံကောင်းပြီး ခေတ်ကောင်းမီတဲ့အတွက် ခဏတာ ရောင်းအားကောင်းအောင်မြင်နိုင်ပေမယ့်ရေရှည် အောင်မြင်ဖို့အတွက် လုပ်ငန်းရှင်တစ်ယောက်ရဲ့ skill က အင်မတန် စကားပြောပါတယ်။ ဒီ skill ကျွမ်းကျင်မှုတွေကို ပြုစုပျိုးထောင်ဖို့ ၁။ ကိုယ့်ရဲ့ စိတ်နေစိတ်ထား၊ လောကအမြင်၊အချိန်စီမံခန့်ခွဲမှု၊ ပေါင်းသင်းဆက်ဆံမှု၊စိတ်ဓာတ်အမြဲနိုးကြားအောင် စီမံခန့်ခွဲမှုလိုပါတယ်။ဒါကို Personal Development လို့ခေါ်ပါတယ်။ ၂။ ဒုတိယအနေနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းProfessional development လိုအပ်ပါတယ်။ တနည်းအားဖြင့် technical လုပ်ထုံးလုပ်နည်းအလုပ်တွေဖြစ်ပါတယ်။ ၃။ တတိယအချက်ကတော့ လုပ်ငန်းတစ်ခုကိုစီမံခန့်ခွဲနိုင်တဲ့ ကျွမ်းကျင်မှုအတွက် Business Development Skills လိုအပ်ပါတယ်။ ဒီသုံးခုကို https://toetet.com/toe-tet-essential/မှာလေ့လာနိုင်ပါတယ်။ တနည်းပြောရရင် If something is wrong with

ပထမဆုံး ကိုယ့်ကိုကိုယ် အရင်ဖြည့်ရပါတယ်။ Read More »

အဓိကနဲ့ သာမည ကွဲဖို့လိုပါတယ်။

အဓိကနဲ့ သာမည ကွဲဖို့လိုပါတယ်။ အခုလိုအချိန်မျိုးမှာ ပိုလိုပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်အများစု ရဲ့လျို့ဝှက်ချက်ကတော့ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ရွေးချယ်မှုပြုလုပ်နိုင်တာဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့ အဓိကတွေနဲ့ သာမညကိုခွဲထုတ်ဖို့လိုပါတယ်။ သေးသေးတောတော ဆုံးဖြတ်ချက်လေးတွေထက်မေးခွန်းအကြီးကြီး တစ်ခုမေးရပါတယ်။ ငါ့လုပ်ငန်းဘာကြောင့် ဒီနေ့ထိရှင်သန်နေတာလဲ?ကိုယ့်ကို အောင်မြင်စေတဲ့အချက်ကဘာလဲ?ဒီအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ဘာလိုမလဲ?ဒီအတိုင်းဆက်သွားလို့ အဆင်ပြေမလား?ဘာအပြောင်းအလဲတွေ လုပ်ရမလဲ? ဒီမေးခွန်းတွေမေးပြီး အဓိကကို ရှာဖွေကြည့်ပါ။ Akyanpay ဆိုတာကတော့ အောင်မြင်သူတွေကိုပိုအောင်မြင်အောင် ကူညီဖို့ ဖြစ်တည်လာတာဖြစ်ပါတယ်။ #Akyanpay

အဓိကနဲ့ သာမည ကွဲဖို့လိုပါတယ်။ Read More »

စိတ်ကူးယဉ်ပါ။

ပြန်လည်စဉ်းစားကြည့်ပါ။ လုပ်ငန်းရှင်အနေနဲ့ စိတ်ကူးမယဉ်တာ ဘယ်လောက်ကြာပြီလဲ။ လုပ်ငန်းစတင်တုန်းက စိတ်ကူးအိမ်မက်တွေတစ်လှေကြီးနဲ့ ရင်ခုန်စွာစတင်ခဲ့ကြတယ်။ အချစ်တွေနဲ့ စတွေ့တဲ့အခါ ရင်ခုန်သလိုပါပဲ။အချိန်နဲ့ လောကဓံတိုက်စားတာများသွားတဲ့အခါလုပ်ငန်းရှင်အနေနဲ့ စိတ်ကူးယဉ်တာတွေရပ်သွားတဲ့ အချိန်တွေရှိတတ်တယ်။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့လုပ်ငန်းရှင်ဟာစိတ်ကူးယဉ်သူ Dreamer တစ်ယောက်ဖြစ်ဖို့လိုတယ်။ဒါမှ လုပ်ငန်းအတွက် Vision ပေါ်လာမှာဖြစ်တယ်။ စိတ်ကူးယဉ်ပြီးရင် အိမ်မက်တွေအကောင်ထည်ဖော်ဖို့ လုပ်ငန်းရှင်အနေနဲ့ စဉ်းစားကြံဆ မဟာဗျူဟာချဖို့ လိုလာပါပြီ။ ဒါကြောင့် အချိန်ယူပြီး ကိုယ့်လုပ်ငန်း Vision တွေအကောင်ထည်ဖော်ဖို့မဟာဗျူဟာ Strategy ကို စဉ်းစားရပါတယ်။ ဒါကြောင့်လုပ်ငန်းရှင်ဟာ Thinker ဖြစ်ဖို့လိုပါတယ်။ လုပ်ငန်းရှင်ဟာ ဆက်သွယ်သူကောင်းတစ်ယောက်ဖြစ်ဖို့လဲ လိုအပ်ပါတယ်။ ကိုယ့် idea တွေကို ဝန်ထမ်းတွေ၊ ဖောက်သည်တွေလက်ခံဖို့ Excellent Communicator ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါမှ ကိုယ့် Vision ကို ဝန်ထမ်းတွေက အကောင်ထည်ဖော်မယ်။ ဖောက်သည်တွေက

