Feeling

ခံစားချက်မထည့်ပဲ လျစ်လျူရှုနိုင်တာပညာရပ်တစ်ခုပဲ။

ကိုယ့်အနာဂတ်အတွက်အရေးမပါတဲ့စိတ်ကသိကကောင့်ဖြစ်စေတဲ့ကိစ္စတွေကိုခံစားချက်မထည့်ပဲ လျစ်လျူရှုနိုင်တာပညာရပ်တစ်ခုပဲ။ Phyo Paing @ Derek

ခံစားချက်မထည့်ပဲ လျစ်လျူရှုနိုင်တာပညာရပ်တစ်ခုပဲ။ Read More »

ဒဏ်တွေကို ခံပြီးမှ သန်မာလာကြတာ။

သန်မာတဲ့သူတွေ၊မပျော့ညံ့တော့တဲ့သူတွေ၊တခါတလေ ခံစားချက်မများတော့တဲ့သူတွေ၊အရေးပါတာကိုပဲ အရာပေးတဲ့သူတွေကအလိုလို သန်မာလာကြတာမဟုတ်ဘူး။ တချို့က ဒဏ်တွေခံရတဲ့အခါပြိုလဲတယ်။တချို့က ဒဏ်တွေခံရတဲ့အခါပြန်လည်ထပြီးထည့်မှတ်တယ်။တချို့က ဒဏ်တွေခံရတဲ့အခါအရင်ထက်ပို သန်မာလာတယ်။ ဒဏ်ကြောင့် ပိုသန်မာလာသူတွေကိုantifragile လို့ Nassim Nicholas Taleb က ဆိုတယ်။ ဒဏ်ကြောင့် ပြန်သန်မာလာဖို့လိုတယ်။ Phyo Paing @ Derek

ဒဏ်တွေကို ခံပြီးမှ သန်မာလာကြတာ။ Read More »

ခံစားချက် အရမ်းများတဲ့သူတွေနဲ့အလုပ်လုပ်ရင် အလုပ်မတွင်ဘူး။

ဒါကြောင့် ခံစားချက်များတဲ့သူတွေနဲ့အလုပ်လုပ်ဖို့ကို တတ်နိုင်သမျှရှောင်တယ်။ပုံပြင်ပေါင်းများစွာနဲ့။ ကိုယ်ပျော်ပျော်မပျော်ပျော်ထမင်းစားဖို့ အလုပ်ကလုပ်ရအုံးမှာပဲ။ပိုက်ဆံတွေအရမ်းချမ်းသာနေရင်တော့မပြောတတ်ဘူး။ ပျော်ပျော်မပျော်ပျော်customer serviceဖောက်သည်ဝန်ဆောင်မှုလုပ်ရင်တော့ပြုံးပြ စကားပြောချိုသာရမှာပဲ။ကိုယ်က ဒီအလုပ်အတွက်ပိုက်ဆံယူထားတာမဟုတ်လား။ ခံစားချက်များတဲ့သူတွေကအမြဲ play ခံနေရမှာ။မီဒီယာက ပလေးသွားလိုက်၊ဒုက္ခပေး၊ ထိန်းချုပ်ချင်သူကပလေးသွားလိုက်နဲ့။ ခံစားချက်တွေ ဘေးဖယ်ကိုယ့်တာဝန်ကိုယ်ကျေဖို့လိုတယ်။ Phyo Paing @ Derek

ခံစားချက် အရမ်းများတဲ့သူတွေနဲ့အလုပ်လုပ်ရင် အလုပ်မတွင်ဘူး။ Read More »

သံသရာတစ်ကွေ့
ဒီနေ့ကိုတော့
ကုသိုလ်၊ ပညာ၊ ဥစ္စာ
တစ်ခုခုတော့ ရအောင်
လုပ်ခဲ့ပါတယ်

တစ်နှစ်ကုန်တိုင်း လွမ်းသလိုလိုဘာလိုလိုဖြစ်တယ်။နောက်ဘယ်တော့မှပြန်မရောက်နိုင်တော့လို့။ဘာပဲဖြစ်ဖြစ် သံသရာတစ်ကွေ့ဒီနေ့ကိုတော့ကုသိုလ်၊ ပညာ၊ ဥစ္စာတစ်ခုခုတော့ ရအောင်လုပ်ခဲ့ပါတယ်လို့ကိုယ့်ကိုကိုယ် အားပေးရတာပဲ။ Phyo Paing @ Derek

သံသရာတစ်ကွေ့
ဒီနေ့ကိုတော့
ကုသိုလ်၊ ပညာ၊ ဥစ္စာ
တစ်ခုခုတော့ ရအောင်
လုပ်ခဲ့ပါတယ်
Read More »

ခံစားမှုတွေမတူတဲ့အခါ
အရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။

အသိဥာဏ်ပေါ်မူတည်ပြီးအရသာခံတဲ့ အရာတွေမတူတော့ဘူး။အသိဥာဏ်ဆိုတာ အကြောင်းအရာတစ်ခုအပေါ်သဘောပေါက်နားလည်မှု။ သဘောပေါက် နားလည်မှုပေါ်မူတည်ပြီးအထင်အမြင်တွေမတူတော့ဘူး။ အထင်အမြင်တွေမတူရင်အကြောင်းအရာ၊ အဖြစ်အပျက်အပေါ်ထားတဲ့ခံစားမှုတွေ မတူတော့ဘူး။ ခံစားမှုတွေမတူတဲ့အခါအရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။ Tastes vary depending on intelligence. Intelligence is the understanding and comprehension of a subject. Based on this understanding, opinions and how we perceive things differ. When opinions differ, feelings towards events or phenomena change. When feelings differ, the ways of experiencing tastes also differ. Phyo

