Feeling

တွယ်တာမှုပုံစံ ၃ မျိုး

အချစ်နဲ့ပတ်သက်လာရင်လူသုံးမျိုးခွဲခြားလို့ရတယ်။ ၁။ Love Avoidant ၂။ Secure၃။ Cautious Love Avoidant Person က ငယ်ကတည်းက မိဘကမင်းလူတိုင်းကို ယုံလို့မရဘူး။ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်လုပ်။ ဘယ်တော့မှ တစ်ခုတည်းကိုမဖက်တွယ်ထားနဲ့။ ဒီလို အတွေးအခေါ်နဲ့ကြီးလာတယ်။ငယ်ငယ်က မိဘမေတ္တာကိုလိုသလောက်မရခဲ့ဘူး။ မေတ္တာငတ်ပြီး ကြီးလာတဲ့သူတွေ။ တခုခုဆို တိုင်ပြောစရာလူကြီးမရှိခဲ့ဘူး။ အဲ့ဒီကျတော့ အသက်ကြီးတဲ့အခါLove Avoidant ဖြစ်လာပြီးအချစ်ရေးရာမှာ လူတစ်ယောက်တည်းအပေါ်ယုံကြည်ဖို့ commit လုပ်ဖို့ အခက်အခဲရှိလာတယ်။ ဒီတော့ ရှိနေတဲ့ relationship ထက်ပိုကောင်းတာ အပြင်မှာရှိအုံးမှာပဲဆိုတဲ့ စိတ်နဲ့နေတယ်။ နောက် ရှိနေပြီးသား relationship ရန်ဖြစ်တိုင်း အရင်က ex တွေကိုပြန်သတိရတတ်တယ်။အရင် ex တွေ မကောင်းကြောင်းကို ဦးနှောက်က overwrite လုပ် မေ့သွားတယ်။ ဒီ type က ကိုယ့်ကိုကိုယ်သတိမပြုမိရင် […]

တွယ်တာမှုပုံစံ ၃ မျိုး Read More »

ကိုယ့်ရဲ့ ပျော်ရွှင်မှု အဆင့်က ဘယ်လောက်မှာလဲ?။

လူတွေက ပျော်ရွှင်ချင်ကြတယ်။နည်းလမ်းမျိုးစုံနဲ့ ပျော်ရွှင်မှုရှာကြတယ်။ သာယာမှု ကနေရှာတယ်။အစားအသောက်ကောင်းလေးစားလိုက်ရရင်ပျော်တာမျိုး။ ပိုင်ဆိုင်မှုကနေရှာတယ်။ ကိုယ်ကြိုက်တဲ့ ပစ္စည်းတွေဝယ်လိုက်ရရင်ပျော်တာမျိုး။ အသိမှတ်ပြုခံရမှုကနေရှာတယ်။ ကိုယ်သား၊ သမီးက ဘယ်တက္ကသိုလ်ကြီးမှာတက်နေတာမျိုး။ အိုင်ဒီယာတွေကနေ အပျော်ရှာတယ်။ အတွေးအခေါ်တူတဲ့သူတွေ အိုင်ဒီယာ ဖလှယ်ကွန့်မြူးပျော်ဆိုကြတာမျိုး။ နောက်တစ်မျိုးက ပေးဆပ်မှုကနေရှာတာမျိုး။ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ကိုယ့် သမိုင်းပေးတာဝန်အတွက်ဘဝကို ပေးဆပ်ပြီး ပျော်ရွင်မှုရှာတာမျိုး။ လီကွမ်းယူက သူ့ဘဝမှာ အရေးကြီးတာ နှစ်ခုရှိတယ်တဲ့။ My family and my country တဲ့။ ငါ့မိသားစုကို ငါ့မိန်းမ တာဝန်ယူတယ်။ငါ့နိုင်ငံကို ငါတာဝန်ယူတယ်။ငါသေသွားလို့ တစ်ခုခု မှားနေရင်တောင်သင်္ဂြိုလ်က ပြန်ထလာမယ်ဆိုတဲ့မိန့်ခွန်းမျိုးတွေ ပြောခဲ့တာ ကြည့်ရင်သိနိုင်တယ်။ အသက် ၇၆ နှစ် နှစ်ပေါင်းများစွာဘာကြောင့် ဒုက္ခခံပြီး ပေးဆပ်နေလဲ။ ဒါက တခြားသူတွေနဲ့ မတူတဲ့ ပျော်ရွင်မှု အဆင့်မှာ ရောက်နေလို့ပဲ။

ကိုယ့်ရဲ့ ပျော်ရွှင်မှု အဆင့်က ဘယ်လောက်မှာလဲ?။ Read More »

