Choice

လူတွေရဲ့ ဘဝတွေကို ကွာသွားစေတာ
အတွေး၊ အကြံ၊ အလုပ်ပဲ။

စိတ်ဆိုတာ ကောင်းကင်ကြီးနဲ့တူတယ်။အတွေးဆိုတာကတော့ တိမ်လိုပေါ့။ပုံစံတွေ ပြောင်းနေတယ်။ လောကီလူသားဘဝမှာအတွေးတွေ မတွေးလို့မရပြန်ဘူး။​ဒါပေမယ့် ဘာကို၊ ဘယ်လို တွေးမလဲကိုယ့်ထိန်းချုပ်မှုအောက်မှာရှိတယ်။ အတွေးတွေ ခပ်ညစ်ညစ်ဖြစ်နေရင်တိမ်တွေထူပြီး အလင်းတွေမှောင်မိုက်နေသလိုဖြစ်နေတတ်တယ်။ လူတွေရဲ့ ဘဝတွေကို ကွာသွားစေတာအတွေး၊ အကြံ၊ အလုပ်ပဲ။ အတွေးကောင်းတွေကိုအကြံအစဥ်ကောင်းအနေနဲ့ပြောင်းနိုင်ဖို့၊အကြံအစဥ်ကောင်းတွေကိုအလုပ်ကောင်းအနေနဲ့ ပြောင်းနိုင်ဖို့လောကီမှာ ကိုယ်လိုချင်တဲ့ အတွေ့အကြုံယူပြီးအသိဥာဏ်ရင့်သန်တဲ့အခါသံသရာထဲက လွတ်မြောက်ဖို့ဒါကတော့ ဘဝရဲ့ ရည်မှန်းချက်ကိုအထောက်အကူပြုစေမည့်အချက်သုံးချက်ဖြစ်နိုင်တယ်။ The mind is like the vast sky. Thoughts, then, are like clouds, constantly changing their forms. In the life of a worldly being, it’s impossible not to think. But what to […]

လူတွေရဲ့ ဘဝတွေကို ကွာသွားစေတာ
အတွေး၊ အကြံ၊ အလုပ်ပဲ။
Read More »

မြန်မြန် “Move On”

ဘဝမှာ အရေးအကြီးဆုံးထဲကတစ်ခုကမြန်မြန် “Move On” နိုင်ဖို့။ စိတ်ညစ်စရာကြုံရင်မြန်မြန် “Move On”. အလုပ်မဖြစ်တာတွေကြုံရင်မြန်မြန် “Move On”. အလုပ်ဖြစ်တာနဲ့အလုပ်ဖြစ်တာခွဲသိ၊အလုပ်မဖြစ်ရင်သင်ခန်းစာယူပြီးအလုပ်ဖြစ်တာကိုဆက်လုပ်နိုင်ဖို့အတိတ်မှာ လေရှည်ပြီးအားမလိုအားမရဖြစ်နေတာ၊စိတ်ကသိကအောင့်ဖြစ်နေတာဒါတွေထားခဲ့ပြီး “Move On” နိုင်ဖို့လိုတယ်။ One of the most important things in life is to quickly ‘move on.’ When faced with frustrating situations,quickly ‘move on.’ When encountering unproductive tasks,quickly ‘move on.’ Understand the difference between a task that is working and one that isn’t.

မြန်မြန် “Move On” Read More »

စိတ်ခံစားမှုတွေရဲ့ အရင်းအမြစ်

လူတိုင်းရှောင်ရှားချင်တဲ့ပြဿနာတစ်ခုကတော့အထီးကျန်တာဖြစ်မယ်ထင်တယ်။ဒီအထီးကျန်တာကအနှုတ်သဘောဆောင်တဲ့စိတ်ခံစားမှုတွေရဲ့ အရင်းအမြစ်ပဲ။ The problem that everyone wants to avoidis probably loneliness.This lonelinessis just the source ofnegative emotions. Phyo Paing @ Derek

