Business

CreaThit

အနာဂတ်မှာ အင်တာနက်ကတော့ဆက်ရှိနေအုံးမယ်လို့ထင်တယ်။မရှိရင် ကိုယ်တွေလဲ ဒီမှာနေနိုင်မယ်လို့ မထင်ဘူး။ အင်တာနက်ရှိနေရင်Creator Economy ကတော့ရှိနေအုံးမှာပဲ။ Creator တွေဟာ လွတ်လပ်စွာဖော်ထုတ်ပိုင်ခွင့်နဲ့Digital နည်းပညာတွေတိုးတက်မှုနဲ့အတူပေါ်လာကြတယ်။ ကျွန်တော်ကတော့ Creator တွေကိုArtistsBloggersCodersDesigners Entrepreneurs ဆိုပြီးA, B, C, D, E ဆိုပြီး အလွယ်တကူပြောလေ့ရှိတယ်။ ဒီလူတွေ တခြားသူတွေနဲ့ မတူတာကကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုအသစ်တွေ ဖန်တီးပေးခြင်းနဲ့အလုပ်အကျွေးပြုတယ်။ #CreaThit Phyo Paing @ Derek

CreaThit Read More »

လုပ်ငန်းဆိုတာ
ပြဿနာ ဖြေရှင်းတာဖြစ်တယ်။

ခုနှစ်တန်းလောက်က တရုတ်စီးပွားရေးနတ်မင်းလို့ ယူဆရတဲ့ ဒဏ္ဏာရီအကြောင်းဖတ်လိုက်ရတယ်။ အဲ့လူက ဘယ်မြို့ရောက်သွားသွားသုညက ပြန်စတာ ခဏဆိုပြန်ကြီးပွားသွားတယ်။မြန်မာလိုဆို ကြွက်သေတစ်ခုအရင်းပြုတဲ့ ပုံပြင်နဲ့ဆင်တယ်။ အဲ့ကတည်းက စီးပွားရေးဆိုတာစိတ်ဝင်စားပြီး စျေးထဲမှကြီးတော့ရောင်းလို့ရတာတွေ ရောင်းပြီးပိုက်ဆံရှာခဲ့တယ်။ နောက်ပိုင်း စီးပွားရေးပညာကိုထဲထဲဝင်ဝင်လေ့လာ မိတော့ ပိုတောင် စိတ်ဝင်စားလာခဲ့တယ်။ ကျွန်တော်စဥ်းစားထားတဲ့ framework တစ်ခုတော့ရှိတယ်။ဒါကတော့ လုပ်ငန်းဆိုတာ ပြဿနာ ဖြေရှင်းတာဖြစ်တဲ့အတွက်၁။ Problem-Person Fit၂။ Problem-Project Fit ၃။ Product-Market Fit၄။ Platform-Market Fit (With my younger brother, Dr. Han Lynn Naing) Phyo Paing @ Derek

လုပ်ငန်းဆိုတာ
ပြဿနာ ဖြေရှင်းတာဖြစ်တယ်။
Read More »

ကိုယ်ဂုဏ်ယူတဲ့
ချစ်တဲ့ အလုပ်တွေကို
နေ့စဉ်
ပိုးစိုးပက်စက်လုပ်ပါ။

Work လို့ပြောလိုက်ရင် သာမာန်လူအများစုကပင်ပန်းမှု၊ ချုပ်နှောင်မှု၊ မွန်းကြပ်မှု၊နွမ်းနယ်မှု၊ ပျော်ရွင်စရာမရှိတဲ့ မဖြစ်မနေ လုပ်ရတဲ့ အရာလို့မြင်တတ်ကြတယ်။ အလုပ်ဆိုတာ ရင်ခုန်စရာ၊အိမ်မက်တွေ အကောင်အထည်ဖော်ရာ၊အစွမ်းအစတွေ ထုတ်ဖော်ခွင့်ရတဲ့နေရာ၊မွန်းကြပ်စုတ်ပျက်တဲ့ ပတ်ဝန်းကျင်ကြားကလွတ်မြောက်ရာ နေရာ၊ကိုယ့်ဘဝကို နောက်တစ်ဆင့်တက်စေမည့် လှေကားထစ်ဒီလိုမြင်မယ်ဆို အလုပ်လုပ်ရတာလတ်ဆတ်နေလိမ့်မယ်။ အလုပ်ကို ဘယ်လိုမြင်လဲ?လူအများစု ဦနှောက်ဆေးခံထားရသလိုမြင်လား?ရင်ခုန်လတ်ဆတ်မှုတွေနဲ့လား? ကွန်ဖြူးရှပ်ကတော့ တစ်သက်လုံးအလုပ်မလုပ်ချင်ရင် ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်တဲ့။ ကိုယ်ဂုဏ်ယူတဲ့ချစ်တဲ့ အလုပ်တွေကိုနေ့စဉ် ပိုးစိုးပက်စက်လုပ်ပါ။ Phyo Paing @ Derek

