Business

အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။

ကျွန်တော်တို့လို တတိယနိုင်ငံဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံမျိုးမှာဆိုရေ၊ မီး၊ အင်တာနက်၊ ကျန်းမာရေး၊ပညာရေးက အစ အဆင်ပြေဖို့resource တော်တော်ရှိထားမှအဆင်ပြေမှာ။ မဟုတ်ရင် တစ်နှစ်စုထားတာတစ်ခါ ဆေးရုံတက်တာနဲ့ကုန်ပြီ။ တစ်လတစ်လ စုတာ သားသမီး ကျောင်းစရိတ်နဲ့ လုံးပါးပါးသွားမယ်။ ဒါကြောင့် ကိုယ့်အနာဂတ်အတွက်plan ချဖို့က ကိုယ်နဲ့အဓိကဆိုင်လာတယ်။ ဘယ်မှာနေမှာလဲ၊ ဘယ်လို နေမှာလဲ၊ ဘာအလုပ်လုပ်မှာလဲ၊ ငွေကို ဘယ်လိုစုမလဲ၊ ဘယ်လို ပြန်ပွားမလဲ၊ အများကြီး ကြိုတင်စဥ်းစားပြီးအလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။ Phyo Paing @ Derek

အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။
Read More »

CreaThit

အနာဂတ်မှာ အင်တာနက်ကတော့ဆက်ရှိနေအုံးမယ်လို့ထင်တယ်။မရှိရင် ကိုယ်တွေလဲ ဒီမှာနေနိုင်မယ်လို့ မထင်ဘူး။ အင်တာနက်ရှိနေရင်Creator Economy ကတော့ရှိနေအုံးမှာပဲ။ Creator တွေဟာ လွတ်လပ်စွာဖော်ထုတ်ပိုင်ခွင့်နဲ့Digital နည်းပညာတွေတိုးတက်မှုနဲ့အတူပေါ်လာကြတယ်။ ကျွန်တော်ကတော့ Creator တွေကိုArtistsBloggersCodersDesigners Entrepreneurs ဆိုပြီးA, B, C, D, E ဆိုပြီး အလွယ်တကူပြောလေ့ရှိတယ်။ ဒီလူတွေ တခြားသူတွေနဲ့ မတူတာကကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုအသစ်တွေ ဖန်တီးပေးခြင်းနဲ့အလုပ်အကျွေးပြုတယ်။ #CreaThit Phyo Paing @ Derek

CreaThit Read More »

လုပ်ငန်းဆိုတာ
ပြဿနာ ဖြေရှင်းတာဖြစ်တယ်။

ခုနှစ်တန်းလောက်က တရုတ်စီးပွားရေးနတ်မင်းလို့ ယူဆရတဲ့ ဒဏ္ဏာရီအကြောင်းဖတ်လိုက်ရတယ်။ အဲ့လူက ဘယ်မြို့ရောက်သွားသွားသုညက ပြန်စတာ ခဏဆိုပြန်ကြီးပွားသွားတယ်။မြန်မာလိုဆို ကြွက်သေတစ်ခုအရင်းပြုတဲ့ ပုံပြင်နဲ့ဆင်တယ်။ အဲ့ကတည်းက စီးပွားရေးဆိုတာစိတ်ဝင်စားပြီး စျေးထဲမှကြီးတော့ရောင်းလို့ရတာတွေ ရောင်းပြီးပိုက်ဆံရှာခဲ့တယ်။ နောက်ပိုင်း စီးပွားရေးပညာကိုထဲထဲဝင်ဝင်လေ့လာ မိတော့ ပိုတောင် စိတ်ဝင်စားလာခဲ့တယ်။ ကျွန်တော်စဥ်းစားထားတဲ့ framework တစ်ခုတော့ရှိတယ်။ဒါကတော့ လုပ်ငန်းဆိုတာ ပြဿနာ ဖြေရှင်းတာဖြစ်တဲ့အတွက်၁။ Problem-Person Fit၂။ Problem-Project Fit ၃။ Product-Market Fit၄။ Platform-Market Fit (With my younger brother, Dr. Han Lynn Naing) Phyo Paing @ Derek