စိတ်ခံစားမှုတွေရဲ့ အရင်းအမြစ် Read More »

ပိုက်ဆံချမ်းသာတာခြင်း

ပိုက်ဆံချမ်းသာတာခြင်းတူနိုင်ပေမယ့်သိက္ခာရှိရှိချမ်းသာခဲ့တာနဲ့အမြီးရအမြီးစား၊ခေါင်းရခေါင်းစားချမ်းသာခဲ့တာ ကွာနိုင်တယ်။ Phyo Paing @ Derek

ပိုက်ဆံချမ်းသာတာခြင်း Read More »

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။ ကိုယ်နေချင်တဲ့နိုင်ငံအများစုမှာရင်းနှီးမြုပ်နှံမှုလုပ် အမြဲတမ်းနေထိုင်ခွင့်၊ဒီမှတဆင့် နိုင်ငံသားခံချင်ခံလို့ရတယ်။ ဒါမှမဟုတ် တချို့နိုင်ငံတွေက နိုင်ငံသား ဒေါ်လာ တစ်သိန်းကျော်နဲ့ဝယ်ပြီး နိုင်ငံပေါင်း ၁၃၀ ကျော်ဗီဇာမလိုပဲ သွားလို့ရတယ်။ ပိုက်ဆံက ပေးတဲ့အရာတစ်ခုဆိုရင်လွတ်လပ်မှုပဲဖြစ်မယ်။ ဒါကြောင့် ပိုက်ဆံများများရှာပေးနိုင်တဲ့ပညာရပ်တွေ သင်ယူဖို့လိုတယ်လို့ထင်တယ်။ ပိုက်ဆံများများရှာနိုင်တဲ့ ပညာရပ်ဆိုတာ လူများများကို ကိုယ့်သတင်းအချက်အလက်ဘယ်လို ရောက်အောင်လုပ်မလဲ။ လူတွေ ဘာလိုချင်လဲဆိုတာ ဘယ်လိုရှာဖွေမလဲ။ လူများများကို ဘယ်လိုရောင်းမလဲ။ လူများများကို အသုံးပြုပြီးလူများများကို ဘယ်လိုဖြန့်ဖြူးရောင်းချပေးမလဲ။ဒီပညာရပ်တွေပါတယ်။ ဒီလို ကျွမ်းကျင်မှုကို “ဝင်ငွေ ဆပွားကျွမ်းကျင်မှု” High-income skill လို့ခေါ်တယ်။ ကြော်ငြာရေးနည်း၊ စာရေးနည်း၊ လူရှေ့သူရှေ့ဟောပြောနည်း၊ ဗီဒီယိုမှာ ကိုယ်ပြောချင်တဲ့မက်ဆေ့ကိုလူတွေ နားလည်အောင်ပြောနည်း၊လူတွေ စိတ်ဝင်စားအောင်ပြောနည်း၊ကွန်ပြူတာပရိုဂရမ်ရေးသားခြင်းကျွမ်းကျင်မှု၊မားကတ်တင်းပညာ၊စီမံခန့်ခွဲမှုပညာ ဒါတွေပါဝင်တယ်။ ခေတ်စနစ်တစ်ခုကို အသုံးချပြီး သမာအာဇီဝ ငွေရှာဖို့က leveraged power နည်းနည်းလုပ်များများရနိုင်တဲ့ ကျွမ်းကျင်မှုတွေလိုတယ်။

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။ Read More »

ဘဝဆိုတာ ရွေးချယ်မှုဂိမ်းတစ်ခုပဲ

ခေါင်းထဲထည့်တဲ့ သတင်းအချက်တွေကိုသေချာရွေးချယ်ဖို့ အရေးကြီးတယ်။ ပါးစပ်ထဲထည့်တဲ့အစားအစာတွေကိုသေချာရွေးချယ်ဖို့ အရေးကြီးတယ်။ ပေါင်းတဲ့အပေါင်းအသင်းတွေကိုသေချာရွေးချယ်ဖို့ အရေးကြီးတယ်။ ဘဝဆိုတာ ရွေးချယ်မှုဂိမ်းတစ်ခုပဲ။ Phyo Paing @ Derek

ဘဝဆိုတာ ရွေးချယ်မှုဂိမ်းတစ်ခုပဲ Read More »

ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်က
ဘာလဲ?

