မိဘရဲ့ အမျှော်အမြင်က သားသမီးတွေအပေါ်အတိုင်းအတာတစ်ခုထိ သက်ရောက်တယ်။
တချို့တွေက ဘဝကို အနှုတ်ကပြန်စရတယ်။တချို့က သုညက ပြန်စရတယ်။တချို့က ရေခံ၊ မြေခံရှိပြီးသား။ လူတစ်ချို့က ကိုယ့်သားသမီးတွေလက်ထက်သုညက ပြန်စ စရာမလိုအောင်Legacy planning ဆိုတာ လုပ်တယ်။ ကိုယ့်လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုနဲ့အဆက်အသွယ်က အစကိုယ့်သားသမီးတွေလက်ထက်အောက်ကျ နောက်ကျမဖြစ်အောင်၊မျက်နှာမငယ်ရအောင်၊သုညက ပြန်စ စရာမလိုအောင်စီစဉ်ပေးခဲ့တယ်။ တချို့မိသားစုတွေမှာမိဘနဲ့အမျိုးတော်ရတဲ့ မောင်နှမတွေအတွက်ပေးဆပ်မှုတွေတချို့ဆို တစ်ဘဝလုံးလုပ်သွားရတာရှိတယ်။ တချို့တွေအတွက် တက်ကျမ်းတွေမလိုဘူး။ဘာကြောင့်လဲဆို မိဘတွေ၊ကိုယ့်အသိုင်းအဝိုင်းရဲ့ငွေကြေးအမြင်၊အလုပ်အပေါ်အမြင်၊ဘဝအမြင်တွေက အလုပ်ဖြစ်နေပြီးသား။ တချို့ သုညက ပြန်စရတဲ့သူတွေနဲ့၊ဘဝမှာ ဆက်ကြေးပေးနေရသလိုပေးဆပ်နေရသူများအတွက်ကတော့“ဘဝဖြေဆေး” တွေ အများကြီးလိုတယ်။ ကိုယ့်လက်ထက်မှာ သုညတို့၊အနှုတ်တို့က ပြန်စခဲ့ရရင်တောင်ကိုယ့်သားသမီးတွေအတွက်သုညက ပြန်မစရဖို့လိုတယ်။သားသမီးဆိုတာ ကိုယ်မွေးလို့ဒီလောကထဲ ရောက်လာတာ။ Phyo Paing @ Derek
မိဘရဲ့ အမျှော်အမြင်က သားသမီးတွေအပေါ်အတိုင်းအတာတစ်ခုထိ သက်ရောက်တယ်။ Read More »