ကိုယ်ဂုဏ်ယူတဲ့
ချစ်တဲ့ အလုပ်တွေကို
နေ့စဉ်
ပိုးစိုးပက်စက်လုပ်ပါ။
Read More »

အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်က
ရှုံးနိမ့်မှု မဟုတ်ဘူး။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှု
သွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။
အောင်မြင်မှုအတွက် ရန်သူက
သာမာန် average ပဲ။

သာမာန်စံနှုန်းထက် ရလဒ်ပိုကောင်းတာကိုအောင်မြင်မှုလို့ သတ်မှတ်လို့ရနိုင်တယ်။ စံနှုန်းဆိုတာ မိသားစု၊အသိုင်းအဝိုင်း၊အရင်ရလဒ်ပေါ်မူတည်ပြီးဖြစ်လာတယ်။ ကျောင်းပြီးစ လူငယ်အတွက်ကုမ္ပဏီကောင်းကောင်းမှာအလုပ်ရတာ အောင်မြင်မှုဖြစ်နိုင်တယ်။ လုပ်ငန်းရှင်တစ်ယောက်အတွက်သူ့လုပ်ငန်းနယ်ပယ်မှာအများစုရထားတဲ့ ရလဒ်ထက်ပိုကောင်းအောင်ရနိုင်တာကိုအောင်မြင်မှုလို့ခေါ်နိုင်တယ်။ အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်ကရှုံးနိမ့်မှု မဟုတ်ဘူး။ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုသွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။အောင်မြင်မှုအတွက် ရန်သူကသာမာန် average ပဲ။ ဒါကြောင့် အရာရာအဆင်သင့်ဖြစ်မှ စတင်မယ်ဆိုတဲ့သာမာန်အတွေးကို ဖျောက်ဖို့လိုသလိုအောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပဲဘယ်တော့မှ အစိုးမရဘူး။အိမ်ငှါးခ မပေးနိုင်ရင်ကန်ချခံရမှာပဲ။ Phyo Paing @ Derek

အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်က
ရှုံးနိမ့်မှု မဟုတ်ဘူး။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှု
သွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။
အောင်မြင်မှုအတွက် ရန်သူက
သာမာန် average ပဲ။
Read More »

Talent Management

လုပ်ငန်းတွေပြိုင်ကြတာမဟုတ်ပါဘူး။ လုပ်ငန်းကို ဦးဆောင်တဲ့ဝန်ထမ်းတွေရဲ့အစွမ်းအစ ပြိုင်ကြတာပါ။ SME လုပ်ငန်းတွေမှာ လူတော်တွေကို attractလုပ်ရတာနဲ့ ထိန်းထားရတာအခက်ဆုံးပဲ။ ဒီလို recruit, train and maintain လုပ်နိုင်ဖို့earn + learn လုပ်နိုင်ကြဖို့လိုတယ်။ ငွေတစ်ခုတည်းနဲ့ လူတွေအလုပ်မလုပ်ကြပါဘူး။ အချိန်တစ်ခုရောက်တဲ့အခါ သူတို့ကိုယ်သူတို့အစွမ်းအစတွေ express လုပ်ချင်လာမယ်။ ဒီအတွက် learning environment ရှိနေရမယ်။ HR philosophy အများစုကို အရင်လုပ်ခဲ့တဲ့ကမ္ဘာ့အလုပ်လုပ်လို့အကောင်းဆုံး company က အများကြီးလေ့လာလို့ရခဲ့တယ်။သူတို့ရဲ့ CHRIS လို့ခေါ်တဲ့ Common Human Resource Information System ကိုအသုံးပြုပြီးKPI, Target, SOP, Team Building လုပ်တဲ့ပုံစံနဲ့ Agreed Goal နဲ့ PIP (Performance Improvement Plan)ချတဲ့ပုံစံတွေဟာ

Talent Management Read More »