လုပ်ငန်းဆိုတာ
ပြဿနာ ဖြေရှင်းတာဖြစ်တယ်။
Read More »

ကိုယ်ဂုဏ်ယူတဲ့
ချစ်တဲ့ အလုပ်တွေကို
နေ့စဉ်
ပိုးစိုးပက်စက်လုပ်ပါ။

Work လို့ပြောလိုက်ရင် သာမာန်လူအများစုကပင်ပန်းမှု၊ ချုပ်နှောင်မှု၊ မွန်းကြပ်မှု၊နွမ်းနယ်မှု၊ ပျော်ရွင်စရာမရှိတဲ့ မဖြစ်မနေ လုပ်ရတဲ့ အရာလို့မြင်တတ်ကြတယ်။ အလုပ်ဆိုတာ ရင်ခုန်စရာ၊အိမ်မက်တွေ အကောင်အထည်ဖော်ရာ၊အစွမ်းအစတွေ ထုတ်ဖော်ခွင့်ရတဲ့နေရာ၊မွန်းကြပ်စုတ်ပျက်တဲ့ ပတ်ဝန်းကျင်ကြားကလွတ်မြောက်ရာ နေရာ၊ကိုယ့်ဘဝကို နောက်တစ်ဆင့်တက်စေမည့် လှေကားထစ်ဒီလိုမြင်မယ်ဆို အလုပ်လုပ်ရတာလတ်ဆတ်နေလိမ့်မယ်။ အလုပ်ကို ဘယ်လိုမြင်လဲ?လူအများစု ဦနှောက်ဆေးခံထားရသလိုမြင်လား?ရင်ခုန်လတ်ဆတ်မှုတွေနဲ့လား? ကွန်ဖြူးရှပ်ကတော့ တစ်သက်လုံးအလုပ်မလုပ်ချင်ရင် ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်တဲ့။ ကိုယ်ဂုဏ်ယူတဲ့ချစ်တဲ့ အလုပ်တွေကိုနေ့စဉ် ပိုးစိုးပက်စက်လုပ်ပါ။ Phyo Paing @ Derek

ကိုယ်ဂုဏ်ယူတဲ့
ချစ်တဲ့ အလုပ်တွေကို
နေ့စဉ်
ပိုးစိုးပက်စက်လုပ်ပါ။
Read More »

အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်က
ရှုံးနိမ့်မှု မဟုတ်ဘူး။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှု
သွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။
အောင်မြင်မှုအတွက် ရန်သူက
သာမာန် average ပဲ။

သာမာန်စံနှုန်းထက် ရလဒ်ပိုကောင်းတာကိုအောင်မြင်မှုလို့ သတ်မှတ်လို့ရနိုင်တယ်။ စံနှုန်းဆိုတာ မိသားစု၊အသိုင်းအဝိုင်း၊အရင်ရလဒ်ပေါ်မူတည်ပြီးဖြစ်လာတယ်။ ကျောင်းပြီးစ လူငယ်အတွက်ကုမ္ပဏီကောင်းကောင်းမှာအလုပ်ရတာ အောင်မြင်မှုဖြစ်နိုင်တယ်။ လုပ်ငန်းရှင်တစ်ယောက်အတွက်သူ့လုပ်ငန်းနယ်ပယ်မှာအများစုရထားတဲ့ ရလဒ်ထက်ပိုကောင်းအောင်ရနိုင်တာကိုအောင်မြင်မှုလို့ခေါ်နိုင်တယ်။ အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်ကရှုံးနိမ့်မှု မဟုတ်ဘူး။ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုသွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။အောင်မြင်မှုအတွက် ရန်သူကသာမာန် average ပဲ။ ဒါကြောင့် အရာရာအဆင်သင့်ဖြစ်မှ စတင်မယ်ဆိုတဲ့သာမာန်အတွေးကို ဖျောက်ဖို့လိုသလိုအောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပဲဘယ်တော့မှ အစိုးမရဘူး။အိမ်ငှါးခ မပေးနိုင်ရင်ကန်ချခံရမှာပဲ။ Phyo Paing @ Derek