ဘဝအဓိပ္ပာယ်ရှိဖို့

အနာဂတ်ကိုယုံကြည်ထားတဲ့ အိမ်မက်တစ်ခုလိုတယ်။နောက်ပြီး နေ့စဉ်ရဲ့ စွမ်းပကားကိုအသုံးချပြီးရောက်အောင်သွားနေဖို့လိုတယ်။တစ်သက်မှာတစ်ခါ လူလာလုပ်တာရောဂါဖြစ်၊ accident ဖြစ်၊ အသက်ကြီးလို့သေသွားရုံနဲ့ တန်မှ မတန်တာ။ Phyo Paing @ Derek

ဘဝအဓိပ္ပာယ်ရှိဖို့ Read More »

တစ်ခါတော့ကြုံဖူးကြလိမ့်မယ်။

ကိုယ်ဂုဏ်ယူနေတဲ့ အရာတစ်ခု၊ပျော်နေတဲ့အရာတစ်ခုဟာတစ်စုံတစ်ယောက်စကားကြောင့် စိတ်ပျက် အားငယ် သွားတဲ့အချိန်တွေလူတိုင်းဘဝမှာ တစ်ခါတော့ကြုံဖူးကြလိမ့်မယ်။ လူတိုင်းခေါင်းထဲမှာ မသိပဲအလုပ်လုပ်နေတဲ့ စကားလုံး script တွေရှိတယ်။ဒီစကားလုံးတွေတွေဟာ ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ပုံဖော်တယ်။ကျွန်တော်တို့အတွေးအခေါ်တွေက အထင်အမြင်ကို ဖြစ်စေတယ်။ အထင်အမြင်က စိတ်ခံစားချက်တွေကိုဖြစ်စေတယ်။ တခြားသူတွေရဲ့ အထင်အမြင်ကိုယ့်ကိုလွမ်းမိုးပြီး တိုင်ပတ်စေတာထက်ကိုယ့်အထင်အမြင်ကို ခိုင်မာဖို့ ကိုယ်ပိုင်အတွေးအခေါ်လိုတယ်။ Phyo Paing @ Derek

တစ်ခါတော့ကြုံဖူးကြလိမ့်မယ်။ Read More »

တချို့လူတွေအတွက် သဘာဝပဲ။

သင်္ကြန်မတိုင်ခင်ပျော်ပြီးသင်္ကြန်ပြီး ရုံးတတ်ဖို့စိတ်ညစ်တတ်တာ တချို့လူတွေအတွက် သဘာဝပဲ။ကိုယ်ရူးသွပ်တဲ့ အလုပ်တစ်ခုကိုရှာဖွေ ဖန်တီးဖို့လိုနေတာဖြစ်ကောင်းဖြစ်မယ်။ Phyo Paing @ Derek

တချို့လူတွေအတွက် သဘာဝပဲ။ Read More »

ကိုယ်လိုချင်တာ ပြတ်ပြတ်သားသား
ပြောဖို့ အားမနာပါနဲ့။

မြန်မာ့ယဥ်ကျေးမှုနဲ့ ကြီးလာတော့တစ်ခုခုဆို ဘာမှန်းမသိ အားနာနေတတ်တာ။ အားနာတာကို nice ဖြစ်တယ်။ ကောင်းတယ်လို့ ထင်ပြီး နှစ်ပေါင်းများစွာ နေခဲ့တယ်။ နောက်ပိုင်း ပြည်တွင်းစပ်တူလုပ်တဲ့လုပ်ငန်းတွေမှာ အောင်မြင်တဲ့လုပ်ငန်းနဲ့ပျက်သွားတဲ့ လုပ်ငန်းလေ့လာကြည့်တော့အောင်မြင်တဲ့ အစုစပ်လုပ်ငန်းတွေမှာရှိတဲ့ပုဂ္ဂိုလ်တွေက လိုချင်တာကိုတိုက်ရိုက်ပြတ်ပြတ်သားသား ပြောရဲကြတာတွေ့ရတယ်။ မဟုတ်ရင် ခန့်မှန်းနေတာနဲ့ မလိုအပ်တဲ့ ပြဿနာတွေက တက်ရော။ သဘောမတူရင်လဲ မတူဘူး။တူရင်လဲ တူတယ်။ ပြတ်ပြတ်သားသား ပြောဆိုဆွေးနွေးတဲ့အခါစိတ်ရှင်းတယ်။ခံစားချက်တွေ ကိန်းအောင်းနေစရာမလိုဘူး။ လူမှုရေး၊ စီးပွားရေး၊ အချစ်အိမ်ထောင်ရေးအကုန်အတူတူပဲ။ ကိုယ်လိုချင်တာကို ပြတ်ပြတ်သားသားပြောဖို့ အားမနာပါနဲ့။ သူကတော့ ဒီလိုထင်တယ် ခန့်မှန်းပြီးခံစားချက်တွေနဲ့ လျှောက်မလုပ်ပါနဲ့။ Phyo Paing @ Derek

