Career

တစ်ခုကို သေချာရွေးချယ်ရတယ်။

လူသိများနာမည်ကြီးပြီးလူတွေအားကျရတဲ့ Influencer ဖြစ်အောင်လုပ်လို့ရတယ်။ နယ်ပယ်တစ်ခုမှာ အရေးပါအရာရောက်တဲ့ထဲထဲဝင်ဝင်သိတဲ့ Thought leader ဖြစ်အောင်လုပ်လို့ရတယ်။ နှစ်ခုစလုံးလဲ လုပ်လို့ရတယ်။ တစ်ခုရှိတာ ကိုယ့်အတွေးရှုထောင့်ခပ်ကြမ်းကြမ်းတွေ ချပြပြီးInfluencer ပဲလုပ် follower များများရချင်ရင်တော့ပွဲခဏခဏ ဖြစ်တာနဲ့ အလုပ်လုပ်လို့ရမှာ မဟုတ်ဘူး။ တစ်ခုကို သေချာရွေးချယ်ရတယ်။ Phyo Paing @ Derek

တစ်ခုကို သေချာရွေးချယ်ရတယ်။ Read More »

ကိုယ့်ရဲ့ဖြစ်တည်မှုကို နေ့စဥ် ဂုဏ်ယူနေဖို့

ကိုယ့်ရဲ့ဖြစ်တည်မှုကို နေ့စဥ် ဂုဏ်ယူနေဖို့ ၁။ နေ့စဥ် စာဖတ်ပါ။ အိုင်ဒီယာအသစ်တွေနဲ့ ထိတွေ့ပါ။၂။ နေ့စဥ် journaling လုပ်ပြိး ကိုယ့်ကိုယ်ကိုလေ့လာပါ။၃။ နေ့စဥ် လေ့ကျင့်ခန်းလုပ်ပါ။၄။ နေ့စဥ်ငွေရတဲ့ အလုပ်လုပ်ပါ။​၅။ နေ့စဥ် သက်ဆိုင်ရာနယ်ပယ်မှာတိုးတက်နေအောင်လုပ်ပါ။၆။ နေ့စဥ် ကိုယ်နဲ့အနီးဆုံးလူတွေinner circle ထဲကလူတွေကို အချိန်ပေးပါ။၇။ နေ့စဥ် ဝင်ငွေတိုးပွားအောင်လုပ်ပါ။၈။ နေ့စဥ် အနားယူတဲ့အချိန်ပေးပါ။၉။ နေ့စဥ် ဘာသာရေး သို့ စိတ်ငြိမ်းချမ်းရေးလုပ်ဆောင်ပါ။ Phyo Paing @ Derek

ကိုယ့်ရဲ့ဖြစ်တည်မှုကို နေ့စဥ် ဂုဏ်ယူနေဖို့ Read More »

ဘဝက ရေလိုပဲ

အသက်ရှင်နေတာ အမြဲစိတ်ညစ်နေဖို့မှမဟုတ်တာ။ဘဝမှာ အရေးအကြီးဆုံးကစိတ်ချမ်းသာဖို့။ဒီနေ့နဲ့ မနက်ဖြန် စိတ်ချမ်းသာရမယ်။ဒီလိုဖြစ်ဖို့ အစွဲတွေလျော့ရမယ်။ဘဝကို သတိလေးနဲ့ ဖြတ်သန်းရမယ်။စဉ်းစားတွေးခေါ်တတ်ရမယ်။ဘဝရဲ့ လမ်းညွှန်ရာကိုသွားရမယ်။ဘဝကို ရေလိုပဲပျော့ပျော့ပျောင်းပျောင်းဖြတ်သန်းတယ်။ ယူနီဗာ့က ပေးတဲ့မက်ဆေ့ပေါ်မှာလုပ်သင့်တဲ့အချိန် လုပ်သင့်တာကိုလုပ်တယ်။ Phyo Paing

ဘဝက ရေလိုပဲ Read More »

စည်းကမ်း

စည်းကမ်းက လူရဲ့တန်ဖိုးပဲ။ပါးစပ်စည်းကမ်း။အမူအကျင့်စည်းကမ်း။ ကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းတွေ လိုက်နာဖို့လိုတယ်။ နေ့စဥ် ကိုယ့်ကိုယ်ကိုဂုဏ်ယူတဲ့အလုပ်တွေလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

စည်းကမ်း Read More »

dream list

ဘဝမှာ မသေခင်လုပ်ချင်တဲ့၊ဖြစ်ချင်တဲ့အရာတွေ ချရေးထားတယ်။ဒါတွေကို dream list လို့ခေါ်လိုက်တယ်။ ၁။ ဘဝကို နေ့စဉ်ဖြတ်သန်းချင်တဲ့ပုံစံ၂။ လည်ချင်ရောက်ဖူးချင်တဲ့နေရာတွေ၃။ ရချင်တဲ့ အတွေ့အကြုံ၄။ ပိုင်ဆိုင်ချင်တဲ့အရာတွေ၅။ ရှိချင်တဲ့ ကျွမ်းကျင်မှု ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်အောင်တားဆီးထားတဲ့သူက ကိုယ်ကိုယ်တိုင်ပဲ။ ၁။ စိတ်ရှည်ဖို့လိုတယ်။၂။ ဓမ္မဓိဋ္ဌာန်ကျကျမြင်တတ်ဖို့လိုတယ်။၃။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့လိုတယ်။၄။ ဘဝကို မဟာဗျူဟာကျကျ ဖြတ်သန်းဖို့လိုတယ်။၅။ ကိုယ့်ရဲ့ဘဝပေး ခေါ်သံကို နားထောင်ဖို့လိုတယ်။၆။ စည်းကမ်းလိုတယ်။ Phyo Paing @ Derek

dream list Read More »

အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ်

မင်းရဲ့ ၂၀၂၄ ရဲ့ ရည်မှန်းချက်ပန်းတိုင်ကဘာလဲမေးလိုက်ရင် ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းခေါင်းထဲက ထွက်လာဖို့ကိုယ့်ကိုယ်ကို လေ့ကျင့်ထားဖို့လိုတယ်။ဘဝကို ရည်ရွယ်ချက်ရှိရှိမဖြတ်သန်းရင်အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ် Read More »

စနစ်ဖန်တီးတဲ့ ကျွမ်းကျင်မှု

အိုင်ဒီယာခိုးပါစေ။အိုင်ဒီယာထက်အိုင်ဒီယာထုတ်တဲ့စနစ်ပိုအရေးကြီးတယ်။အိုင်ဒီယာထုတ်တဲ့စနစ်ထက်စနစ်ဖန်တီးတဲ့ ကျွမ်းကျင်မှုကပိုအရေးကြီးတယ်။ Phyo Paing @ Derek

စနစ်ဖန်တီးတဲ့ ကျွမ်းကျင်မှု Read More »

ဘဝအတွက် လူဖြစ်ရှုံးတယ်ဆိုတာ

ဘဝအတွက် လူဖြစ်ရှုံးတယ်ဆိုတာကိုယ့်ရဲ့အစွမ်းအစတွေကိုအလဟသ ဖြုန်းတီးပစ်တာပဲ။ လူရယ်လို့ဖြစ်လာရင်တခြားသူတွေကို တနည်းနည်းနဲ့အကျိုးပြုရမယ်လို့ ယူဆထားတယ်။​ လယ်သမားတွေ ထွန်ယက်စိုက်ပျိုးလို့ထမင်းဆိုတာ စားရတယ်။တီးထွင်တဲ့သူတွေကြောင့်ဖုန်းတို့၊ ကားတို့၊ နည်းပညာတွေသုံးရတယ်။ သူတို့အကျိုးပြုမှုကြောင့်ဘဝကြီးက နေသာထိုင်သာပိုရှိလာတယ်။ ကိုယ်ကလဲ အကျိုးပြန်ပြုပေးဖို့လိုတယ်။ ကိုယ်က ဘယ်လို ပြန်လည်အကျိုးပြုမလဲကိုကိုယ့်ရဲ့ ရည်ရွယ်ချက်လို့ခေါ်တယ်။တချို့တွေက ဘဝရဲ့ ခေါ်သံ calling၊တချို့က သမိုင်းပေးတာဝန် missionတချို့က ဘဝရဲ့ ရည်ရွယ်ချက် purposeအမျိုးမျိုး နာမည်ပေးကြတယ်။ ဘဝဆိုတာ ပိုက်ဆံရှာမယ်။​သုံးမယ်၊​ ဖြုန်းမယ်တစ်ခုထက်ပိုတယ်လို့ယူဆထားတယ်။ မိတ်ဆွေရဲ့ mission ကတော့ မသိဘူး။ ကျွန်တော်ကတော့ ပညာရေးနဲ့နည်းပညာ အသုံးးပြုပြီးလူသားတွေရဲ့ ဘဝကိုတိုးတက်ပြောင်းလဲဖို့ ကူညီချင်တယ်။ ကိုယ့်အတွေ့အကြုံနဲ့စမ်းသပ်မှုတွေကို ပြန်လည်မျှဝေပေးချင်တယ်။ Phyo Paing @ Derek

ဘဝအတွက် လူဖြစ်ရှုံးတယ်ဆိုတာ Read More »

အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပါပဲ

အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပါပဲ။ငှါးခမပေးနိုင်ရင် ကန်ချခံရလိမ့်မယ်။ပိုပေးနိုင်ရင် ပိုကောင်းတဲ့နေရာရောက်လိမ့်မယ်။တန်ရာတန်ကြေးပေးဖို့ဝန်လေးနေလို့ မရဘူး။ Phyo Paing @ Derek

အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပါပဲ Read More »

ကိုယ်မကြိုက်တဲ့အလုပ်ကိုလုပ်

ကိုယ်မကြိုက်တဲ့အလုပ်ကိုလုပ်ငွေရှာပြီးကိုယ်မကြိုက်တဲ့သူတွေကိုအထင်ကြီးအောင်လုပ်ပြီးရလာတဲ့ငွေနဲ့ ကိုယ်ကြိုက်တဲ့အလုပ်တွေပြန်လုပ်တဲ့ looping ကြီးအစား ကိုယ်ကြိုက်တဲ့အလုပ်ကိုကျွမ်းကျင်အောင်လုပ်ပြီးကိုယ်မျှဝေပေးချင်တဲ့သူတွေကိုမျှဝေပေးပြီးလုပ်နေလဲပျော်ငွေဝင်လဲပျော်တိုးတက်လဲပျော်ပိုမကောင်းဘူးလား။ ဘဝဖြတ်သန်းမှုမှာကိုယ့်အတွေးအခေါ်နဲ့ကိုယ်ပဲ။ တချို့တွေက အကျိုးပေးဆိုပြီးကံကို ရိုးမယ်ဖွဲ့တတ်တာခဏခဏတွေ့ဖူးလိမ့်မယ်။ Phyo Paing @ Derek

ကိုယ်မကြိုက်တဲ့အလုပ်ကိုလုပ် Read More »