အောင်မြင်မှုရဲ့ ဆန့်ကျင်ဖက်က
ရှုံးနိမ့်မှု မဟုတ်ဘူး။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှု
သွားလမ်းက ဖြစ်စဉ်တစ်ခုပဲ။
အောင်မြင်မှုအတွက် ရန်သူက
သာမာန် average ပဲ။
Read More »

Talent Management

လုပ်ငန်းတွေပြိုင်ကြတာမဟုတ်ပါဘူး။ လုပ်ငန်းကို ဦးဆောင်တဲ့ဝန်ထမ်းတွေရဲ့အစွမ်းအစ ပြိုင်ကြတာပါ။ SME လုပ်ငန်းတွေမှာ လူတော်တွေကို attractလုပ်ရတာနဲ့ ထိန်းထားရတာအခက်ဆုံးပဲ။ ဒီလို recruit, train and maintain လုပ်နိုင်ဖို့earn + learn လုပ်နိုင်ကြဖို့လိုတယ်။ ငွေတစ်ခုတည်းနဲ့ လူတွေအလုပ်မလုပ်ကြပါဘူး။ အချိန်တစ်ခုရောက်တဲ့အခါ သူတို့ကိုယ်သူတို့အစွမ်းအစတွေ express လုပ်ချင်လာမယ်။ ဒီအတွက် learning environment ရှိနေရမယ်။ HR philosophy အများစုကို အရင်လုပ်ခဲ့တဲ့ကမ္ဘာ့အလုပ်လုပ်လို့အကောင်းဆုံး company က အများကြီးလေ့လာလို့ရခဲ့တယ်။သူတို့ရဲ့ CHRIS လို့ခေါ်တဲ့ Common Human Resource Information System ကိုအသုံးပြုပြီးKPI, Target, SOP, Team Building လုပ်တဲ့ပုံစံနဲ့ Agreed Goal နဲ့ PIP (Performance Improvement Plan)ချတဲ့ပုံစံတွေဟာ

Talent Management Read More »

စီးပွားရေးဆိုတာ
ငွေတစ်ခုတည်းအတွက်
ဖြစ်တည်လာတာ မဟုတ်ဘူး။

ဒီတစ်ခုထဲအတွက် ကြည့်ရင် DNA ပျောက်နေတဲ့ စီးပွားရေးပဲဖြစ်မယ်။တရုတ်ပြည်မကြီးကို ကြည့်ကြည့်။ငွေရှိတယ်။ အလုပ်တွင်တယ်။ အနှစ်မဲ့နေတယ်။ သူ့မှာ Soul ပျောက်နေတယ်။ ဘာကြောင့်လဲ?အကုန်လုံးဟာ ငွေနောက်ပဲလိုက်လို့။ ငွေရှိလာတယ်။ ဒီတော့ ငွေထက်အဆင့်မြင့်တဲ့ပျော်ရွင်မှုတွေကို တောင်းတလာတယ်။ လုပ်ငန်းတစ်ခုမှာ ခံယူချက်လိုတယ်။ ဘယ်ခံယူချက်အတွက် ဒီအလုပ်လုပ်နေတာလဲသိဖို့လိုတယ်။ဒါမှ Covid-19 တို့၊ Coup တို့နဲ့အနာဂတ်မှာလာနိုင်တဲ့ catastrophe ကိုအန္ဒြေရှိရှိ ကျော်လွားနိုင်မှာ။More like a spiritual pursuit လို့ပြောရင် မှန်မယ်။ အနုပညာကို ပိုက်ဆံအတွက်လုပ်တာနဲ့ ခံယူချက်အတွက်လုပ်တာ ခံစားလို့ရတယ်။ ပိုက်ဆံအတွက်လုပ်တဲ့အခါ ပေါက်တဲ့အလုပ်အကုန်ထလုပ်ပြီးလိုင်းကြောင်သွားနိုင်တယ်။ ခံယူချက်အတွက်အလုပ်လုပ်တာက ရူးသွပ်မှု၊ အနာဂတ်အတွက်ပြင်ဆင်မှုတွေနဲ့ အတွေးအခေါ်ပေါ် အခြေခံတယ်။ မရှိသေးတဲ့ လမ်းဖောက်တယ်။ ဘာဆိုင်ပဲဖွင့်ဖွင့်၊ ဘာပစ္စည်းပဲရောင်းရောင်းဒီဆိုင်ပိုင်ရှင် ဦးဆောင်သူ အတွေးအခေါ်ဘယ်လောက်ရှိတယ်ဆိုတာ စားသုံးသူတွေ ခံစားရတယ်။ဒါကြောင့် လုပ်ငန်းတစ်ခုမှာ ဝိညာဉ်