စိတ်ကူးယဉ်ပါ။ Read More »

တခါတရံ အခြေအနေကိုကြည့်ပြီး
လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုတယ်။

96% သောလုပ်ငန်းတွေဟာ ၁၀ နှစ်ကြာတဲ့အခါမရှိကြတော့ဘူး။ ဒါ ကမ္ဘာတစ်ဝန်းမှာသာမက မြန်မာမှာရှိတဲ့လုပ်ငန်းတွေမှာ တွေ့ရှိရတဲ့အချက်ဖြစ်တယ်။ လုပ်ငန်းစလိုက်တာနဲ့ လုပ်ငန်းရှင်ဟာသူသေကိုယ်သေတိုက်တဲ့ gladiator တွေလိုကြိုးဝိုင်းထဲ ဝင်လိုက်သလိုပဲ။ ကိုယ်အသက်ရှင်မှ ကြိုးဝိုင်းထဲက ပြန်ထွက်နိုင်မှာဖြစ်တယ်။ ပြိုင်ဖက်တွေအပြင် ကျွန်တော်တို့ အနိုင်တိုက်ရတဲ့ထဲမှာ အကောင်ကြီးတဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာအပြောင်းအလဲတွေ ပါပါတယ်။ တခါတရံ တုန်းတိုက်တိုက်ကျားကိုက်ကိုက်တိုက်ဖို့ လိုသလို တခါတရံ ကိုယ်နဲ့တိုက်မည့်သူကို လေ့လာပြီးကြိုတင်ပြင်ဆင်ဖို့လဲလိုတယ်။ တခါတရံ အခြေအနေကိုကြည့်ပြီးလုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုတယ်။ #Akyanpay

တခါတရံ အခြေအနေကိုကြည့်ပြီး
လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုတယ်။
Read More »

ကလေးလေး တစ်ယောက်လိုမြင်ကြည့်ပါ။

ကလေးလေး တစ်ယောက်လိုမြင်ကြည့်ပါ။ လုပ်ငန်းရှင်အများစုဟာ သေးငယ်စဥ်ကတည်းက လုပ်ငန်းကို စနစ်တကျ မထိန်းကျောင်း၊ စနစ်မချထားတဲ့အခါလုပ်ငန်းကြီးလာတဲ့အခါ ထိန်းကျောင်း၊ စနစ်ချရတာ မလွယ်မကူ ဖြစ်တတ်ကြတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကလေးထိန်းတဲ့ဥပစာလေးနဲ့ ပြောပြလေ့ရှိတယ်။ လုပ်ငန်းရှင်ဆိုတာ လုပ်ငန်းတစ်ခုလုပ်ပြီးရုံနဲ့ရပ်သွားတတ်တဲ့ အမျိုးတွေ မဟုတ်ကြပါဘူး။တစ်ခုပြီး တစ်ခု အသစ်အသစ်တွေဆက်လုပ်နေချင်ကြသူတွေ များပါတယ်။ ဒါကြောင့် ကိုယ်လုပ်တဲ့လုပ်ငန်းတွေမှာ ပထမတစ်ခုကို စံနမူနာပုံစံဖြစ်အောင် စနစ်တကျ တည်ဆောက်ဖို့လိုပါတယ်။ ဒါကိုတော့ English လို prototype လို့ခေါ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ပထမလုပ်ငန်း စံနမူနာပုံစံ စနစ်တကျလေးတည်ဆောက်နိုင်သွားရင်ဒုတိယလုပ်ငန်း၊ တတိယလုပ်ငန်းတွေလဲ လွယ်ကူသွားပါလိမ့်မယ်။ ဒီလို ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတွေကိုTurnkey business လို့ခေါ်ကြပါတယ်။ကားစက်ခလုပ်နှိပ်လိုက်သလိုပဲ တခါတည်းဖွင့်ပြီးမောင်းနှင်လို့ရတာမျိုးကိုဆိုလိုတာပါ။ ဥပမာ Franchise လုပ်ငန်းတွေဟာ စနစ်တည်ဆောက်ပြီး စနစ်ငှားစားတဲ့ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ နောက်တစ်ခုက နည်းပညာအသုံးပြုပြီးကိုယ်မပါပဲ လည်ပတ်တဲ့website