ခံစားမှုတွေမတူတဲ့အခါ
အရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။
Read More »

ခံစားချက်ပြောင်းသွားတတ်တယ်

အရှင်လတ်လတ်ဖြစ်တဲ့ emotion တွေမှာအတွေး thought လေးထည့်လိုက်တဲ့အခါခံစားချက် feeling တွေဖြစ်လာတတ်တယ်။ အဖွားဆုံးသွားတဲ့အခါ ဝမ်းနည်းမယ်။ကောင်းကင်နိုင်ငံရောက်သွားတဲ့ အတွေးထည့်လိုက်တဲ့အခါခံစားချက် ပြောင်းသွားတတ်တယ်။ အဖွားဆုံးသွားတဲ့အခါ ဝမ်းနည်းမယ်။သူ့ဝေဒနာတွေခံစားပြီးဖျားနေရတာထက်အခုဘဝတစ်ပါးပြောင်းသွားတယ် အတွေးထည့်လိုက်တဲ့အခါခံစားချက်ပြောင်းသွားတတ်တယ်။ In the realm of vivid emotions, when you inject a thought, feelings tend to arise. When a grandmother passes away, there’s sorrow. But when you entertain the thought of her reaching heaven, feelings change. When a grandmother passes away, there’s sorrow.

ခံစားချက်ပြောင်းသွားတတ်တယ် Read More »

တိုက်ဖျက်နိုင်တဲ့ စနစ်

အလုပ်တစ်ခုမှာ စျာန်ဝင်စားပြီးလုပ်ဆောင်နိုင်ဖို့က စိတ်ခံစားမှုတွေကို စီမံခန့်ခွဲနိုင်ဖို့လိုတယ်။အပြစ်တင်စိတ်၊ စိုးရိမ်စိတ်၊ အားငယ်စိတ်၊ ကြောက်စိတ်၊ စိတ်ဓာတ်ကျခြင်း၊ ဘူဓာတ်တွေ ဖယ်ရှားနိုင်ဖို့လိုတယ်။အာရုံထွေပြားဝေဝါးတာတွေကိုတိုက်ဖျက်နိုင်တဲ့ စနစ်လိုတယ်။ Phyo Paing @ Derek

တိုက်ဖျက်နိုင်တဲ့ စနစ် Read More »

ကိုယ်မကြိုက်တဲ့အရာ
သူများကို မလုပ်နဲ့။

ကိုယ်မကြိုက်တဲ့အရာသူများကို မလုပ်နဲ့။ဒါက အခြေခံအကျဆုံးတန်ဖိုးထားမှု။ဒီတန်ဖိုးထားမှုမရှိရင်ကိုယ်ကျင့်တရား သံလိုက်အိမ်မြှောင်မရှိတဲ့အတွက်ကျင့်ဝတ်ပိုင်းဆိုင်ရာ ဒေဝါလီခံနိုင်တယ်။ ချစ်ခြင်းတရားမရှိတဲ့အခါဘဝက လျစ်လပ်မှုကြီးဖြစ်နိုင်တယ်။ ဒီနှစ်ခုကို နားမလည်တဲ့အခါဘဝမှာ လမ်းပျောက်နိုင်တယ်။ Without basic human values guiding us, we become morally bankrupt. Without love as our purpose, we become empty. Without understanding both of these, we become lost. Dr Milan La Brey (Back To Basics, 2014) Phyo Paing @ Derek

ကိုယ်မကြိုက်တဲ့အရာ
သူများကို မလုပ်နဲ့။
Read More »

အာရုံထွေပြား ဝေဝါးမှု

စွမ်းဆောင်ရည်မြင့်ဖို့အတွက်ရန်သူက “အာရုံထွေပြား ဝေဝါးမှု”။ အာရုံကို အရာတစ်ခုမှာ အာဏာကုန်စိုက်နိုင်ဖို့အတွက်အလေ့အကျင့်လိုတယ်။ Phyo Paing @ Derek

အာရုံထွေပြား ဝေဝါးမှု Read More »

အကုန်လုံးမျှတဖို့ဆို

လောကကြီးက မမျှတဘူး။ ၃၁ ဘုံကိုကြည့်ရင်လဲအဆင့်တွေခွဲ မမျှတဘူး။ မမျှတဲ့ လောကထဲမှာမျှတအောင်လုပ်ယူမနေတော့ဘူး။ကိုယ်နဲ့နီးတဲ့လူတွေကိုပိုကောင်းတဲ့ဖက်မှာပဲ ရှိနေအောင်ကူညီပေးဖို့က ကိုယ့်တာဝန်။ကျန်တာက အစိုးမရဘူး။ အကုန်လုံးမျှတဖို့ဆို အားလုံး ၃၁ ဘုံထဲက ထွက်မှရမယ်။ Phyo Paing @ Derek

အကုန်လုံးမျှတဖို့ဆို Read More »