GMC

လူတွေ ရင်ခုန်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ မားကတ်တင်းသမားတွေလိုတယ်။

စတိဂျော့တုန်းက iPhone အသစ်ဆိုရင်ညတောင်အိပ်မရခဲ့ကြဘူး။iPhone 4 တုန်းကဆို design refresh.iPhone 4S ကဆို Siri.2010 မှာ iPad စထွက်တုန်းကလဲ အတူတူပဲ။ တင်ကွက်လက်ထက်မှာ အရာရာပိုကောင်းလာတယ်။operational effectiveness မှာကအစMacbook, iPad နဲ့ Apple product တွေအချိပ်အဆက်မိမိနဲ့ ဘယ်လောက်မိုက်လဲဖြစ်လာတယ်။တင်ကွက်က “ပိုကောင်းအောင်လုပ်သူ better” ဖြစ်တယ်။ စတိဂျော့ကတော့ “မတူတာကိုချပြတဲ့ different” ဖြစ်တယ်။ လူတွေ ရင်ခုန်တဲ့ ကမ္ဘာကြီးဖြစ်ဖို့မားကတ်တင်းသမားတွေလိုတယ်။ #gmc#sapwar

လူတွေ ရင်ခုန်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ မားကတ်တင်းသမားတွေလိုတယ်။ Read More »

ဒဲရစ်ရဲ့ မားကတ်တင်း

တီထွင်ဆန်းသစ်မှု x မားကတ်တင်း = တိုးတက်ခြင်း10 x 10 = 100 ဖန်တီးဥာဏ် x အသုံးဝင်မှု = တီထွင်ဆန်းသစ်ခြင်း 10 x 10 = 100 သိ၊ ကြိုက်၊ ဆက်၊ ဝယ်၊ ပြော = မားကတ်တင်း20 + 20 + 20 + 20 + 20 = 100 ဒါကတော့ ဒဲရစ်ရဲ့ မားကတ်တင်း #gmc#sapwar

ဒဲရစ်ရဲ့ မားကတ်တင်း Read More »

လူတိုင်းရဲ့ အလိုဆန္ဒကို
ဖြည့်ဆည်းပေးစရာမလိုဘူး။

လူတိုင်းရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးစရာမလိုဘူး။ဦးစားပေးဖောက်သည်ရဲ့ လိုအပ်ချက်ကိုအဓိက ဖြည့်ဆည်းပေးဖို့ပဲ။ #gmc#sapwar

လူတိုင်းရဲ့ အလိုဆန္ဒကို
ဖြည့်ဆည်းပေးစရာမလိုဘူး။
Read More »

လုပ်ငန်းတစ်ခုက ဖောက်သည်မရှိရင် မရှင်သန်ဘူး။

ဖောက်သည်ရဖို့ အရင်ကထုတ်တာနဲ့ရောင်းရပြီ။ နောက်ပိုင်း ထုတ်ပြီးအရည်အသွေးကောင်းမှ ရောင်းရတော့တယ်။ နောက်ပိုင်း ထုတ်ပြီးအရည်အသွေးကောင်းတာအပြင်သေချာရှင်းပြမှ ရောင်းရတော့တယ်။ နောက်ပိုင်း ထုတ်ပြီးအရည်အသွေးကောင်းတာအပြင်ရှင်းပြစရာမလိုလောက်အောင်ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအကြောင်းကို ရင်းနှီးနေအောင်လုပ်ထားမှရောင်းရတဲ့ခေတ်ဖြစ်လာတယ်။ဒါကို ဒီနေ့ခေတ်မှာ မားကတ်တင်းလို့ခေါ်တယ်။ မားကတ်တင်းက အလယ်တန်းကစားတာနဲ့တူတယ်။သူအားကောင်းလွန်းတဲ့အခါအရောင်းက ဂိုးသွင်းတာလွယ်သွားတယ်။ဖောက်သည်ဝန်ဆောင်မှုပေးတယ်ဆိုတာဂိုးပြန်မပေးရဖို့ နောက်တန်းနဲ့တူတယ်။ #gmc#sapwar

လုပ်ငန်းတစ်ခုက ဖောက်သည်မရှိရင် မရှင်သန်ဘူး။
Read More »

လုပ်ငန်းတွေ ဘာကြောင့်မအောင်မြင်လဲ?