ကလေးလေး တစ်ယောက်လိုမြင်ကြည့်ပါ။ Read More »

ကိုယ့်လုပ်ငန်းရဲ့ “မဟာဗျူဟာ”

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါ “စနစ်”ဆိုတာ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။တခြားလိုအပ်တဲ့ အချက်တွေ ရှိပါသေးတယ်။ စနစ်နဲ့အတူလည်ပတ်မည့် “ဝန်ထမ်း”တွေ၊ ဝန်ထမ်းတွေမှာရှိတဲ့ “ကျွမ်းကျင်မှု” တွေ၊ဝန်းထမ်းတွေရဲ့ အားထုတ်မှုတွေအထိရောက်ဆုံးဖြစ်ဖို့“ဝန်ထမ်းရေးရာဖွဲ့စည်းပုံ”၊ ဝန်ထမ်းတွေကို ဦးဆောင်ဖို့ “ဦးဆောင်မှုပုံစံ”ခပ်ကြမ်းကြမ်းဦးဆောင်မှာလား၊ မိဘလိုဦးဆောင်မှာလား၊ဆရာတစ်ယောက်လိုဦးဆောင်မှာလား၊ လုပ်ပိုင်ခွင့်တွေ အပြည့်ပေးပြီးဦးဆောင်မှာလား၊ဦးဆောင်မှုပုံစံက ဝန်ထမ်းတွေရဲ့ စွမ်းရည်နဲ့စရိုက်အလိုက်ကွာသွားနိုင်ပါတယ်။ နောက်အရေးကြီးတာတစ်ခုကတော့ ကိုယ့်လုပ်ငန်းရဲ့ “မဟာဗျူဟာ” ဖြစ်ပါတယ်။ဘယ်လိုနည်းနဲ့ ကိုယ့်လုပ်ငန်းစိတ်ကူးအိမ်မက်ကို အကောင်ထည်ဖော်မလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ပိုင်းကတော့ အရေးအကြီးဆုံးအပိုင်းလဲဖြစ်တဲ့ “တန်ဖိုးထားမှု” ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ တန်ဖိုးထားမှုတွေက ဘာတွေလဲ?ကိုယ်ချင်းစာတရားလား၊ အပြန်အလှန်လေးစားမှုလား၊ ကြိုးစားမှုလား အစရှိတဲ့ လုပ်ငန်းရဲ့တန်ဖိုးထားမှုတွေနဲ့ ဝန်ထမ်းတွေရဲ့ တန်ဖိုးထားမှုတွေ တူဖို့လိုပါတယ်။ဒါကြောင့် အလုပ်မခန့်ခင် ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။ (အထက်မှာဖောက်ပြသွားတဲ့ System, Staff, Skills, Structure, Style, Strategy, Shared Values ကိုတော့ McKinsey’s 7S framework

ကိုယ့်လုပ်ငန်းရဲ့ “မဟာဗျူဟာ” Read More »

P သုံးလုံးကို လုပ်ငန်း functions တိုင်းမှာထည့်ရပါတယ်။

ကိုယ်လိုလို မလိုလိုလည်ပတ်တာကို စနစ်လို့ခေါ်ပါတယ်။ လူတွေနဲ့ စနစ်ပေါင်းပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင် လုပ်တာကို စီမံခန့်ခွဲမှုလို့ခေါ်ပါတယ်။ စနစ်တစ်ခုချတဲ့အခါ လိုက်နာရမည့်စည်းကမ်း policiesလုပ်ဆောင်ရမည့် လုပ်ငန်းစဥ် process လုပ်ထုံးလုပ်နည်း procedure တွေလိုအပ်ပါတယ်။ ဒီ P သုံးလုံးကို လုပ်ငန်း functions တိုင်းမှာထည့်ရပါတယ်။ ဒီလို စနစ်ချဖို့ လုပ်ငန်းရှင်ကိုယ်တိုင် စနစ်ကျဖို့လိုပါတယ်။ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ကိုယ်တိုင် စနစ်တကျ နေထိုင်တတ်ပြီလား။ ကိုယ်တိုင်စနစ်တကျ မနေထိုင်တတ်ပဲ လုပ်ငန်းကို စနစ်ချဖို့ ခက်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းဆိုတာ လုပ်ငန်းရှင်ရဲ့ ကိုယ်ပွားဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ Akyanpay.com ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

