Career

လောကမှာ ငွေရှာလို့ရတဲ့နည်း

လောကမှာ ငွေရှာလို့ရတဲ့နည်းတွေအများကြီးရှိတယ်။ကိုယ့်ကိုယ်ကို ဂုဏ်မယူစေတဲ့နည်းနဲ့ မရှာမိဖို့လိုတယ်။ လောကမှာ အလုပ်တွေအများကြီးရှိတယ်။ကိုယ့်ဂုဏ်မယူတဲ့ အလုပ်တွေကြာကြာ မလုပ်မိဖို့လိုတယ်။ အမှတ်တံဆိပ်တည်ဆောက်တယ်ဆိုတာကိုယ့်အမှတ်တံဆိပ်နဲ့ ဆက်စပ်ခြင်းကိုဖောက်သည်တွေ ဂုဏ်ယူခြင်းဖြစ်ပါတယ်။ Phyo Paing @ Derek

လောကမှာ ငွေရှာလို့ရတဲ့နည်း Read More »

ဘဝမှာ “စိတ်ရှည်” ဖို့
အရမ်းအရေးကြီးတယ်

ဟိုဟာလဲ လုပ်ချင်၊ဒီဟာလဲ လုပ်ချင်ကိုယ့်ကိုယ်ကို အားမရဖြစ်တာ“စိတ်မရှည်” လို့။ ဘဝမှာ “စိတ်ရှည်” ဖို့အရမ်းအရေးကြီးတယ်။ စိတ်ရှည်တယ်ဆိုတာဘာမလုပ်ပဲ ဒီအတိုင်းထိုင်စောင့်တာမဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာလုပ်ရပ်တွေ နှေးနေတာကိုခေါ်တာမဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာတခြားသူတွေ အကောင်အထည်ဖော်ပေးမည့်အရာတွေကိုထိုင်ပြီးမျှော်လင့်နေတာ မဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာကိုယ်အကောင်အထည်ဖော်ချင်တဲ့အိမ်မက်ဖြစ်လာဖို့ဘယ်အချိန်မှာ ဘာလုပ်မယ်စီမံကိန်းချပြီးတစ်ခုချင်း စိတ်ရှည်ရှည်နဲ့အကောင်အထည်ဖော်တာ။ ကိုယ်က တစ်လ၊ တစ်နှစ်နဲ့တွက်ရင်လုပ်စရာတွေ အများကြီးအလုပ်တွေ မပြီးတော့ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်နိုင်တယ်။ ငါးနှစ်၊ ဆယ်နှစ်နဲ့ စဥ်းစားကြည့်။ Phyo Paing @ Derek

ဘဝမှာ “စိတ်ရှည်” ဖို့
အရမ်းအရေးကြီးတယ်
Read More »

ဒါကြောင့် အမြဲတိုးတက်နေဖို့လိုတယ်

ကိုယ်က အမြဲတိုးတက်နေရင်တခြားသူတွေက ကိုယ့်ကိုကော်ပီကူးတဲ့အခါကိုယ့်ရဲ့အရင်ဗားရှင်းကိုပဲကော်ပီကူးလို့ရမယ်။အသစ်ဖြစ်သွားတဲ့ ဗားရှင်းကိုကော်ပီကူးလို့မရတဲ့အတွက်နောက်မှာ ပဲ အမြဲကျန်နေမှာ။ ဒါကြောင့် အမြဲတိုးတက်နေဖို့လိုတယ်။ Phyo Paing @ Derek

ဒါကြောင့် အမြဲတိုးတက်နေဖို့လိုတယ် Read More »

