ကိုယ်အသက်ရှင်နေတဲ့
အဓိပ္ပာယ်က ဘာလဲ။
လူတွေကြားထဲအထီးကျန်နေတာမျိုး၊အချိန်ရှိပြီး ဘာလုပ်ရမှန်းမသိတာမျိုး၊ဘဝမှာ ရည်ရွယ်ချက်မရှိဘာကြောင့်ရှင်သန်နေလဲ အဖြေမရှိတာမျိုး၊သေမထူး၊ နေမထူး နေ့စဥ်ဘဝက ဒီလိုပါပဲနဲ့ဖြတ်သန်းနေရတာမျိုး။ကိုယ့်ဘဝကိုယ်စဥ်းစားပြီးဝမ်းနည်းမှုတွေနဲ့ ခံစားချက်တွေကိုထုတ်ပြောဖို့ လူမရှိတဲ့ခံစားချက်မျိုး။ ဒါမျိုး ကိုယ်နဲ့ ကိုယ်ကော်နက်ရှင်မမိတာမျိုး လူတော်တော်များများဘဝမှာတစ်ခါမဟုတ် တစ်ခါကြုံဖူးကြလိမ့်မယ်။ အသက်ရှင်ပြီး အသက်မဝင်နေတာမျိုးပေါ့။ ဒီပြဿနာကိုဖြေရှင်းဖို့ spirituality ဆိုတာဖြစ်လာတယ်။ဘဝကို အဓိပ္ပာယ်တစ်ခုပေးဖို့ပေါ့။ ဒီအဓိပ္ပာယ်ပေးတဲ့အခါ ယုတ္တိကျတဲ့ logic လိုတယ်။ဒီတော့ philosophy နောက်ကလိုက်လာတယ်။ spirituality ဆိုတာ အလေ့အကျင့်။philosophy ကတော့ အတွေးအခေါ်။ အချစ်ဆိုတာ spirituality experience တစ်ခုပဲ။အလုပ်ဆိုတာလဲ စိတ်ထားတတ်ရင်spiritual experience တစ်ခုဖြစ်နိုင်တယ်။ဘာသာတရား religion ကနေလဲ spirituality experience ရကြတယ်။ Religion ဘာသာတရားအများစုမှာဒီ spirituality နဲ့ philosophy ပေါင်းထားတယ်။ ဥပမာ ဗုဒ္ဓဘာသာဆိုပါတော့။ ဘဝဆိုတာဒုက္ခ။ဒုက္ခဆိုတာလိုချင်တပ်မက်မှုတဏှာကလာတယ်။ချုပ်ငြိမ်းတဲ့နေရာရှိတယ်။နိဗ္ဗာန်လို့ခေါ်တယ်။ ဒါကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။မှန်ကန်တဲ့အမြင်၊ အတွေးရည်ရွယ်ချက်၊ […]
ကိုယ်အသက်ရှင်နေတဲ့
အဓိပ္ပာယ်က ဘာလဲ။ Read More »