ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့
သာမာန်လူတွေပြောတဲ့မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုလုပ်။မလွယ်ကူဘူးဆိုတဲ့အရာတွေလုပ်။ ဘဝဆိုတာ ဖြစ်နိုင်တာတွေကိုပဲဖြစ်အောင်လုပ်ဖို့မှ မဟုတ်တာ။ဘဝတိုတိုလေးမှာ မဖြစ်နိုင်တာတွေကိုဖြစ်အောင် စိတ်ရှည်ရှည်ထားပြီးကံ၊ ဥာဏ်၊ ဝိရိယနဲ့ လုပ်ရမှာမဟုတ်ဘူးလား။ ဘဝဆိုတာ လွယ်တဲ့အရာတွေပဲလုပ်ရမှာမှ မဟုတ်တာ။ဘဝဆိုတာ မလွယ်တဲ့အရာတွေကိုကိုယ့်အတွက် လွယ်အောင်လုပ်ရမှာမဟုတ်ဘူးလား။ ရည်မှန်းချက် ကြီးကြီးမထားတဲ့အခါပြဿနာသေးသေးလေးတွေနဲ့တိုင်ပတ်နေတာ မပြီးတော့တာမျိုးဖြစ်တတ်တယ်။ ရည်မှန်းချက်ကြီးကြီးမထားတာကိုယ့်ကိုကိုယ် စော်ကားတာနဲ့အတူတူပဲလို့ ယူဆတယ်။ ကိုယ်ယုံကြည်တာကိုတခြားသူ အကောင်အထည်ဖော်ပေးတာမျှော်နေလို့မရဘူးဆိုတာငယ်ငယ်ရဲ့ ဘဝဖြတ်သန်းမှုကသင်ပေးခဲ့တဲ့အတွက်ကိုယ့်အားကိုယ်ပဲ ကိုးတယ်။ ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့။ Phyo Paing @ Derek
ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့ Read More »
