Behavior

ဦးနှောက်မှာရှိတဲ့
neurotransmitter တွေကြောင့်ဖြစ်လာတယ်။

ဘာကြောင့် လေ့ကျင့်ခန်းလုပ်လဲ။လုပ်ပြီး သို့ လုပ်နေစဥ်ရတဲ့အရသာကြိုက်လို့။ ဘာလို့ အစားအသောက်သေချာစနစ်တကျစားသောက်သလဲ။သူကရတဲ့ အရသာကြိုက်လို့။ ဘာ့ကြောင့် ပညာရပ်အသစ်တွေလေ့လာသလဲ။အသစ်တွေလေ့လာတဲ့အခါရတဲ့အရသာကြိုက်လို့။ဘာကြောင့် တရားထိုင်သလဲ။သူကပေးတဲ့ အရသာကြိုက်လို့။ လူတွေရဲ့ အမူအကျင့်ကိုဖြစ်စေတာအရသာ။ဒီအရသာက ဦးနှောက်မှာရှိတဲ့neurotransmitter တွေကြောင့်ဖြစ်လာတယ်။ Why do we exercise? It’s because of the pleasure we get during and after doing it. Why do we eat food systematically? It’s because of the taste we enjoy. Why do we learn new subjects? It’s because of the enjoyment […]

ဦးနှောက်မှာရှိတဲ့
neurotransmitter တွေကြောင့်ဖြစ်လာတယ်။
Read More »

ဒီနေ့က ပြန်စ။

ဒီနေ့က ပြန်စ။ မနေ့ပြီးသွားပြီ။ မနက်ဖြန်က မဖြစ်လာသေးဘူး။ မနေ့ကကို ကြည့်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မနေနဲ့။ တချိန်က အကောင်းဆုံးလုပ်နိုင်ခဲ့တဲ့အချိန်နဲ့အခုလိုသာမာန်အချိန်နဲ့ နှိုင်းယှဥ်ပြီးကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။ အဖြစ်သေးတဲ့ အနာဂတ်ကို စဥ်းစားပြီးလဲ တွေးပူမနေနဲ့။ မနက်ဖြန်မှာ ဆင်ဖမ်းမဲ့ကိစ္စတွေကိုစဥ်းစားရင်း တွေးပူမနေနဲ့။ အရေးအကြီးဆုံးက ဒီနေ့။ ဒီနေ့က ပြန်စ။ Phyo Paing @ Derek

ဒီနေ့က ပြန်စ။ Read More »

Flow state ဆိုပြီး ခေါ်ကြတယ်။

ကိုယ်အကြိုက်ဆုံး music လေးနားထောင်ပြီးကိုယ်ကြိုက်တဲ့အလုပ်တွေကို အချိန်တွေ မေ့ပြီးလုပ်နေမိတဲ့အခိုက်အတန့်တွေဘာတွေနဲ့မှ လဲလို့မရဘူး။ ဒါကို စျာန်ဝင်တယ်လို့ ပညာရှင်တွေကFlow state ဆိုပြီး ခေါ်ကြတယ်။ Phyo Paing @ Derek

Flow state ဆိုပြီး ခေါ်ကြတယ်။ Read More »

ကိုယ်နဲ့ကိုယ်က အကောင်းဆုံး
သူငယ်ချင်းဖြစ်ဖို့လိုတယ်။

ကိုယ့်ကိုယ်ကို ဘယ်တော့မှ အပြစ်မတင်နဲ့။အကျင့်ပါသွားတတ်တယ်။ကိုယ့်ကိုယ်ကို ဂုဏ်ယူစိတ်ပျောက်သွားတတ်တယ်။ကိုယ်နဲ့ကိုယ်က အကောင်းဆုံးသူငယ်ချင်းဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်နဲ့ကိုယ်က အကောင်းဆုံး
သူငယ်ချင်းဖြစ်ဖို့လိုတယ်။
Read More »