၁။ လူသိအောင်မလုပ်နိုင်လို့၂။ လူကြိုက်အောင်မလုပ်နိုင်လို့၃။ လူတွေယုံကြည်အောင် မလုပ်နိုင်လို့၄။ လူတွေ ဆက်သွယ်မေးမြန်းအောင် မလုပ်နိုင်လို့၅။ လူတွေ ဝယ်အောင်မလုပ်နိုင်လို့ ၆။ လူတွေ ထပ်ဝယ်အောင် မလုပ်နိုင်လို့ ၇။ လူအချင်းချင်းကြား ကောင်းသတင်းပြန်ပြောအောင် မလုပ်နိုင်လို့။ #gmc#sapwar

လုပ်ငန်းတွေ ဘာကြောင့်မအောင်မြင်လဲ? Read More »

မားကတ်တင်းကောင်းမကောင်း

မားကတ်တင်းကောင်းမကောင်းကိုကိုယ့်အမှတ်တံဆိပ်အတွက်မားမားမတ်မတ်ရပ်တည်တဲ့အမှတ်တံဆိပ်ကိုချစ်သူဘယ်လောက်ရှိလဲနဲ့ တိုင်းတာလို့ရနိုင်တယ်။ဒါကို မားကတ်တင်းမှာNet Promoter Score (NPS) လို့ခေါ်ပြီးကိုယ့်လုပ်ငန်းကို တခြားသူတွေကို၁ ကနေ ၁၀ မှာ ဘယ်လောက်ပြန်ပြောပြမလဲဆိုရင်၉ မှတ်နဲ့ ၁၀ မှတ်ရရင်ကောင်းပါတယ်။ #gmc#sapwar

မားကတ်တင်းကောင်းမကောင်း Read More »

အောင်မြင်တဲ့လုပ်ငန်းတစ်ခုအတွက် အကောင်းဆုံးတစ်ခုရှိမှရမယ်။

စီးပွားရေးရဲ့ အောင်မြင်ရေးဖော်မြူလာကကိုယ်လုပ်တဲ့ လုပ်ငန်းနယ်ပယ်မှာ“အကောင်းဆုံး” ဖြစ်အောင်လုပ်။ အကောင်းဆုံးဆိုတာ ဘာလဲ? စျေးအပေါဆုံးလား၊အမြန်ဆုံးလား၊ အတိကျဆုံးလား၊ဂရုအစိုက်ဆုံးလား၊အခန်းနားဆုံးလား၊ဆရာအကျဆုံးလား၊ ခေတ်အမှီဆုံးလား။ အောင်မြင်တဲ့လုပ်ငန်းတစ်ခုအတွက်အကောင်းဆုံးတစ်ခုရှိမှရမယ်။ #gmc#sapwar

အောင်မြင်တဲ့လုပ်ငန်းတစ်ခုအတွက် အကောင်းဆုံးတစ်ခုရှိမှရမယ်။
Read More »

Sapwar Guerrilla Marketing

ရေခဲသေတ္တာထွင်တဲ့ ကုမ္ပဏီထက်ရေခဲသေတ္တာကို အသုံးချပြီးကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကိုရောင်းသွားနိုင်တဲ့ ကုမ္ပဏီကရေခဲသေတ္တာထွင်တဲ့ ကုမ္ပဏီထက်ပိုချမ်းသာပြီး အကျိုးကျေးဇူးပိုရတယ်တဲ့။ ဥပမာ Coca Cola ကိုကာကိုလာ။ဒါက Nvidia ရဲ့ တည်ထောင်သူJensen Huang ပြောတာ။ တခါတလေ ကိုယ်ကနည်းပညာကိုထွင်စရာမလိုဘူး။ ဒါကို အသုံးချနိုင်ဖို့ (leverage) လုပ်နိုင်ဖို့ပဲလိုတယ်။ ဒါက Sapwar Guerrilla Marketing (ဆပွားကော်ရဲလား) ရဲ့ အတွေးအခေါ်တစ်ခုဖြစ်တဲ့ နည်းပညာသစ်ကိုသုံး Leverage New Technology ဖြစ်တယ်။ #gmc#sapwar

