Feeling

ကျေးဇူးတင်စိတ်

အခုအသက်ကို ဝဝရှူနေလို့ရတာဒါက ကိုယ့်ခန္ဓာကိုကျေးဇူးတင်စရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။မဟုတ်လို့ အရင်နှစ်ကလို တတိယလှိုင်းမှာအဆုပ်မကောင်း အသက်ငင်နေရတာဆို တိုင်ပတ်နေမှာ။ အခုချိန် ကိုယ်ချစ်ရတဲ့သူတွေအသက်ရှင်နေသေးတာလဲ ကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန် ကိုယ့်အနေနဲ့ ကိုယ်လက်အင်္ဂါအစုံနဲ့ကျန်းကျန်းမာမာ အလုပ်လုပ်နိုင်နေသေးတာကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန်လကုန် ဝန်ထမ်းတွေကိုလစာပေးနိုင်နေသေးတာ ကျေးဇူးတင်စရာဖြစ်နိုင်တယ်။ အခုချိန် မနက်နိုးထ သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့ရနေတာကျေးဇူးတင်စရာဖြစ်ကောင်းဖြစ်လိမ့်မယ်။ အရာရာနောက်ကျ ကမ္ဘာ့ဘိတ်ချေးနိုင်ငံမှာ ကျေးဇူးတင်စရာတွေများများစားစားမရှိပေမယ့်တချို့အသေးအမွှားတွေအတွက်gratitude စိတ်ထားတာဟာ စိတ်ကျန်းမာရေးအတွက် အရေးကြီးတယ်။ Phyo Paing @ Derek

ကျေးဇူးတင်စိတ် Read More »

သောက်တလွဲတွေ မျှော်လင့်ထားပါ

ဘဝမှာ မေးခွန်းတွေ အများကြီးမေးဖူးတယ်။Life-after-death ဆိုတာ တကယ်ရှိသလား။ အရင်ဘဝကို မှတ်မိတယ်ဆိုတာ စိတ်ပညာအရ Extrasensory Perception (ESP) နဲ့များဆိုင်မလား။ Telepathy ဆိုတာ တကယ်ရှိသလား။ Chakras တွေပွင့် third eye ပွင့်ရင်Intuition မြင့်ရင် အလိုလိုသိစိတ်မြင့်သလား။ ငယ်ငယ်ကဆိုလဲ တစ်ခုခုဆို အမေဆူမှာဆိုးလို့ လိမ်မိတာရှိတတ်တယ်။ငါးတွေမြှားတုန်းက သူများအသက်သတ်မိတာရှိတယ်။ အရက်ဘီယာလဲ သောက်ဖူးတယ်။(အခုတော့ ဝိုင်ပြောင်းသောက်တယ် lol)Pirated software တွေလဲ အသုံးပြုဖြစ်တော့ငါလဲ ငါးပါးသီလ မလုံဖူးတော့ သေရင် ငရဲကျနိုင်တာပဲ။ အဲ့လိုအတွေးတွေနဲ့ ခေါင်းထဲ clarity မရှိခဲ့တဲ့အချိန်တွေမှ မနည်းဘူး။ လူတွေက DNA ကို အပြောင်းအလဲလုပ်လို့ရတယ်။ဒါကို Epigenetics လို့ခေါ်တယ်ဆိုတော့စမ်းသပ်ဖူးတယ်။အတွေးနဲ့ ပတ်ဝန်းကျင်ပြောင်း၊အနောက်အပြုအမူပြောင်းရင် ကိုယ့် gene ကိုပြောင်းလို့ရတယ်ဆိုတာ အမှန်ပဲ။ မိရိုးဖလာ

သောက်တလွဲတွေ မျှော်လင့်ထားပါ Read More »