P သုံးလုံးကို လုပ်ငန်း functions တိုင်းမှာထည့်ရပါတယ်။ Read More »

အိမ်ပိုင်ရှင်တစ်ဦးလို စဥ်းစားဖို့လိုပါတယ်။

လုပ်ငန်းရှင်အနေနဲ့ ကိုယ့်လုပ်ငန်းOperation မှာ ကိုယ်မပါပဲ လည်ပတ်ဖို့အတွက်အိမ်ပိုင်ရှင်တစ်ဦးလို စဥ်းစားဖို့လိုပါတယ်။ အိမ်ပိုင်ရှင်အနေနဲ့ အိမ်ဆောက်တဲ့အခါဘယ်လိုအိမ်မျိုးဆောက်မယ်၊ အခန်းဘယ်နှစ်ခန်း၊ အထပ်ဘယ်နှစ်ထပ်၊ ဘယ်နေရာမှာ ဆောက်မယ် အစရှိတာတွေစဥျးစားရသလို လုပ်ငန်းတစ်ခု တည်ဆောက်တဲ့အခါမှာလဲ ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ Vision ရှိဖို့လိုပါတယ်။ ဒီစိတ်ကူးအိမ်မက် အမြင် ထဲက အိမ်တည်ဆောက်ဖို့Engineer တွေ၊ လက်သမား၊ ပုရံဆရာတွေ လိုပါတယ်။ နောက် ကုန်ကျစရိတ်နဲ့ timeline တွေရှိပါမယ်။ လုပ်ငန်းတစ်ခု တည်ဆောက်တဲ့အခါမှာလဲ အလားတူပါပဲ။လုပ်ငန်းကို စီမံခန့်ခွဲမည့် Manager လိုသလို၊ သက်ဆိုင်ရာလုပ်ငန်းဆောင်တာတွေဖြစ်တဲ့ Marketing, Sales, Customer Service, Operations အစရှိတဲ့ အလုပ်တွေအတွက် ဝန်ထမ်းလိုပါတယ်။ ကိုယ်ဆောက်ချင်တဲ့အိမ်က ကြီးလေလေအချိန်ပိုပေးရလေလေဖြစ်သလို၊ ကျွမ်းကျင်ဝန်ထမ်းပိုလိုလေလေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ operation ထဲမှာမနစ်မြုပ်နေပဲ ကိုယ့်လုပ်ငန်းကို အိမ်ပိုင်ရှင်တစ်ယောက်လိုစဥ်းစားပြီး

အိမ်ပိုင်ရှင်တစ်ဦးလို စဥ်းစားဖို့လိုပါတယ်။ Read More »

Business Model Canvas (BMC)

Business Model Canvas (BMC) ဆိုတာ ဘာလဲ? BMC လို့အတိုကောက်ခေါ်နေကြတဲ့ Business Model Canvas ဆိုတာဟာ စီးပွားရေးလုပ်င န်းတွေအတွက်အသစ်အသစ်သော business model တွေ ဖန်တီးတဲ့အခါသာမက ရှိပြီးသား business model တွေကို ပြုပြင်တာ ဖြည့်စည်းတာ တိုးတတ်အောင်လုပ်တာ စတဲ့နေရာမျိုးတွေမှာ သုံးနိုင်တဲ့မဟာဗျူဟာကျတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ BMC ကိုဘာကြောင့်သုံးသင့်တာလဲ? ကိုယ့်ရဲ့အကြံဉာဏ်တွေကိုလျင်လျင်မြန်မြန်လွယ်လွယ်ကူကူပုံဖော်နိုင်တယ်။ ကိုယ့်ရဲ့ အကြံဉာဏ်က ဘာလဲဆိုတာကိုရှင်းလင်းစေပြီး ဒီအကြံဉာဏ်ကနေ စီးပွားရေးလုပ်ငန်းတစ် ခုအဖြစ်အသွင်ပြောင်းဖို့လိုအပ်တာတွေကိုပုံဖော်ပေးပါတယ်။ BMC မှာဆိုရင်ဟိုးအရင်ကလိုသမားရိုးကနည်းတွေလိုစာမျက်နှာတွေ အများကြီး မလိုပါဘူး။ စာရွက်တစ်မျက်နှာပေါ်ကနေပြီး လုပ်ငန်းရဲ့အရေးကြီးတဲ့အပိုင်းတွေ မလိုအပ်တဲ့အရာတွေ စတာတွေကိုဖော်ပြပေးမှာပါ။ BMC ဟာ ကျိုးကြောင်းဆီလျော်ပြီး ရှင်းလင်းပြတ်သား တဲ့အတွက်အလွန်အသုံးတည့်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ BMC မှာ ဘာတွေပါလဲ? Comment မှာ ပုံတင်ထားပေးပါတယ်။

Business Model Canvas (BMC) Read More »