လူတစ်ယောက်နဲ့ တွေ့လိုက်တဲ့အခါဘဝကြီး အဓိပ္ပာယ်ပိုရှိလာတာမျိုးကြုံဖူးလား? ကိုယ့်ရဲ့ကလေးဖြစ်ရင်ဖြစ်မယ်၊ ချစ်သူ၊ ရည်းစား၊ လင်မယားဖြစ်ရင်ဖြစ်မယ်၊သူငယ်ချင်းတစ်ယောက်ဖြစ်ရင်ဖြစ်မယ်၊ကိုယ့်ကို အလင်းဖွင့်ပေးတဲ့ သူတစ်ယောက်ဖြစ်ရင်ဖြစ်မယ်။ ဒါက ဘဝရဲ့ အဓိပ္ပာယ်ကိုရှာဖွေတဲ့ပထမနည်း။ ဒုတိယနည်းကတော့ အရာတစ်ခုခုကို ဖန်တီးရင်းဘဝရဲ့ အဓိပ္ပာယ်ကို ရှာတာ။ ပညာရပ်တစ်ခု၊ ကောင်းမှုတစ်ခု၊ လူတွေကို ကူညီချင်တာတစ်ခုပေါ်မှာပေးဆပ်ပြီး ဘဝအဓိပ္ပာယ်ရှာတာ။ တတိယတစ်ခုကတော့ ဘဝကို ပေးဆပ်ပြီး ဘဝအဓိပ္ပာယ်ရှာတာ။လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပေးဆပ်ပြီးသတ္တဝါတွေ ကယ်တင်ဖို့ဆိုတာမျိုး။ ဒီနေ့အောင်မြင်တဲ့ စင်္ကာပူဖြစ်လာတယ်။ဘာတွေပေးဆပ်လိုက်ရလဲ?ငါ့ဘဝတစ်ခုလုံးပေါ့တဲ့ သူဖြစ်ချင်တဲ့ ရှေ့နေအလုပ်ကိုစွန့်ပြီးသူ့နိုင်ငံကလူတွေ မလေးရှားကခွဲထုတ်လိုက်လို့ ဒုက္ခရောက်နေတာမကြည့်ရက်လို့နိုင်ငံရေးထဲ ဝင်ခဲ့တဲ့ လီကွမ်းယူ။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်က
ဘာလဲ?
Read More »