စီးပွားရေးဆိုတာ
ငွေတစ်ခုတည်းအတွက်
ဖြစ်တည်လာတာ မဟုတ်ဘူး။

ဒီတစ်ခုထဲအတွက် ကြည့်ရင် DNA ပျောက်နေတဲ့ စီးပွားရေးပဲဖြစ်မယ်။တရုတ်ပြည်မကြီးကို ကြည့်ကြည့်။ငွေရှိတယ်။ အလုပ်တွင်တယ်။ အနှစ်မဲ့နေတယ်။ သူ့မှာ Soul ပျောက်နေတယ်။ ဘာကြောင့်လဲ?အကုန်လုံးဟာ ငွေနောက်ပဲလိုက်လို့။ ငွေရှိလာတယ်။ ဒီတော့ ငွေထက်အဆင့်မြင့်တဲ့ပျော်ရွင်မှုတွေကို တောင်းတလာတယ်။ လုပ်ငန်းတစ်ခုမှာ ခံယူချက်လိုတယ်။ ဘယ်ခံယူချက်အတွက် ဒီအလုပ်လုပ်နေတာလဲသိဖို့လိုတယ်။ဒါမှ Covid-19 တို့၊ Coup တို့နဲ့အနာဂတ်မှာလာနိုင်တဲ့ catastrophe ကိုအန္ဒြေရှိရှိ ကျော်လွားနိုင်မှာ။More like a spiritual pursuit လို့ပြောရင် မှန်မယ်။ အနုပညာကို ပိုက်ဆံအတွက်လုပ်တာနဲ့ ခံယူချက်အတွက်လုပ်တာ ခံစားလို့ရတယ်။ ပိုက်ဆံအတွက်လုပ်တဲ့အခါ ပေါက်တဲ့အလုပ်အကုန်ထလုပ်ပြီးလိုင်းကြောင်သွားနိုင်တယ်။ ခံယူချက်အတွက်အလုပ်လုပ်တာက ရူးသွပ်မှု၊ အနာဂတ်အတွက်ပြင်ဆင်မှုတွေနဲ့ အတွေးအခေါ်ပေါ် အခြေခံတယ်။ မရှိသေးတဲ့ လမ်းဖောက်တယ်။ ဘာဆိုင်ပဲဖွင့်ဖွင့်၊ ဘာပစ္စည်းပဲရောင်းရောင်းဒီဆိုင်ပိုင်ရှင် ဦးဆောင်သူ အတွေးအခေါ်ဘယ်လောက်ရှိတယ်ဆိုတာ စားသုံးသူတွေ ခံစားရတယ်။ဒါကြောင့် လုပ်ငန်းတစ်ခုမှာ ဝိညာဉ်

စီးပွားရေးဆိုတာ
ငွေတစ်ခုတည်းအတွက်
ဖြစ်တည်လာတာ မဟုတ်ဘူး။
Read More »

လုပ်ငန်းတိုင်းက ဖောက်သည်ပြဿနာ
ဖြေရှင်းပြီး ငွေရှာကြတာဖြစ်တယ်။

စားသောက်ဆိုင်က ဖောက်သည်ဗိုက်ဆာတဲ့ပြဿနာကိုဖြေရှင်းခဲ့တယ်။နောက်ပိုင်း အရသာ။နောက်ပိုင်း လိုချင်တဲ့ ခံစားမှုတွေကိုပေးဖို့ လုပ်ငန်းတွေဖြစ်လာတယ်။ ကိုယ့်လုပ်ငန်းက ဘယ်ပြဿနာကို ဖြေရှင်းတယ်ဆိုတာ သေချာသိဖို့လိုတယ်။ ဒါကို problem-market fit အဆင့်လို့ခေါ်တယ်။ဥပမာ McDonald ဆို မြန်မြန်စားလို့ရတဲ့ပြဿနာကို ဖြေရှင်းတာဖြစ်တယ်။Fast food 🥘 ဆိုပါတော့။ နောက်တစ်ဆင့်ကတော့ ဒီ ပြဿနာကိုဖြေရှင်းဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုထုတ်ရတဲ့အဆင့်ဖြစ်တယ်။ စျေးကွက်နဲ့ ကုန်ပစ္စည်းကွက်တိကိုက်ဖို့Product-Market Fit အဆင့်ဆိုပါတော့။ တချို့ဆီဆိုင်တွေတို့ကို ကြည့်ရင်ဆီဆိုင်ဆိုတာထက် ပိုပြီး Convenience store တွေ၊ စားသောက်ဆိုင်တွေနဲ့ integrateလုပ်လာတာတွေ့လိမ့်မယ်။ဒါမျိုးနောက်တစ်ဆင့်ကိုPlatform-Market fit လို့ခေါ်တယ်။ လုပ်ငန်းစချင်ရင် Problem-Market Fitဖြစ်အောင်လုပ်ဖို့လိုတယ်။လုပ်ငန်းတကယ်စပြီ ကြီးဖို့ဆိုProduct-Market Fit လိုတယ်။နောက်တစ်ဆင့်တက်ဖို့Platform-Market Fit လိုတယ်။ ကျွန်တော်စဉ်းစားတာကတော့ အင်တာနက်မရှိရင် လူတွေနေနိုင်မှာ မဟုတ်တဲ့အတွက်မြန်မာပြည်မှာကတော့ အင်တာနက်ဆက်ပြီးရှိနေအုံးမယ်။Digital Product တွေ