ကိုယ်လိုချင်တဲ့ အရာတွေဖြစ်လာဖို့
စည်းကမ်းရှိဖို့လိုတယ်။

၂ နှစ်ဆိုတဲ့ အချိန်ကလဲ ခဏလေးပဲ။ နောက် ၂ ပတ်ဆိုရင်ပဲ ToeTet Insidernote video တွေလုပ်ခဲ့တာ ၂ နှစ်ပြည့်ပြီ။ ကိုယ့်ကိုကိုယ်တောင် စည်းကမ်းမရှိပဲသူများကို ဝေဖန်ဖို့ မစဥ်းစားနဲ့လို့ကိုယ့်ကိုကိုယ် အမြဲ သတိပေးဖြစ်တယ်။ အချုပ်တန်းဆရာဖေကလဲ စည်းကမ်းဖောက်လို့၊ထီးနန်းပျောက်ဖြစ်ပြီ လို့ရေးခဲ့ဖူးတယ်။ ကိုယ်လိုချင်တဲ့ အရာတွေဖြစ်လာဖို့စည်းကမ်းရှိဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်လိုချင်တဲ့ အရာတွေဖြစ်လာဖို့
စည်းကမ်းရှိဖို့လိုတယ်။
Read More »

အချိန်ထက် အကြိမ်ရေအရေးကြီးတယ်။

အချိန်ထက် အကြိမ်ရေအရေးကြီးတယ်။ အစွမ်းထက်တဲ့ နည်းပြဖြစ်ဖို့အချိန်ဘယ်လောက်လိုမလဲ။ အင်္ဂလိပ်စာပြောတတ်ဖို့ အချိန်ဘယ်လောက်လိုမလဲ။ ကျွန်တော်တို့ မေးခွန်းတွေ မှန်သင့်သလောက် မမှန်ခဲ့ကြဘူး။ ကျွမ်းကျင်မှုတစ်ခုပြုစုပျိုးထောင်တဲ့အခါအချိန်ထက် အကြိမ်နဲ့ ပိုဆိုင်တယ်။ Phyo Paing @ Derek

အချိန်ထက် အကြိမ်ရေအရေးကြီးတယ်။ Read More »

တစ်ရက်တစ်ရက် ကိုယ့်ကိုကိုယ်
တိုင်းတာတဲ့ metrics က

တစ်ရက်တစ်ရက် ကိုယ့်ကိုကိုယ်တိုင်းတာတဲ့ metrics က ၁။ ဒီနေ့ အသစ်လေ့လာပြီးပြီလား?၂။ ဒီနေ့ ကျန်းမာရေးတိုးတက်အောင်လုပ်လား?၃။ ဒီနေ့ဝင်ငွေရအောင်လုပ်လား?၄။ အနာဂတ်ဝင်ငွေရဖို့ လုပ်လိုက်လား?၅။ ကိုယ့်ကိုကိုယ် ပိုနားလည်လာလား?၆။ ဒီနေ့အချိန်ကို အကောင်းဆုံးအသုံးချခဲ့လား?၇။ ဒီနေ့ အိမ်ပြန်ပြီးပြီလား (စိတ်နဲ့ကိုယ်ကပ်)? Phyo Paing @ Derek

တစ်ရက်တစ်ရက် ကိုယ့်ကိုကိုယ်
တိုင်းတာတဲ့ metrics က
Read More »

လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့
ဓာတ်မတူကြဘူး

ကိုယ်တွေ့တဲ့သူတိုင်းက ပေးတဲ့Vibe ကိုမှတ်ထားလိုက်တယ်။ဘယ်သူ့ကိုရှောင်ရမယ်၊ဘယ်သူနဲ့ များများတွေ့ရမယ်၊ဘယ်သူနဲ့လျော့တွေ့ရမယ် ပြန်ချိန်ကြည့်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့ဓာတ်မတူကြဘူး။တချို့ အကြည်ဓာတ်၊တချို့က အပူဓာတ်၊တချို့က ပျော့ပျော့လေးနံတဲ့ ကြောင်ချီး၊တချို့က လေးလံတယ်၊တချို့ကတက်ကြွ၊တချို့ ရင်ခုန်မှုတွေနဲ့၊တချို့က လှုံခြုံမှု၊တချို့က တိုက်မယ်ခိုက်မယ်၊တချို့က အတွေးအခေါ်သစ်တွေနဲ့အဲ့လို တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ ℙ𝕙𝕪𝕠 Paing @ Derek

လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့
ဓာတ်မတူကြဘူး
Read More »

မပြစ်မှားမိသင့်တဲ့သူကို
သွားမပြစ်မှားနဲ့

အသက်ကြီးလာတော့ လက်ကိုင်ထားတာPower ဥပဒေသပဲ။သူ့ကကိုယ့်ကို လိုတာထက်ကိုယ်က သူ့ကိုပိုလိုရင်ကိုယ်က အလျော့ပေးရမှာပဲ။သူက ကိုယ့်ကို ဒုက္ခပေးနိုင်တာကကိုယ်က သူ့ကို ဒုက္ခပေးနိုင်တာထက်နည်းနေရင် နောက်ဆုံး ကိုယ်ပိုဒုက္ခရောက်မှာပဲ။Power law 19 မှာလိုမပြစ်မှားမိသင့်တဲ့သူကိုသွားမပြစ်မှားနဲ့။ ℙ𝕙𝕪𝕠 Paing @ Derek

မပြစ်မှားမိသင့်တဲ့သူကို
သွားမပြစ်မှားနဲ့
Read More »

အလုပ်လုပ်တာနဲ့ အလုပ်ပြီးတာမတူဘူး

Activity နဲ့ Work done နဲ့ မရောမိဖို့လိုတယ်။ လူအများစုက အလုပ်တော့လုပ်နေကြတယ်။အလုပ်က မပြီးဘူး။ ဒီထက်ပိုအရေးကြီးတာ ကိုယ်လုပ်နေတဲ့အလုပ်က တကယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ဟုတ်မဟုတ်သိဖို့ပဲ။ မယောင်ရာဆီလူးနေရင်ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဒါကြောင့် busyness နဲ့ business ကိုသိရမယ်။ ကုန်ပစ္စည်းပို့ဆောင်ပေးတဲ့ FedExကိုစတုန်းက Frederick W. Smith ဖဒရစ် စမစ်ကဒီနေ့ပို့ မနက်ဖြန်ရောက်တဲ့ စနစ်Overnight delivery ကိုလုပ်ချင်တယ်။ဝန်ထမ်းတွေက ကုန်ပစ္စည်းတွေကုန်တင်ကုန်ချလုပ်ဖို့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အလုပ်လုပ်တာအရမ်းနှေးတာကို တွေ့ရတယ်။ ဒါနဲ့ ဘယ်အချိန်လာပြီးဘယ်အချိန်ပြန်ရမယ်ဆိုတဲ့ အချိန်သတ်မှတ်မှုအစား၊ဒီအလုပ်တွေစောစောပြီးစောစောပြန်လုပ်လိုက်တော့ ညတွင်းချင်းပို့ပေးတဲ့ overnight delivery စနစ်က အောင်မြင်သွားတယ်။ တစ်ရက်တစ်ရက် ကိုယ်လုပ်နေတဲ့အလုပ်က လုပ်ဖို့လိုလားပြန်မေးဖို့လိုတယ်။ လုပ်ဖို့လိုရင် ကိုယ်လုပ်နေတဲ့အလုပ်ကိုဒီထွက်ပိုလွယ်အောင်၊ မြန်အောင်၊ထိရောက်အောင်၊ နောက်ပိုင်း ကိုယ်တိုင်လုပ်စရာမလိုတော့အောင်ဘယ်လို လုပ်ရမလဲ အမြဲပြန်မေးကြည့်ဖို့လိုတယ်။ Phyo Paing @

အလုပ်လုပ်တာနဲ့ အလုပ်ပြီးတာမတူဘူး Read More »