အခု ကံမကောင်းဘူးဆိုတာ
အနာဂတ်မှာ ကံပိုကောင်းဖို့ ဖြစ်လာတာ

ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့ထင်တဲ့ သူနဲ့ ကံမကောင်းဘူးထင်တဲ့သူနဲ့မှာကွာခြားချက် လေးချက်ရှိတယ်။ဒါကို Richard Wiseman က သုတေသနလုပ်ထားပြီးဥပဒေသ လေးခု ထုတ်လိုက်တယ်။ တချို့လူတွေက ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့ထင်တယ်။ထင်သလိုလဲ ဖြစ်လာတယ်။တချို့လူတွေက မဲနှိုက်မနေပါနဲ့ပေါက်မှာလဲမဟုတ်ပါဘူးကွာလို့ကိုယ့်ကိုကိုယ် ကံမကောင်းဘူးလို့ထင်တဲ့သူတွေလဲရှိတယ်။ ကံကောင်းတဲ့သူ၊ သာမာန်နဲ့ကံမကောင်းဘူးလို့ထင်တဲ့သူတွေကိုBig Five Personalities ဖြစ်တဲ့OCEAN လို့ အတိုကောက်မှတ်လို့ရတယ်။ Openness to new experienceအတွေ့အကြုံအသစ်တွေကို စူးစမ်းတာConscientiousness ကိုယ်ချမှတ်ထားတဲ့စည်းကမ်းနဲ့ပန်းတိုင်ကိုဖြစ်အောင်လုပ်တExtroversion – အပြင်စွဲ လူသစ်တွေနဲ့ဆက်သွယ်ပြောဆိုရတာ ကြိုက်တာAgreeableness လူတွေနဲ့လိုက်လျောညီထွေနေတတ်တဲ့ကိုယ်ရည်ကိုယ်သွေးNeuroticism ဒေါသထွက်လွယ်တာ၊စိတ်ခံစားမှုပြင်းထန်တာ (သူနဲ့ပြောင်းပြန်ဆိုရင်emotional stability လို့ခေါ်တဲ့ စိတ်ခံစားမှုကိုအတက်အကျနည်းတာပေါ့။) ဒီငါးခုပေါ်မူတည်ပြီး သုတေသနတွေလုပ်ထားတယ်။ ကံကောင်းတဲ့သူတွေက ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့ ယူဆကြတယ်။သာကောအနေနဲ့ ကိုယ့်ကိုကိုယ်ဘယ်တုန်းကမှ ကံကောင်းတယ်လို့မယူဆခဲ့ဘူး။ဒါပေမယ့် ဒီစာအုပ်ဖတ်ပြီး အတွေးကိုစပြောင်းဖို့ လုပ်ထားတယ်။ Principle 1:ကံကောင်းတဲ့သူတွေက အခွင့်အလမ်းအသစ်တွေကိုများနိုင်သမျှများအောင် လုပ်ထားကြတယ်။သူတို့က အခွင့်အလမ်းတွေကို အမြဲဖန်တီးတာ၊

အခု ကံမကောင်းဘူးဆိုတာ
အနာဂတ်မှာ ကံပိုကောင်းဖို့ ဖြစ်လာတာ
Read More »

“ပါဝါ”

အသက်ကြီးလာတော့ တဖြည်းဖြည်းနားလည်တာက လောကကိုလွမ်းမိုးထားတာ “ပါဝါ” ပဲ။ လူတွေက ဒီ “ပါဝါ” ရဖို့ပညာသင်တယ်၊ ရာထူးအာဏာရယူတယ်၊ပိုက်ဆံရှာတယ်။ တချို့ကျတော့ မေတ္တာနဲ့ ပါဝါတည်ဆောက်တယ်။တချို့က ကျွမ်းကျင်မှုနဲ့ ပါဝါတည်ဆောက်တယ်။တချို့က ဘွဲ့တွေနဲ့ ပါဝါတည်ဆောက်တယ်။တချို့ကငွေနဲ့။တချို့က ရာထူးဂုဏ်ရှိန်နဲ့။တချို့က အလှအပနဲ့။တချို့က ခွန်အားဗလနဲ့။တချို့က ဥာဏ်ပညာနဲ့။ တချို့က အပေါင်းအသင်းနဲ့။တချို့က နာမည်ကြော်ကြားမှုနဲ့။ ပါဝါပိုရှိတဲ့သူက ရွေးချယ်မှုပိုရှိတယ်။ဆုံးဖြတ်ပိုင်ခွင့်ပိုရှိတယ်။ သက္က လောကမှာတော့ ဥာဏ်ပိုရှိတဲ့ လူတွေက တိရစ္ဆာန်တွေကို အုံလိုက်ကျင်းလိုက်သတ်ဖြတ်ပြီး မြိန်ရည်ရှက်ရည်စားသုံးကြတယ်။ပြီးတော့ ကိုယ်ချင်းစာတရားရှိသလိုလိုHypocrite တွေ လုပ်ကြတယ်။ လောကမှာ ယုံကြည်တာတွေထဲကတစ်ခုက လောကမှာ ကောင်းကောင်းရှင်သန်ရပ်တည်ဖို့၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ကိုယ့်မှာ “ပါဝါ” တစ်ခုတော့လိုတယ်။ Phyo Paing @ Derek

“ပါဝါ” Read More »