Sapwar Guerrilla Marketing Read More »

Coach = နည်းပြ

နည်းကိုပြဖို့အတွက် ၁။ နည်းလိုတယ် ၂။ ပြတိုင်းမြင်ဖို့အတွက် ဘာတွေပြမလဲသိဖို့ကိုယ့် coachee ရဲ့အဖြစ်အပျက်အခြေအနေအထင်အမြင်တွေကို “မေး” ရတယ်။ နည်း = နည်းနာ methodology နည်းတွေကို စနစ်ချထားတာကို “နည်းနာ” လို့ခေါ်တယ်။methodology = a system of methods နည်းနာဆိုတဲ့အရာမှာ အခြေခံစည်းမျဉ်းစည်းကမ်းတွေပါတယ်။အသုံးချရမည့် လိုက်နာရမည့်အရာတွေပါတယ်။ ဥပမာ သွားမည့်ပန်းတိုင်ကနိဗ္ဗာန်ဆိုရင်အခြေခံအနေနဲ့ သစ္စာလေးပါးကိုသိရမယ်။မဂ္ဂင်ရှစ်ပါးကို လိုက်နာရမယ်။ နည်းပြ တစ်ယောက်ရဲ့မရှိမဖြစ်ကလမ်းကြောင်းပြတတ်ဖို့သူ့ရဲ့အသက်က “နည်းနာ”။ ဥပမာ Performance CoachingGrowth coaching Co-active coaching Emyth coaching အရှေ့ကနည်းက အရေးကြီးတယ်။ Guerrilla နည်းနာ။အခြေခံ ၁၈ ခု။ Sapwar Coachingအခြေခံ ၆ ခု။အခွဲ အခု ၁၀၈။ #gmc#sapwar

Coach = နည်းပြ Read More »

လူတိုင်း Social Media ကိုအသုံးပြုပေမယ့်
အသုံးပြုတဲ့ ရည်ရွယ်ချက်မတူကြဘူး။

ကိုယ်က Facebook Page လုပ်တယ်။လူမှုကွန်ယက်မှာ စာတွေတင်၊ဗီဒီယိုတွေတင်တယ်ဆိုကိုယ့်ရည်ရွယ်ချက်ကဘာလဲ အရင်ပြန်စဥ်းစားရတယ်။ နာမည်ကြီးဖို့လား။လူအထင်ကြီးဖို့လား။အိုင်ဒီယာတစ်ခုကို လူတွေသိအောင်လား။စျေးပိုရောင်းချင်တာလား။ လူတိုင်းကိုသိစေချင်တာလား၊ကိုယ်သိစေချင်တဲ့ လူတစ်စုကိုပဲသိစေချင်တာလား။လူတွေကို တကယ်ကူညီပေးဖို့လား။ လုပ်ငန်းအသစ်တွေပြန်စရင်လွယ်ဖို့လား။ငွေပိုရှာဖို့လား။လွမ်းမိုးမှုပိုကြီးဖို့လား။ကိုယ့်ရန်သူတွေကို ဒုက္ခပေးဖို့လား။ လူတွေရဲ့ အတွေးအမှားတွေကိုပြင်ပေးချင်တာလား။ဒီလိုလေးလဲ ဖန်တီးလို့ရတယ်ဆိုတဲ့ အသစ်တွေကို ပြပေးချင်တာလား။ လူတွေကို ဖျော်ဖြေချင်တာလား။ ကိုယ့်လုပ်ငန်းကို လိုသိပိုများဖို့လား။အိုင်ဒီယာသစ်တွေကို စမ်းသပ်ဖို့လား။ တစ်ခုထက်လဲ ပိုနိုင်တယ်။ ဒီအချက်ကို သေချာသိရင်ကိုယ့်ရဲ့ လူမှုကွန်ယက်မဟာဗျူဟာကိုသေချာ ချမှတ်လို့ရပြီ။ လူတိုင်း Social Media ကိုအသုံးပြုပေမယ့်အသုံးပြုတဲ့ ရည်ရွယ်ချက်မတူကြဘူး။ #gmc#sapwar

လူတိုင်း Social Media ကိုအသုံးပြုပေမယ့်
အသုံးပြုတဲ့ ရည်ရွယ်ချက်မတူကြဘူး။
Read More »