ငပျင်းတွေက စာဖတ်ကြတယ်
ငပျင်းတွေက စာဖတ်ကြတယ်။ စာဆိုတဲ့နေရာမှာတကယ့်အဖြစ်အပျက်မဟုတ်ပဲစာရေးသူရဲ့စိတ်ကူးစိတ်သန်းတွေကွန့်မြူးရေးသားဖော်ကျူးထားတဲ့ရသ စာပေတွေရှိတယ်။ဥပမာ ဝတ္ထု၊ ကဗျာ။ တကယ့်အဖြစ်အပျက်၊ လူအစစ်၊အခြေအနေအစစ်အပေါ်အခြေခံပြီးရေးသားထားတဲ့ သမိုင်း၊အတွေးအမြင်တွေအပြင်၊ရသစာအုပ်မဟုတ်တဲ့ထဲမှာသုတစာပေတွေပါတယ်။ ဒီ ရသနဲ့ သုတထဲမှာမျိုးကွဲ genre တွေအများကြီးရှိပြန်တယ်။ သာမှန်အများစုသိထားတဲ့ တက်ကျမ်းဆိုတဲ့Self-help မှာ ကိုအသုံးချစိတ်ပညာ၊ စွမ်းဆောင်ရည်မြင့်တင်ခြင်း၊ကျန်းမာရေး၊ အချစ်ရေး၊ စိတ်ငြိမ်းချမ်းရေးအများကြီး ပြန်ရှိသွားမယ်။ စာတစ်အုပ်ဖတ်တော့မယ်ဆိုရင်ရည်ရွယ်ချက် အမျိုးမျိုးရှိကြတယ်။ ဖျော်ဖြည်ရေးအတွက် ဖတ်တာရှိမယ်။အကြောင်းအရာတစ်ခုကို သိချင်လို့ဖတ်တာရှိမယ်။ပြဿနာ တစ်ခုကို အဖြေရှာချင်လို့ဖတ်တာရှိမယ်။ လူတစ်ယောက်ရဲ့ တွေးတဲ့စိတ်ကူးစိတ်သန်းတွေကိုလေ့လာချင်ရင်ရသ စာပေဖတ်မယ်။မြန်မာပြည်မှာဆို ဆရာကြီးပီမိုးနင်းအနေနဲ့ရသ၊ သုတ နှစ်ခုစလုံးကိုမတူညီတဲ့ ကလောင်နာမည်နဲ့ ရေးခဲ့တယ်။ ကိုယ်လိုချင်တဲ့အရာ မပိုင်ဆိုင်သေးဘူး၊မရသေးဘူးဆိုတာမေးခွန်းအတွက် မဖြေမရှိသေးတာဖြစ်တယ်။ဒါကို အဖြေရှာဖို့ကကိုယ်တိုင်လိုက်ရှာနေလို့ရသလိုလူတွေတွေ့ရှိထားတဲ့ အချက်အလက်တွေပေါ်မှာထပ်ဆင့်တိုးတက်အောင် လုပ်သွားလို့ရတယ်။ ကိုယ်က ဓာတုဗေဒကို စိတ်ဝင်စားရင်ဒြပ်စင် တွေကို အစကရှာဖွေနေစရာမလိုသလိုစွန့်ဦးတီထွင်မှု၊ စီမံခန့်ခွဲမှု၊မားကတ်တင်း၊ ငွေကြေးစီမံခန့်ခွဲမှု၊ကျန်းမာရေး၊ လူမှုပေါင်းသင်းရေးဒါတွေအတွက်လဲ အဖြေရှာမယ်ဆိုရင်စာအုပ်စာပေတွေထဲမှာရှိတယ်။ လူတစ်ယောက်က ဘယ်နေရာမှာရောက်နေနေ စာဖတ်တယ်၊စဥ်းစားတယ်၊ […]
ငပျင်းတွေက စာဖတ်ကြတယ် Read More »