အနာဂတ်က သင်ထင်ထားသလောက်
ဆိုးချင်မှ ဆိုးလိမ့်မယ်။

နောက်ပြီး သင်ထင်ထားသလောက်လဲကောင်းချင်မှလဲ ကောင်းလိမ့်မယ်။ဘယ်နေရာမှာ ဖြစ်ဖြစ်ပေါ့။ မယုံရင်အတိတ်ကို ပြန်စဉ်းစားကြည့်ကြည့်။ ကိုယ်ထင်ထားသလောက် မကောင်းခဲ့ဘူး။ဆိုးရင်လဲ အလားတူပဲဖြစ်နိုင်တယ်။ Phyo Paing @ Derek

အနာဂတ်က သင်ထင်ထားသလောက်
ဆိုးချင်မှ ဆိုးလိမ့်မယ်။
Read More »

ယောကျာ်းနဲ့ မိန်းမကွာခြားချက်တစ်ခု

အမျိုးသမီးများစု ပြဿနာတစ်ခုစိတ်ညစ်စရာတစ်ခုရှိရင်သူငယ်ချင်းတွေနဲ့ မျှဝေရင်ဖွင့်ပြီးအချိန်တစ်ခုရောက်ရင် မေ့မေ့ပျောက်ပျောက် ဖြစ်တတ်ကြတယ်။ ယောကျာ်းအများစုကျတော့ ကိုယ့်ရဲ့ lowest point ရောက်တာကိုဝန်ခံချင်တဲ့စိတ်နည်းကြတယ်။အများစုက အတွင်းကြေပဲသွားတတ်ကြတယ်။ဖွင့်ပြောမှု သိပ်မပြုတတ်ကြဘူး။ဖွပ်ပြီးကြိတ်ခံစားဖြေရှင်းတတ်ကြတယ်။ အမျိုးသားတစ်ယောက်ရဲ့ ပါဝါကလူ့အဖွဲ့အစည်းတစ်ခုမှာလူရိုသေရှင်ရိုသေဖြစ်ဖို့ အတွက်အလုပ်အကိုင်စွမ်းရည်၊နေရာ ရာထူး၊ ငွေရှာနိုင်စွမ်း၊ပညာနဲ့ အပေါင်းအသင်းစဉ်းစားစရာတွေ အများကြီးရှိတယ်။ ဒါတွေကို အမျိုးသားတွေကမပြောတာပဲရှိတယ်။အနည်းနဲ့ အများအကုန်နားလည်ထားကြတယ်။ ဒီ social structure တစ်ခုထဲမှာဝင်ဆန့်ဖို့နဲ့ နေရာတစ်ခုရဖို့မပြောတာပဲရှိတယ်။စဉ်းစားကြံဆနေကြတာကြီးပဲ။ ဒါကြောင့်တခါတလေ အမျိုးသမီးအများစုက သတိမထားမိတာ၊အကြံမလိုအပ်ပဲ အကြံပေးတာ၊အားမလိုအားမရဖြစ်တာမျိုးပြတာ၊ပြောတာ၊ စိတ်ကောက်အပြစ်ပေးတာ၊ဒါမျိုးသတိမပြုမိပဲ လုပ်မိတတ်တယ်။ စဉ်းစားမိတာတစ်ခုက Alpha male အမျိုးသားတစ်ယောက်အတွက်အရေးအကြီးဆုံးက သူ့ lowest point ရောက်တိုင်း နားလည်ပေးတာ။သူနဲ့အတူ လောကဓာတ်ကို ရင်ဆိုင်ဖို့အသင့်ဆိုတာမျိုးဖြစ်တတ်တယ်။ အမျိုးသားတွေရဲ့ ရင်တွင်းဖြစ်ရေးတဲ့စာဘယ်နှစ်ခုများတွေ့ဖူးကြလို့လဲ။အများစုက အမျိုးသမီးအကြောင်းတွေအများစုကို တွေ့ရလိမ့်မယ်။ ကိုယ့်ကိုကိုယ်သတ်သေတဲ့နှုန်းမှာအမျိုးသားတွေက အမျိုးသမီးထက်လေးဆ လောက်ပိုများတာအားလုံးအသိ။ Phyo Paing @ Derek