လူတွေအမြဲချစ်တဲ့ ဆရာဒဲရစ်ရဲ့
ဒီနေ့တွေးမိတဲ့ အတွေးတချို့

လူတွေအမြဲချစ်တဲ့ ဆရာဒဲရစ်ရဲ့ဒီနေ့တွေးမိတဲ့ အတွေးတချို့ 😆 ၁။ အရေးကြီးတာ အရင်လုပ်။ ၂။ နည်းလမ်းသိမှ စည်းကမ်းရှိမှာ။ ၃။ ဆွတ်ခူးချင်တဲ့ ရလဒ်ကောင်းထီးနန်းအတွက် စည်းကမ်းလိုတယ်။ ၄။ အတွေးတိမ်ရင် စျေးနှိမ်တာအမြဲခံရလိမ့်မယ်။ ၅။ အချိန်ဖြုန်းတာ တချိန်လောကရဲ့ကြိမ်လုံးစာ မိလိမ့်မယ်။ ၆။ ရှေးထုံးလည်း ပယ်သင့်တာပယ်။ဈေးသုံးလည်း လွယ်သင့်တာလွယ်။ ၇။ အတွေးအခေါ်ဘေးချော်ရင်အရေးပေါ်ပြင်။ ၈။ အချင်းများတာ မစဥ်းစားတတ်လို့။ ၉။ ဒင်္ဂါးက သူတပါးနင်းပြားအောက်လုပ်နေသမျှပွားများလာဖို့ မလွယ်ဘူး။ ၁၀။ လောကကို အရှင်းသားမြင်ဖို့ဦးနှောက်မှာ ရင်းထားမှရမယ်။ ၁၁။ အလုပ်တွေရှုပ်နေတာလား၊အရှုပ်တွေ လုပ်နေတာလား ပြန်ပေးရမယ်။busyness or business လို့လဲ ခေါ်တယ်။ ၁၂။ အရေးမပါတာတွေကို အရာမပေးနဲ့။ Phyo Paing @ Derek drphyopaing

လူတွေအမြဲချစ်တဲ့ ဆရာဒဲရစ်ရဲ့
ဒီနေ့တွေးမိတဲ့ အတွေးတချို့
Read More »

နည်းပညာက ဘဝတွေကို
ပြောင်းလဲ စေနိုင်တယ်

အမြင်သာဆုံးက Appleကွန်ပြူတာရဲ့ M2 ပဲ။ပုံမှန် စာဖတ်တဲ့အခါစာအုပ်လှန်ရတဲ့ အချိန်ကအစပေါင်းများစွာ မြန်သွားတယ်။ နောက် Video တွေ တည်းဖြတ်ပြီးပြန်လည်ထုတ်ယူတဲ့အခါအဆပေါင်းများစွာ မြန်သွားတယ်။ နောက် notion တို့လိုမှတ်စုမှတ်တာတောင် အတွေးအခေါ်ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့နည်းပညာ ကုန်ပစ္စည်းတွေ။ နောက် OpenAI က Chatgpt နဲ့Anthropic က ထုတ်တဲ့ Claude AI တွေ၊Canva တို့လို နည်းပညာကျွမ်းကျင်မှုတွေအများကြီးမလိုပဲနဲ့ အသုံးပြုလို့ရတဲ့ဒီဇိုင်းအတွက် နည်းပညာထုတ်ကုန်တွေ။Tik Tok ရဲ့ ပင်မကုမ္ပဏီ Bytedance ကထုတ်တဲ့Cupcut ဗီဒီယိုတည်းဖြတ်ရေးအတွက် ဆော့ဝဲ။​ အတွေးတွေ ဖြန့်ကျက်တွေးနိုင်ဖို့Mindmeister တို့လို Mind map.နောက် လုပ်ငန်းစဥ်ဖန်တီးတဲ့နေရာသုံးတဲ့Lucid Spark တို့၊ Lucid Chart တို့လို။ iPad မှာဆို Endless Note တို့လိုအတားအဆီးမရှိ

နည်းပညာက ဘဝတွေကို
ပြောင်းလဲ စေနိုင်တယ်
Read More »

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလိုမနေပါနဲ့

ပထမစာအုပ်ထုတ်တော့ဟိုးအရင်မှတ်စုရေးထားတာဆိုတော့အင်္ဂလိပ်လိုတွေ နည်းနည်းများတယ်။ ဒီတစ်ခေါက်“နေသလိုဖြစ်တဲ့ ဘဝမှာဖြစ်သလိုမနေပါနဲ့” ကိုမြန်မာလိုချည်းအကုန်လုပ်ထားတယ်။ Phyo Paing @ Derek

