Ego

အတ္တဆိုတာက ကိုယ့်ကိုယ်ကို
အရေးကြီးတယ်လို့ထင်တာ။

အတ္တဆိုတာက ကိုယ့်ကိုယ်ကိုအရေးကြီးတယ်လို့ထင်တာ။ ဒီအတွက် တခြားသူတွေကိုအထင်အမြင်သေးတာ၊ကိုယ့်အတွက်ပဲကြည့်တာဖြစ်လာတတ်တယ်တဲ့။ အတ္တဆိုတာ ဘဝတစ်ကွေ့မှာရည်ရွယ်ချက်ရောက်ဖို့ ကူညီပေးသလို အခြေအနေတစ်ခုရောက်ရင်ထပ်ပြီး တိုးတက်ဖို့အတွက် အတားအဆီးတစ်ခုဖြစ်လာတတ်တယ်။ Stoic အတွေးအခေါ်ပညာရှင်တွေကလဲအမြဲသတိပေးတယ်။ ဒီနေ့ဖတ်နေတာကတော့ Ryan Holiday ရဲ့ Ego is the enemy ပဲ။ Stoic Daily အကြောင်းတွေကိုYoutube ကနေ မျှဝေနေတဲ့သူတစ်ယောက်လဲဖြစ်တယ်။ သူ့ကို စတင်သိရှိတာက Tim Ferriss ရဲ့ 4-hour chef စာအုပ်ကိုမားကတ်တင်းလုပ်တဲ့အခါ growth-hacking လုပ်ပေးရာကသိလာတယ်။ အတ္တတွေကျော်လွှားဖို့၁။ ကိုယ်သိထားတာကိုပဲ အမှန်လို့မထင်ဖို့၂။ အမြဲသင်ယူလေ့လာနေဖို့၃။ မှားနေရင် ပြင်ဖို့၄။ လူကိုလူလို လေးလေးစားစားဆက်ဆံဖို့ ၅။ မာန်မာန မထောင်လွှားဖို့၆။ အတိတ်မှာ အလုပ်ဖြစ်ခဲ့တာ အနာဂတ်မှာ အလုပ်ဖြစ်ချင်မှဖြစ်မယ်ဆိုတာနှလုံးသွင်းဖို့၇။ ကိုယ်ချင်စာတရားထားဖို့လိုတယ်။ Phyo Paing @ […]

အတ္တဆိုတာက ကိုယ့်ကိုယ်ကို
အရေးကြီးတယ်လို့ထင်တာ။
Read More »

“ငါဘယ်သူ”ဆိုတဲ့ အတ္တကြီးကို
ပြောင်းလဲဖို့ လိုလာတယ်

ငါ ဘယ်သူလဲဆိုတဲ့အရာက သင့်ကို ကန့်သတ်ထားတာပဲ။ လူတွေက စူပါမင်းအင်္ကျီဝတ်လိုက်တဲ့အခါဒါမှမဟုတ် မျက်နှာဖုံးတပ်လိုက်တဲ့အခါဒါမှမဟုတ် online မှာ နာမည်အတုနဲ့ဖြစ်တဲ့အခါသာမာန်နဲ့မတူတော့တဲ့ ကိုယ်ရည်ကိုယ်သွေးအပြုအမူတွေ ထွက်လာတယ်။ လူတစ်ယောက်က online မှာပြုမူတဲ့ပုံနဲ့အပြင်နဲ့ ကွာနေတာကို စိတ်ပညာမှာonline disinhibition effect လို့ခေါ်တယ်။ အင်တာနက်မှာက ကိုယ်ပြောချင်တာကိုအတားအဆီးမရှိ ဖော်ပြလို့ရတဲ့အတွက်အပြင်မှာပြောတာနဲ့ ကွာနေတာမျိုးပေါ့။ ဒါကို အသုံးပြုပြီး The Alter Ego ဆိုတာဖန်တီးလို့ရတယ်။ ဥပမာ ကိုယ်က ဟာသတွေဖန်တီးချင်တယ်။ဒါပေမယ့် ကိုယ့်ရဲ့ခေါင်းထဲကအသံက သာကောရေ မင်းဒီလို လျှောက်မလုပ်နဲ့။ဒါက မင်းပုံစံမဟုတ်ဘူးကွ။ မင်းက စာသင်၊ အကြံပေး၊ စောက်ဆရာကြီးလုပ်နေတာဟ။ ဟင်… ဟုတ်သားပဲ။ အဲ့လို ဖြစ်သွားတတ်တယ်။ Gym တွေဘာတွေသွားတော့လဲ၊ သားကြီးရင် မင်းဘယ်လောက်လုပ်လုပ်ကျမှာလဲ မဟုတ်ဘူး။အလွန်ဆုံးခံ တစ်ပတ်ပေါ့။ ဟင်််……. Gym သွားပင်ပန်း၊

“ငါဘယ်သူ”ဆိုတဲ့ အတ္တကြီးကို
ပြောင်းလဲဖို့ လိုလာတယ်
Read More »