စီးပွားရေးဆိုတာ
ငွေတစ်ခုတည်းအတွက်
ဖြစ်တည်လာတာ မဟုတ်ဘူး။
Read More »

လုပ်ငန်းတိုင်းက ဖောက်သည်ပြဿနာ
ဖြေရှင်းပြီး ငွေရှာကြတာဖြစ်တယ်။

စားသောက်ဆိုင်က ဖောက်သည်ဗိုက်ဆာတဲ့ပြဿနာကိုဖြေရှင်းခဲ့တယ်။နောက်ပိုင်း အရသာ။နောက်ပိုင်း လိုချင်တဲ့ ခံစားမှုတွေကိုပေးဖို့ လုပ်ငန်းတွေဖြစ်လာတယ်။ ကိုယ့်လုပ်ငန်းက ဘယ်ပြဿနာကို ဖြေရှင်းတယ်ဆိုတာ သေချာသိဖို့လိုတယ်။ ဒါကို problem-market fit အဆင့်လို့ခေါ်တယ်။ဥပမာ McDonald ဆို မြန်မြန်စားလို့ရတဲ့ပြဿနာကို ဖြေရှင်းတာဖြစ်တယ်။Fast food 🥘 ဆိုပါတော့။ နောက်တစ်ဆင့်ကတော့ ဒီ ပြဿနာကိုဖြေရှင်းဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုထုတ်ရတဲ့အဆင့်ဖြစ်တယ်။ စျေးကွက်နဲ့ ကုန်ပစ္စည်းကွက်တိကိုက်ဖို့Product-Market Fit အဆင့်ဆိုပါတော့။ တချို့ဆီဆိုင်တွေတို့ကို ကြည့်ရင်ဆီဆိုင်ဆိုတာထက် ပိုပြီး Convenience store တွေ၊ စားသောက်ဆိုင်တွေနဲ့ integrateလုပ်လာတာတွေ့လိမ့်မယ်။ဒါမျိုးနောက်တစ်ဆင့်ကိုPlatform-Market fit လို့ခေါ်တယ်။ လုပ်ငန်းစချင်ရင် Problem-Market Fitဖြစ်အောင်လုပ်ဖို့လိုတယ်။လုပ်ငန်းတကယ်စပြီ ကြီးဖို့ဆိုProduct-Market Fit လိုတယ်။နောက်တစ်ဆင့်တက်ဖို့Platform-Market Fit လိုတယ်။ ကျွန်တော်စဉ်းစားတာကတော့ အင်တာနက်မရှိရင် လူတွေနေနိုင်မှာ မဟုတ်တဲ့အတွက်မြန်မာပြည်မှာကတော့ အင်တာနက်ဆက်ပြီးရှိနေအုံးမယ်။Digital Product တွေ

လုပ်ငန်းတိုင်းက ဖောက်သည်ပြဿနာ
ဖြေရှင်းပြီး ငွေရှာကြတာဖြစ်တယ်။
Read More »

Differentiate or Die

သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ Business Model နဲ့ထူးအောင်လုပ်မှာလား။ကုန်ပစ္စည်းနဲ့လား၊ဝန်ဆောင်မှုနဲ့လား၊စျေးနှုန်းနဲ့လား၊Marketing လုပ်တဲ့ပုံစံနဲ့လား။ Phyo Paing @ Derek

Differentiate or Die Read More »