experience

“ကိုယ်မပျော်တဲ့ ဂိမ်းကို
ရေရှည်မကစားနဲ့။

ဘဝရဲ့ ပေးထားချက်တွေကြားမှာကိုယ်ကြိုက်တဲ့ မေးထားချက်ကို ရွေးချယ်ဖြေလို့ရတယ်။ ကိုယ်ဘယ်ကို ဖြေမလဲဘယ်လိုဖြေမလဲ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။” တစ်ခါတစ်လေ ဘဝကို ဂိမ်းတစ်ခုလို မြင်ကြည့်ကြရအောင်။ဂိမ်းတစ်ခုကို ငယ်ငယ်တုန်းက ကျွန်တော်တို့ ကစားဖူးကြမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းဆိုရင် တစ်ညလုံး အိပ်ရေးပျက်ပြီး ဆော့ချင်တယ်။ မနက်စာ စားဖို့တောင် မေ့နေတက်ကြတယ်မဟုတ်လား။ ဒါပေမယ့် မကြိုက်တဲ့ဂိမ်းဆို ၅မိနစ်တောင် မဆော့ချင်ဘူး။ ပျင်းစရာကြီးလို့ ပြောပြီး ဖယ်ထားလိုက်မယ်။ အဲ့လိုပါပဲ – လူ့ဘဝမှာလည်း ကိုယ်မပျော်တဲ့ အလုပ်တွေ၊ ပတ်ဝန်းကျင်တွေ၊ ဆက်ဆံရေးတွေကို အချိန်ကြာကြာ လုပ်နေမယ်၊ နေနေမယ်ဆိုရင် ကိုယ့်ဘဝ တစ်ခုလုံး ပျော်ရွှင်မှု ကင်းမဲ့သွားနိုင်တယ်။ ဥပမာ – စိတ်မပါတဲ့ အလုပ်ကို နှစ်နဲ့ချီပြီး လုပ်နေတာမျိုး၊ မတည့်တဲ့သူတွေနဲ့ နေ့တိုင်းတွေ့နေရတာမျိုး၊ မကြိုက်တဲ့နေရာမှာ နှစ်အတော်ကြာ နေနေရတာမျိုးပေါ့။ […]

“ကိုယ်မပျော်တဲ့ ဂိမ်းကို
ရေရှည်မကစားနဲ့။
Read More »

တခြားသူတွေကို ကယ်ချင်ရင်ကိုယ့်ကိုယ်ကိုယ် အရင်ကယ်။

တခြားသူတွေကို ကယ်ချင်ရင်ကိုယ့်ကိုယ်ကိုယ် အရင်ကယ်။ နေ့စဥ်နေ့တိုင်း ကိုယ့်ဆီလူတွေ အမှိုက်လာပစ်လိမ့်မယ်။ ကိုယ်က ဒီအမှိုက်တွေယူပြီးဒေါသတွေထွက်၊ မောဟအနေနဲ့ပြောင်းသွားတယ်။ ဒီအမှိုက်တွေကို ခြေဖျက်နိုင်တဲ့ စွမ်းအားလိုတယ်။တချို့က မေတ္တာနဲ့ ခြေဖျက်တယ်။တချို့က မှန်တာပဲလုပ်တယ်။ဘယ်သူဘာပြောပြောမမှုဘူးဆိုတဲ့ သစ္စာနဲ့လုပ်တယ်။တချို့က ဘူကောင်တွေကိုရှောင်တယ်။ဥပက္ခာနဲ့လုပ်တယ်။တချို့က လုပ်ပါစေ။ငါအနစ်နာခံလိုက်မယ်ဆိုတဲ့ အနစ်နာနဲ့လုပ်တယ်။တချို့က အတွေးအခေါ် ဒဿနနဲ့အမှိုက်ကို ရွှေပြန်ပြောင်းတယ်။ နေ့စဥ် လူတွေ အမှိုက်လာပစ်လိမ့်မယ်။တချို့က အနီးဆုံးသူတွေဆီကလာတယ်။တချို့က အလုပ်ခွင်ထဲက။တချို့က လူမှုကွန်ယက်က။ ဒီလို အမှိုက်လာပစ်တဲ့အခါခြေဖျက်နိုင်တဲ့ စူပါပါဝါရှိထားမှဘဝက နေပျော်ပျော်၊ မပျော်ပျော်အနေတော် ဖြစ်မှာ။ Phyo Paing @ Derek