ယောကျာ်းနဲ့ မိန်းမကွာခြားချက်တစ်ခု Read More »

စိတ်ပညာမှာ nexting ဆိုတာရှိတယ်။

ဒါပြီး ဘာထပ်ဖြစ်မလဲဆိုတာ အမြဲစဉ်းစားမိနေစေတာမျိုး။ ဒီအချက်ကြောင့် အခုကြုံတွေ့နေရတဲ့အသက်ရှင်မှုအရသာကို မခံစားရတာမျိုးကြုံတတ်ကြတယ်။ တခါတလေ ”ပစ္စုပ္ပန် အရသာ” ကိုသိဖို့ခဏလောက် ကိုယ့်ရဲ့အတွေးတွေကိုဖယ်ပြီး အသက်ရှင်မှုကို ခံစားကြည့်သင့်တယ်။ Phyo Paing @ Derek

စိတ်ပညာမှာ nexting ဆိုတာရှိတယ်။ Read More »

စိတ်ပါပါ မပါပါ လုပ်စရာရှိတာလုပ်။

စိတ်ခံစားမှုရဲ့ သားကောင်မလုပ်နဲ့။ စိတ်ပါပါ မပါပါ လုပ်ဖို့အတွက်self-discipline လိုတယ်။ စိတ်ပါမှ လုပ်မယ်ဆို ဆယ်တန်းတောင် အောင်မှာမဟုတ်ဘူး။ တကယ့်လွတ်လပ်မှုရချင်ရင်စိတ်ပါပါ မပါပါ လုပ်စရာရှိတာလုပ်။ Phyo Paing @ Derek

စိတ်ပါပါ မပါပါ လုပ်စရာရှိတာလုပ်။ Read More »

Self-awareness ရှိဖို့
self-discovery လုပ်ဖို့လိုတယ်။

လူအများစု မေးကြည့်ခင်ဗျာဘာကြောင့်အသက်ရှင်နေတာလဲသာမာန်လူအများစုမှာအဖြေမရှိကြဘူး။ Financial freedom ရချင်လို့။ဒါရရင် ဘာလုပ်မှာလဲမေးကြည့်။အဖြေမရှိပြန်ဘူး။ Simon Sineak ပြောတဲ့Start with Why ဆိုတာ အဲ့ဒါပဲ။ လူအများစုက ကိုယ့်ကိုကိုယ်ဘာဖြစ်ချင်မှန်းသေချာမသိကြဘူး။ အဲ့တော့ အပြင်မှာ မြင်မြင်သမျှစိတ်တိုင်းမကျကြဘူး။ ခင်ဗျာ ဘဝကို စကားလုံးတစ်လုံးနဲ့ဖော်ပြကြည့်ဆို တော်တော်ခေါင်းစားနေလိမ့်မယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကဘာလဲ။ကိုယ့်ရဲ့ winning strategy ကဘာလဲ။သေသေချာချာမသိတဲ့အခါNorth Star ဓူဝံကြယ်ပျောက်နေတတ်တယ်။ Phyo Paing @ Derek

Self-awareness ရှိဖို့
self-discovery လုပ်ဖို့လိုတယ်။
Read More »

မျက်စိခဏမှိတ်ပြီး ခံစားကြည့်ပါ။

မျက်စိခဏမှိတ်ပြီး ကိုယ့်ဘဝမှာအငြိမ်းချမ်းဆုံးအချိန်တစ်ခုကိုစဉ်းစားကြည့်ကြည့်ဘာတွေမြင်လဲ၊ဘာတွေကြားလဲ၊ဘာလိုခံစားရသလဲ။

မျက်စိခဏမှိတ်ပြီး ခံစားကြည့်ပါ။ Read More »