ကိုယ်လိုချင်တာ ပြတ်ပြတ်သားသား
ပြောဖို့ အားမနာပါနဲ့။
Read More »

ကိုယ့်ကိုကိုယ် နောင်တရစေတဲ့
အလုပ်တွေ မလုပ်ပါနဲ့။

တစ်ခုခုလုပ်တော့မယ်ဆို ငါဒါလုပ်လိုက်တဲ့အတွက်“မနက်ဖြန်မနက်”ဘယ်လိုခံစားရမလဲမေးကြည့်။ ဒီမေးခွန်းက တဒင်္ဂသာယာမှုကိုကျော်လွားဖို့ ကူညီပေးတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နောင်တရစေတဲ့
အလုပ်တွေ မလုပ်ပါနဲ့။
Read More »

ကျေးဇူးတင်ပါတယ်။

ဘာလို့ လူမုန်းခံပြီး ဘူကောင်တွေအကြောင်းပြောနေရလဲဆိုကျွန်တော်တို့ နေထိုင်တဲ့ပတ်ဝန်းကျင်အကြည်ဓာတ်အပြည့်နဲ့ လိုချင်တဲ့အရာတွေ အကောင်အထည်ဖော်နိုင်ဖို့ ဒီကောင်တွေကို တိုက်ဖျက်ဖို့လိုတယ်။ ကျွန်တော်တို့အတူတူလဲ တိုက်ဖျက်ရှောင်ရှားခဲ့ ကြတယ်။ဒါဟာ အလွန်ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်။ ဒါက ကျွန်တော်တို့အတွက်တင်မဟုတ်ဘူး။နောင်လာနောက်သားကလေးတွေအတွက်လဲ ဖြစ်တယ်။ဒါမှ သူတို့ဘဝတွေပိုလှပမှာ။ ဘူကောင်တွေဟာ တော်တော်toxic ဖြစ်တဲ့အတွက်တခြားသူတွေရဲ့ ဘဝကို လုံးလုံးပျက်သွားစေနိုင်တယ်။ ဘူကောင်တွေ social media မှာအကျိုးမရှိဝေဖန်တိုက်ခိုက်တဲ့အတွက်ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ လူငယ်တွေ စိတ်မကောင်းစွာတွေ့ခဲ့ရတာ အားလုံးအသိပဲ။ ဒါကြောင့် ဘူကောင်တွေကိုတိုက်ဖျက်ဖို့ ကျွန်တော်တို့အားလုံးမှာတာဝန်ကိုယ်စီရှိတယ်ဆိုရင် မမှားဘူး။ Phyo Paing @ Derek

ကျေးဇူးတင်ပါတယ်။ Read More »

အချိန်ကို စီမံတာထက်
Energy ကို စီမံဖို့လိုတယ်။
Energy ဆိုတာ Emotion ကလာတယ်။
စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။

စာအရှည်ကြီးရေးပြီး Facebook technical errors ကြောင့်အကုန်ပျက်သွားတယ်။ အဓိကအကြောင်းအရာကတော့ လူတွေမှာ ရှိတဲ့အဓိက အရင်းအမြစ်က ကျန်းမာရေးနဲ့ အချိန်။ ဒီနှစ်ခုကြောင့် Energy ဖြစ်လာတယ်။ဒီ Energy က လိုချင်တဲ့အရာတွေကို ဖော်ဆောင်ပေးတယ်။ အချိန်ကို စီမံတာထက်Energy ကို စီမံဖို့လိုတယ်။ Energy ဆိုတာ Emotion ကလာတယ်။စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။ Emotion ဆိုတာ အလိုအလျောက်တုန့်ပြန်တာ။ သုံးသပ်မှုထည့်လိုက်ရင် Feeling ဖြစ်သွားတယ်။ ကိုယ့် ခံစားမှုတွေကိုစီမံခန့်ခွဲဖို့ သုံးသပ်မှုဖြစ်စဥ်လိုတယ်။ ဒီ သုံးသပ်မှုဖြစ်စဥ်ကို ရေးချပြီး နေ့စဥ်လေ့လာလို့ရတယ်။ ကိုယ်တိုင်လဲလုပ်ခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ ကိုယ့်အတွေး၊ ခံစားချက်၊ တုန့်ပြန်မှု၊လုပ်ရပ် နဲ့ ထပ်နေတဲ့ pattern တွေသိရှိခြင်းဟာ ဘဝတည်ဆောက်ရေးမှာအခရာ ကျတယ်။ ပြန်လည်သုံးသပ်မှုဖြစ်စဥ်မှာ ဒီမေးခွန်း လေးခုမေးလို့ရတယ်။

အချိန်ကို စီမံတာထက်
Energy ကို စီမံဖို့လိုတယ်။
Energy ဆိုတာ Emotion ကလာတယ်။
စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။
Read More »