တခြားသူတွေကို ကယ်ချင်ရင်ကိုယ့်ကိုယ်ကိုယ် အရင်ကယ်။ Read More »

ကောင်းမွန်တဲ့အရာအများစုက”သူ့အလိိုလို” ဖြစ်လာတာ နည်းတယ်။

ကောင်းမွန်တဲ့အရာအများစုက“သူ့အလိိုလို” ဖြစ်လာတာ နည်းတယ်။ အလိုလိုပေါက်နေတာ မြက်ပင်များတယ်။​ပန်းကောင်းပန်းမံအတွက် ပြုစုပျိုးထောင်ဖို့လိုတယ်။ အလိုလိုနေ့စဥ် ဖြစ်နေတာ “အို” နေတာပဲ။ ကိုယ့်ကျန်းမာရေး၊ကိုယ့်အချစ်ရေး၊ကိုယ့်စိတ်ငြိမ်းချမ်းရေး၊ငွေရေးကြေးရေး၊လုပ်ငန်းစီးပွားဆောင်တာ၊ဥာဏဖွင့်ဖြိုးရေးဒါတွေ တိုးတက်ဖို့သူ့အလိုလိုဖြစ်နေတာရှားတယ်။ ကောင်းတာ မှန်သမျှကသေချာပြုစုပျိုးထောင်ရတယ်။ ဘဝရဲ့ ငါးပုံနှစ်ပုံကို သုံးပြီးမှတဖြည်းဖြည်း ပိုနားလည်လာတာလေး။ Phyo Paing @ Derek

ကောင်းမွန်တဲ့အရာအများစုက”သူ့အလိိုလို” ဖြစ်လာတာ နည်းတယ်။ Read More »

ဒါတွေကလဲ ဘဝပဲ။

လူသား အတွေ့အကြုံ သံသရာဆိုတဲ့ simulation မှာ လူသားအတွေ့အကြုံကို အသက်ရှည်ရင်နှစ် ၁၀၀ လောက် ရလာတာပဲ။နောက် နှစ်ပေါင်း ၇၀ ဆိုရင်ကျွန််တော်တို့အားလုံး ရှိချင်မှရှိတော့မယ်။ လူဖြစ်တုန်း လူသားအတွေ့အကြုံကိုယူတဲ့အခါ ကောင်းတာဆိုးတာ ဒါရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ပဲ။ စိတ်၊ စေတသိတ်တွေမှာခံစား၊ စံစား သလို အလုပ်ထဲစျာန်ဝင် ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ စကြာဝဌာနဲ့တစ်သားတည်းဖြစ်နေတဲ့ ခံစားမှုမျိုးမတူညီတဲ့ အတွေ့အကြုံတွေကလူသားတွေရဲ့ ဖြစ်တည်မှုကို လတ်ဆတ်စေတာပဲ။ ဒဏ်ရာတွေ၊ နာကျဥ်မှုတွေ၊ မသေချာမှုတွေ၊ မရေရာမှုတွေ၊ ဝမ်းနည်းပူဆွေး၊ တွေ့ဆုံကြုံကွဲဒါတွေကလဲ ဘဝပဲ။ Phyo Paing @ Derek

ဒါတွေကလဲ ဘဝပဲ။ Read More »

ကြောက်နေလို့မရဘူး။

တချို့ အရာတွေက မလုပ်ကြည့်ပဲစဥ်းစားရုံနဲ့ မမြင်နိုင်ဘူး။ လုပ်ကြည့်ပြီး ရလဒ်ရတဲ့အခါဘာတွေ ဆက်လုပ်ရမလဲဖြစ်နိုင်ခြေနဲ့ ဖြစ်နိုင်စွမ်းကို ရှင်းရှင်းလင်းလင်းသိသွားတာမျိုး။ ဒါကြောင့် အနည်းဆုံးဆုံးရှုံးနိုင်ခြေနဲ့အလုပ်အသစ်တွေ စမ်းသပ်လုပ်ကိုင်ကြည့်ရမှာကြောက်နေလို့မရဘူး။ Phyo Paing @ Derek

ကြောက်နေလို့မရဘူး။ Read More »