မနက်ထ မှန်ကြည့်တိုင်း
မနက်ထ မှန်ကြည့်တိုင်းကိုယ်အမြဲဂုဏ်ယူနေရတဲ့သူကိုတွေ့နေဖို့လိုတယ်။ Phyo Paing @ Derek
မနက်ထ မှန်ကြည့်တိုင်း Read More »
မနက်ထ မှန်ကြည့်တိုင်းကိုယ်အမြဲဂုဏ်ယူနေရတဲ့သူကိုတွေ့နေဖို့လိုတယ်။ Phyo Paing @ Derek
မနက်ထ မှန်ကြည့်တိုင်း Read More »
ကိုယ်ချစ်ရတဲ့သူတွေကိုယ့်ကိုဝေဖန်တဲ့အခါ ဘယ်နေ့က “ကိုယ်” ကိုပြောတာလဲပြန်မေးကြည့်တယ်။ ဘာကြောင့်လဲဆိုတော့နေ့တိုင်း “ဗားရှင်းအသစ်” ဖန်တီးနေတယ်။ တခြားသူတွေ ဝေဖန်တဲ့ကိုယ်ကအရင်နေ့၊ အရင်လ၊ အရင်နှစ်ကဖြစ်နေတတ်တယ်။ Phyo Paing @ Derek
တခြားသူတွေ ဝေဖန်တဲ့ကိုယ်က Read More »
ရည်မှန်းချက်ပန်းတိုင်းတစ်ခုချသတ်မှတ်ထားတဲ့အချိန်အတွင်းမရောက်ရောက်အောင် ဝုန်းပြီးရည်မှန်းချက်ရောက်သွားတဲ့ခံစားချက်မျိုးက စွဲလမ်းဖို့ကောင်းတယ်။ ကျောင်းတုန်းကဆိုလဲ လုပ်ချင်တာလုပ်စာမေးပွဲနားနီးရင်7-days project ဆိုပြီး ဝုန်းရတာ၊10-days project ဆိုပြီး ဝုန်းရတာကနေ၊ခု 1-year တို့၊ 1-month တို့ ဝုန်းဝုန်းပြီး မရရအောင်လုပ်ပြီးWe did it လို့ပြောရတဲ့ ခံစားချက်ကဘာနဲ့မှ မလဲနိုင်ဘူး။ Phyo Paing @ Derek
ခံစားချက်မျိုးက စွဲလမ်းဖို့ကောင်းတယ်။ Read More »
ငယ်ငယ်လေးကတည်း ဟိုဟာ မလုပ်ရဘူး။ ဒီဟာအလုပ်ရဘူး။ ဘာဖြစ်နိုင်တယ်။ ဘာမဖြစ်နိုင်ဘူး။ အားတီ၊ အားမေတို့ရဲ့ ပတ်ဝန်းကျင်ကဘောင်တွေ ခတ်ကြလိမ့်မယ်။ ငယ်ငယ်တည်းက ဘောင်ခတ်ခံလာခဲ့ရင်တခါတလေ အပြင်ကိုထွက်ဖို့ အခက်အခဲတွေ အများကြီးရှိနေနိုင်တယ်။ တခါတလေ ကိုယ့်ကို ခတ်ထားတဲ့ဘောင်တွေရဲ့ အပြင်ဖက်ကိုရုန်းထွက်နိုင်ဖို့လိုတယ်။ ဒီလို ထွက်နိုင်ဖို့ သတ္တိလိုတယ်။ Phyo Paing @ Derek
တခါတလေ ကိုယ့်ကို ခတ်ထားတဲ့
ဘောင်တွေရဲ့ အပြင်ဖက်ကို
ရုန်းထွက်နိုင်ဖို့လိုတယ်။ Read More »
ကျွန်တော့်လို အမြဲမပျော်တဲ့သူတွေရှိလား။ငယ်ငယ်ကဆို အမြဲမပျော်ဘူး။ ဒီတော့ ပျော်ရွင်မှုဆိုတဲ့အကြောင်းတွေလိုက်ရှာဖတ်ကြည့်တယ်။ သာယာမှု၊ ပျော်ရွင်မှုနဲ့ ဝမ်းမြောက်မှု မတူဘူး။Pleasure, Happiness နဲ့ Joy. စားချင်တာစားရလို့ပျော်တာဒါက သာယာမှု။အထိ၊ အတွေ့တွေကြောင့်ပျော်တာသာယာမှု။ ကိုယ်ချစ်တဲ့သူနဲ့ ချစ်တာ။ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ရတာ။ကိုယ့်ရည်မှန်းချက်တွေကိုရအောင်လုပ်နိုင်တာ။ဒါက ပျော်ရွင်မှု။ ကလေးလေးမွေးလာလို့သူ့မျက်နှာလေးကိုမြင်လိုက်တာ။မတွေ့တာကြာတဲ့ ငယ်သူငယ်ချင်းကိုပြန်တွေ့တာ။ဒါက ဝမ်းမြောက်မှု။ ဥပမာ ပန်းချီဆရာကသူ့ရင်ထဲက ပန်းချီကားကို ဆွဲရင်းစိတ်ကူးထဲကအတိုင်းဖြစ်လာတာပျော်ရွင်မှုလို့ဆိုလို့ရပြီး၊ပန်းချီကားကြည့်တဲ့သူကလဲသူ့ခံစားချက်နဲ့ ထပ်တူခံစားလို့ရပြီးအားပေးမှုအထူးရတဲ့အခါဝမ်းမြောက်မှုလို့ဆိုနိုင်တယ်။ ဝမ်းမြောက်မှုက အတွင်းစိတ်ခံစားချက်ကဝမ်းသာအားရမှုဖြစ်တာ။ကိုယ်အကောင်အထည်ဖော်ချင်တာကိုအကောင်အထည်ဖော်ခွင့်ရတာ ပျော်ရွင်တာ။ ဒီအချက်တွေ သိလာတော့ဘဝကို ဘယ်လိုနေရင် သာယာမှုရမယ်၊ဘာဆို ပျော်ရွင်မှု၊ဘယ်အရာဆို ဝမ်းမြောက်မှုဆိုတာ သိလာတယ်။ခံစားလို့ရလာတယ်။ Phyo Paing @ Derek