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလိုမနေပါနဲ့
Read More »

သာမာန်က ကောင်းဆုံးရဲ့ ရန်သူပဲ

ကျောင်းမှာပဲ ဖြစ်ဖြစ်၊အလုပ်မှာပဲ ဖြစ်ဖြစ်၊စီးပွါးရေးမှာပဲ ဖြစ်ဖြစ်သာမာန်က ကျဆုံးခြင်းလို့ပဲခံယူထားတာကောင်းတဲ့ခံယူချက်ဖြစ်နိုင်တယ်။ ကိုယ့်မှာ မရှိတာကို ပေးဖို့မလွယ်ဘူး။ ကိုယ်ကစာမတော်ရင်စာမတော်တဲ့ ကိုယ့်သူငယ်ချင်းတွေစာနားမလည်တဲ့အခါကူညီပေးနိုင်မှာ မဟုတ်ဘူး။ လောကက ကိန်းဂဏန်းတွေနဲ့လူတွေကို အဆင့်အတန်းခွဲထားတယ်။ ဒါကို ပြင်နိုင်တဲ့ အခြေအနေမရှိသေးသမျှ“သာမာန်က ကျဆုံးရေး ဖော်မြူလာပဲ”။Average is a failing formula ဆိုတာမှန်တယ်။ သာမာန်က ကောင်းဆုံးရဲ့ ရန်သူပဲ။ သာမာန်တွေကို လက်မခံမှအကောင်းဆုံးက ရောက်လာနိုင်မှာ။ Phyo Paing @ Derek

သာမာန်က ကောင်းဆုံးရဲ့ ရန်သူပဲ Read More »

ဘဝမှာ များများစားများမလိုပါဘူး

ဘဝမှာ များများစားများမလိုပါဘူး။ ၁။ စား၊ ဝတ်၊ နေရေးလိုမယ်။ ၂။ သာယာမှု၊ ပျော်ရွင်မှု၊ ရင်ခုန်မှု၊ ငြိမ်းချမ်းမှုစိတ်ခံစားမှုတွေလိုမယ်။ ၃။ ကိုယ့်အစွမ်းအစဘယ်လောက်ရှိလဲရှာဖွေတည်ဆောက်မှုလိုမယ်။ ၄။ လိုချင်တာတွေရအောင်လုပ်နိုင်စွမ်းနဲ့ရထားတာတွေ လိုချင်အောင်ပြန်လုပ်နိုင်စွမ်းလိုတယ်။ Phyo Paing @ Derek

ဘဝမှာ များများစားများမလိုပါဘူး Read More »

“အချစ်”နဲ့ “အလုပ်”
ဘာပိုအရေးကြီးလဲဆိုရင်

တခြားသူတွေတော့မသိဘူး။ကိုယ့်ဘဝကိုအပြောင်းအလဲဖြစ်စေတာကတော့အလုပ်။ဒါကြောင့် “အချစ်”နဲ့ “အလုပ်”ဘာပိုအရေးကြီးလဲဆိုရင်“အလုပ်” လို့ပဲ ၁၀၀% အမြဲပဲ။ Phyo Paing @ Derek

“အချစ်”နဲ့ “အလုပ်”
ဘာပိုအရေးကြီးလဲဆိုရင်
Read More »

ကိုယ့်အလုပ်အတွက် နေ့စဉ်
မပျက်မကွက်လုပ်တဲ့အရာသုံးခုဆို
ဘာများဖြစ်မလဲ?

ကျွန်နော့်အတွက်ကတော့ ၁။ Learn စမ်းသပ်ခြင်း၊ လေ့လာခြင်း၂။ Share ဖန်တီးမျှဝေခြင်း၃။ Sell ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအဖြစ်ရောင်းချခြင်း Phyo Paing @ Derek

ကိုယ့်အလုပ်အတွက် နေ့စဉ်
မပျက်မကွက်လုပ်တဲ့အရာသုံးခုဆို
ဘာများဖြစ်မလဲ?
Read More »