လုပ်ငန်းတိုင်းက ဖောက်သည်ပြဿနာ
ဖြေရှင်းပြီး ငွေရှာကြတာဖြစ်တယ်။
Read More »

Differentiate or Die

သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ Business Model နဲ့ထူးအောင်လုပ်မှာလား။ကုန်ပစ္စည်းနဲ့လား၊ဝန်ဆောင်မှုနဲ့လား၊စျေးနှုန်းနဲ့လား၊Marketing လုပ်တဲ့ပုံစံနဲ့လား။ Phyo Paing @ Derek

Differentiate or Die Read More »

စီးပွားရေးလုပ်ငန်းတစ်ခုကို
ဦးဆောင်တဲ့သူတစ်ယောက်ရဲ့
တစ်ရက်တာ ကဝန်ထမ်းတစ်ယောက်နဲ့ လုံးဝမတူနိုင်ဘူး။

ဝန်ထမ်းအနေနဲ့က ပေးထားတဲ့အလုပ်ကိုပေးထားတဲ့အချိန်မှာပြီးအောင်လုပ်လို့ရတယ်။တိုးတက်ရေးအတွက် လုပ်လို့ရတယ်။တခြားအချိန်တွေရှိတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ကျတော့သူ့လုပ်ငန်းသွားရမည့်လမ်းကြောင်းကိုစဥ်းစားရသလို၊ပြိုင်ဖက်တွေ၊ ဝန်ထမ်းတွေ၊နိုင်ငံရေးစီးပွားရေး၊ လူမှုရေးအပြောင်းအလဲအခြေအနေတော်တော်များများကိုစဥ်းစားနေရတဲ့အတွက် သူ့ရဲ့internal attention တွေများနေတတ်တယ်။ဒါကြောင့် တိုးတက်ရေးအတွက်အချိန်ပေးဖို့ လုပ်ငန်းသွားတဲ့လမ်းကြောင်းနဲ့ကိုက်ညီနေတဲ့ alignment မတွေ့တဲ့အချိန်တွေ ကြုံရတတ်တယ်။ အဲ့လို alignment မမိတဲ့အချိန်ကကိုယ့်လုပ်ငန်းကြီးထွားမှုရပ်တန့်မည့်အချိန်ပဲ။ဘာကြောင့်လဲဆိုတော့စျေးကွက်ထဲမှာ ပြိုင်ဖက်တွေကိုအဝေးကြီးမှာ အပြတ်ချန်ခဲ့ဖို့အတွေးအခေါ်တွေ လိုတယ်။ဒီလိုအတွေးအခေါ်တွေမှန်ဖို့တိုးတက်နေဖို့ သင်ယူလေ့လာနေဖို့လိုတယ်။ ဒါကြောင့် တစ်ရက်ကို နာရီဝက်ဖြစ်ဖြစ်အချိန်ပေးပြီး ပုံမှန် မဖြစ်မနေလေ့လာဖို့လိုတယ်။​မလေ့လာခင် သုံးမိနစ်လောက်စိတ်ရှင်းလင်းလေး လုပ်ပေးဖို့လဲလိုတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

စီးပွားရေးလုပ်ငန်းတစ်ခုကို
ဦးဆောင်တဲ့သူတစ်ယောက်ရဲ့
တစ်ရက်တာ ကဝန်ထမ်းတစ်ယောက်နဲ့ လုံးဝမတူနိုင်ဘူး။
Read More »