စားချင်တာစားရလို့ပျော်တာ
ဒါက သာယာမှု Read More »
အမြဲဗိုက်ပြည့်နေတဲ့သူကဗိုက်ပြည့်တဲ့အရသာစစ်စစ်ကိုသိချင်မှ သိမယ်။အမြဲလွတ်လပ်နေသူက လွတ်လပ်မှုအနှစ်သာရစစ်စစ်ကိုသိချင်မှ သိမယ်။Planned suffering တမင်တကာကိုယ့်ကိုကိုယ် သက်သောင့်သက်သာမရှိအောင်လုပ်ဖို့လိုတဲ့အချိန်တွေလိုတယ်။သာယာမှုတွေကို ခဏဖြတ်တာမျိုး။ Phyo Paing @ Derek
အမြဲလွတ်လပ်နေသူက
လွတ်လပ်မှုအနှစ်သာရစစ်စစ်ကို
သိချင်မှ သိမယ်။ Read More »
ကိုယ်နဲ့မထိုက်တန်တဲ့အရာတွေကို အိန္ဒြေရရ ဘယ်လိုစွန့်လွတ်ခဲ့လဲဆိုတာပဲ။ Phyo Paing @ Derek
ဘဝမှာ အရေးကြီးတာတစ်ခုက Read More »
ကိုယ်တွေ့တဲ့သူတိုင်းက ပေးတဲ့Vibe ကိုမှတ်ထားလိုက်တယ်။ဘယ်သူ့ကိုရှောင်ရမယ်၊ဘယ်သူနဲ့ များများတွေ့ရမယ်၊ဘယ်သူနဲ့လျော့တွေ့ရမယ် ပြန်ချိန်ကြည့်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့ဓာတ်မတူကြဘူး။တချို့ အကြည်ဓာတ်၊တချို့က အပူဓာတ်၊တချို့က ပျော့ပျော့လေးနံတဲ့ ကြောင်ချီး၊တချို့က လေးလံတယ်၊တချို့ကတက်ကြွ၊တချို့ ရင်ခုန်မှုတွေနဲ့၊တချို့က လှုံခြုံမှု၊တချို့က တိုက်မယ်ခိုက်မယ်၊တချို့က အတွေးအခေါ်သစ်တွေနဲ့အဲ့လို တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ ℙ𝕙𝕪𝕠 Paing @ Derek
လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့
ဓာတ်မတူကြဘူး Read More »
အသက်ကြီးလာတော့ လက်ကိုင်ထားတာPower ဥပဒေသပဲ။သူ့ကကိုယ့်ကို လိုတာထက်ကိုယ်က သူ့ကိုပိုလိုရင်ကိုယ်က အလျော့ပေးရမှာပဲ။သူက ကိုယ့်ကို ဒုက္ခပေးနိုင်တာကကိုယ်က သူ့ကို ဒုက္ခပေးနိုင်တာထက်နည်းနေရင် နောက်ဆုံး ကိုယ်ပိုဒုက္ခရောက်မှာပဲ။Power law 19 မှာလိုမပြစ်မှားမိသင့်တဲ့သူကိုသွားမပြစ်မှားနဲ့။ ℙ𝕙𝕪𝕠 Paing @ Derek
မပြစ်မှားမိသင့်တဲ့သူကို
သွားမပြစ်မှားနဲ့ Read More »
၁။ တစ်ခုခုဆို တည့်ဒိုးပြော။ အဆင်ပြေရင် ပြေတယ်။မပြေရင်မပြေဘူး။အိညောင်၊ အိညောင်မလုပ်နဲ့။ ၂။ ဘူကောင်တွေကို ရှောင်။ ပျော်လဲမပျော်၊ အမြဲလဲစိတ်တိုင်းမကျ၊မလိုချင်တာတွေပဲမြင်တဲ့ ဘူပိတ်နေတဲ့သူ။ ၃။ ကိုယ့် personal နဲ့ အလုပ်ကိုခွဲထား။ကိုယ့် personal ကို ဝင်ရောက်အစွက်ဖက်မခံနဲ့။ ၄။ ကိုယ့်အလုပ်ကို သေချာ design လုပ်။ ၅။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတွေကိုသေချာ ဂရုပြု။ အဖြစ်လုပ်ပြီး အလုပ်မဖြစ်တဲ့သူတွေကိုရှောင်။ ၆။ ကိုယ်သွားနေတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလာမေးခွန်းထုတ်တာမျိုးမလုပ်ခိုင်းနဲ့။ ၇။ ဘာလုပ်လုပ် အကန့်ခြားထား။Boundaries လိုတယ်။မဟုတ်ရင် လူမလေး၊ ခွေးမခန့်။ ℙ𝕙𝕪𝕠 Paing @ Derek
ဘဝကို အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းဖို့ Read More »